Bundesliga Premier League Transfer News

လီဗန်ဒေါ့ဗ်စကီးကို ချဲလ်ဆီး ဘာကြောင့်ခေါ်ဖို့မလိုတာလဲဆိုတာကို ပြောပြလိုက်တဲ့ ဂျေမီ ရက်နပ်

လီဗာပူးလ်နဲ့ စပါးစ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂျေမီ ရက်နပ်က ချဲလ်ဆီးက အငှားချထားတဲ့ အာမန်ဒို ဘရိုဂျာဟာ သောမတ်စ် တူဟယ်ရဲ့ ကာလရှည် ပြဿနာဖြစ်နေတဲ့ တိုက်စစ်မှူးပြဿနာအတွက် အဖြေဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရိုဂျာဟာ ဆောက်သမ်တန် အငှားကစားသမားဘဝကို တောက်ပစွာ စတင်နိုင်ခဲ့ပေမယ့် အဲဒီအချိန်ကတည်းက ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရခဲ့ရပြီး လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ခြေစွမ်းမပြသနိုင်ခဲ့တာဖြစ်ပါတယ်။

HampshireLive ရဲ့ ပွဲစဉ်အတွင်း ကစားသမားတွေရဲ့ အဆင့်သတ်မှတ်ချက်မှာ ဘရိုဂျာဟာ ၁၀ မှာ ၆ သာ သတ်မှတ်ခြင်းခံခဲ့ရပြီး “အစောပိုင်းမှာ ကောင်းမွန်တဲ့ နေရာအများအပြားရရှိခဲ့ပြီး အယ်လစ်ဆန်ရဲ့ ခြေထောက်နဲ့ ဂိုးကန်သွင်းမှု ငြင်းပယ်ခံခဲ့ရပါတယ်။ သူဟာ အချိန်အများစုမှာ လမ်းကြောင်းအတိုင်းပြေးလွှားရင်း လီဗာပူးလ်ခံစစ်ကစားသမားတွေကို ဖြတ်ကျော်ပြီး ကိုယ့်ဘာသာ တိုက်စစ်ဆင်နိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ်။ သူက ပွဲကစားချိန်အများစုမှာ တစ်ယောက်တည်း ရှေ့တန်းမှာ သင်းကွဲဖြစ်နေခဲ့ပါတယ်”လို့ ၆ မှတ်သာ ပေးရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။

တန်းဆင်းရမယ့်အန္တရာယ်ကနေ လုံခြုံစိတ်ချရပြီးသားဖြစ်တဲ့ ဆောက်သမ်တန်အသင်းဆီကနေ ဘာမှ ထူးထူးခြားခြား မြင်တွေ့ရမှာမဟုတ်ဘူးလို့ ယူဆခဲ့ပေမယ့် ရဲရင့်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး မာတစ်ပ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့်သာ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

အယ်လ်ဘေးနီးယန်းတိုက်စစ်မှူးဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ သိသိသာသာတစ်ကြိမ် ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးပထမအသင်းမှာ ပုံမှန်ကစားချင်တယ်ဆိုရင် ချိတ်ဆက်ကစားပုံနဲ့ ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းတဲ့နေရာတွေမှာ တိုးတက်အောင် လုပ်ဖို့ အများကြီး လိုအပ်နေသေးတာဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ ဟာဆန်ဟာတယ်လ်က နောက်ထပ်တစ်နှစ် အငှားနဲ့ ဆက်ကစားမယ်ဆိုရင် အသက် ၂၀ အရွယ် ကစားသမားရဲ့ တိုးတက်မှုအတွက် ကောင်းမွန်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး တူဟယ်ကတော့ ဘရိုဂျာကို ပထမအသင်းလူစာရင်းထဲမှာ နေရာပေးပြီး တိုးတက်မှုကို အလျင်အမြန်ခြေရာခံချင်နေပေမယ့် အဲဒီလိုဖြစ်လာဖို့ကလည်း ရာသီကြို လေ့ကျင့်ရေးမှာ ဘယ်လောက်အထိ ခြေစွမ်းပြသနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

“အခုအချိန်မှာ ချဲလ်ဆီးနဲ့ ညှိနှိုင်းဆွေးနွေးဖို့က မလွယ်ကူပါဘူး။ မေးစရာကိုမရှိပါဘူး။ ကျွန်တော် သူ့ကို နောက်ထပ်တစ်နှစ်လောက် ဒီမှာ ဆက်နေစေချင်တယ်ဆိုရင် အဲဒါက အံ့အားသင့်စရာလည်း မဟုတ်ပါဘူး”လို့ ဟာဆန်ဟာတယ်လ်က The Athletic ကို ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ပြောကြားခဲ့ပါတယ်။ ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပရိသတ်တွေကြားမှာ လက်ရှိ ပြောစရာအကြောင်းအရာတစ်ခု ဖြစ်နေတာဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ်ဖြစ်လာတော့မယ့် တော့ဒ် ဘိုလီကို ဘောလုံးဝေဖန်သုံးသပ်သူတွေက ဘွန်ဒက်စ်လီဂါရဲ့ ဒုတိယတသက်တာထိပ်တန်းဂိုးသွင်းရှင်ထက်စာရင် လော်တာရို မာတီနက်ဇ်၊ ဟာရီ ကိန်းတို့လို ကစားသမားတွေက ပိုပြီး သင့်တော်တဲ့အကြောင်း ပြောကြားခဲ့ပေမယ့်လည်း ဂျေမီ ရက်နပ်က ဘရိုဂျာဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးထက် လက်ရှိ ချဲလ်ဆီးအသင်းမှာ ပိုပြီးတော့ သင့်တော်တဲ့ အရည်အချင်းတွေရှိနေတဲ့ကစားသမားဖြစ်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“သူ့မှာ ကောင်းမွန်တဲ့ စတင်မှုရှိခဲ့တယ်။ သူ ပထမဆုံး အငှားနဲ့ လာခဲ့တဲ့အချိန်မှာ သူ ဂိုးတွေ သွင်းခဲ့တယ်။ ပြီးတော့ သူ့မှာ မယုံနိုင်စရာ မြန်နှုန်းလည်း ရှိတယ်။ ကျွန်တော် သူ အသက် ၁၄၊ ၁၅ နှစ်အရွယ်လောက်ကတည်းက ကြည့်နေခဲ့တာပါ။ ချဲလ်ဆီးမှာ သူ ကစားတာ ကျွန်တော် စောင့်ကြည့်ခဲ့ပါတယ်။ သူ့အတွက်တော့ အောင်မြင်တဲ့ အငှားကစားသမားဘဝဖြစ်ခဲ့ပါတယ်။ တကယ်ကို ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်။ သူ့မှာ တကယ်ကိုကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီး သူက အထင်ကြီးစရာကောင်းတဲ့ လူငယ်ကစားသမားပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နဲ႔ စပါးစ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ေဂ်မီ ရက္နပ္က ခ်ဲလ္ဆီးက အငွားခ်ထားတဲ့ အာမန္ဒို ဘရိုဂ်ာဟာ ေသာမတ္စ္ တူဟယ္ရဲ့ ကာလရွည္ ျပႆနာျဖစ္ေနတဲ့ တိုက္စစ္မႉးျပႆနာအတြက္ အေျဖျဖစ္နိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘရိုဂ်ာဟာ ေဆာက္သမ္တန္ အငွားကစားသမားဘဝကို ေတာက္ပစြာ စတင္နိုင္ခဲ့ေပမယ့္ အဲဒီအခ်ိန္ကတည္းက ဂိုးသြင္းယူနိုင္ဖို႔ ႐ုန္းကန္ေနရခဲ့ရၿပီး လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာလည္း ေျခစြမ္းမျပသနိုင္ခဲ့တာျဖစ္ပါတယ္။

HampshireLive ရဲ့ ပြဲစဥ္အတြင္း ကစားသမားေတြရဲ့ အဆင့္သတ္မွတ္ခ်က္မွာ ဘရိုဂ်ာဟာ ၁၀ မွာ ၆ သာ သတ္မွတ္ျခင္းခံခဲ့ရၿပီး “အေစာပိုင္းမွာ ေကာင္းမြန္တဲ့ ေနရာအမ်ားအျပားရရွိခဲ့ၿပီး အယ္လစ္ဆန္ရဲ့ ေျခေထာက္နဲ႔ ဂိုးကန္သြင္းမႈ ျငင္းပယ္ခံခဲ့ရပါတယ္။ သူဟာ အခ်ိန္အမ်ားစုမွာ လမ္းေၾကာင္းအတိုင္းေျပးလႊားရင္း လီဗာပူးလ္ခံစစ္ကစားသမားေတြကို ျဖတ္ေက်ာ္ၿပီး ကိုယ့္ဘာသာ တိုက္စစ္ဆင္နိုင္ေအာင္ ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့ပါတယ္။ သူက ပြဲကစားခ်ိန္အမ်ားစုမွာ တစ္ေယာက္တည္း ေရွ႕တန္းမွာ သင္းကြဲျဖစ္ေနခဲ့ပါတယ္”လို႔ ၆ မွတ္သာ ေပးရတဲ့အေၾကာင္းအရင္းကို ရွင္းျပခဲ့ပါတယ္။

တန္းဆင္းရမယ့္အႏၲရာယ္ကေန လုံျခဳံစိတ္ခ်ရၿပီးသားျဖစ္တဲ့ ေဆာက္သမ္တန္အသင္းဆီကေန ဘာမွ ထူးထူးျခားျခား ျမင္ေတြ႕ရမွာမဟုတ္ဘူးလို႔ ယူဆခဲ့ေပမယ့္ ရဲရင့္တဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး မာတစ္ပ္ရဲ့ ေခါင္းတိုက္သြင္းဂိုးေၾကာင့္သာ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

အယ္လ္ေဘးနီးယန္းတိုက္စစ္မႉးဟာ ပထမပိုင္း ၁၀ မိနစ္အတြင္းမွာ သိသိသာသာတစ္ႀကိမ္ ဂိုးေပါက္ကန္သြင္းမႈ ျပဳလုပ္နိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးပထမအသင္းမွာ ပုံမွန္ကစားခ်င္တယ္ဆိုရင္ ခ်ိတ္ဆက္ကစားပုံနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ ထိန္းသိမ္းတဲ့ေနရာေတြမွာ တိုးတက္ေအာင္ လုပ္ဖို႔ အမ်ားႀကီး လိုအပ္ေနေသးတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ ဟာဆန္ဟာတယ္လ္က ေနာက္ထပ္တစ္ႏွစ္ အငွားနဲ႔ ဆက္ကစားမယ္ဆိုရင္ အသက္ ၂၀ အရြယ္ ကစားသမားရဲ့ တိုးတက္မႈအတြက္ ေကာင္းမြန္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး တူဟယ္ကေတာ့ ဘရိုဂ်ာကို ပထမအသင္းလူစာရင္းထဲမွာ ေနရာေပးၿပီး တိုးတက္မႈကို အလ်င္အျမန္ေျခရာခံခ်င္ေနေပမယ့္ အဲဒီလိုျဖစ္လာဖို႔ကလည္း ရာသီႀကိဳ ေလ့က်င့္ေရးမွာ ဘယ္ေလာက္အထိ ေျခစြမ္းျပသနိုင္မလဲဆိုတဲ့အေပၚမွာ မူတည္ေနတာျဖစ္ပါတယ္။

“အခုအခ်ိန္မွာ ခ်ဲလ္ဆီးနဲ႔ ညႇိႏွိုင္းေဆြးေႏြးဖို႔က မလြယ္ကူပါဘူး။ ေမးစရာကိုမရွိပါဘူး။ ကၽြန္ေတာ္ သူ႔ကို ေနာက္ထပ္တစ္ႏွစ္ေလာက္ ဒီမွာ ဆက္ေနေစခ်င္တယ္ဆိုရင္ အဲဒါက အံ့အားသင့္စရာလည္း မဟုတ္ပါဘူး”လို႔ ဟာဆန္ဟာတယ္လ္က The Athletic ကို ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္တုန္းက ေျပာၾကားခဲ့ပါတယ္။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕နိုင္ေျခရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာေၾကာင့္ ပရိသတ္ေတြၾကားမွာ လက္ရွိ ေျပာစရာအေၾကာင္းအရာတစ္ခု ျဖစ္ေနတာျဖစ္ပါတယ္။

အသင္းပိုင္ရွင္သစ္ျဖစ္လာေတာ့မယ့္ ေတာ့ဒ္ ဘိုလီကို ေဘာလုံးေဝဖန္သုံးသပ္သူေတြက ဘြန္ဒက္စ္လီဂါရဲ့ ဒုတိယတသက္တာထိပ္တန္းဂိုးသြင္းရွင္ထက္စာရင္ ေလာ္တာရို မာတီနက္ဇ္၊ ဟာရီ ကိန္းတို႔လို ကစားသမားေတြက ပိုၿပီး သင့္ေတာ္တဲ့အေၾကာင္း ေျပာၾကားခဲ့ေပမယ့္လည္း ေဂ်မီ ရက္နပ္က ဘရိုဂ်ာဟာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးထက္ လက္ရွိ ခ်ဲလ္ဆီးအသင္းမွာ ပိုၿပီးေတာ့ သင့္ေတာ္တဲ့ အရည္အခ်င္းေတြရွိေနတဲ့ကစားသမားျဖစ္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။

“သူ႔မွာ ေကာင္းမြန္တဲ့ စတင္မႈရွိခဲ့တယ္။ သူ ပထမဆုံး အငွားနဲ႔ လာခဲ့တဲ့အခ်ိန္မွာ သူ ဂိုးေတြ သြင္းခဲ့တယ္။ ၿပီးေတာ့ သူ႔မွာ မယုံနိုင္စရာ ျမန္ႏႈန္းလည္း ရွိတယ္။ ကၽြန္ေတာ္ သူ အသက္ ၁၄၊ ၁၅ ႏွစ္အရြယ္ေလာက္ကတည္းက ၾကည့္ေနခဲ့တာပါ။ ခ်ဲလ္ဆီးမွာ သူ ကစားတာ ကၽြန္ေတာ္ ေစာင့္ၾကည့္ခဲ့ပါတယ္။ သူ႔အတြက္ေတာ့ ေအာင္ျမင္တဲ့ အငွားကစားသမားဘဝျဖစ္ခဲ့ပါတယ္။ တကယ္ကို ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့ပါတယ္။ သူ႔မွာ တကယ္ကိုေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ခဲ့ၿပီး သူက အထင္ႀကီးစရာေကာင္းတဲ့ လူငယ္ကစားသမားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.