Match Report Premier League

ပဲလေ့စ်ကို Come Back Win နဲ့ အနိုင်ယူပြီး တန်းမဆင်းရဖို့ သေချာသွားတဲ့ အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ကိုးလ်မန်း၊ ဟိုလ်ဂိတ်နဲ့ မိုက်ကယ် ကီးန်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ မစ်ကိုလန်ကို၊ အန်ဒရီ ဂိုမက်စ်၊ ဒူကူရေးနဲ့ အီဝိုဘီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရစ်ချာလစ်ဆန်၊ ကဲလ်ဗတ်-လူဝင်နဲ့ ဂေါ်ဒန်တို့ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဘတ်လန်း၊ ခံစစ်မှာ ကလိုင်းန်၊ အန်ဒါဆန်၊ ဂေဟီနဲ့ မစ်ချဲလ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဝေလ် ဟယူးချ်၊ အီဇီနဲ့ ရှလု(ပ်)တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာတက်တာကို အထောင်ထားပြီး ဇာဟာနဲ့ အာယူးတို့က ဘယ်ညာတောင်ပံ တွေမှာ ကစားလာခဲ့ကြတာပါ။

အိမ်ကွင်းကစားခဲ့ရပေမယ့် လမ်းပတ်ရဲ့ အဲဗာတန်တို့ အထနှေးနေခဲ့တာကို တွေ့ခဲ့ရပြီး ပဲလေ့စ်တို့ရဲ့ တိုက်စစ်တွေကို ခုခံကာကွယ်နေခဲ့ရသလို ပွဲချိန် ၁၆ မိနစ်မှာတော့ ဂိုးဧရိယာထိပ်မှာ ရခဲ့တဲ့ ဖရီးကစ်ကို ရစ်ချာလစ်ဆန်ရဲ့ ကန်ချက်က ကောင်းခဲ့ပေမယ့် ဘားထိထွက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ပဲလေ့စ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဘယ်ခြမ်းက ရရှိခဲ့တဲ့ ဖရီးကစ်ကို အီဇီ ကန်တင်ပေးရာမှာ မာကင်ကပ်တာ အလုပ် မဟုတ်ဘဲ ရှေ့လူလိုလို နောက်လူလိုလိုနဲ့ ဇဝေဇဝါဖြစ်နေတဲ့ ဒူကူရေးကြောင့် လွတ်ထွက်သွားခဲ့တဲ့ မာတက်တာက အနီးကပ် ခေါင်းတိုက်သွင်းပြီး အဲဗာတန် ဂိုးသမား ပစ်ခ်ဖို့ဒ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ပဲလေ့စ်တို့ပဲ ဒုတိယဦးဆောင်ဂိုးကို သွင်းယူခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ပြီးခဲ့တဲ့ ပွဲတွေကလည်း အိုးနင်းခွက်နင်းဖြစ်နေတဲ့ အသင်းခေါင်းဆောင် ကိုးလ်မန်းရဲ့ အထိန်းအသိမ်း မသေသပ်မှုကနေ မာတက်တာက လုယူပြီး ဖြတ်တင်ပေးရာမှာ အဲဗာတန်ခံစစ်ရဲ့ ဖရိုဖရဲဖြစ်နေမှုကို အခွင့်ကောင်းယူပြီး ဇာဟာရဲ့ ကန်သွင်းချက် ပြန်ထွက်လာတာကို အာယူးက နောက်တန်းတွေနဲ့ လုပြီး အနီးကပ်ပိတ်သွင်းသွားခဲ့တာပါ။

ပထမပိုင်းမှာ ဒီပွဲကို အနိုင်ရမှ အခြေအနေကောင်းမယ့် အဲဗာတန်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပြီး အမှတ်မလိုတဲ့ ပဲလေ့စ်တို့ကတော့ ဘာမှ မဟုတ်ဘဲ အဝေးကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ ဦးဆောင်နေခဲ့သလို နည်းပြ လမ်းပတ်အတွက်တော့ ဖိအားဝင်စရာဖြစ်လာခဲ့ချိန်မှာ အန်ဒရီ ဂိုမက်စ်အစား ဒီလီ အယ်လီကို ထည့်သွင်းပြီး ဒုတိယပိုင်းကို စတင်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ အဲဗာတန်တို့တွေ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဘယ်ခြမ်းက ဖရီးကစ်ကို မစ်ကိုလန်ကို တင်ပေးတာကနေ ဟိုလ်ဂိတ်က ပဲလေ့စ်ခံစစ်နဲ့ ယှဉ်ပြေးပြီး အတွင်းကို ခေါင်းတိုက်ချပေးရာမှာ တွဲဖက်နောက်ခံလူ မိုက်ကယ် ကီးန်က ကြုံသလို ကန်သွင်းပြီး မျှော်လင့်ချက် ရောင်ခြည်သန်းစေခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဂေါ်ဒန်အစား ဂရေး ဝင်လာခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အီဇီပေးတာကို မာတက်တာ ကန်သွင်းခဲ့ပေမယ့် ပစ်ခ်ဖို့ဒ်က လက်တစ်ဖက်တည်းနဲ့ ကာကွယ်ပြီး အဲဗာတန်တို့ကို အသက်ဆက်စေနိုင်ခဲ့သလို ရှလု(ပ်)ရဲ့ ဧရိယာအတွင်းက ကန်ချက်ကိုလည်း အင်္ဂလန်လက်ရွေးစင် နံပါတ်ပီပီ အမိဖမ်းပြသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ အဲဗာတန်တို့တွေ နောက်ကနေ ပြန်လာနိုင်ခဲ့ကြပြီး သရေရစေမယ့်ဂိုးကို သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းက ကိုးလ်မန်းရဲ့ ဖြတ်တင်ဘောကနေ ရသွားခဲ့တဲ့ အယ်လီက တစ်ချက်ထိန်းပြီး ကန်လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ရစ်ချာလစ်ဆန်က ဖျက်ထုတ်ဖို့ တုံ့ဆိုင်းနေတဲ့ ပဲလေ့စ်နောက်ခံလူနှစ်ယောက်ကြားကနေ ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ အိမ်ရှင်တွေရဲ့ အပျော်တွေက ပေါက်ကွဲခဲ့ကြပြီး နောက်ကနေ အနိုင်ဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ကန်တင်ပေးလိုက်တဲ့ ဂရေးရဲ့ အမြင့်ဘော ပေးပို့မှုကို တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်က နောက်ခံလူ ဂေးဟီနဲ့ ယှဉ်ပြီး ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ အဲဗာတန်ပရိသတ်တွေကတော့ ကွင်းထဲ ပြေးဝင်ပြီး အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင် အဲဗာတန်တို့ ပါးပါးနပ်နပ် ကစားပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းသွားနိုင်ခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ ပဲလေ့စ်တို့အပေါ် သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အမှတ်ပေးဇယားရဲ့ တန်းဆင်းဇုန် အဆင့် ၁၈ က လိဒ်စ်ယူနိုက်တက်ကို တစ်ပွဲအလိုမှာ ၄ မှတ် ဖြတ်နိုင်ခဲ့ပြီဖြစ်တာကြောင့် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို ဆက်ကစားဖို့ သေချာသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲဗာတန္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ကိုးလ္မန္း၊ ဟိုလ္ဂိတ္နဲ႔ မိုက္ကယ္ ကီးန္တို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ မစ္ကိုလန္ကို၊ အန္ဒရီ ဂိုမက္စ္၊ ဒူကူေရးနဲ႔ အီဝိုဘီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္၊ ကဲလ္ဗတ္-လူဝင္နဲ႔ ေဂၚဒန္တို႔ကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ခရစၥတယ္လ္ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဘတ္လန္း၊ ခံစစ္မွာ ကလိုင္းန္၊ အန္ဒါဆန္၊ ေဂဟီနဲ႔ မစ္ခ်ဲလ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဝလ္ ဟယူးခ်္၊ အီဇီနဲ႔ ရွလု(ပ္)တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မာတက္တာကို အေထာင္ထားၿပီး ဇာဟာနဲ႔ အာယူးတို႔က ဘယ္ညာေတာင္ပံ ေတြမွာ ကစားလာခဲ့ၾကတာပါ။

အိမ္ကြင္းကစားခဲ့ရေပမယ့္ လမ္းပတ္ရဲ႕ အဲဗာတန္တို႔ အထေႏွးေနခဲ့တာကို ေတြ႕ခဲ့ရၿပီး ပဲေလ့စ္တို႔ရဲ႕ တိုက္စစ္ေတြကို ခုခံကာကြယ္ေနခဲ့ရသလို ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဂိုးဧရိယာထိပ္မွာ ရခဲ့တဲ့ ဖရီးကစ္ကို ရစ္ခ်ာလစ္ဆန္ရဲ႕ ကန္ခ်က္က ေကာင္းခဲ့ေပမယ့္ ဘားထိထြက္သြားခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဘယ္ျခမ္းက ရရွိခဲ့တဲ့ ဖရီးကစ္ကို အီဇီ ကန္တင္ေပးရာမွာ မာကင္ကပ္တာ အလုပ္ မဟုတ္ဘဲ ေရွ႕လူလိုလို ေနာက္လူလိုလိုနဲ႔ ဇေဝဇဝါျဖစ္ေနတဲ့ ဒူကူေရးေၾကာင့္ လြတ္ထြက္သြားခဲ့တဲ့ မာတက္တာက အနီးကပ္ ေခါင္းတိုက္သြင္းၿပီး အဲဗာတန္ ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ပဲ ဒုတိယဦးေဆာင္ဂိုးကို သြင္းယူခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ၿပီးခဲ့တဲ့ ပြဲေတြကလည္း အိုးနင္းခြက္နင္းျဖစ္ေနတဲ့ အသင္းေခါင္းေဆာင္ ကိုးလ္မန္းရဲ႕ အထိန္းအသိမ္း မေသသပ္မႈကေန မာတက္တာက လုယူၿပီး ျဖတ္တင္ေပးရာမွာ အဲဗာတန္ခံစစ္ရဲ႕ ဖ႐ိုဖရဲျဖစ္ေနမႈကို အခြင့္ေကာင္းယူၿပီး ဇာဟာရဲ႕ ကန္သြင္းခ်က္ ျပန္ထြက္လာတာကို အာယူးက ေနာက္တန္းေတြနဲ႔ လုၿပီး အနီးကပ္ပိတ္သြင္းသြားခဲ့တာပါ။

ပထမပိုင္းမွာ ဒီပြဲကို အႏိုင္ရမွ အေျခအေနေကာင္းမယ့္ အဲဗာတန္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ၿပီး အမွတ္မလိုတဲ့ ပဲေလ့စ္တို႔ကေတာ့ ဘာမွ မဟုတ္ဘဲ အေဝးကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ ဦးေဆာင္ေနခဲ့သလို နည္းျပ လမ္းပတ္အတြက္ေတာ့ ဖိအားဝင္စရာျဖစ္လာခဲ့ခ်ိန္မွာ အန္ဒရီ ဂိုမက္စ္အစား ဒီလီ အယ္လီကို ထည့္သြင္းၿပီး ဒုတိယပိုင္းကို စတင္လာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ အဲဗာတန္တို႔ေတြ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းက ဖရီးကစ္ကို မစ္ကိုလန္ကို တင္ေပးတာကေန ဟိုလ္ဂိတ္က ပဲေလ့စ္ခံစစ္နဲ႔ ယွဥ္ေျပးၿပီး အတြင္းကို ေခါင္းတိုက္ခ်ေပးရာမွာ တြဲဖက္ေနာက္ခံလူ မိုက္ကယ္ ကီးန္က ႀကဳံသလို ကန္သြင္းၿပီး ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္သန္းေစခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ေဂၚဒန္အစား ဂေရး ဝင္လာခဲ့ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန အီဇီေပးတာကို မာတက္တာ ကန္သြင္းခဲ့ေပမယ့္ ပစ္ခ္ဖို႔ဒ္က လက္တစ္ဖက္တည္းနဲ႔ ကာကြယ္ၿပီး အဲဗာတန္တို႔ကို အသက္ဆက္ေစႏိုင္ခဲ့သလို ရွလု(ပ္)ရဲ႕ ဧရိယာအတြင္းက ကန္ခ်က္ကိုလည္း အဂၤလန္လက္ေ႐ြးစင္ နံပါတ္ပီပီ အမိဖမ္းျပသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ အဲဗာတန္တို႔ေတြ ေနာက္ကေန ျပန္လာႏိုင္ခဲ့ၾကၿပီး သေရရေစမယ့္ဂိုးကို သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းက ကိုးလ္မန္းရဲ႕ ျဖတ္တင္ေဘာကေန ရသြားခဲ့တဲ့ အယ္လီက တစ္ခ်က္ထိန္းၿပီး ကန္လို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ရစ္ခ်ာလစ္ဆန္က ဖ်က္ထုတ္ဖို႔ တုံ႔ဆိုင္းေနတဲ့ ပဲေလ့စ္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ အိမ္ရွင္ေတြရဲ႕ အေပ်ာ္ေတြက ေပါက္ကြဲခဲ့ၾကၿပီး ေနာက္ကေန အႏိုင္ဂိုးကို ျပန္လည္ရွာေဖြသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ကန္တင္ေပးလိုက္တဲ့ ဂေရးရဲ႕ အျမင့္ေဘာ ေပးပို႔မႈကို တိုက္စစ္မႉး ကဲလ္ဗတ္-လူဝင္က ေနာက္ခံလူ ေဂးဟီနဲ႔ ယွဥ္ၿပီး ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ အဲဗာတန္ပရိသတ္ေတြကေတာ့ ကြင္းထဲ ေျပးဝင္ၿပီး ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အိမ္ရွင္ အဲဗာတန္တို႔ ပါးပါးနပ္နပ္ ကစားၿပီး အႏိုင္ရလဒ္ကို ထိန္းသိမ္းသြားႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ ပဲေလ့စ္တို႔အေပၚ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အမွတ္ေပးဇယားရဲ႕ တန္းဆင္းဇုန္ အဆင့္ ၁၈ က လိဒ္စ္ယူႏိုက္တက္ကို တစ္ပြဲအလိုမွာ ၄ မွတ္ ျဖတ္ႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ကို ဆက္ကစားဖို႔ ေသခ်ာသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.