Bundesliga Premier League

ဒမ်ဘီလီနဲ့ ဘိုင်ယန်ကို ပြောင်းရွှေ့နိုင်ခြေကြောင့် အမြတ်ထွက်တော့မယ့် အာဆင်နယ်

အူ့စ်မန် ဒမ်ဘီလီရဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့နိုင်ခြေဟာ အာဆင်နယ်အတွက် အမြတ်ထွက်စရာ ဖြစ်လာနိုင်ခြေ ရှိနေပြီး ဂနာဘရီအတွက် ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကနေ ထွက်ခွာဖို့ တံခါးပွင့်သွားစေမှာဖြစ်ပါတယ်။

L’equipe ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ ယခုနွေရာသီမှာ ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားရဲ့ စာချုပ်သက်တမ်းဟာ ယခုနွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အလွတ်နဲ့ ထွက်ခွာခွင့် ရရှိတော့မှာဖြစ်ပါတယ်။

ဒမ်ဘီလီအနေနဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် တူညီတဲ့နေရာမှာ ကစားနေတဲ့ ဂနာဘရီရဲ့ နေရာဟာ ခြိမ်းခြောက်ခြင်း ခံရနိုင်တာဖြစ်ပြီး ဂျာမန်တောင်ပံကစားသမားကလည်း အသင်းကနေ ထွက်ခွာဖို့ အရိပ်အမြွက် ပြောကြားထားပြီးဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကြယ်ပွင့်ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းသင့်ပါတယ်။

ယခုရာသီအစောပိုင်းတုန်းက ဂျာမန်သတင်းစာ Bild က ဂနာဘရီနဲ့ ၎င်းရဲ့ကိုယ်စားလှယ်တွေဟာ ဘိုင်ယန်မြူးနစ်အသင်းကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် တစ်နှစ်လုပ်ခလစာ ပေါင် ၁၂.၅ သန်း တောင်းဆိုနေတယ်လို့ ဖော်ပြခဲ့ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးက လက်ရှိအချိန်အထိ သဘောတူညီခြင်းမရှိသေးတာကြောင့် လက်ရှိမှာ ပြောဆိုဆွေးနွေးမှုတွေက ရပ်တန့်နေတာဖြစ်ပါတယ်။

အဲဒီသတင်းကို ဂျာမန်သတင်းဌာန Sport1 ကလည်း ဂနာဘရီရဲ့ ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာချင်တဲ့ ဆန္ဒဟာ ငွေကြေးတစ်ခုတည်းကြောင့်မဟုတ်ဘူးလို့ နောက်ဆက်တွဲအနေနဲ့ ဖော်ပြခဲ့ပြီး ဂျာမန်တောင်ပံကစားသမားက ၎င်းဟာ အသင်းမှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ကစားပေးနေရတယ်ဆိုတဲ့ခံစားချက်မျိုး လိုချင်သလို တောင်ပံနေရာထက် အလယ်ပိုကျတဲ့နေရာမှာ ကစားချင်နေတယ်လို့ သိရပါတယ်။

မြောက်လန်ဒန် ကလပ်အသင်းဟာ ယခုနွေရာသီမှာ တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ လိုအပ်မှာဖြစ်တာကြောင့် အာဆင်နယ်အသင်းအတွက်တော့ ပြီးပြည့်စုံတဲ့ ခေါ်ယူမှုဖြစ်မယ့်ပုံပေါ်နေတာဖြစ်ပါတယ်။ ဂနာဘရီဟာ ကစားသမားဘဝကို အာဆင်နယ်မှာ စတင်ခဲ့သူဖြစ်ပြီး အမ်းမရိတ်စ်ကနေ ဝါဒါ ဘရီမင်၊ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိမှာတော့ မြောက်လန်ဒန်ကို ပြန်လာနိုင်ခြေရှိနေပုံပေါ်နေတာ သေချာပါတယ်။

အာဆင်နယ်အသင်းကလည်း လာကာဇက်နဲ့ နကီးတီးယားတို့ အသင်းကို စွန့်ခွာတော့မှာဖြစ်တာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးအသစ် ၂ ဦးအထိ ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်နေပြီး ဂျာမန်တောင်ပံကစားသမားရဲ့ နေရာစုံမှာ ကစားနိုင်စွမ်းက အာတီတာအတွက် မက်လောက်စရာ အရည်အချင်းတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဂနာဘရီအတွက် မပြီးပြတ်သေးတဲ့အလုပ်တွေ ရှိနေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ပြုလုပ်နိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ချိန်မှာ အမြဲတမ်း ဂန်းနားဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့တာက အသက်ဖြစ်ခဲ့ပါတယ်။ CIES football observatory ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၆၀ ဝန်းကျင် ကုန်ကျဖွယ်ရှိပြီး ဂျာမန်တောင်ပံကစားသမားလိုမျိုး ကစားသမားအတွက် ထိုက်တန်တဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဂနာဘရီကို အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီးဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ ယခုရာသီကုန်မှာ ဂျာမန်တောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ စပိန်သတင်းစာ Fichajes က ဖော်ပြခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့မှုက တစ်ချိန်တုန်းက ပြင်သစ်တောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်ဆိုရင်တောင်မှ အာဆင်နယ်အတွက်တော့ ကြိုဆိုရမယ့် သတင်းတစ်ခု ဖြစ်လာတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အူ႔စ္မန္ ဒမ္ဘီလီရဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕နိုင္ေျခဟာ အာဆင္နယ္အတြက္ အျမတ္ထြက္စရာ ျဖစ္လာနိုင္ေၿခ ရွိေနၿပီး ဂနာဘရီအတြက္ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဆီကေန ထြက္ခြာဖို႔ တံခါးပြင့္သြားေစမွာျဖစ္ပါတယ္။

L’equipe ရဲ့ ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္ဟာ ယခုေႏြရာသီမွာ ဒမ္ဘီလီကို ေခၚယူနိုင္ဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရၿပီး အသက္ ၂၅ ႏွစ္အရြယ္ ေတာင္ပံကစားသမားရဲ့ စာခ်ဳပ္သက္တမ္းဟာ ယခုေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အလြတ္နဲ႔ ထြက္ခြာခြင့္ ရရွိေတာ့မွာျဖစ္ပါတယ္။

ဒမ္ဘီလီအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ထားတယ္ဆိုရင္ တူညီတဲ့ေနရာမွာ ကစားေနတဲ့ ဂနာဘရီရဲ့ ေနရာဟာ ၿခိမ္းေျခာက္ျခင္း ခံရနိုင္တာျဖစ္ၿပီး ဂ်ာမန္ေတာင္ပံကစားသမားကလည္း အသင္းကေန ထြက္ခြာဖို႔ အရိပ္အႁမြက္ ေျပာၾကားထားၿပီးျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ၾကယ္ပြင့္ကစားသမားေဟာင္းကို ျပန္လည္ေခၚယူဖို႔ ႀကိဳးပမ္းသင့္ပါတယ္။

ယခုရာသီအေစာပိုင္းတုန္းက ဂ်ာမန္သတင္းစာ Bild က ဂနာဘရီနဲ႔ ၎ရဲ့ကိုယ္စားလွယ္ေတြဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၂.၅ သန္း ေတာင္းဆိုေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးက လက္ရွိအခ်ိန္အထိ သေဘာတူညီျခင္းမရွိေသးတာေၾကာင့္ လက္ရွိမွာ ေျပာဆိုေဆြးေႏြးမႈေတြက ရပ္တန႔္ေနတာျဖစ္ပါတယ္။

အဲဒီသတင္းကို ဂ်ာမန္သတင္းဌာန Sport1 ကလည္း ဂနာဘရီရဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကို စြန႔္ခြာခ်င္တဲ့ ဆႏၵဟာ ေငြေၾကးတစ္ခုတည္းေၾကာင့္မဟုတ္ဘူးလို႔ ေနာက္ဆက္တြဲအေနနဲ႔ ေဖာ္ျပခဲ့ၿပီး ဂ်ာမန္ေတာင္ပံကစားသမားက ၎ဟာ အသင္းမွာ အေရးပါတဲ့အခန္းက႑မွာ ကစားေပးေနရတယ္ဆိုတဲ့ခံစားခ်က္မ်ိဳး လိုခ်င္သလို ေတာင္ပံေနရာထက္ အလယ္ပိုက်တဲ့ေနရာမွာ ကစားခ်င္ေနတယ္လို႔ သိရပါတယ္။

ေျမာက္လန္ဒန္ ကလပ္အသင္းဟာ ယခုေႏြရာသီမွာ တိုက္စစ္ကစားသမားတစ္ဦးကို ေခၚယူဖို႔ လိုအပ္မွာျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းအတြက္ေတာ့ ၿပီးျပည့္စုံတဲ့ ေခၚယူမႈျဖစ္မယ့္ပုံေပၚေနတာျဖစ္ပါတယ္။ ဂနာဘရီဟာ ကစားသမားဘဝကို အာဆင္နယ္မွာ စတင္ခဲ့သူျဖစ္ၿပီး အမ္းမရိတ္စ္ကေန ဝါဒါ ဘရီမင္၊ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ေျမာက္လန္ဒန္ကို ျပန္လာနိုင္ေျခရွိေနပုံေပၚေနတာ ေသခ်ာပါတယ္။

အာဆင္နယ္အသင္းကလည္း လာကာဇက္နဲ႔ နကီးတီးယားတို႔ အသင္းကို စြန႔္ခြာေတာ့မွာျဖစ္တာေၾကာင့္ ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ တိုက္စစ္မႉးအသစ္ ၂ ဦးအထိ ေခၚယူဖို႔ မျဖစ္မေန လိုအပ္ေနၿပီး ဂ်ာမန္ေတာင္ပံကစားသမားရဲ့ ေနရာစုံမွာ ကစားနိုင္စြမ္းက အာတီတာအတြက္ မက္ေလာက္စရာ အရည္အခ်င္းတစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ဂနာဘရီအတြက္ မၿပီးျပတ္ေသးတဲ့အလုပ္ေတြ ရွိေနခဲ့တာျဖစ္ၿပီး အေျပာင္းအေရႊ႕ျပဳလုပ္နိုင္ေျခရွိေၾကာင္း အရိပ္အႁမြက္ ေျပာၾကားခဲ့ခ်ိန္မွာ အျမဲတမ္း ဂန္းနားျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာက အသက္ျဖစ္ခဲ့ပါတယ္။ CIES football observatory ရဲ့ ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္ေတာင္ပံကစားသမားရဲ့ ေျပာင္းေရႊ႕ေၾကးဟာ ေပါင္သန္း ၆၀ ဝန္းက်င္ ကုန္က်ဖြယ္ရွိၿပီး ဂ်ာမန္ေတာင္ပံကစားသမားလိုမ်ိဳး ကစားသမားအတြက္ ထိုက္တန္တဲ့ ကုန္က်စရိတ္ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဂနာဘရီကို အေျပာင္းအေရႊ႕ပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီးျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ ယခုရာသီကုန္မွာ ဂ်ာမန္ေတာင္ပံကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကလပ္အသင္းေတြထဲက တစ္သင္းျဖစ္တယ္လို႔ စပိန္သတင္းစာ Fichajes က ေဖာ္ျပခဲ့ပါတယ္။

ဒမ္ဘီလီရဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕မႈက တစ္ခ်ိန္တုန္းက ျပင္သစ္ေတာင္ပံကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တယ္ဆိုရင္ေတာင္မွ အာဆင္နယ္အတြက္ေတာ့ ႀကိဳဆိုရမယ့္ သတင္းတစ္ခု ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.