Premier League

အသင်းကစားပုံကို ဂုဏ်ဆာတတ်တဲ့ ဂွါဒီယိုလာ လဲသေချင်သွားအောင် ပြောလိုက်တဲ့ ဟန်ဒါဆန်

လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က မန်ချက်စတာစီးတီးအသင်းပွဲကို ကြည့်ရတာ မနှစ်သက်ဘူးလို့ ဝန်ခံခဲ့ပြီး ၎င်းရဲ့အသင်းဖော်အများစုကလည်း မကြည့်တာများတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟန်ဒါဆန်ရဲ့ အာရုံစိုက်မှုဟာ လက်ရှိမှာတော့ ရာသီပိတ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အိမ်ကွင်း အန်းဖီးမှာ ဝုလ်ဗ်စ်ကို လက်ခံယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို အနိုင်ကစားသွားဖို့ ဖြစ်ပြီး မန်စီးတီးအနေနဲ့ အက်စတန် ဗီလာနဲ့ကစားရမယ့် ရာသီပိတ်ပွဲစဉ်မှာ ခြေချော်သွားလိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက ဆောက်သမ်တန်ကို ၂-၁ နဲ့ အဝေးကွင်းမှာ အနိုင်ယူပြီး အဖိုးတန် အနိုင် ၃ မှတ်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာ ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်နိုင်သေးတာဖြစ်ပါတယ်။

ဟန်ဒါဆန်နဲ့ အသင်းဖော်တွေဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲစဉ်ကို တစ်ချိန်တည်းမှာ စောင့်ကြည့်ပြီး ကစားနိုင်မှာမဟုတ်ပေမယ့် လီဗာပူးလ်အသင်းခေါင်းဆောင်က ယေဘုယျအားဖြင့် ဂွါဒီယိုလာရဲ့အသင်း ကစားတာကို စောင့်ကြည့်ရတာ မနှစ်သက်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပုံမှန်အားဖြင့်တော့ သူတို့ပွဲတွေ မကြည့်ပါဘူး။ အသင်းဖော်တွေထဲက အနည်းလောက်တော့ ကြည့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ အားနေပြီး အိမ်မှာ ရှိနေတဲ့အချိန်ဆို ကြည့်ကောင်း ကြည့်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေ ကစားတဲ့ပုံစံက စောင့်ကြည့်လို့ ဘယ်တော့မှ မကောင်းပါဘူး။ အဲဒီတော့ ကျွန်တော် ကလေးတွေ ကြည့်ချင်တဲ့ ရုပ်သံလိုင်း ကြည့်ရင်ကြည့်၊ ဒါမှမဟုတ်ရင် ကလေးတွေနဲ့ တခြားလိုင်းကို ကြည့်တာပဲ။ အဲဒါကမှ ကြည့်လို့ ပိုကောင်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“သူတို့က ထူးခြားဆန်းကြယ်တဲ့အသင်းပါ။ ခင်ဗျား သိပါတယ်။ မယုံနိုင်စရာကစားသမားတွေနဲ့ ထူးခြားဆန်းကြယ်တဲ့ နည်းပြရှိပါတယ်။ အမြဲတမ်း သူတို့နဲ့ ကစားရတာ ခက်ခဲမှာပါ။ ဒါပေမယ့် ဇန်နဝါရီလကနေ စပြီးတော့မှ ကျွန်တော်တို့ တကယ် ကစားခဲ့ရတယ်လို့ ခံစားရပါတယ်။ အဆုံးအထိ အရာအားလုံးကို လုံးဝ မှန်ကန်အောင် လုပ်ခဲ့ပြီး အဲဒါကို ကျွန်တော်တို့ ပြီးခဲ့တဲ့ နောက်ဆုံးပွဲအထိ ယူဆောင်နိုင်ခဲ့ပါတယ်။ ခင်ဗျား သိလား။ ခင်ဗျား ဇန်နဝါရီလကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဒါက ရာသီကုန်တဲ့အထိ ဆက်သွားနေမှာဖြစ်ပြီး နောက်ဆုံးပွဲမှ အဖြေသိရမယ်ဆိုပြီး ပြောခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်”

“ကျွန်တော်တို့ အဲဒါကို မှန်ကန်အောင်လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ပြောသလိုပဲ ကျွန်တော်တို့က မန်စီးတီးနဲ့ တော်တော်လေး အလှမ်းကွာနေခဲ့တာပါ။ အဲဒီတော့ ခင်ဗျား ကစားသမားတွေကို ချီးကျူးမှုအများအပြား ပြုလုပ်ရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အလုပ်နဲ့ပတ်သက်ပြီး ရာသီ ဒုတိယပိုင်းမှာ ဘယ်လို ကျွန်တော်တို့ လုပ်ခဲ့လဲဆိုတဲ့ပုံစံကိုပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ဟန်ဒါဆန်ရဲ့ ပြောကြားမှုဟာ မန်ချက်စတာစီးတီးအသင်းကို တိုက်ခိုက်တာတော့မဟုတ်ပေမယ့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားက မန်စီးတီးရဲ့ ဘောလုံးကိုင်ပြီး လွှမ်းမိုးကစားတဲ့ ကစားပုံကို မြင်တွေ့ရတာက အဆင်မပြေဘူးဆိုတာကို ရှင်းပြခဲ့တာသာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က မန္ခ်က္စတာစီးတီးအသင္းပြဲကို ၾကည့္ရတာ မႏွစ္သက္ဘူးလို႔ ဝန္ခံခဲ့ၿပီး ၎ရဲ့အသင္းေဖာ္အမ်ားစုကလည္း မၾကည့္တာမ်ားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟန္ဒါဆန္ရဲ့ အာ႐ုံစိုက္မႈဟာ လက္ရွိမွာေတာ့ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ အိမ္ကြင္း အန္းဖီးမွာ ဝုလ္ဗ္စ္ကို လက္ခံယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္ကို အနိုင္ကစားသြားဖို႔ ျဖစ္ၿပီး မန္စီးတီးအေနနဲ႔ အက္စတန္ ဗီလာနဲ႔ကစားရမယ့္ ရာသီပိတ္ပြဲစဥ္မွာ ေျခေခ်ာ္သြားလိမ့္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညက ေဆာက္သမ္တန္ကို ၂-၁ နဲ႔ အေဝးကြင္းမွာ အနိုင္ယူၿပီး အဖိုးတန္ အနိုင္ ၃ မွတ္ရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက မန္ခ်က္စတာစီးတီးနဲ႔ ၁ မွတ္အကြာ ပရီးမီးယားလိဂ္ဖလားကို ေမၽွာ္လင့္နိုင္ေသးတာျဖစ္ပါတယ္။

ဟန္ဒါဆန္နဲ႔ အသင္းေဖာ္ေတြဟာ မန္ခ်က္စတာစီးတီးအသင္းရဲ့ ပြဲစဥ္ကို တစ္ခ်ိန္တည္းမွာ ေစာင့္ၾကည့္ၿပီး ကစားနိုင္မွာမဟုတ္ေပမယ့္ လီဗာပူးလ္အသင္းေခါင္းေဆာင္က ေယဘုယ်အားျဖင့္ ဂြါဒီယိုလာရဲ့အသင္း ကစားတာကို ေစာင့္ၾကည့္ရတာ မႏွစ္သက္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ပုံမွန္အားျဖင့္ေတာ့ သူတို႔ပြဲေတြ မၾကည့္ပါဘူး။ အသင္းေဖာ္ေတြထဲက အနည္းေလာက္ေတာ့ ၾကည့္မယ္လို႔ ကၽြန္ေတာ္ထင္တယ္။ ကၽြန္ေတာ္တို႔ အားေနၿပီး အိမ္မွာ ရွိေနတဲ့အခ်ိန္ဆို ၾကည့္ေကာင္း ၾကည့္ပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ေတြ ကစားတဲ့ပုံစံက ေစာင့္ၾကည့္လို႔ ဘယ္ေတာ့မွ မေကာင္းပါဘူး။ အဲဒီေတာ့ ကၽြန္ေတာ္ ကေလးေတြ ၾကည့္ခ်င္တဲ့ ႐ုပ္သံလိုင္း ၾကည့္ရင္ၾကည့္၊ ဒါမွမဟုတ္ရင္ ကေလးေတြနဲ႔ တျခားလိုင္းကို ၾကည့္တာပဲ။ အဲဒါကမွ ၾကည့္လို႔ ပိုေကာင္းတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”

“သူတို႔က ထူးျခားဆန္းၾကယ္တဲ့အသင္းပါ။ ခင္ဗ်ား သိပါတယ္။ မယုံနိုင္စရာကစားသမားေတြနဲ႔ ထူးျခားဆန္းၾကယ္တဲ့ နည္းျပရွိပါတယ္။ အျမဲတမ္း သူတို႔နဲ႔ ကစားရတာ ခက္ခဲမွာပါ။ ဒါေပမယ့္ ဇန္နဝါရီလကေန စၿပီးေတာ့မွ ကၽြန္ေတာ္တို႔ တကယ္ ကစားခဲ့ရတယ္လို႔ ခံစားရပါတယ္။ အဆုံးအထိ အရာအားလုံးကို လုံးဝ မွန္ကန္ေအာင္ လုပ္ခဲ့ၿပီး အဲဒါကို ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ ေနာက္ဆုံးပြဲအထိ ယူေဆာင္နိုင္ခဲ့ပါတယ္။ ခင္ဗ်ား သိလား။ ခင္ဗ်ား ဇန္နဝါရီလကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ ဒါက ရာသီကုန္တဲ့အထိ ဆက္သြားေနမွာျဖစ္ၿပီး ေနာက္ဆုံးပြဲမွ အေျဖသိရမယ္ဆိုၿပီး ေျပာခဲ့မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”

“ကၽြန္ေတာ္တို႔ အဲဒါကို မွန္ကန္ေအာင္လုပ္ခဲ့တယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ေျပာသလိုပဲ ကၽြန္ေတာ္တို႔က မန္စီးတီးနဲ႔ ေတာ္ေတာ္ေလး အလွမ္းကြာေနခဲ့တာပါ။ အဲဒီေတာ့ ခင္ဗ်ား ကစားသမားေတြကို ခ်ီးက်ဴးမႈအမ်ားအျပား ျပဳလုပ္ရမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ရဲ့ အလုပ္နဲ႔ပတ္သက္ၿပီး ရာသီ ဒုတိယပိုင္းမွာ ဘယ္လို ကၽြန္ေတာ္တို႔ လုပ္ခဲ့လဲဆိုတဲ့ပုံစံကိုေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟန္ဒါဆန္ရဲ့ ေျပာၾကားမႈဟာ မန္ခ်က္စတာစီးတီးအသင္းကို တိုက္ခိုက္တာေတာ့မဟုတ္ေပမယ့္ အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမားက မန္စီးတီးရဲ့ ေဘာလုံးကိုင္ၿပီး လႊမ္းမိုးကစားတဲ့ ကစားပုံကို ျမင္ေတြ႕ရတာက အဆင္မေျပဘူးဆိုတာကို ရွင္းျပခဲ့တာသာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.