Bundesliga Match Report UCL&UEL

ယုံမိမှားတဲ့ ရမ်ဆေးကြောင့် ရိန်းဂျားစ်တို့ ငိုပြီး ဖရန့်ဖတ်တို့ ယူရိုပါလိဂ်ကို ဗိုလ်စွဲ

စပိန်နိုင်ငံ ဆီဗီးလ်မြို့က ဆီဗီလာကွင်း ဆန်ချက် ပစ်ဟွမ်မှာ ကျင်းပတဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာတော့ ဖရန့်ဖတ်တို့က အိမ်ရှင်အသင်းအဖြစ် ကစားခဲ့ရသလို ဂိုးသမား ထရက်ပ်၊ ခံစစ်မှာ တိုရေး၊ အန်ဒစ်ကာ၊ တူတာတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ခနော့ဖ်၊ ကော့စ်တစ်ချ်၊ ရိုဒါနဲ့ ဂျီဘရီလ် ဆိုးတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ လင့်ဒ်စထရွမ်၊ ကာမာဒါနဲ့ ဘော်ရီတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဧည့်သည်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရိန်းဂျားစ်တို့ကတော့ ဂိုးသမား မဂ္ဂရီဂါ၊ ခံစစ်မှာ တာဗားနီးယာ၊ ဘက်ဆီ၊ ဂိုးလ်ဒ်ဆန်နဲ့ ဘာရီရှစ်ချ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ လွန်းစ်ထရမ်၊ ကာမာရာနဲ့ ရိုင်ယန်ဂျက်ခ်တို့နဲ့ အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ရိုင်ယန်ကင့်၊ စကော့ရိုက်နဲ့ အရီဘိုတို့ကို အသုံးပြုလာခဲ့တာပါ။

ဖရန့်ဖတ်တို့ ဂိုးသွင်းခွင့် ပိုမိုရှာဖွေနိုင်ခဲ့ပြီး ဖိကစားခဲ့ပေမယ့် ဖြတ်တင်ဘောတွေကို အားကိုးမှု လွန်ကဲနေတာကြောင့် ဧရိယာထဲမှာ အပိုင်ကန်ခွင့် မရအောင် ရိန်းဂျားစ်တို့ ဖြတ်တောက်သွားနိုင်ခဲ့ကြပြီး ကာမာဒါရဲ့ အတိုးအလှုပ်တွေ ကောင်းခဲ့ပေမယ့် ပွဲချိန် ၁၂ မိနစ်မှာမှ ဂျီဘရီလ် ဆိုးက ဧရိယာထိပ်က လှမ်းကန်ရာမှာ မဂ္ဂရီဂါ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲအစမှာ ကစားကွက် တည်မရဘဲ အမှားများနေတဲ့ ရိန်းဂျားစ်အသင်းရဲ့ ခံစစ်ကြောင့် ဖရန့်ဖတ်တို့ တော်တော်လေး ထိုးဖောက်ကစားနိုင်ခဲ့ပြီး နည်းပြ ဗန်ဘရွန်ခေါ့စ်တစ်ယောက် ပြင်ဆင်ဖို့ မလွယ်ကူဘဲဖြစ်နေခဲ့ချိန်မှာ လွန်းစ်ထရမ်ရဲ့ ခေါင်းတိုက်ချက်ကို ထရက်ပ် ဘားပေါ်ကျော်ပုတ်ခဲ့ရတာကလွဲလို့ ဖရန့်ဖတ်တို့ ခြေအသာနဲ့ ကစားနိုင်ခဲ့ကြပြီး ပထမပိုင်းမှာ ရိန်းဂျားစ်တို့နဲ့ ဂိုးမရှိသရေပဲဖြစ်နေခဲ့သလို ဆီဗီးလ်မှာတော့ ဘယ်သူကမှ ပြတ်ပြတ်သားသား အနိုင်ဂိုး မရယူနိုင်ဘဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ရိန်းဂျားစ်တို့ ခြေပြန်တက်လာခဲ့ပြီး အမှားလုပ်လာတဲ့ ဖရန့်ဖတ်ခံစစ်ကြောင့် သူတင်ကိုယ်တင်ဖြစ်လာခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာတော့ လင့်ဒ်စထရွမ်ရဲ့ ကန်ချက်က လူထိပြီး တိုင်ဘေးက ကပ်ထွက်သွားခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာတော့ ဘော်ရီကို ပင်နယ်တီဧရိယာထဲမှာ ဖျက်တဲ့ ဂိုးလ်ဒ်ဆန်အတွက် ဒိုင်လူကြီးကတော့ သာမန်ဖြစ်ရပ်အဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် စကော့တွေ သက်သာရာရခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အမှားများနေတဲ့ ခံစစ်နဲ့ ဖရန့်ဖတ်တို့ကို ရိန်းဂျားစ်တို့ဘက်က အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ခေါင်းပြန်တိုက်ချတဲ့ ဘောလုံးကို ဆိုးနဲ့ ဘရာဇီးလ်သား တူတာတို့ မဖျက်နိုင်ဘဲ လွတ်ထွက်သွားရာကနေ အရီဘိုက ဂိုးသမား ထရက်ပ်နဲ့ တစ်ယောက်ချင်းအတွေ့မှာ ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးမှာ ဖရန့်ဖတ်တို့ အသင်းကို စတင်အပြောင်းအလဲလုပ်ခဲ့ပြီး တူတာအစား ဝါရင့်ဂျပန်နောက်ခံလူ ဟာဆဲဘဲ ဝင်ကစားခဲ့သလို ဂိုးလိုချင်လွန်းနေတဲ့ ဂျာမန်ကလပ်အနေနဲ့ တော်တော်လေး ဖွင့်ကစားနေခဲ့လို့ ခံစစ်မှာ အသင်းကြီးအဆင့် မရှိတဲ့ ရိန်းဂျားစ်တို့ တော်တော်လေး ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဖရန့်ဖတ်တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး လက်ပစ်ဘောကနေ အန်ဒစ်ကာ ပြန်ပေးတာကို ကော့စ်တစ်ချ်က ဘယ်ခြမ်းကနေ ဖြတ်တင်ပေးခဲ့ရာမှာ သတိလက်လွတ်နဲ့ ပေါ့လျော့နေခဲ့တဲ့ ရိန်းဂျားစ်နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ဂိုးလ်ဒ်ဆန်နဲ့ ဘက်ဆီတို့ကြားကနေ ဘော်ရီက ပြေးဝင်ပိတ်ပြီး တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး လူစားထပ်လဲခဲ့ကြပြီး အပြောင်းအလဲလုပ်ခဲ့ကြပေမယ့် ဘယ်ဘက်ကမှ မစွံခဲ့သလို ဖရန့်ဖတ်တို့ဘက်က အခွင့်အရေး ပိုရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ခံစစ်ကစားနေတဲ့ ရိန်းဂျားစ်တို့နဲ့ တစ်ဂိုးစီသရေပဲဖြစ်သွားခဲ့ပြီး အချိန်ပို မိနစ် ၃၀ ဆက်ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။

အချိန်ပိုမှာလည်း တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ဖြုန်းတီးနေခဲ့ကြပြီး ပွဲပြီးဖို့ နီးကပ်လာချိန်မှာတော့ ပင်နယ်တီကန်ဖို့အတွက် လူစား ထပ်လဲခဲ့ကြသလို ရိန်းဂျားစ်ဘက်က ကွင်းလယ်လူ ရမ်ဆေး ဝင်ကစားလာခဲ့ပြီး ပွဲချိန် ၁၁၈ မိနစ်မှာတော့ ရိုင်ယန်ကင့်ရဲ့ အကောင်းဆုံးအခွင့်အရေးကို ဂိုးသမား ထရက်ပ် ပိတ်ဆို့သွားနိုင်ခဲ့လို့ တစ်ဂိုးစီသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ ရိန်းဂျားစ်ဘက်က ပထမ သုံးလုံးကို တာဗားနီးယာ၊ ဒေးဗစ်နဲ့ အာဖီးလ်တို့က ဆရာကျတဲ့ ကန်ချက်တွေနဲ့ သွင်းယူနိုင်ခဲ့ပြီး ဖရန့်ဖတ်ဘက်ကတော့ လင့်ဇ်၊ ဟရူးစ်တစ်ချ်နဲ့ ကာမာဒါတို့အားလုံး ဝင်ခဲ့သလို နှစ်ဖက်ဂိုးသမားတွေကလည်း ပင်နယ်တီမှာ သိပ်ပြီး အားမကိုးရတဲ့ သူမျိုးတွေဖြစ်နေခဲ့တာပါ။

စတုတ္ထမြောက် ပင်နယ်တီကို ရိန်းဂျားစ်ဘက်က နောက်ဆုံး လူစားဝင်လာတဲ့ ရမ်ဆေး ကန်သွင်းရာမှာတော့ ထောင့်တစ်ဖက်ဖက်ကို ကန်ရမယ့်အစား ဂိုးသမားကို လှည့်စားပြီး အလယ်တည့်တည့်ကို ကန်ဖို့ ကြိုးစားခဲ့ချိန်မှာ ဘောလုံးကို ထရက်ပ်က ခြေထောက်နဲ့ ရှင်းထုတ်နိုင်ခဲ့ပြီး ဖရန့်ဖတ်တို့ဘက်ကတော့ ကော့စ်တစ်ချ်က အမှားအယွင်းမရှိ ကန်သွင်းသွားနိုင်ခဲ့ပါတယ်။

နောက်ဆုံးပင်နယ်တီကိုတော့ ရိန်းဂျားစ်ဘက်က ကီမာရုဖ် ကန်သွင်းနိုင်ခဲ့ပေမယ့် ဖရန့်ဖတ်ဘက်ကလည်း ဘော်ရီက ဝင်အောင်ကန်နိုင်ခဲ့လို့ နောက်ဆုံးမှာတော့ ငါးဂိုး-လေးဂိုးနဲ့ အမှားအယွင်း မလုပ်တဲ့ ဂျာမန်သားတွေ အောင်ပွဲခံနိုင်ခဲ့ကြပြီး ယူရိုပါလိဂ်မှာ ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္ႏိုင္ငံ ဆီဗီးလ္ၿမိဳ႕က ဆီဗီလာကြင္း ဆန္ခ်က္ ပစ္ဟြမ္မွာ က်င္းပတဲ့ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာေတာ့ ဖရန႔္ဖတ္တို႔က အိမ္ရွင္အသင္းအျဖစ္ ကစားခဲ့ရသလို ဂိုးသမား ထရက္ပ္၊ ခံစစ္မွာ တိုေရး၊ အန္ဒစ္ကာ၊ တူတာတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ခေနာ့ဖ္၊ ေကာ့စ္တစ္ခ်္၊ ႐ိုဒါနဲ႔ ဂ်ီဘရီလ္ ဆိုးတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ လင့္ဒ္စထ႐ြမ္၊ ကာမာဒါနဲ႔ ေဘာ္ရီတို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ဧည့္သည္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ရိန္းဂ်ားစ္တို႔ကေတာ့ ဂိုးသမား မဂၢရီဂါ၊ ခံစစ္မွာ တာဗားနီးယာ၊ ဘက္ဆီ၊ ဂိုးလ္ဒ္ဆန္နဲ႔ ဘာရီရွစ္ခ်္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ လြန္းစ္ထရမ္၊ ကာမာရာနဲ႔ ႐ိုင္ယန္ဂ်က္ခ္တို႔နဲ႔ အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ႐ိုင္ယန္ကင့္၊ စေကာ့႐ိုက္နဲ႔ အရီဘိုတို႔ကို အသုံးျပဳလာခဲ့တာပါ။

ဖရန႔္ဖတ္တို႔ ဂိုးသြင္းခြင့္ ပိုမိုရွာေဖြႏိုင္ခဲ့ၿပီး ဖိကစားခဲ့ေပမယ့္ ျဖတ္တင္ေဘာေတြကို အားကိုးမႈ လြန္ကဲေနတာေၾကာင့္ ဧရိယာထဲမွာ အပိုင္ကန္ခြင့္ မရေအာင္ ရိန္းဂ်ားစ္တို႔ ျဖတ္ေတာက္သြားႏိုင္ခဲ့ၾကၿပီး ကာမာဒါရဲ႕ အတိုးအလႈပ္ေတြ ေကာင္းခဲ့ေပမယ့္ ပြဲခ်ိန္ ၁၂ မိနစ္မွာမွ ဂ်ီဘရီလ္ ဆိုးက ဧရိယာထိပ္က လွမ္းကန္ရာမွာ မဂၢရီဂါ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲအစမွာ ကစားကြက္ တည္မရဘဲ အမွားမ်ားေနတဲ့ ရိန္းဂ်ားစ္အသင္းရဲ႕ ခံစစ္ေၾကာင့္ ဖရန႔္ဖတ္တို႔ ေတာ္ေတာ္ေလး ထိုးေဖာက္ကစားႏိုင္ခဲ့ၿပီး နည္းျပ ဗန္ဘ႐ြန္ေခါ့စ္တစ္ေယာက္ ျပင္ဆင္ဖို႔ မလြယ္ကူဘဲျဖစ္ေနခဲ့ခ်ိန္မွာ လြန္းစ္ထရမ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ထရက္ပ္ ဘားေပၚေက်ာ္ပုတ္ခဲ့ရတာကလြဲလို႔ ဖရန႔္ဖတ္တို႔ ေျခအသာနဲ႔ ကစားႏိုင္ခဲ့ၾကၿပီး ပထမပိုင္းမွာ ရိန္းဂ်ားစ္တို႔နဲ႔ ဂိုးမရွိသေရပဲျဖစ္ေနခဲ့သလို ဆီဗီးလ္မွာေတာ့ ဘယ္သူကမွ ျပတ္ျပတ္သားသား အႏိုင္ဂိုး မရယူႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ရိန္းဂ်ားစ္တို႔ ေျချပန္တက္လာခဲ့ၿပီး အမွားလုပ္လာတဲ့ ဖရန႔္ဖတ္ခံစစ္ေၾကာင့္ သူတင္ကိုယ္တင္ျဖစ္လာခဲ့သလို ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လင့္ဒ္စထ႐ြမ္ရဲ႕ ကန္ခ်က္က လူထိၿပီး တိုင္ေဘးက ကပ္ထြက္သြားခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ေဘာ္ရီကို ပင္နယ္တီဧရိယာထဲမွာ ဖ်က္တဲ့ ဂိုးလ္ဒ္ဆန္အတြက္ ဒိုင္လူႀကီးကေတာ့ သာမန္ျဖစ္ရပ္အျဖစ္သာ သတ္မွတ္ခဲ့တာေၾကာင့္ စေကာ့ေတြ သက္သာရာရခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ အမွားမ်ားေနတဲ့ ခံစစ္နဲ႔ ဖရန႔္ဖတ္တို႔ကို ရိန္းဂ်ားစ္တို႔ဘက္က အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ေခါင္းျပန္တိုက္ခ်တဲ့ ေဘာလုံးကို ဆိုးနဲ႔ ဘရာဇီးလ္သား တူတာတို႔ မဖ်က္ႏိုင္ဘဲ လြတ္ထြက္သြားရာကေန အရီဘိုက ဂိုးသမား ထရက္ပ္နဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ ဖရန႔္ဖတ္တို႔ အသင္းကို စတင္အေျပာင္းအလဲလုပ္ခဲ့ၿပီး တူတာအစား ဝါရင့္ဂ်ပန္ေနာက္ခံလူ ဟာဆဲဘဲ ဝင္ကစားခဲ့သလို ဂိုးလိုခ်င္လြန္းေနတဲ့ ဂ်ာမန္ကလပ္အေနနဲ႔ ေတာ္ေတာ္ေလး ဖြင့္ကစားေနခဲ့လို႔ ခံစစ္မွာ အသင္းႀကီးအဆင့္ မရွိတဲ့ ရိန္းဂ်ားစ္တို႔ ေတာ္ေတာ္ေလး ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဖရန႔္ဖတ္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး လက္ပစ္ေဘာကေန အန္ဒစ္ကာ ျပန္ေပးတာကို ေကာ့စ္တစ္ခ်္က ဘယ္ျခမ္းကေန ျဖတ္တင္ေပးခဲ့ရာမွာ သတိလက္လြတ္နဲ႔ ေပါ့ေလ်ာ့ေနခဲ့တဲ့ ရိန္းဂ်ားစ္ေနာက္ခံလူႏွစ္ေယာက္ျဖစ္တဲ့ ဂိုးလ္ဒ္ဆန္နဲ႔ ဘက္ဆီတို႔ၾကားကေန ေဘာ္ရီက ေျပးဝင္ပိတ္ၿပီး တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး လူစားထပ္လဲခဲ့ၾကၿပီး အေျပာင္းအလဲလုပ္ခဲ့ၾကေပမယ့္ ဘယ္ဘက္ကမွ မစြံခဲ့သလို ဖရန႔္ဖတ္တို႔ဘက္က အခြင့္အေရး ပိုရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ခံစစ္ကစားေနတဲ့ ရိန္းဂ်ားစ္တို႔နဲ႔ တစ္ဂိုးစီသေရပဲျဖစ္သြားခဲ့ၿပီး အခ်ိန္ပို မိနစ္ ၃၀ ဆက္ကစားရဖို႔ ျဖစ္လာခဲ့ပါတယ္။

အခ်ိန္ပိုမွာလည္း တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ ျဖဳန္းတီးေနခဲ့ၾကၿပီး ပြဲၿပီးဖို႔ နီးကပ္လာခ်ိန္မွာေတာ့ ပင္နယ္တီကန္ဖို႔အတြက္ လူစား ထပ္လဲခဲ့ၾကသလို ရိန္းဂ်ားစ္ဘက္က ကြင္းလယ္လူ ရမ္ေဆး ဝင္ကစားလာခဲ့ၿပီး ပြဲခ်ိန္ ၁၁၈ မိနစ္မွာေတာ့ ႐ိုင္ယန္ကင့္ရဲ႕ အေကာင္းဆုံးအခြင့္အေရးကို ဂိုးသမား ထရက္ပ္ ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ပင္နယ္တီအဆုံးအျဖတ္ ကန္သြင္းရာမွာေတာ့ ရိန္းဂ်ားစ္ဘက္က ပထမ သုံးလုံးကို တာဗားနီးယာ၊ ေဒးဗစ္နဲ႔ အာဖီးလ္တို႔က ဆရာက်တဲ့ ကန္ခ်က္ေတြနဲ႔ သြင္းယူႏိုင္ခဲ့ၿပီး ဖရန႔္ဖတ္ဘက္ကေတာ့ လင့္ဇ္၊ ဟ႐ူးစ္တစ္ခ်္နဲ႔ ကာမာဒါတို႔အားလုံး ဝင္ခဲ့သလို ႏွစ္ဖက္ဂိုးသမားေတြကလည္း ပင္နယ္တီမွာ သိပ္ၿပီး အားမကိုးရတဲ့ သူမ်ိဳးေတြျဖစ္ေနခဲ့တာပါ။

စတုတၳေျမာက္ ပင္နယ္တီကို ရိန္းဂ်ားစ္ဘက္က ေနာက္ဆုံး လူစားဝင္လာတဲ့ ရမ္ေဆး ကန္သြင္းရာမွာေတာ့ ေထာင့္တစ္ဖက္ဖက္ကို ကန္ရမယ့္အစား ဂိုးသမားကို လွည့္စားၿပီး အလယ္တည့္တည့္ကို ကန္ဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ ေဘာလုံးကို ထရက္ပ္က ေျခေထာက္နဲ႔ ရွင္းထုတ္ႏိုင္ခဲ့ၿပီး ဖရန႔္ဖတ္တို႔ဘက္ကေတာ့ ေကာ့စ္တစ္ခ်္က အမွားအယြင္းမရွိ ကန္သြင္းသြားႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံးပင္နယ္တီကိုေတာ့ ရိန္းဂ်ားစ္ဘက္က ကီမာ႐ုဖ္ ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဖရန႔္ဖတ္ဘက္ကလည္း ေဘာ္ရီက ဝင္ေအာင္ကန္ႏိုင္ခဲ့လို႔ ေနာက္ဆုံးမွာေတာ့ ငါးဂိုး-ေလးဂိုးနဲ႔ အမွားအယြင္း မလုပ္တဲ့ ဂ်ာမန္သားေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ယူ႐ိုပါလိဂ္မွာ ခ်န္ပီယံအျဖစ္ ဗိုလ္စြဲႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.