Premier League

ဂျရတ်ကို သတိပေးခဲ့တဲ့ ဂွါဒီယိုလာကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်ဟာ ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် အက်စတန် ဗီလာရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။

ယာဂန် ကလော့ပ်က ၎င်းရဲ့အသင်းဟာ ယခုအပတ်မှာ ပရီးမီးယားလိဂ် သရဖူကို ဆောင်းနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး ဆုဖလားပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ ရာသီနောက်ဆုံးပိတ်ပွဲစဉ်အဖြစ် လျင်လျင်မြန်မြန်ပဲ ယှဉ်ပြိုင်ကစားရမယ့် အက်စတန် ဗီလာကြောင့် စိတ်ပျက်နေတာဖြစ်ပါတယ်။

စတီဗင် ဂျရတ်ရဲ့အသင်းဟာ တနင်္ဂနွေနေ့ညနေ အစ်တီဟတ်မှာ မန်စီးတီးကို အနိုင်မရအောင် တားဆီးပြီး လီဗာပူးလ်အသင်းရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့အတွက် ကြီးမားတဲ့ အခွင့်အရေးကို ပေးနိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ဝုလ်ဗ်စ်အသင်းကို အနိုင်ကစားသွားရမှာဖြစ်ပြီး အက်စတန် ဗီလာအနေနဲ့ ဂွါဒီယိုလာရဲ့အသင်းကို စိတ်ပျက်အောင် လုပ်နိုင်ဖို့အတွက် မျှော်လင့်နေရမှာ ဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ ရာသီနောက်ဆုံးပိတ်ပွဲစဉ်ကို ကြာသပတေးနေ့ညနေ ဗီလာပါ့ခ်မှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားပြီးနောက်ပိုင်း နားရက် ၂ ရက်သာ ရရှိပြီး သွားရောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် ရလဒ်အနေနဲ့ ကလော့ပ်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ဖို့ အခွင့်အရေးဟာ မရှိသလောက် နည်းပါးသွားပြီလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနည်းပြ ပက် ဂွါဒီယိုလာက ၎င်းရဲ့အသင်းဟာ ယခုအပတ်မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် အရိုးကြေကြေ အရေခမ်းခမ်း ကစားသွားမှာဖြစ်တယ်လို့ အက်စတန် ဗီလာအသင်းကို သတိပေးစကားပြောကြားခဲ့တာဖြစ်ပါတယ်။

စတီဗင် ဂျရတ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ သိသာထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားသွားမှာဖြစ်တာကြောင့် မန်စီးတီးက တနင်္ဂနွေနေ့ အိမ်ကွင်းအစ်တီဟတ်မှာ အနိုင် ၃ မှတ်ကို မဖြစ်မနေ ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ အက်စတန် ဗီလာနဲ့ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ အနိုင်ရမှသာ ရာသီနောက်ဆုံးအပတ်ကို ၁ မှတ်အကွာနဲ့ ဖိအားလိုက်လံပေးနေဆဲဖြစ်တဲ့ လီဗာပူးလ်အသင်းကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားနိုင်မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက စိန့်မေရီမှာ ဆောက်သမ်တန်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ၁၈ ပွဲအထိ ရှုံးပွဲမရှိ စံချိန်ပိုင်ဆိုင်ခဲ့ပြီး တနင်္ဂနွေနေ့ညနေမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်တဲ့ သေးငယ်တဲ့မျှော်လင့်ချက်ကို အမှန်တကယ်ဖြစ်လာအောင် အနိုင်ကစားသွားရမှာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ အသင်းဟာ အန်းဖီးမှာ ဝုလ်ဗ်စ်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက တနင်္ဂနွေနေ့ညနေ အစ်တီဟတ်မှာ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်သရဖူကို ကာကွယ်ဖို့အတွက် ကွင်းထဲမှာ ရေကုန်ရေခမ်း ကစားသွားမှာဖြစ်တယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္ဟာ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္အျဖစ္ မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္မတိုင္ခင္ အက္စတန္ ဗီလာရဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။

ယာဂန္ ကေလာ့ပ္က ၎ရဲ့အသင္းဟာ ယခုအပတ္မွာ ပရီးမီးယားလိဂ္ သရဖူကို ေဆာင္းနိုင္ဖို႔ မျဖစ္နိုင္ဘူးလို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ဆုဖလားၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရာသီေနာက္ဆုံးပိတ္ပြဲစဥ္အျဖစ္ လ်င္လ်င္ျမန္ျမန္ပဲ ယွဥ္ၿပိဳင္ကစားရမယ့္ အက္စတန္ ဗီလာေၾကာင့္ စိတ္ပ်က္ေနတာျဖစ္ပါတယ္။

စတီဗင္ ဂ်ရတ္ရဲ့အသင္းဟာ တနဂၤေႏြေန႔ညေန အစ္တီဟတ္မွာ မန္စီးတီးကို အနိုင္မရေအာင္ တားဆီးၿပီး လီဗာပူးလ္အသင္းရဲ့ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔အတြက္ ႀကီးမားတဲ့ အခြင့္အေရးကို ေပးနိုင္တဲ့အေျခအေနရွိေနတာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ့အသင္းဟာ ဝုလ္ဗ္စ္အသင္းကို အနိုင္ကစားသြားရမွာျဖစ္ၿပီး အက္စတန္ ဗီလာအေနနဲ႔ ဂြါဒီယိုလာရဲ့အသင္းကို စိတ္ပ်က္ေအာင္ လုပ္နိုင္ဖို႔အတြက္ ေမၽွာ္လင့္ေနရမွာ ျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ ရာသီေနာက္ဆုံးပိတ္ပြဲစဥ္ကို ၾကာသပေတးေန႔ညေန ဗီလာပါ့ခ္မွာ ဘန္ေလနဲ႔ ယွဥ္ၿပိဳင္ကစားၿပီးေနာက္ပိုင္း နားရက္ ၂ ရက္သာ ရရွိၿပီး သြားေရာက္ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္တာေၾကာင့္ ရလဒ္အေနနဲ႔ ကေလာ့ပ္က ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရရွိနိုင္ဖို႔ အခြင့္အေရးဟာ မရွိသေလာက္ နည္းပါးသြားၿပီလို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းနည္းၿပ ပက္ ဂြါဒီယိုလာက ၎ရဲ့အသင္းဟာ ယခုအပတ္မွာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔အတြက္ အရိုးေၾကေၾက အေရခမ္းခမ္း ကစားသြားမွာျဖစ္တယ္လို႔ အက္စတန္ ဗီလာအသင္းကို သတိေပးစကားေျပာၾကားခဲ့တာျဖစ္ပါတယ္။

စတီဗင္ ဂ်ရတ္ရဲ့အသင္းဟာ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ သိသာထင္ရွားတဲ့ အခန္းက႑ကေန ပါဝင္ကစားသြားမွာျဖစ္တာေၾကာင့္ မန္စီးတီးက တနဂၤေႏြေန႔ အိမ္ကြင္းအစ္တီဟတ္မွာ အနိုင္ ၃ မွတ္ကို မျဖစ္မေန ရရွိဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ့အသင္းအေနနဲ႔ အက္စတန္ ဗီလာနဲ႔ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္မွာ အနိုင္ရမွသာ ရာသီေနာက္ဆုံးအပတ္ကို ၁ မွတ္အကြာနဲ႔ ဖိအားလိုက္လံေပးေနဆဲျဖစ္တဲ့ လီဗာပူးလ္အသင္းကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးသြားနိုင္မွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညက စိန႔္ေမရီမွာ ေဆာက္သမ္တန္အသင္းကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ၁၈ ပြဲအထိ ရႈံးပြဲမရွိ စံခ်ိန္ပိုင္ဆိုင္ခဲ့ၿပီး တနဂၤေႏြေန႔ညေနမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာနိုင္တဲ့ ေသးငယ္တဲ့ေမၽွာ္လင့္ခ်က္ကို အမွန္တကယ္ျဖစ္လာေအာင္ အနိုင္ကစားသြားရမွာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ့ အသင္းဟာ အန္းဖီးမွာ ဝုလ္ဗ္စ္ကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးနည္းၿပ ဂြါဒီယိုလာက တနဂၤေႏြေန႔ညေန အစ္တီဟတ္မွာ ၎တို႔ရဲ့ ပရီးမီးယားလိဂ္သရဖူကို ကာကြယ္ဖို႔အတြက္ ကြင္းထဲမွာ ေရကုန္ေရခမ္း ကစားသြားမွာျဖစ္တယ္လို႔ ကတိေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.