Match Report Premier League

ပွဲကျန်ကစားပြီး လက်စတာနဲ့ သရေကျခဲ့ပေမယ့် အဆင့် ၃ နေရာ သေချာသွားခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မန်ဒီ၊ သီယာဂို ဆေးလ်ဗား၊ ရူဒီဂါ၊ ချာလိုဘာတို့နဲ့ ခံစစ်မှာ ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ် ဂျိမ်းစ်၊ အလွန်ဆို၊ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ လူကာကူး၊ ပူလီရှစ်ချ်နဲ့ ဇီးယက်ရှ်တို့ကို တွဲဖက်ပွဲထွက်စေခဲ့ပါတယ်။

လက်စတာတို့ကတော့ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ အမာတေ၊ အီဗန်စ်နဲ့ ဖိုဖာနာတို့ကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ ကက်စတာညာ၊ နမ်ပလီ မန်ဒီ၊ ဂျူးစ်ဘာရီ-ဟောလ်၊ သောမတ်စ်၊ မက်ဒီဆန်တို့နဲ့ အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ဗာဒီနဲ့ အီဟင်နာချိုတို့ ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက ဧည့်သည် လက်စတာတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကက်စတာညာ ဖြတ်ချိုးပေးတာက ချဲလ်ဆီးခံစစ်နဲ့ ထိပြီး ပြန်ထွက်လာတာကို မက်ဒီဆန်က ပြန်လည်ရယူပြီး ဧရိယာထိပ်ကနေ လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ ဂိုးသမား မန်ဒီ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ ချာလိုဘာရဲ့ ဧရိယာအပြင်က အမှတ်မထင် ကန်ချက်ကို ဂိုးသမား ရှမိုက်ကယ် လက်ဖျားနဲ့ ထိုးထုတ်သွားနိုင်ခဲ့တာကြောင့် လက်စတာတို့ သက်သာခဲ့ရပြီး လူကာကူးကတော့ လူကျွံထောင်ချောက်ကနေ လွတ်ထွက်သွားခဲ့တာကို အသုံးမချနိုင်ခဲ့သလို ချဲလ်ဆီးတို့ရဲ့ တိုက်စစ်တွေက သိပ်ပြီး အလုပ်မဖြစ်ဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးပြန်ရလာတဲ့ ရီးစ် ဂျိမ်းစ်က လက်စတာခံစစ်ပေါ်ကနေ ကျော်ဖြတ်ပေးရာမှာ ဘယ်ခြမ်းကနေ ပြေးဝင်လာခဲ့တဲ့ အလွန်ဆိုက မြေထောက် Volley ကန်ချက်နဲ့ သွင်းယူနိုင်ခဲ့လို့ ဂိုးသမား ရှမိုက်ကယ် မကာကွယ်နိုင်လိုက်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ပဲ ဖိကစားလာခဲ့သလို ပွဲချိန် ၅၈ မိနစ်မှာ ဇီးယက်ရှ်ရဲ့ ဖရီးကစ်ကို ရှမိုက်ကယ်က ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ ညာခြမ်းကနေ ဧရိယာထဲ ဝင်လာခဲ့တဲ့ လူကာကူး ချိုးပေးတာကို ထိလိုက်ရုံနဲ့ ဂိုးဝင်မယ့် အနေအထားကနေ ပူလီရှစ်ချ်က မယုံနိုင်လောက်အောင် လွဲချော်သွားခဲ့ပါတယ်။

နည်းပြ တူဟယ်လ်အတွက်တော့ တိုက်စစ်မှူး လူကာကူးဟာ ခေါင်းခဲစရာ ပြဿနာကြီးတစ်ခုဖြစ်နေခဲ့ပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကနေ တွဲဘက် တိုက်စစ်ကစားသမားတွေ အကျိုးရှိနိုင်ပေမယ့် ဂိုးသွင်းယူမှုအပိုင်းတွေမှာတော့ လေးလံမှုတွေကြောင့် အလုပ်မဖြစ်ခဲ့သလို သူ့အတွက် ပေးချေထားရတဲ့ တန်ဖိုးနဲ့ဆိုရင် နေရာလွတ်တွေ ရှာဖွေရုံလောက်နဲ့ မကျေနပ်နိုင်ဘဲဖြစ်နေခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ လက်စတာခံစစ်က အမှားမခံဘဲ ပိတ်ကစားသွားခဲ့သလို ချဲလ်ဆီးရဲ့ လူကာကူး ဦးဆောင်တဲ့ တိုက်စစ်ကလည်း ဧည့်သည် နောက်ခံလူတွေကို ကျော်ဖြတ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ကြတာကြောင့် ပွဲချိန်အပြည့်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးထပ်မသွင်းနိုင်ဘဲ တစ်ဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ကြရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့အနေနဲ့ ပွဲစဉ် ၃၇ ကစားအပြီးမှာ ရမှတ် ၇၁ မှတ်အထိ စုဆောင်းထားနိုင်ခဲ့သလို စတုတ္ထနေရာက တော့တင်ဟမ် ဟော့စပါးစ်အသင်းကို ၃ မှတ်နဲ့ ဂိုးကွာခြားချက် ၁၈ ဂိုးအထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်တာကြောင့် အဆင့် ၃ နေရာကို ဆုံးရှုံးရဖို့ အကြောင်းမရှိတော့ဘဲ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပြီး ဒီနေရာကပဲ ရာသီသိမ်းနိုင်တော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မန္ဒီ၊ သီယာဂို ေဆးလ္ဗား၊ ႐ူဒီဂါ၊ ခ်ာလိုဘာတို႔နဲ႔ ခံစစ္မွာ ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ ဂ်ိမ္းစ္၊ အလြန္ဆို၊ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ လူကာကူး၊ ပူလီရွစ္ခ်္နဲ႔ ဇီးယက္ရွ္တို႔ကို တြဲဖက္ပြဲထြက္ေစခဲ့ပါတယ္။

လက္စတာတို႔ကေတာ့ ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ အမာေတ၊ အီဗန္စ္နဲ႔ ဖိုဖာနာတို႔ကို ပြဲထြက္ေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကက္စတာညာ၊ နမ္ပလီ မန္ဒီ၊ ဂ်ဴးစ္ဘာရီ-ေဟာလ္၊ ေသာမတ္စ္၊ မက္ဒီဆန္တို႔နဲ႔ အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ဗာဒီနဲ႔ အီဟင္နာခ်ိဳတို႔ ကစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက ဧည့္သည္ လက္စတာတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကက္စတာညာ ျဖတ္ခ်ိဳးေပးတာက ခ်ဲလ္ဆီးခံစစ္နဲ႔ ထိၿပီး ျပန္ထြက္လာတာကို မက္ဒီဆန္က ျပန္လည္ရယူၿပီး ဧရိယာထိပ္ကေန လွ်ပ္တစ္ျပက္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မန္ဒီ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ခ်ာလိုဘာရဲ႕ ဧရိယာအျပင္က အမွတ္မထင္ ကန္ခ်က္ကို ဂိုးသမား ရွမိုက္ကယ္ လက္ဖ်ားနဲ႔ ထိုးထုတ္သြားႏိုင္ခဲ့တာေၾကာင့္ လက္စတာတို႔ သက္သာခဲ့ရၿပီး လူကာကူးကေတာ့ လူကြၽံေထာင္ေခ်ာက္ကေန လြတ္ထြက္သြားခဲ့တာကို အသုံးမခ်ႏိုင္ခဲ့သလို ခ်ဲလ္ဆီးတို႔ရဲ႕ တိုက္စစ္ေတြက သိပ္ၿပီး အလုပ္မျဖစ္ဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးျပန္ရလာတဲ့ ရီးစ္ ဂ်ိမ္းစ္က လက္စတာခံစစ္ေပၚကေန ေက်ာ္ျဖတ္ေပးရာမွာ ဘယ္ျခမ္းကေန ေျပးဝင္လာခဲ့တဲ့ အလြန္ဆိုက ေျမေထာက္ Volley ကန္ခ်က္နဲ႔ သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမား ရွမိုက္ကယ္ မကာကြယ္ႏိုင္လိုက္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ ဖိကစားလာခဲ့သလို ပြဲခ်ိန္ ၅၈ မိနစ္မွာ ဇီးယက္ရွ္ရဲ႕ ဖရီးကစ္ကို ရွမိုက္ကယ္က ဖမ္းယူသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ညာျခမ္းကေန ဧရိယာထဲ ဝင္လာခဲ့တဲ့ လူကာကူး ခ်ိဳးေပးတာကို ထိလိုက္႐ုံနဲ႔ ဂိုးဝင္မယ့္ အေနအထားကေန ပူလီရွစ္ခ်္က မယုံႏိုင္ေလာက္ေအာင္ လြဲေခ်ာ္သြားခဲ့ပါတယ္။

နည္းျပ တူဟယ္လ္အတြက္ေတာ့ တိုက္စစ္မႉး လူကာကူးဟာ ေခါင္းခဲစရာ ျပႆနာႀကီးတစ္ခုျဖစ္ေနခဲ့ၿပီး သူ႔ရဲ႕ လႈပ္ရွားမႈေတြကေန တြဲဘက္ တိုက္စစ္ကစားသမားေတြ အက်ိဳးရွိႏိုင္ေပမယ့္ ဂိုးသြင္းယူမႈအပိုင္းေတြမွာေတာ့ ေလးလံမႈေတြေၾကာင့္ အလုပ္မျဖစ္ခဲ့သလို သူ႔အတြက္ ေပးေခ်ထားရတဲ့ တန္ဖိုးနဲ႔ဆိုရင္ ေနရာလြတ္ေတြ ရွာေဖြ႐ုံေလာက္နဲ႔ မေက်နပ္ႏိုင္ဘဲျဖစ္ေနခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ လက္စတာခံစစ္က အမွားမခံဘဲ ပိတ္ကစားသြားခဲ့သလို ခ်ဲလ္ဆီးရဲ႕ လူကာကူး ဦးေဆာင္တဲ့ တိုက္စစ္ကလည္း ဧည့္သည္ ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ဖို႔ မစြမ္းေဆာင္ႏိုင္ခဲ့ၾကတာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးထပ္မသြင္းႏိုင္ဘဲ တစ္ဂိုးစီသေရနဲ႔သာ ေက်နပ္ခဲ့ၾကရတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ပြဲစဥ္ ၃၇ ကစားအၿပီးမွာ ရမွတ္ ၇၁ မွတ္အထိ စုေဆာင္းထားႏိုင္ခဲ့သလို စတုတၳေနရာက ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကို ၃ မွတ္နဲ႔ ဂိုးကြာျခားခ်က္ ၁၈ ဂိုးအထိ ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ အဆင့္ ၃ ေနရာကို ဆုံးရႈံးရဖို႔ အေၾကာင္းမရွိေတာ့ဘဲ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီေနရာကပဲ ရာသီသိမ္းႏိုင္ေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.