Premier League

EPL ရဲ့တစ်ရာသီတာ အညံ့ဖျင်းဆုံး ၁၁ ဦးအသင်းကို ဦးဆောင်နေတဲ့ ရက်ရှ်ဖို့ဒ်

လက်ရှိအချိန်ဟာ ၂၀၂၁-၂၀၂၂ ရာသီ ကုန်ဆုံးဖို့ ၁ ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး ပွဲပေါင်း ၃၇ ပွဲအထိ ကစားခဲ့ပြီးဖြစ်တာကြောင့် ဘယ်ကစားသမားတွေက ထိပ်တန်းစွမ်းဆောင်ရည်ပြသခဲ့လဲ၊ ဘယ်ကစားသမားတွေက ဆိုးရွားလွန်းတဲ့စွမ်းဆောင်ရည်ပြသခဲ့လဲဆိုတာ အားလုံးလည်း သိပြီးဖြစ်ပါတယ်။

WhoScored က ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၂၀ သို့မဟုတ် ပွဲကစားချိန် မိနစ် ၁၀၀၀ ကျော် ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေထဲက ဘယ်ကစားသမားတွေက အဆင့်သတ်မှတ်ချက် အနိမ့်ကျဆုံးလဲဆိုတာကို စစ်တမ်းကောက်ယူခဲ့ရာမှာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာ အညံ့ဖျင်းဆုံး ၁၁ ဦးအသင်းကို တွေ့ရှိခဲ့ပါတယ်။

ဂိုး- ဘန် ဖော်စတာ(ဝက်ဖို့ဒ်)

အသက် ၃၉ နှစ်အရွယ် ဂိုးသမားဟာ ယခုရာသီကုန်မှာ ဝက်ဖို့ဒ်ကို စွန့်ခွာတော့မှာဖြစ်ပြီး အနာဂတ်က ဘာတွေ ယူဆောင်လာမလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘန် ဖော်စတာဟာ ယခုရာသီ ဂိုးပေါက်ကန်သွင်းမှု ၁၁၁ ကြိမ်မှာ ၆၃ ကြိမ် ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး အဲဒီပမာဏဟာ ပရီးမီးယားလိဂ်မှာ အနိမ့်ဆုံးကာကွယ်မှု ရာခိုင်နှုန်း(၅၈.၆ ရာခိုင်နှုန်း)ဖြစ်ခဲ့ပါတယ်။

ညာနောက်ခံ- မတ်ဒ်စ် ဟိုအာစလေယို(ဘရန့်တ်ဖို့ဒ်)

ဇန်နဝါရီလက အက်စတန် ဗီလာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နောက်ကျ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပေမယ့် ဟိုအာစလေယိုဟာ ညာနောက်ခံတောင်ပံမှာ ကစားရင်း ရာသီရဲ့ အချိန်အများစုမှာ နောက်ထပ် ဂိုးရရှိအောင် ကူညီပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟိုအာစလေယိုဟာ ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတာကြောင့် တိုးတက်အောင်လုပ်ဖို့ အချိန်အများကြီး ရှိနေသေးတာဖြစ်ပါတယ်။

ဗဟိုခံစစ်- အက်ဇ်ရီ ခွန်ဆာ(အက်စတန် ဗီလာ)

ခွန်ဆာရဲ့ ပြီးခဲ့တဲ့ရာသီက ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် ၎င်းရဲ့အသင်းဖော် တိုင်ရုန်း မင်းစ်အနေနဲ့ အင်္ဂလန်ရဲဲ့ ယူရို ၂၀၂၀ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး ဘာကြောင့် ခွန်ဆာက ရွေးချယ်မခံခဲ့ရတာလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ခွန်ဆာဟာ ဖိအားပေးခံရချိန်မှာ အေးဆေးတည်ငြိမ်ပြီး ဘောလုံးကို ရပ်တန့်ဖို့ လိုအပ်ရင် တစ်ကိုယ်လုံး ပစ်ဝင်လိုက်ဖို့ တွန့်ဆုတ်ခြင်းမရှိသူဖြစ်သလို ဘောလုံးကို ပါးပါးနပ်နပ်၊ အကျိုးသက်ရောက်မှုရှိရှိ ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ အဲဒီအရည်အချင်းတွေထဲက အများစုကို ယခုရာသီမှာ မြင်တွေ့ခဲ့ရပေမယ့် အသင်းကို ဒုက္ခရောက်စေမယ့် အမှားအနည်းငယ်ကိုလည်း ကျူးလွန်ခဲ့မိတာဖြစ်ပါတယ်။ နည်းပြ စတီဗင် ဂျရတ်အနေနဲ့ လာမယ့်ရာသီမှာ ဗဟိုခံစစ်နေရာအတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်အောင် ပြုလုပ်ဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းသွားနိုင်ပါတယ်။

ဗဟိုခံစစ်- ဒန်နီရယ် အမာတေ(လက်စတာစီးတီး)

အမာတေဟာ ယခုရာသီ ပရီးမီးယားလိဂ် ၂၂ ပွဲအထိ ပွဲထွက်ပါဝင်ကစားခဲ့ပြီး ဆောက်သမ်တန်ကနေ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် လက်စတာစီးတီးရဲ့ ပထမဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ၉ ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ အမာတေဟာ ပေါ့ပေါ့ပါးပါး အသုံးပြုဖို့အတွက် စွယ်စုံရ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တာဖြစ်ပြီး ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ တော်တော်လေး လုပ်ခဲ့ရတာဖြစ်ပါတယ်။

ဘယ်နောက်ခံ- နူနို တာဗာရက်စ်(အာဆင်နယ်)

ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ ခံစစ်ပိုင်း အားနည်းမှုကြောင့် ရုန်းကန်နေရတဲ့ အရည်အချင်းရှိတဲ့ကစားသမားဖြစ်ပြီး ကီရန် တီယာနီနဲ့ နှိုင်းယှဉ်မှုကြောင့် ပရိသတ်တွေအမြင်မှာ သာမန်ထက်ကို အပြစ်မြင်ခံခဲ့ရသူဖြစ်ပါတယ်။ တာဗာရက်စ်ရဲ့ ကစားပုံကို ကြည့်ရသလောက်ဆိုရင် တော်တော်လေး လျှပ်ပြာပြာဖြစ်နေတာကလွဲရင် ကစားသမားကောင်းတစ်ဦးဖြစ်ပြီး အလွန်ကောင်းမွန်တဲ့တစ်စုံတရာကို လုပ်ပြချင်တယ်ဆိုရင်တော့ နည်းနည်းလေး စိတ်လျှော့ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ကွင်းလယ်ခံစစ်- အီဘရာဟီမာ ဂျယ်လို(ဆောက်သမ်တန်)

ဆောက်သမ်တန်အသင်းဟာ ကွင်းလယ်မှာ ဂျိမ်းစ် ဝ့ါဒ်-ပရောက်စ်၊ အိုရီယို ရိုမြူတို့နဲ့ဆိုရင် အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပြီး အခြေအနေပေးတဲ့အခါတိုင်း တိုက်စစ်ကို ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျယ်လိုကို ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ လိဂန်းအသင်းဖြစ်တဲ့ ဘရက်စ်ကနေ ပေါင် ၁၀ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြ ဟာဆန်ဟာတယ်လ်လက်အောက်မှာ သိပ်အသုံးပြုခြင်းမခံခဲ့ရတဲ့ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂျယ်လိုဟာ အလွန်ကြီးမားတဲ့ ပရီးမီးယားလိဂ် ကွင်းလယ်တိုက်ပွဲဝင်သူများထဲမှာ စိတ်ဝင်စားစရာမရှိတဲ့ကစားသမားဖြစ်နေခဲ့တာဖြစ်ပြီး သုံးစားမရတဲ့ကစားသမားမဟုတ်သလို သတိထားမိရလောက်အောင်လည်း ကောင်းမနေတာဖြစ်ပါတယ်။

ကွင်းလယ်ဗဟို- အဒမ် ဖောရှော(လိဒ်စ်)

လိဒ်စ်ပရိသတ်တွေအနေနဲ့ WhoScored ရဲ့ အဆင့်သတ်မှတ်ချက်တွေဟာ ရာသီလယ် ဗားရှင်းအပေါ်မှာ လုံးလုံးအခြေခံထားတယ်ဆိုတာကို မသိရင် ဒေါသထွက်စရာဖြစ်ပါလိမ့်မယ်။ ကိန်းဂဏန်းအချက်အလက်တွေပေါ်သာ အခြေခံခဲ့တာမဟုတ်ဘူးဆိုရင် ဖောရှောအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်မှာမဟုတ်တာဖြစ်ပါတယ်။ အဲဒီလို မပါဝင်တာက အရမ်းကောင်းလွန်းလို့လည်း မဟုတ်ဘဲ ထည့်သွင်းစဉ်းစားဖို့တောင် သိသာထင်ရှားမှုမရှိတဲ့ ကစားသမားဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ ချန်ပီယံရှစ်အဆင့် ကွင်းလယ်ကစားသမားဟာ လိဒ်စ်ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေနေ၊ တန်းပဲဆင်းဆင်း ပရီးမီးယားလိဂ်မှာ ကြာကြာ ဆက်ကစားနိုင်တော့မှာမဟုတ်တာဖြစ်ပါတယ်။

ကွင်းလယ်ဗဟို- ရှောင် လောင်းစတက်ဖ်(နယူးကာဆယ်လ်)

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အခုဆိုရင် နယူးကာဆယ်လ်အတွက် ကစားပေးခဲ့တဲ့ ၁၃ နှစ်ရှိခဲ့ပြီဖြစ်ပြီး နောက်ထပ် ၄ နှစ်အသင်းနဲ့ ဆက်နေဖို့ ကမ်းလှမ်းမှုကိုလည်း ရရှိထားပြီဖြစ်ပါတယ်။ လောင်းစတက်ဖ်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အက်ဒီ ဟောင်းက ကွင်းလယ်ကစားသမားကို ထိပ်တန်းကစားသမားဆိုတာကို ကမ္ဘာကို ပြသဖို့ ဆက်နေစေချင်နေတာဖြစ်ပါတယ်။

လောင်းစတက်ဖ်ဟာ လက်ရှိအချိန်အထိ နယူးကာဆယ်လ်အတွက် ၉၄ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားနိုင်ပြီး အခွင့်အရေးဖန်တီးမှုတော့ မပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဖျက်ထုတ်မှုနဲ့ ကြားဝင်နှောင့်ယှက်မှု ၂ ခုပေါင်းရင် အသင်းရဲ့ အဆင့် ၁၃ နေရာမှာသာ ရှိနေပြီး ဘောလုံးပေးပို့ရာမှာ အောင်မြင်မှုက ၈၁ ရာခိုင်နှုန်းသာ ရှိပါတယ်။ လောင်းစတက်ဖ်ဟာ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး ကွင်းလယ်နဲ့ တိုက်စစ်ကြားမှာ ဘာမှ များများစားစားမလုပ်နိုင်ဘဲ ကွင်းလယ်မှာပဲ ကစားကစား၊ တိုက်စစ်မှာပဲ ကစားကစား ပွဲကို အကျိုးသက်ရောက်မှုရှိတာမျိုး ဖြစ်ခဲပါတယ်။ နယူးကာဆယ်လ်များ တစ်ခုခု လွဲနေပြီလားမသိပါဘူး။

ညာတောင်ပံ- အာရွန် လန်နွန်(ဘန်လေ)

လန်နွန်ရဲ့ လျစ်လျစ်ထနေတဲ့ နေ့ရက်တွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်မှာ ကျန်ခဲ့ပြီဖြစ်ပြီး ပီတာ ခရောက်ချ်၊ ဒီဖိုးတို့အတွက် တော့တင်ဟမ်ဟော့စပါးမှာတုန်းက ကြောက်မက်ဖွယ် ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ လန်နွန်နဲ့ အတူကစားခဲ့တဲ့ မိုက်ကယ် ဒေါ်ဆင်၊ ရော်ဘီ ကီးန်တို့တောင် စတူဒီယိုတွေမှာထိုင်ပြီး ဝေဖန်လေကန်ရေးလုပ်နေချိန်မှာ စပါးစ်တောင်ပံကစားသမားဟောင်းက ပရီးမီးယားလိဂ်မှာကစားနေတုန်းဆိုတော့ မဆိုးပါဘူးလို့ ပြောရမှာဖြစ်ပေမယ့် အသင်းဖော်တွေနဲ့ စတူဒီယိုထဲကို လိုက်သွားတာက ပိုကောင်းတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဘယ်တောင်ပံ- မားကပ်စ် ရက်ရှ်ဖို့ဒ်(မန်ချက်စတာယူနိုက်တက်)

အင်္ဂလန်ဘုရင်မကြီးရဲ့ သူကောင်းဘွဲ့ ချီးမြှင့်ခံရပြီးနောက်ပိုင်း ဘောလုံးကန်ချင်သလို၊ မကန်ချင်သလို ကွင်းထဲမှာ တလွဲတွေလုပ်နေတဲ့ ရက်ရှ်ဖို့ဒ်ကို မြင်လိုက်တိုင်း ပရိသတ်တွေအနေနဲ့ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ပြီး ပြိုင်ဘက်နောက်တန်းကို ဖရိုဖရဲဖြစ်စေခဲ့တဲ့ လူငယ်ခြေတက်လေးကို လွမ်းဆွတ်မိကြမှာပါ။ ဒီလိုပြောလို့ ရက်ရှ်ဖို့ဒ်ရဲ့ ကွင်းပြင်က ကလေးသူငယ်တွေအတွက် လုပ်ဆောင်မှုတွေကို ပြစ်တင်ဝေဖန်တယ်လို့ မထင်စေချင်ဘဲ ဘောလုံးကိုသာ အဓိကအာရုံစိုက်ဖို့ ပြောချင်တာဖြစ်ပါတယ်။ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် သူရဲကောင်းရဲ့ ပုံကို ဖြတ်တောက်ပစ်ခဲ့ကြပြီး အခုအချိန်မှာ ကစားသမားဘဝတလျှောက် အနိမ့်ပါးဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အသစ်ရောက်လာမယ့် နည်းပြ တန်ဟက်ဂ်အနေနဲ့ တစ်ခါတုန်းက ရက်ရှ်ဖို့ဒ်ကို ပြန်မြင်ရအောင် လုပ်ပေးနိုင်ဖို့ပဲ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။

တိုက်စစ်မှူး- ဂျော့ရှ် ဆားဂျင့်(နောဝစ်ချ်စီးတီး)

မထင်မှတ်လောက်အောင် ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုအပါအဝင် ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဲဒီအပြင် ဂိုးတွေ မရှိတော့တာဖြစ်ပါတယ်။ နောဝစ်ချ်စီးတီးအသင်းဟာ တန်းဆင်းခဲ့ပြီးဖြစ်တာကြောင့် ဆားဂျင့်ရဲ့ သွင်းဂိုးတွေကလည်း ဒီမှာတင်ပဲ နိဌိတံသွားပြီလို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လက္ရွိအခ်ိန္ဟာ ၂၀၂၁-၂၀၂၂ ရာသီ ကုန္ဆုံးဖို႔ ၁ ပြဲသာ က်န္ရွိေတာ့တာျဖစ္ၿပီး ပြဲေပါင္း ၃၇ ပြဲအထိ ကစားခဲ့ၿပီးျဖစ္တာေၾကာင့္ ဘယ္ကစားသမားေတြက ထိပ္တန္းစြမ္းေဆာင္ရည္ျပသခဲ့လဲ၊ ဘယ္ကစားသမားေတြက ဆိုးရြားလြန္းတဲ့စြမ္းေဆာင္ရည္ျပသခဲ့လဲဆိုတာ အားလုံးလည္း သိၿပီးျဖစ္ပါတယ္။

WhoScored က ပရီးမီးယားလိဂ္မွာ ပြဲေပါင္း ၂၀ သို႔မဟုတ္ ပြဲကစားခ်ိန္ မိနစ္ ၁၀၀၀ ေက်ာ္ ပါဝင္ကစားခဲ့တဲ့ ကစားသမားေတြထဲက ဘယ္ကစားသမားေတြက အဆင့္သတ္မွတ္ခ်က္ အနိမ့္က်ဆုံးလဲဆိုတာကို စစ္တမ္းေကာက္ယူခဲ့ရာမွာ ပရီးမီးယားလိဂ္ရဲ့ တစ္ရာသီတာ အညံ့ဖ်င္းဆုံး ၁၁ ဦးအသင္းကို ေတြ႕ရွိခဲ့ပါတယ္။

ဂိုး- ဘန္ ေဖာ္စတာ(ဝက္ဖို႔ဒ္)

အသက္ ၃၉ ႏွစ္အရြယ္ ဂိုးသမားဟာ ယခုရာသီကုန္မွာ ဝက္ဖို႔ဒ္ကို စြန႔္ခြာေတာ့မွာျဖစ္ၿပီး အနာဂတ္က ဘာေတြ ယူေဆာင္လာမလဲဆိုတာနဲ႔ပတ္သက္ၿပီး စိတ္လႈပ္ရွားမိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဘန္ ေဖာ္စတာဟာ ယခုရာသီ ဂိုးေပါက္ကန္သြင္းမႈ ၁၁၁ ႀကိမ္မွာ ၆၃ ႀကိမ္ ကာကြယ္မႈ ျပဳလုပ္နိုင္ခဲ့ၿပီး အဲဒီပမာဏဟာ ပရီးမီးယားလိဂ္မွာ အနိမ့္ဆုံးကာကြယ္မႈ ရာခိုင္ႏႈန္း(၅၈.၆ ရာခိုင္ႏႈန္း)ျဖစ္ခဲ့ပါတယ္။

ညာေနာက္ခံ- မတ္ဒ္စ္ ဟိုအာစေလယို(ဘရန႔္တ္ဖို႔ဒ္)

ဇန္နဝါရီလက အက္စတန္ ဗီလာကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေနာက္က် အနိုင္ဂိုးကို ဖန္တီးေပးခဲ့ေပမယ့္ ဟိုအာစေလယိုဟာ ညာေနာက္ခံေတာင္ပံမွာ ကစားရင္း ရာသီရဲ့ အခ်ိန္အမ်ားစုမွာ ေနာက္ထပ္ ဂိုးရရွိေအာင္ ကူညီေပးနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဟိုအာစေလယိုဟာ ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသက္ ၂၂ ႏွစ္အရြယ္သာ ရွိေသးတာေၾကာင့္ တိုးတက္ေအာင္လုပ္ဖို႔ အခ်ိန္အမ်ားႀကီး ရွိေနေသးတာျဖစ္ပါတယ္။

ဗဟိုခံစစ္- အက္ဇ္ရီ ခြန္ဆာ(အက္စတန္ ဗီလာ)

ခြန္ဆာရဲ့ ၿပီးခဲ့တဲ့ရာသီက ေကာင္းမြန္တဲ့ ေျခစြမ္းေၾကာင့္ ၎ရဲ့အသင္းေဖာ္ တိုင္႐ုန္း မင္းစ္အေနနဲ႔ အဂၤလန္ရဲဲ့ ယူရို ၂၀၂၀ လူစာရင္းမွာ ေရြးခ်ယ္ခံခဲ့ရၿပီး ဘာေၾကာင့္ ခြန္ဆာက ေရြးခ်ယ္မခံခဲ့ရတာလဲဆိုတဲ့ ေမးခြန္းေတြ ျဖစ္ေပၚေစခဲ့ပါတယ္။ ခြန္ဆာဟာ ဖိအားေပးခံရခ်ိန္မွာ ေအးေဆးတည္ၿငိမ္ၿပီး ေဘာလုံးကို ရပ္တန႔္ဖို႔ လိုအပ္ရင္ တစ္ကိုယ္လုံး ပစ္ဝင္လိုက္ဖို႔ တြန႔္ဆုတ္ျခင္းမရွိသူျဖစ္သလို ေဘာလုံးကို ပါးပါးနပ္နပ္၊ အက်ိဳးသက္ေရာက္မႈရွိရွိ ထိန္းသိမ္းထားနိုင္သူျဖစ္ပါတယ္။ အဲဒီအရည္အခ်င္းေတြထဲက အမ်ားစုကို ယခုရာသီမွာ ျမင္ေတြ႕ခဲ့ရေပမယ့္ အသင္းကို ဒုကၡေရာက္ေစမယ့္ အမွားအနည္းငယ္ကိုလည္း က်ဴးလြန္ခဲ့မိတာျဖစ္ပါတယ္။ နည္းၿပ စတီဗင္ ဂ်ရတ္အေနနဲ႔ လာမယ့္ရာသီမွာ ဗဟိုခံစစ္ေနရာအတြက္ ၿပိဳင္ဆိုင္မႈ ပိုမိုျပင္းထန္ေအာင္ ျပဳလုပ္ဖို႔ ႀကိဳးပမ္းေကာင္း ႀကိဳးပမ္းသြားနိုင္ပါတယ္။

ဗဟိုခံစစ္- ဒန္နီရယ္ အမာေတ(လက္စတာစီးတီး)

အမာေတဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၂၂ ပြဲအထိ ပြဲထြက္ပါဝင္ကစားခဲ့ၿပီး ေဆာက္သမ္တန္ကေန ေပါင္ ၁၆ သန္းနဲ႔ ေျပာင္းေရႊ႕လာၿပီးေနာက္ လက္စတာစီးတီးရဲ့ ပထမဆုံးပရီးမီးယားလိဂ္ ၇ ပြဲမွာ ၅ ပြဲအထိ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ၉ ဂိုးအထိ ခြင့္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။ အမာေတဟာ ေပါ့ေပါ့ပါးပါး အသုံးျပဳဖို႔အတြက္ စြယ္စုံရ ေရြးခ်ယ္မႈတစ္ခု ျဖစ္ခဲ့တာျဖစ္ၿပီး ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ ျပဳျပင္ေျပာင္းလဲမႈေတြ ေတာ္ေတာ္ေလး လုပ္ခဲ့ရတာျဖစ္ပါတယ္။

ဘယ္ေနာက္ခံ- ႏူနို တာဗာရက္စ္(အာဆင္နယ္)

ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာ ခံစစ္ပိုင္း အားနည္းမႈေၾကာင့္ ႐ုန္းကန္ေနရတဲ့ အရည္အခ်င္းရွိတဲ့ကစားသမားျဖစ္ၿပီး ကီရန္ တီယာနီနဲ႔ ႏွိုင္းယွဥ္မႈေၾကာင့္ ပရိသတ္ေတြအျမင္မွာ သာမန္ထက္ကို အျပစ္ျမင္ခံခဲ့ရသူျဖစ္ပါတယ္။ တာဗာရက္စ္ရဲ့ ကစားပုံကို ၾကည့္ရသေလာက္ဆိုရင္ ေတာ္ေတာ္ေလး လၽွပ္ျပာျပာျဖစ္ေနတာကလြဲရင္ ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး အလြန္ေကာင္းမြန္တဲ့တစ္စုံတရာကို လုပ္ျပခ်င္တယ္ဆိုရင္ေတာ့ နည္းနည္းေလး စိတ္ေလၽွာ့ထားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ကြင္းလယ္ခံစစ္- အီဘရာဟီမာ ဂ်ယ္လို(ေဆာက္သမ္တန္)

ေဆာက္သမ္တန္အသင္းဟာ ကြင္းလယ္မွာ ဂ်ိမ္းစ္ ဝ့ါဒ္-ပေရာက္စ္၊ အိုရီယို ရိုျမဴတို႔နဲ႔ဆိုရင္ အေကာင္းဆုံးပုံစံမွာ ရွိေနခဲ့ၿပီး အေျခအေနေပးတဲ့အခါတိုင္း တိုက္စစ္ကို ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်ယ္လိုကို ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလမွာ လိဂန္းအသင္းျဖစ္တဲ့ ဘရက္စ္ကေန ေပါင္ ၁၀ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး နည္းၿပ ဟာဆန္ဟာတယ္လ္လက္ေအာက္မွာ သိပ္အသုံးျပဳျခင္းမခံခဲ့ရတဲ့ ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။ ဂ်ယ္လိုဟာ အလြန္ႀကီးမားတဲ့ ပရီးမီးယားလိဂ္ ကြင္းလယ္တိုက္ပြဲဝင္သူမ်ားထဲမွာ စိတ္ဝင္စားစရာမရွိတဲ့ကစားသမားျဖစ္ေနခဲ့တာျဖစ္ၿပီး သုံးစားမရတဲ့ကစားသမားမဟုတ္သလို သတိထားမိရေလာက္ေအာင္လည္း ေကာင္းမေနတာျဖစ္ပါတယ္။

ကြင္းလယ္ဗဟို- အဒမ္ ေဖာေရွာ(လိဒ္စ္)

လိဒ္စ္ပရိသတ္ေတြအေနနဲ႔ WhoScored ရဲ့ အဆင့္သတ္မွတ္ခ်က္ေတြဟာ ရာသီလယ္ ဗားရွင္းအေပၚမွာ လုံးလုံးအေျခခံထားတယ္ဆိုတာကို မသိရင္ ေဒါသထြက္စရာျဖစ္ပါလိမ့္မယ္။ ကိန္းဂဏန္းအခ်က္အလက္ေတြေပၚသာ အေျခခံခဲ့တာမဟုတ္ဘူးဆိုရင္ ေဖာေရွာအေနနဲ႔ ဒီစာရင္းထဲမွာ ပါဝင္မွာမဟုတ္တာျဖစ္ပါတယ္။ အဲဒီလို မပါဝင္တာက အရမ္းေကာင္းလြန္းလို႔လည္း မဟုတ္ဘဲ ထည့္သြင္းစဥ္းစားဖို႔ေတာင္ သိသာထင္ရွားမႈမရွိတဲ့ ကစားသမားျဖစ္ေနတာေၾကာင့္ျဖစ္ပါတယ္။ ခ်န္ပီယံရွစ္အဆင့္ ကြင္းလယ္ကစားသမားဟာ လိဒ္စ္ယူနိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္မွာပဲ ဆက္ရွိေနေန၊ တန္းပဲဆင္းဆင္း ပရီးမီးယားလိဂ္မွာ ၾကာၾကာ ဆက္ကစားနိုင္ေတာ့မွာမဟုတ္တာျဖစ္ပါတယ္။

ကြင္းလယ္ဗဟို- ေရွာင္ ေလာင္းစတက္ဖ္(နယူးကာဆယ္လ္)

အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ အခုဆိုရင္ နယူးကာဆယ္လ္အတြက္ ကစားေပးခဲ့တဲ့ ၁၃ ႏွစ္ရွိခဲ့ၿပီျဖစ္ၿပီး ေနာက္ထပ္ ၄ ႏွစ္အသင္းနဲ႔ ဆက္ေနဖို႔ ကမ္းလွမ္းမႈကိုလည္း ရရွိထားၿပီျဖစ္ပါတယ္။ ေလာင္းစတက္ဖ္ရဲ့ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အက္ဒီ ေဟာင္းက ကြင္းလယ္ကစားသမားကို ထိပ္တန္းကစားသမားဆိုတာကို ကမၻာကို ျပသဖို႔ ဆက္ေနေစခ်င္ေနတာျဖစ္ပါတယ္။

ေလာင္းစတက္ဖ္ဟာ လက္ရွိအခ်ိန္အထိ နယူးကာဆယ္လ္အတြက္ ၉၄ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ျပဳလုပ္ထားနိုင္ၿပီး အခြင့္အေရးဖန္တီးမႈေတာ့ မျပဳလုပ္ထားနိုင္တာျဖစ္ပါတယ္။ ဖ်က္ထုတ္မႈနဲ႔ ၾကားဝင္ေႏွာင့္ယွက္မႈ ၂ ခုေပါင္းရင္ အသင္းရဲ့ အဆင့္ ၁၃ ေနရာမွာသာ ရွိေနၿပီး ေဘာလုံးေပးပို႔ရာမွာ ေအာင္ျမင္မႈက ၈၁ ရာခိုင္ႏႈန္းသာ ရွိပါတယ္။ ေလာင္းစတက္ဖ္ဟာ ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္ၿပီး ကြင္းလယ္နဲ႔ တိုက္စစ္ၾကားမွာ ဘာမွ မ်ားမ်ားစားစားမလုပ္နိုင္ဘဲ ကြင္းလယ္မွာပဲ ကစားကစား၊ တိုက္စစ္မွာပဲ ကစားကစား ပြဲကို အက်ိဳးသက္ေရာက္မႈရွိတာမ်ိဳး ျဖစ္ခဲပါတယ္။ နယူးကာဆယ္လ္မ်ား တစ္ခုခု လြဲေနၿပီလားမသိပါဘူး။

ညာေတာင္ပံ- အာရြန္ လန္ႏြန္(ဘန္ေလ)

လန္ႏြန္ရဲ့ လ်စ္လ်စ္ထေနတဲ့ ေန႔ရက္ေတြက လြန္ခဲ့တဲ့ ၁၀ စုႏွစ္ေလာက္မွာ က်န္ခဲ့ၿပီျဖစ္ၿပီး ပီတာ ခေရာက္ခ်္၊ ဒီဖိုးတို႔အတြက္ ေတာ့တင္ဟမ္ေဟာ့စပါးမွာတုန္းက ေၾကာက္မက္ဖြယ္ ျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ လန္ႏြန္နဲ႔ အတူကစားခဲ့တဲ့ မိုက္ကယ္ ေဒၚဆင္၊ ေရာ္ဘီ ကီးန္တို႔ေတာင္ စတူဒီယိုေတြမွာထိုင္ၿပီး ေဝဖန္ေလကန္ေရးလုပ္ေနခ်ိန္မွာ စပါးစ္ေတာင္ပံကစားသမားေဟာင္းက ပရီးမီးယားလိဂ္မွာကစားေနတုန္းဆိုေတာ့ မဆိုးပါဘူးလို႔ ေျပာရမွာျဖစ္ေပမယ့္ အသင္းေဖာ္ေတြနဲ႔ စတူဒီယိုထဲကို လိုက္သြားတာက ပိုေကာင္းတာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။

ဘယ္ေတာင္ပံ- မားကပ္စ္ ရက္ရွ္ဖို႔ဒ္(မန္ခ်က္စတာယူနိုက္တက္)

အဂၤလန္ဘုရင္မႀကီးရဲ့ သူေကာင္းဘြဲ႕ ခ်ီးျမႇင့္ခံရၿပီးေနာက္ပိုင္း ေဘာလုံးကန္ခ်င္သလို၊ မကန္ခ်င္သလို ကြင္းထဲမွာ တလြဲေတြလုပ္ေနတဲ့ ရက္ရွ္ဖို႔ဒ္ကို ျမင္လိုက္တိုင္း ပရိသတ္ေတြအေနနဲ႔ ေက်ာနံပါတ္ ၁၉ ကို ဝတ္ဆင္ၿပီး ၿပိဳင္ဘက္ေနာက္တန္းကို ဖရိုဖရဲျဖစ္ေစခဲ့တဲ့ လူငယ္ေျခတက္ေလးကို လြမ္းဆြတ္မိၾကမွာပါ။ ဒီလိုေျပာလို႔ ရက္ရွ္ဖို႔ဒ္ရဲ့ ကြင္းျပင္က ကေလးသူငယ္ေတြအတြက္ လုပ္ေဆာင္မႈေတြကို ျပစ္တင္ေဝဖန္တယ္လို႔ မထင္ေစခ်င္ဘဲ ေဘာလုံးကိုသာ အဓိကအာ႐ုံစိုက္ဖို႔ ေျပာခ်င္တာျဖစ္ပါတယ္။ ယူရို ၂၀၂၀ ဗိုလ္လုပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ သူရဲေကာင္းရဲ့ ပုံကို ျဖတ္ေတာက္ပစ္ခဲ့ၾကၿပီး အခုအခ်ိန္မွာ ကစားသမားဘဝတေလၽွာက္ အနိမ့္ပါးဆုံးအေျခအေနကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အသစ္ေရာက္လာမယ့္ နည္းၿပ တန္ဟက္ဂ္အေနနဲ႔ တစ္ခါတုန္းက ရက္ရွ္ဖို႔ဒ္ကို ျပန္ျမင္ရေအာင္ လုပ္ေပးနိုင္ဖို႔ပဲ ေမၽွာ္လင့္ရေတာ့မွာျဖစ္ပါတယ္။

တိုက္စစ္မႉး- ေဂ်ာ့ရွ္ ဆားဂ်င့္(ေနာဝစ္ခ်္စီးတီး)

မထင္မွတ္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ဖန္တီးမႈတစ္ခုအပါအဝင္ ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ သြင္းဂိုး ၂ ဂိုးသြင္းယူနိုင္ခဲ့ေပမယ့္ အဲဒီအျပင္ ဂိုးေတြ မရွိေတာ့တာျဖစ္ပါတယ္။ ေနာဝစ္ခ်္စီးတီးအသင္းဟာ တန္းဆင္းခဲ့ၿပီးျဖစ္တာေၾကာင့္ ဆားဂ်င့္ရဲ့ သြင္းဂိုးေတြကလည္း ဒီမွာတင္ပဲ နိဌိတံသြားၿပီလို႔ပဲ ဆိုရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.