Premier League

တနင်္ဂနွေနေ့မှာ ဘာဖြစ်ဖြစ် အောင်ပွဲခံမယ်လို့ ပြောလိုက်တဲ့ လီဗာပူးလ်ကြယ်ပွင့်

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က လာမယ့်တနင်္ဂနွေနေ့ ရာသီနောက်ဆုံးပိတ်ပွဲစဉ်ဖြစ်တဲ့ အိမ်ကွင်းပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ ဘာတွေပဲဖြစ်နေနေ အောင်ပွဲခံသွားချင်နေတာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယခုအပတ်မှာ ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းအန်းဖီးမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကလည်း တစ်ချိန်တည်းမှာပဲ အက်စတန် ဗီလာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ယခုရာသီမှာ ကာရာဘောင်းနဲ့ အက်ဖ်အေဖလားတို့ကို ကိုင်မြှောက်ထားနိုင်ခဲ့ပြီဖြစ်သလို လာမယ့်စနေနေ့မှာလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁ ပဲဖြစ်ဖြစ်၊ အဆင့် ၂ နေရာနဲ့ပဲ ပြီးပြီး တနင်္ဂနွေနေ့ပွဲစဉ်ဟာ ဟန်ဒါဆန်က အန်းဖီးမှာ ထူးခြားတဲ့ရာသီအတွက် အမှတ်တရအနေနဲ့ အောင်ပွဲခံနိုင်မယ့် အခွင့်အရေးအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။

“ရာသီရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်က အမြဲတမ်း ထူးခြားတဲ့ အချိန်အခါသမယပါ။ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ မိသားစုတွေအားလုံး စောင့်မျှော်နေတဲ့အရာပါ။ အထူးသဖြင့် ကောင်းမွန်တဲ့ရာသီဖြစ်ခဲ့တယ်ဆိုရင်ပေါ့။ ဘာလို့လဲဆိုရင် အန်းဖီးက ပုံမှန်ထက်တောင် ပိုပြီး အောင်ပွဲခံလို့ကောင်းတယ်လို့ ခံစားရလို့ပါ”

“အထူးသဖြင့် ကျွန်တော်တို့က ရာသီရဲ့ နောက်ဆုံးပွဲစဉ်ကို ဒီအသင်းရဲ့ သမိုင်းမှာ မယုံနိုင်စရာအကောင်းဆုံး ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် ဦးတည်ပြီး ယှဉ်ပြိုင်သွားရမှာဆိုလည်း ဟုတ်ပါတယ်။ ခုဖြစ်နေတဲ့ အခြေအနေအရ ဆုဖလားတွေနဲ့ပတ်သက်ပြီး မယုံနိုင်စရာတော့ မဖြစ်သေးပါဘူး”

“အခုအချိန်အထိတော့ ကျွန်တော်တို့ ပြည်တွင်းဖလား ၂ လုံး ရထားပြီး အဲဒါက လုံးဝ ကောင်းမွန်ပေမယ့် ကျွန်တော်တို့ ထပ်လိုချင်နေသေးတယ်။ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းက ဆုဖလားတွေ ပိုပြီး အနိုင်ရခဲ့တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသတိပြုမိနေတာလည်း ပါပါတယ်”

“ဒါပေမယ့် ပြိုင်ပွဲတိုင်းက ပွဲစဉ်တိုင်းကို ကစားတာ၊ ပြိုင်ပွဲ ၄ ခုစလုံးမှာ နောက်ဆုံးအထိ တိုက်ပွဲဝင်တာ၊ ကျွန်တော်တို့နဲ့အတူ တသက်လုံး ရှိနေမယ့် အမှတ်တရတွေနဲ့ ဇာတ်လမ်းတွေ ဖန်တီးတာနဲ့ပတ်သက်ရင် အဲဒါတွေကို မယုံနိုင်စရာလို့ ဖော်ပြလို့ရနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီနေ့မှာ အောင်ပွဲခံချင်နေတာပါ။ ဒါက ကျွန်တော်တို့ အတူတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ခံစားဖို့ အကောင်းဆုံးအခွင့်အလမ်းပဲ။ ကစားသမားတွေအတွက် ဒီဟာက ကျွန်တော်တို့ ပြီးခဲ့တဲ့ ၆၁ ပွဲမှာ အသင်းရှပ်ကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ခဲ့ပြီး အံ့အားသင့်ဖွယ် ပရိသတ်တွေအတွက် ကစားပေးခဲ့တာကို အောင်ပွဲခံတဲ့အဓိပ္ပာယ်ပါ”

“ကျွန်တော်တို့ ပရိသတ်တွေအတွက် ဆုဖလားပြိုင်ပွဲရလဒ်က ဘယ်လိုပဲ ထွက်လာပါစေ ကိစ္စရှိမှာမဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ခဲ့တာကို အောင်ပွဲခံနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က လာမယ့္တနဂၤေႏြေန႔ ရာသီေနာက္ဆုံးပိတ္ပြဲစဥ္ျဖစ္တဲ့ အိမ္ကြင္းပြဲစဥ္အၿပီးမွာ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ ဘာေတြပဲျဖစ္ေနေန ေအာင္ပြဲခံသြားခ်င္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယခုအပတ္မွာ ဝုလ္ဗ္စ္အသင္းကို အိမ္ကြင္းအန္းဖီးမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကလည္း တစ္ခ်ိန္တည္းမွာပဲ အက္စတန္ ဗီလာကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ယခုရာသီမွာ ကာရာေဘာင္းနဲ႔ အက္ဖ္ေအဖလားတို႔ကို ကိုင္ေျမႇာက္ထားနိုင္ခဲ့ၿပီျဖစ္သလို လာမယ့္စေနေန႔မွာလည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၁ ပဲျဖစ္ျဖစ္၊ အဆင့္ ၂ ေနရာနဲ႔ပဲ ၿပီးၿပီး တနဂၤေႏြေန႔ပြဲစဥ္ဟာ ဟန္ဒါဆန္က အန္းဖီးမွာ ထူးျခားတဲ့ရာသီအတြက္ အမွတ္တရအေနနဲ႔ ေအာင္ပြဲခံနိုင္မယ့္ အခြင့္အေရးအျဖစ္ ရႈျမင္ထားတာျဖစ္ပါတယ္။

“ရာသီရဲ့ ေနာက္ဆုံးအိမ္ကြင္းပြဲစဥ္က အျမဲတမ္း ထူးျခားတဲ့ အခ်ိန္အခါသမယပါ။ ကစားသမားေတြ၊ အသင္းဝန္ထမ္းေတြနဲ႔ ကၽြန္ေတာ္တို႔ မိသားစုေတြအားလုံး ေစာင့္ေမၽွာ္ေနတဲ့အရာပါ။ အထူးသျဖင့္ ေကာင္းမြန္တဲ့ရာသီျဖစ္ခဲ့တယ္ဆိုရင္ေပါ့။ ဘာလို႔လဲဆိုရင္ အန္းဖီးက ပုံမွန္ထက္ေတာင္ ပိုၿပီး ေအာင္ပြဲခံလို႔ေကာင္းတယ္လို႔ ခံစားရလို႔ပါ”

“အထူးသျဖင့္ ကၽြန္ေတာ္တို႔က ရာသီရဲ့ ေနာက္ဆုံးပြဲစဥ္ကို ဒီအသင္းရဲ့ သမိုင္းမွာ မယုံနိုင္စရာအေကာင္းဆုံး ပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ ဦးတည္ၿပီး ယွဥ္ၿပိဳင္သြားရမွာဆိုလည္း ဟုတ္ပါတယ္။ ခုျဖစ္ေနတဲ့ အေျခအေနအရ ဆုဖလားေတြနဲ႔ပတ္သက္ၿပီး မယုံနိုင္စရာေတာ့ မျဖစ္ေသးပါဘူး”

“အခုအခ်ိန္အထိေတာ့ ကၽြန္ေတာ္တို႔ ျပည္တြင္းဖလား ၂ လုံး ရထားၿပီး အဲဒါက လုံးဝ ေကာင္းမြန္ေပမယ့္ ကၽြန္ေတာ္တို႔ ထပ္လိုခ်င္ေနေသးတယ္။ ၿပီးခဲ့တဲ့ လီဗာပူးလ္အသင္းက ဆုဖလားေတြ ပိုၿပီး အနိုင္ရခဲ့တယ္ဆိုတာကိုလည္း ကၽြန္ေတာ္တို႔ ေကာင္းေကာင္းသတိျပဳမိေနတာလည္း ပါပါတယ္”

“ဒါေပမယ့္ ၿပိဳင္ပြဲတိုင္းက ပြဲစဥ္တိုင္းကို ကစားတာ၊ ၿပိဳင္ပြဲ ၄ ခုစလုံးမွာ ေနာက္ဆုံးအထိ တိုက္ပြဲဝင္တာ၊ ကၽြန္ေတာ္တို႔နဲ႔အတူ တသက္လုံး ရွိေနမယ့္ အမွတ္တရေတြနဲ႔ ဇာတ္လမ္းေတြ ဖန္တီးတာနဲ႔ပတ္သက္ရင္ အဲဒါေတြကို မယုံနိုင္စရာလို႔ ေဖာ္ျပလို႔ရနိုင္ပါတယ္။ အဲဒါေၾကာင့္ ကၽြန္ေတာ္ ဒီေန႔မွာ ေအာင္ပြဲခံခ်င္ေနတာပါ။ ဒါက ကၽြန္ေတာ္တို႔ အတူတူ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို ခံစားဖို႔ အေကာင္းဆုံးအခြင့္အလမ္းပဲ။ ကစားသမားေတြအတြက္ ဒီဟာက ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၆၁ ပြဲမွာ အသင္းရွပ္ကို ဂုဏ္ယူစြာနဲ႔ ဝတ္ဆင္ခဲ့ၿပီး အံ့အားသင့္ဖြယ္ ပရိသတ္ေတြအတြက္ ကစားေပးခဲ့တာကို ေအာင္ပြဲခံတဲ့အဓိပၸာယ္ပါ”

“ကၽြန္ေတာ္တို႔ ပရိသတ္ေတြအတြက္ ဆုဖလားၿပိဳင္ပြဲရလဒ္က ဘယ္လိုပဲ ထြက္လာပါေစ ကိစၥရွိမွာမဟုတ္ဘဲ တစ္ဦးတစ္ေယာက္ခ်င္းစီ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ခဲ့တာကို ေအာင္ပြဲခံနိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.