Premier League

အားထားရတဲ့အသင်းခေါင်းဆောင်နဲ့ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာ ပြောပြလိုက်တဲ့ တူဟယ်

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာဟာ ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာဖို့ ပြင်ဆင်နေပုံပေါ်ပြီး ချဲလ်ဆီးနည်းပြ တူဟယ်က ၎င်းရဲ့ ကြယ်ပွင့်ကစားသမားအနေနဲ့ စိန်ခေါ်မှုအသစ်တွေ လိုအပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သိရှိနေတာဖြစ်ပါတယ်။

အက်ဇ်ပီလီကွေတာဟာ ချဲလ်ဆီးအသင်းနဲ့ ရှိနေခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း အဓိကဆုဖလားတိုင်းကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းတင်ခံရဖွယ်ရှိပေမယ့်လည်း ကတ်တလန်ထိပ်သီးအသင်းကြီးက ၂ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ချဲလ်ဆီးအသင်းကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ယုံကြည်ရပြီး အဲဒီအတိုင်းသာဖြစ်ခဲ့မယ်ဆိုရင် ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ပြီးရင် လန်ဒန်ကလပ်အသင်းကို စွန့်ခွာမယ့် တတိယမြောက် နောက်ခံကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

တူဟယ်က အက်ဇ်ပီလီကွေတာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အသင်း ၂ သင်းစလုံး ပြောဆိုနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့ အသင်းခေါင်းဆောင်ကို ဆုံးရှုံးရတာက အကောင်းဆုံး ဇာတ်လမ်းဖြစ်လာမှာမဟုတ်ပေမယ့် ယူအီးအက်ဖ်အေစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ရရှိခဲ့တာက ကစားသမားရဲ့ အတွေးထဲကို ရောက်ရှိနေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီလို ပြောဆိုမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကလပ်ကမ္ဘာ့ဖလားရပြီးတဲ့နောက်မှာ သူက အရာအားလုံးကို အနိုင်ရရှိခဲ့ပြီလို့ ခံစားခဲ့ရတယ်လို့ ကျွန်တော် တွေးမိလို့ပါ။ အဲဒီတော့ ဒီလိုတွေးတာကို ကျွန်တော် နားလည်ပေးနိုင်ပြီး စက်ဝန်းတစ်ခုရဲ့ အဆုံးသတ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ပြီးတော့ အသင်းပိုင်ရှင်အပြောင်းအလဲကလည်း ရှိနေပြီး သူက ဒီပိုင်ရှင်အောက်မှာပဲ ကစားခဲ့တာပါ။ အဲဒီတော့ အဲဒါကလည်း သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့ ဒုတိယအတွေးကို ပိုမြင့်တက်လာစေခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ ဆက်နေမယ်လို့ ကျွန်တော် အခိုင်အမာ မျှော်လင့်ထားပြီး သူလည်း အဲဒါကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးဖြေရှင်းနည်းကို ရှာတွေ့ဖို့ ပြောဆိုဆွေးနွေးနေဆဲပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗြိတိန်အစိုးရရဲ့ အသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုကြောင့် ကစားသသမားသစ် ခေါ်ယူနိုင်ခြင်းမရှိတာဖြစ်ပြီး အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီက အပြီးသတ်လက်လွှဲရယူပြီးမှသာ အဲဒီပိတ်ဆို့မှုကို ပြန်လည်ရုတ်သိမ်းသွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်နှစ် မတ်လအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဝါရင့်နောက်ခံလူကို လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာလည်း ထွက်ခွာခွင့်ပေးဖို့ ဖိအားရှိမနေပေမယ့် အနောက်လန်ဒန်ကလပ်အသင်းဟာ ကာလရှည် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကစားသမားတွေကို ကိုယ့်သဘောနဲ့ကိုယ် ထွက်ခွာခွင့်ပေးခဲ့တဲ့ သမိုင်းကြောင်း ရှိနေတာဖြစ်ပါတယ်။

တူဟယ်က ၎င်းရဲ့ အသင်းခေါင်းဆောင်ဟာ ပီတာ ချက်နဲ့ ဒရော့ဂ်ဘာတို့ ခြေရာအတိုင်း လိုက်နင်းဖို့အတွက် အခွင့်အရေး ရှိတယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးဟာ ကြာသပတေးနေ့ လက်စတာစီးတီးကို ရာသီပိတ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံမယှဉ်ပြိုင်မီ ၃၆ ပွဲကစားပြီးထားချိန်မှာ ရမှတ် ၇၀ နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာဟာ ယခုေႏြရာသီမွာ ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာဖို႔ ျပင္ဆင္ေနပုံေပၚၿပီး ခ်ဲလ္ဆီးနည္းၿပ တူဟယ္က ၎ရဲ့ ၾကယ္ပြင့္ကစားသမားအေနနဲ႔ စိန္ေခၚမႈအသစ္ေတြ လိုအပ္ေနတာ ျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ သိရွိေနတာျဖစ္ပါတယ္။

အက္ဇ္ပီလီေကြတာဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ရွိေနခဲ့တဲ့ ၁၀ ႏွစ္တာ ကာလအတြင္း အဓိကဆုဖလားတိုင္းကို ကိုင္ေျမႇာက္နိုင္ခဲ့သူျဖစ္ၿပီး အေနာက္လန္ဒန္ကလပ္အသင္းရဲ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ မွတ္တမ္းတင္ခံရဖြယ္ရွိေပမယ့္လည္း ကတ္တလန္ထိပ္သီးအသင္းႀကီးက ၂ ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူနိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ခ်ဲလ္ဆီးအသင္းကို စြန႔္ခြာဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ ယုံၾကည္ရၿပီး အဲဒီအတိုင္းသာျဖစ္ခဲ့မယ္ဆိုရင္ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ၿပီးရင္ လန္ဒန္ကလပ္အသင္းကို စြန႔္ခြာမယ့္ တတိယေျမာက္ ေနာက္ခံကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။

တူဟယ္က အက္ဇ္ပီလီေကြတာရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး အသင္း ၂ သင္းစလုံး ေျပာဆိုေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ့ အသင္းေခါင္းေဆာင္ကို ဆုံးရႈံးရတာက အေကာင္းဆုံး ဇာတ္လမ္းျဖစ္လာမွာမဟုတ္ေပမယ့္ ယူအီးအက္ဖ္ေအစူပါဖလား၊ ကလပ္ကမၻာ့ဖလားတို႔ကို ရရွိခဲ့တာက ကစားသမားရဲ့ အေတြးထဲကို ေရာက္ရွိေနခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ဒီလို ေျပာဆိုမႈေတြ အမ်ားႀကီးလုပ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကလပ္ကမၻာ့ဖလားရၿပီးတဲ့ေနာက္မွာ သူက အရာအားလုံးကို အနိုင္ရရွိခဲ့ၿပီလို႔ ခံစားခဲ့ရတယ္လို႔ ကၽြန္ေတာ္ ေတြးမိလို႔ပါ။ အဲဒီေတာ့ ဒီလိုေတြးတာကို ကၽြန္ေတာ္ နားလည္ေပးနိုင္ၿပီး စက္ဝန္းတစ္ခုရဲ့ အဆုံးသတ္လည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”

“ၿပီးေတာ့ အသင္းပိုင္ရွင္အေျပာင္းအလဲကလည္း ရွိေနၿပီး သူက ဒီပိုင္ရွင္ေအာက္မွာပဲ ကစားခဲ့တာပါ။ အဲဒီေတာ့ အဲဒါကလည္း သူ႔ရဲ့အေျခအေနနဲ႔ပတ္သက္ၿပီး သူ႔ရဲ့ ဒုတိယအေတြးကို ပိုျမင့္တက္လာေစခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ သူ ဆက္ေနမယ္လို႔ ကၽြန္ေတာ္ အခိုင္အမာ ေမၽွာ္လင့္ထားၿပီး သူလည္း အဲဒါကို သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အေကာင္းဆုံးေျဖရွင္းနည္းကို ရွာေတြ႕ဖို႔ ေျပာဆိုေဆြးေႏြးေနဆဲပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿဗိတိန္အစိုးရရဲ့ အသင္းပိုင္ရွင္ ႐ုရွားဘီလ်ံနာ ေအဘရာမိုဗစ္ခ်္အေပၚ ပိတ္ဆို႔ဒဏ္ခတ္ထားမႈေၾကာင့္ ကစားသသမားသစ္ ေခၚယူနိုင္ျခင္းမရွိတာျဖစ္ၿပီး အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီက အၿပီးသတ္လက္လႊဲရယူၿပီးမွသာ အဲဒီပိတ္ဆို႔မႈကို ျပန္လည္႐ုတ္သိမ္းသြားမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ႏွစ္ မတ္လအထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးတဲ့ ဝါရင့္ေနာက္ခံလူကို လာမယ့္အေျပာင္းအေရႊ႕ေစ်းကြက္မွာလည္း ထြက္ခြာခြင့္ေပးဖို႔ ဖိအားရွိမေနေပမယ့္ အေနာက္လန္ဒန္ကလပ္အသင္းဟာ ကာလရွည္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ကစားသမားေတြကို ကိုယ့္သေဘာနဲ႔ကိုယ္ ထြက္ခြာခြင့္ေပးခဲ့တဲ့ သမိုင္းေၾကာင္း ရွိေနတာျဖစ္ပါတယ္။

တူဟယ္က ၎ရဲ့ အသင္းေခါင္းေဆာင္ဟာ ပီတာ ခ်က္နဲ႔ ဒေရာ့ဂ္ဘာတို႔ ေျခရာအတိုင္း လိုက္နင္းဖို႔အတြက္ အခြင့္အေရး ရွိတယ္လို႔ ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးဟာ ၾကာသပေတးေန႔ လက္စတာစီးတီးကို ရာသီပိတ္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ လက္ခံမယွဥ္ၿပိဳင္မီ ၃၆ ပြဲကစားၿပီးထားခ်ိန္မွာ ရမွတ္ ၇၀ နဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.