Other Leagues Premier League Transfer News

တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရ တိုက်စစ်ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်

ကိုဒီ ဂက်ခ်ပိုဟာ ပီအက်စ်ဗွီအသင်းနဲ့အတူ ကောင်းမွန်တဲ့ရာသီ ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ Eredivisie ရဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်ပစ်မှတ် ဂျူရီယန် တင်းဘား၊ ဆီဘက်စတီယန် အဲလား၊ ဒူဆန် တာဒစ်တို့ရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဂက်ခ်ပိုဟာ ယခုရာသီ ဒီဆုကို ရရှိဖို့အတွက် ကျိန်းသေပေါက် ထိုက်တန်ခဲ့တာဖြစ်ပြီး ၎င်းရဲ့အသင်းဟာ ဒတ်ချ်လိဂ်ဖလားကို မရရှိခဲ့ပေမယ့်လည်း ဒတ်ချ်တိုက်စစ်မှူးအတွက်တော့ မယုံနိုင်စရာ ရာသီတစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ပီအက်စ်ဗွီအသင်းအတွက် ၂၂ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဂက်ခ်ပိုအနေနဲ့ ယခုနှစ်ရဲ့ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပေမယ့် နောက်နှစ်မှာတော့ ထပ်မံ ဆွတ်ခူးနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။ အမှန်တော့ ဒတ်ချ်တောင်ပံကစားသမားဟာ ယခုနွေရာသီမှာ ပီအက်စ်ဗွီကို စွန့်ခွာဖို့ ပြင်ဆင်နေပြီး အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒတ်ချ် ဂျာနယ်လစ် မာကို တင်မာရဲ့ ပြောကြားချက်အရ အာဆင်နယ်အသင်းဟာ ပီအက်စ်ဗွီ တော်ပံကစားသမားကို ယခုနွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီလို့ သိရပါတယ်။ “ဥရောပရဲ့ အကြွင်းမဲ့ ထိပ်တန်းဘောလုံးလောကကို ရောက်ရှိနိုင်ဖို့ အဆင့် ၂ ခုကြားကို သွားဖို့က သူလုပ်ချင်တဲ့အရာပါ။ အခုအချိန်မှာ အာဆင်နယ်က အနီးစပ်ဆုံးအခြေအနေမှာရှိနေပေမယ့် အတပ်ပြောလို့ရတဲ့အနေအထားတော့ မရှိသေးပါဘူး။ ပီအက်စ်ဗွီက အနည်းဆုံးတော့ ယူရိုသန်း ၄၀ လောက် ရဖို့ မျှော်မှန်းနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Eredivisie ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားကို ခေါ်ယူနိုင်မှုက အာဆင်နယ်ရဲ့ လိမ္မာပါးနပ်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်နိုင်ပေမယ့် မကြာသေးမီက သမိုင်းကြောင်းတွေအရ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုလည်း ဖြစ်နိုင်ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်၊ ဗာတွန်ဂန်၊ ဗိုင်နယ်လ်ဒွမ်တို့လို ကစားသမားတွေဟာ Eredivisie ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက် ကြယ်ပွင့်ကစားသမားတွေဖြစ်ခဲ့ကြပြီး အယ်လ်ဖွန်ဆို အဲဗက်စ်၊ ကာရင် အယ်လ် အာမက်ဒီတို့လိုမျိုး ကစားသမားတွေကတော့ ဆုရပြီးနောက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဂက်ခ်ပိုအတွက် အပြောင်းအရွှေ့ ပြုလုပ်တဲ့အချိန်ကျရင် အထူးသဖြင့် ပေါင် ၃၃ သန်း ပေးချေရမယ်ဆိုတဲ့သတင်းသာမှန်ကန်ခဲ့ရင် သေသေချာချာ ဂရုတစိုက် ကိုင်တွယ်သွားဖို့ လိုအပ်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကိုဒီ ဂက္ခ္ပိုဟာ ပီအက္စ္ဗြီအသင္းနဲ႔အတူ ေကာင္းမြန္တဲ့ရာသီ ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ Eredivisie ရဲ့ ေရႊဖိနပ္ဆုကို ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

ေတာင္ပံကစားသမားဟာ မန္ခ်က္စတာယူနိုက္တက္ပစ္မွတ္ ဂ်ဴရီယန္ တင္းဘား၊ ဆီဘက္စတီယန္ အဲလား၊ ဒူဆန္ တာဒစ္တို႔ရဲ့ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈကို ေက်ာ္ျဖတ္ၿပီး ဒီဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ဂက္ခ္ပိုဟာ ယခုရာသီ ဒီဆုကို ရရွိဖို႔အတြက္ က်ိန္းေသေပါက္ ထိုက္တန္ခဲ့တာျဖစ္ၿပီး ၎ရဲ့အသင္းဟာ ဒတ္ခ်္လိဂ္ဖလားကို မရရွိခဲ့ေပမယ့္လည္း ဒတ္ခ်္တိုက္စစ္မႉးအတြက္ေတာ့ မယုံနိုင္စရာ ရာသီတစ္ခု ျဖစ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ပီအက္စ္ဗြီအသင္းအတြက္ ၂၂ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့တာျဖစ္ၿပီး ဂက္ခ္ပိုအေနနဲ႔ ယခုႏွစ္ရဲ့ ေရႊဖိနပ္ဆုရွင္ျဖစ္ခဲ့ေပမယ့္ ေနာက္ႏွစ္မွာေတာ့ ထပ္မံ ဆြတ္ခူးနိုင္ဖြယ္မရွိတာျဖစ္ပါတယ္။ အမွန္ေတာ့ ဒတ္ခ်္ေတာင္ပံကစားသမားဟာ ယခုေႏြရာသီမွာ ပီအက္စ္ဗြီကို စြန႔္ခြာဖို႔ ျပင္ဆင္ေနၿပီး အာဆင္နယ္ကို ေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဒတ္ခ်္ ဂ်ာနယ္လစ္ မာကို တင္မာရဲ့ ေျပာၾကားခ်က္အရ အာဆင္နယ္အသင္းဟာ ပီအက္စ္ဗြီ ေတာ္ပံကစားသမားကို ယခုေႏြရာသီမွာ ေခၚယူနိုင္ဖို႔အတြက္ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနၿပီလို႔ သိရပါတယ္။ “ဥေရာပရဲ့ အႂကြင္းမဲ့ ထိပ္တန္းေဘာလုံးေလာကကို ေရာက္ရွိနိုင္ဖို႔ အဆင့္ ၂ ခုၾကားကို သြားဖို႔က သူလုပ္ခ်င္တဲ့အရာပါ။ အခုအခ်ိန္မွာ အာဆင္နယ္က အနီးစပ္ဆုံးအေျခအေနမွာရွိေနေပမယ့္ အတပ္ေျပာလို႔ရတဲ့အေနအထားေတာ့ မရွိေသးပါဘူး။ ပီအက္စ္ဗြီက အနည္းဆုံးေတာ့ ယူရိုသန္း ၄၀ ေလာက္ ရဖို႔ ေမၽွာ္မွန္းေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Eredivisie ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားကို ေခၚယူနိုင္မႈက အာဆင္နယ္ရဲ့ လိမၼာပါးနပ္တဲ့ အေျပာင္းအေရႊ႕တစ္ခုျဖစ္နိုင္ေပမယ့္ မၾကာေသးမီက သမိုင္းေၾကာင္းေတြအရ ဆန႔္က်င္ဘက္ အက်ိဳးသက္ေရာက္မႈလည္း ျဖစ္နိုင္ပါတယ္။

လူးဝစၥ ဆြာရက္ဇ္၊ ဗာတြန္ဂန္၊ ဗိုင္နယ္လ္ဒြမ္တို႔လို ကစားသမားေတြဟာ Eredivisie ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္ ၾကယ္ပြင့္ကစားသမားေတြျဖစ္ခဲ့ၾကၿပီး အယ္လ္ဖြန္ဆို အဲဗက္စ္၊ ကာရင္ အယ္လ္ အာမက္ဒီတို႔လိုမ်ိဳး ကစားသမားေတြကေတာ့ ဆုရၿပီးေနာက္ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဂက္ခ္ပိုအတြက္ အေျပာင္းအေရႊ႕ ျပဳလုပ္တဲ့အခ်ိန္က်ရင္ အထူးသျဖင့္ ေပါင္ ၃၃ သန္း ေပးေခ်ရမယ္ဆိုတဲ့သတင္းသာမွန္ကန္ခဲ့ရင္ ေသေသခ်ာခ်ာ ဂ႐ုတစိုက္ ကိုင္တြယ္သြားဖို႔ လိုအပ္တာျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.