Bundesliga La Liga Ligue1 Premier League Serie A

တစ်ပွဲပျမ်းမျှသွင်းဂိုးအရေအတွက်မှာ မက်ဆီနဲ့ ရော်နယ်လ်ဒို ဘယ်သူသာလွန်နေလဲ

တိုက်စစ်မှူးတစ်ယောက် ကောင်း၊ မကောင်းဆိုတာကို တိုင်းတာနိုင်တဲ့ စံသတ်မှတ်ချက်တစ်ခုရှိမယ်ဆိုရင် တစ်ပွဲကို ပျမ်းမျှသွင်းဂိုးသာ ဖြစ်ပါလိမ့်မယ်။

အမြင့်မားဆုံးအဆင့်ပြိုင်ပွဲမှာ တစ်ပွဲကို ပျမ်းမျှ ၀.၅၀ ဂိုး ပတ်ဝန်းကျင်လောက် သွင်းယူနိုင်တယ်ဆိုရင် တော်တော်လေးကို အထင်ကြီးစရာကောင်းတဲ့ ကိန်းဂဏန်းဖြစ်ပြီး ၀.၇၅ ဂိုးအထိ သွင်းယူနိုင်မှသာလျှင် ကမ္ဘာ့အဆင့်တိုက်စစ်မှူးအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ လီယွန်နယ် မက်ဆီရော ခရစ္စတီယာနို ရော်နယ်လ်ဒိုပါ ဥရောပရဲ့ အကြီးမားဆုံးကလပ်အသင်းတွေထဲက တစ်သင်းမှာ တစ်ပွဲကို ပျမ်းမျှသွင်းဂိုး ၀.၇၅ ထက် ကျော်လွန်ပြီး သွင်းယူထားနိုင်ခဲ့ကြပြီး အဲဒါကြောင့်ပဲ GOAT ကြီးတွေလို့ သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့အပြင် ဘယ်ကစားသမားတွေ အဲဒီလောက် ပမာဏကို သွင်းယူနိုင်ခဲ့လဲဆိုတာကို အဖြေရှာကြည့်ခဲ့ရာမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်း ၂၀ မှာ တစ်ပွဲပျမ်းမျှ သွင်းဂိုးအချိုး အကောင်းဆုံးဖြစ်ခဲ့တဲ့ ကစားသမား အယောက် ၂၀ ကို တွေ့ရှိခဲ့ပါတယ်။

ခေတ်သစ်ကာလနဲ့လည်း ပိုပြီး ဆီလျော်ပြီး အငြင်းပွားစရာ နည်းသည်ထက် နည်းအောင် ၁၉၉၉-၂၀၀၀ ရာသီကနေ လက်ရှိအချိန်အထိ သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်ကိုသာ ထည့်သွင်းတွက်ချက်ခဲ့ပြီး ဘယ်ကစားသမားက တစ်ပွဲပျမ်းမျှသွင်းဂိုးအချိုး အများဆုံးလဲဆိုတာ ကြည့်လိုက်ရအောင်…

မန်ချက်စတာစီးတီး

ဆာဂျီယို အဂွေရို- သွင်းဂိုး ၂၆၀၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၆၇ ဂိုး

ပီအက်စ်ဂျီ

ဇလာတန် အီဘရာဟီမိုဗစ်- ၁၅၆ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၈၇ ဂိုး

လီဗာပူးလ်

မိုဟာမက် ဆာလား- ၁၅၅ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၆၂ ဂိုး

ချဲလ်ဆီး

ဂျင်မီ ဖလွိုက် ဟက်ဆဲလ်ဘိန့်ခ်- ၈၇ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၄၉ ဂိုး

ဘိုင်ယန်မြူးနစ်

ရောဘတ် လီဗန်ဒေါ့ဗ်စကီး- ၃၄၄ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၉၂ ဂိုး

ရီးရဲလ်မက်ဒရစ်

ခရစ္စတီယာနို ရော်နယ်လ်ဒို- ၄၅၀ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၁.၀၃ ဂိုး

မန်ချက်စတာယူနိုက်တက်

ရုဒ် ဗန် နစ္စတယ်ရွိုင်း- ၁၅၀ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၆၉ ဂိုး

ဘာစီလိုနာ

လီယွန်နယ် မက်ဆီ- ၆၇၂ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၈၆ ဂိုး

အက်သလက်တီကို မက်ဒရစ်

ရာဒါမဲလ် ဖယ်လ်ကာအို- ၇၀ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၇၇ ဂိုး

တော့တင်ဟမ်ဟော့စပါး

ဟာရီ ကိန်း- ၂၄၇ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၆၄ ဂိုး

ဒေါ့မွန်

အာလင်း ဟာလန်း- ၈၆ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၉၇ ဂိုး

ဂျူဗင်တပ်

ခရစ္စတီယာနို ရော်နယ်လ်ဒို- ၁၀၁ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၇၅ ဂိုး

အင်တာမီလန်

လူကာကူး- ၆၄ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၆၇ ဂိုး

အာဆင်နယ်

သီယာရီ အွန်နရီ- ၂၂၈ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၆၁ ဂိုး

လက်စတာစီးတီး

ဂျေမီ ဗာဒီ- ၁၆၃ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၄၃ ဂိုး

နာပိုလီ

ကာဗာနီ- ၁၀၄ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၇၅ ဂိုး

အေစီမီလန်

ဇလာတန် အီဘရာဟီမိုဗစ်- ၉၂ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၅၈ ဂိုး

လိုက်ပ်ဇစ်

တီမို ဗာနာ- ၉၅ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၆၀ ဂိုး

အဲဗာတန်

လူကာကူး- ၈၇ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၅၂ ဂိုး

လေဗာကူဆင်

ပက်ထရစ် ရှစ်ခ်- ၃၇ ဂိုး၊ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၅၅ ဂိုး

အဲဒီတော့ အီဘရာဟီမိုဗစ်၊ လီဗန်ဒေါ့ဗ်စကီး၊ ဖယ်လ်ကာအို၊ ဟာလန်း၊ ကာဗာနီတို့အားလုံးဟာ လီယွန်နယ် မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့အတူ တစ်ပွဲပျမ်းမျှသွင်းဂိုး ၀.၇၅ ဂိုး သို့မဟုတ် အဲဒီထက် ကျော်လွန်တဲ့သွင်းဂိုးတွေကို အသင်းတစ်သင်းအတွက် သွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကတော့ ရီးရဲလ်မက်ဒရစ်မှာရော ဂျူဗင်တပ်မှာပါ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီစာရင်းမှာ ၂ ကြိမ်ပါဝင်တဲ့ တစ်ဦးတည်းသော ကစားသမားတော့မဟုတ်ဘဲ အီဘရာဟီမိုဗစ်နဲ့ လူကာကူးတို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တိုက်စစ်မှူးတစ်ယောက် ကောင်း၊ မကောင်းဆိုတာကို တိုင်းတာနိုင်တဲ့ စံသတ်မှတ်ချက်တစ်ခုရှိမယ်ဆိုရင် တစ်ပွဲကို ပျမ်းမျှသွင်းဂိုးသာ ဖြစ်ပါလိမ့်မယ်။





မန်ချက်စတာစီးတီး


ပီအက်စ်ဂျီ


လီဗာပူးလ်


ချဲလ်ဆီး


ဘိုင်ယန်မြူးနစ်


ရီးရဲလ်မက်ဒရစ်




ဘာစီလိုနာ


အက်သလက်တီကို မက်ဒရစ်


တော့တင်ဟမ်ဟော့စပါး


ဒေါ့မွန်


ဂျူဗင်တပ်


အင်တာမီလန်


အာဆင်နယ်


လက်စတာစီးတီး


နာပိုလီ


အေစီမီလန်


လိုက်ပ်ဇစ်


အဲဗာတန်


လေဗာကူဆင်



REF: INTERNET SOURCES
SPORTS A2Z.