Analysis Match Report Premier League

ပရီးမီးယားလိဂ်ကို ပြန်ရောက်ဖို့ ခြေတစ်လှမ်းအလိုဖြစ်လာတဲ့ ချန်ပီယံလိဂ်နှစ်ကြိမ်ချန်ပီယံ

၂၀၂၁-၂၂ ရာသီ EFL လိဂ်ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာကို ဘုန်းမောက်ကို ရှုံးပြီး လွဲချော်ခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ်တို့ အနေနဲ့ အဆင့် ၄ အထိ ဆင်းသွားခဲ့ရပေမယ့် ပရီးမီးယားလိဂ်ကို တန်းတက်ဖို့အတွက် Play-off မှာတော့ အခြေအနေကောင်းခဲ့ပြီး နောက်ဆုံး တစ်နေရာ အတွက် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က တန်းဆင်းအသင်းဖြစ်တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရထားခဲ့တဲ့ ဖောရက်စ် အသင်းဟာ ဒီနေ့မှာတော့ ဦးဆောင်ဂိုးကို ဆမ် ဆာရစ်ချ်ရဲ့ ဖြတ်တင်ဘောကနေ ဘရင်နန် ဂျွန်ဆန်ရဲ့ ပိတ်သွင်းမှုနဲ့ ပွဲချိန် ၁၉ မိနစ်မှာ ရယူနိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။

ပွဲချိန် ၄၇ မိနစ်မှာ ဝုလ်ဗ်စ်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်က ဆန်ဒါ ဘာဂါရဲ့ ဖန်တီးမှုကနေ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာတော့ နောက်ခံလူ ဂျော့ချ် ဘောလ်ဒေါ့ခ်ရဲ့ ပေးပို့မှုကနေ ကွင်းလယ်လူ ဂျွန် ဖလက်ခ်က ပိတ်သွင်းပြီး ရှက်ဖီးလ်ဒ်တို့ နေရာဟောင်းကို တစ်ကျော့ပြန်ဖို့ တာစူလာခဲ့တာပါ။

နှစ်ကျော့စလုံးမှာ ဧည့်သည်တွေက နှစ်ဂိုး-တစ်ဂိုးစီနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း သုံးဂိုးစီသရေနဲ့ အချိန်ပို ဆက်ကစားဖို့ဖြစ်လာခဲ့ပြီး အိမ်ရှင် ဖောရက်စ်တို့အနေနဲ့ ပရီးမီးယားလိဂ်ကို ချက်ချင်း ပြန်တက်ချင်နေတဲ့ ရှက်ဖီးလ်ဒ်တို့ရဲ့ တိုက်စစ်တွေကို တော်တော်လေး ခုခံကာကွယ်ခဲ့ရသလို ဂိုးသမား ဘရိုက်စ် ဆမ်ဘာကလည်း လက်စွမ်းပြနေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီ ကန်သွင်းရာမှာတော့ ဖောရက်စ်ဂိုးသမား ဆမ်ဘာပဲ ဆက်လက်အစွမ်းပြခဲ့ပြီး ရှက်ဖီးလ်ဒ်ကွင်းလယ်လူ နော်ဝုဒ်ရဲ့ အဖွင့်ပင်နယ်တီကို ကာကွယ်သွားနိုင်ခဲ့သလို ဖောရက်စ်တို့ဘက်ကတော့ အဖွင့်ဂိုးရှင် ဂျွန်ဆန်ကပဲ ကန်သွင်းခဲ့ရာမှာ ဂိုးဝင်ခဲ့ပြီး ဒုတိယပင်နယ်တီမှာလည်း အူရီဟန်းရဲ့ လှည့်စားမှုကို ဆမ်ဘာပဲ ပုတ်ထုတ်သွားခဲ့တာကြောင့် ကာဖူးက ဂိုးရယူနိုင်ခဲ့ချိန်မှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

တတိယအလှည့်မှာတော့ ရှက်ဖီးလ်ဒ်ရဲ့ ဘာဂါနဲ့ ဖောရက်စ်ရဲ့ ကွတ်ခ်တို့နှစ်ဦးစလုံး ဝင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပြီး စတုတ္ထပင်နယ်တီမှာတော့ ရှက်ဖီးလ်ဒ်ဘက်က အန်ဒီယေး ကန်သွင်းနိုင်ခဲ့ချိန်မှာ ဖောရက်စ်ရဲ့ လော်လီကန်ချက်က ဘားကျော်သွားခဲ့လုံး သုံးဂိုး-နှစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

ပဉ္စမပင်နယ်တီကိုတော့ ရှက်ဖီးလ်ဒ်ရဲ့ ဂိုးသွင်းရှင် ဂစ်ဘ်စ်-ဝှိုက် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆမ်ဘာပဲ အမိအရ ကာကွယ်သွားခဲ့လို့ ဖောရက်စ်တို့ နောက်ဆုံးပင်နယ်တီကို ကန်စရာ မလိုတော့ဘဲ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပြီး လာမယ့် မေလ ၂၉ ရက်နေ့မှာ လူတန်တောင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ဟတ်ဒါစ်ဖီးလ်ဒ်တောင်းနဲ့ ဝင်ဘလီကွင်းကြီးမှာ ဖိုင်နယ်ကစားရဖို့ ဖြစ်လာခဲ့တာပါ။

နော့တင်ဟမ် ဖောရက်စ်အသင်းအနေနဲ့ ဒီရာသီ ပွဲစဉ် ၄၅ နဲ့ ပွဲစဉ် ၄၆ တွေမှာ ၁ မှတ်သာ ရယူနိုင်ခဲ့လို့ တိုက်ရိုက်တန်းတက်ခွင့်ကို ဆုံးရှုံးထားခဲ့ရပြီး အဆင့် ၄ ကို ရောက်သွားခဲ့ချိန်မှာ လွယ်ကူတဲ့ ပြိုင်ဘက် လူတန်နဲ့ မတွေ့ခဲ့ရဘဲ ဗိုလ်လုပွဲလို့ ယူဆရတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့နဲ့ ကစားခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်လို့ ပရီးမီးယားလိဂ်ကို ကစားဖို့ အလေးပေးမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

အစဉ်အလာအရတော့ အင်္ဂလန်အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲကို ဒုတိယကမ္ဘာစစ်မဖြစ်ခင်က သုံးကြိမ် ဗိုလ်စွဲထားခဲ့တဲ့ ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ ၁၉၇၇-၇၈ ရာသီမှာ တစ်ကြိမ်ဗိုလ်စွဲဖူးပြီး နောက်တစ်ရာသီမှာ ဒုတိယရခဲ့လို့ ၁၉၇၉ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ ဥရောပ ချန်ပီယံလိဂ်ကို ဗိုလ်စွဲခဲ့ဖူးတဲ့ ဖောရက်စ်တို့ အသည်းချင်းပေါက်ရမယ့်အချိန်မှာ ပရိသတ်အများစုကတော့ ချန်ပီယံလိဂ်ချန်ပီယံဟောင်း ပရီးမီးယားလိဂ်ကို ရောက်လာမှာကို မျှော်လင့်နေကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၁-၂၂ ရာသီ EFL လိဂ္ခ်န္ပီယံရွစ္ရဲ႕ အမွတ္ေပးဇယားမွာ အဆင့္ ၂ ေနရာကို ဘုန္းေမာက္ကို ရႈံးၿပီး လြဲေခ်ာ္ခဲ့တဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ အေနနဲ႔ အဆင့္ ၄ အထိ ဆင္းသြားခဲ့ရေပမယ့္ ပရီးမီးယားလိဂ္ကို တန္းတက္ဖို႔အတြက္ Play-off မွာေတာ့ အေျခအေနေကာင္းခဲ့ၿပီး ေနာက္ဆုံး တစ္ေနရာ အတြက္ ဗိုလ္လုပြဲအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၾကၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္က တန္းဆင္းအသင္းျဖစ္တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းကို အေဝးကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရထားခဲ့တဲ့ ေဖာရက္စ္ အသင္းဟာ ဒီေန႔မွာေတာ့ ဦးေဆာင္ဂိုးကို ဆမ္ ဆာရစ္ခ်္ရဲ႕ ျဖတ္တင္ေဘာကေန ဘရင္နန္ ဂြၽန္ဆန္ရဲ႕ ပိတ္သြင္းမႈနဲ႔ ပြဲခ်ိန္ ၁၉ မိနစ္မွာ ရယူႏိုင္ခဲ့ေပမယ့္ ေခ်ပဂိုးေတြ ခြင့္ျပဳခဲ့ရတာပါ။

ပြဲခ်ိန္ ၄၇ မိနစ္မွာ ဝုလ္ဗ္စ္အသင္းကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ ေမာ္ဂန္ ဂစ္ဘ္စ္-ဝႈိက္က ဆန္ဒါ ဘာဂါရဲ႕ ဖန္တီးမႈကေန ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့ၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ေနာက္ခံလူ ေဂ်ာ့ခ်္ ေဘာလ္ေဒါ့ခ္ရဲ႕ ေပးပို႔မႈကေန ကြင္းလယ္လူ ဂြၽန္ ဖလက္ခ္က ပိတ္သြင္းၿပီး ရွက္ဖီးလ္ဒ္တို႔ ေနရာေဟာင္းကို တစ္ေက်ာ့ျပန္ဖို႔ တာစူလာခဲ့တာပါ။

ႏွစ္ေက်ာ့စလုံးမွာ ဧည့္သည္ေတြက ႏွစ္ဂိုး-တစ္ဂိုးစီနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း သုံးဂိုးစီသေရနဲ႔ အခ်ိန္ပို ဆက္ကစားဖို႔ျဖစ္လာခဲ့ၿပီး အိမ္ရွင္ ေဖာရက္စ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္ကို ခ်က္ခ်င္း ျပန္တက္ခ်င္ေနတဲ့ ရွက္ဖီးလ္ဒ္တို႔ရဲ႕ တိုက္စစ္ေတြကို ေတာ္ေတာ္ေလး ခုခံကာကြယ္ခဲ့ရသလို ဂိုးသမား ဘ႐ိုက္စ္ ဆမ္ဘာကလည္း လက္စြမ္းျပေနခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ ကန္သြင္းရဖို႔ ျဖစ္လာခဲ့ပါတယ္။

ပင္နယ္တီ ကန္သြင္းရာမွာေတာ့ ေဖာရက္စ္ဂိုးသမား ဆမ္ဘာပဲ ဆက္လက္အစြမ္းျပခဲ့ၿပီး ရွက္ဖီးလ္ဒ္ကြင္းလယ္လူ ေနာ္ဝုဒ္ရဲ႕ အဖြင့္ပင္နယ္တီကို ကာကြယ္သြားႏိုင္ခဲ့သလို ေဖာရက္စ္တို႔ဘက္ကေတာ့ အဖြင့္ဂိုးရွင္ ဂြၽန္ဆန္ကပဲ ကန္သြင္းခဲ့ရာမွာ ဂိုးဝင္ခဲ့ၿပီး ဒုတိယပင္နယ္တီမွာလည္း အူရီဟန္းရဲ႕ လွည့္စားမႈကို ဆမ္ဘာပဲ ပုတ္ထုတ္သြားခဲ့တာေၾကာင့္ ကာဖူးက ဂိုးရယူႏိုင္ခဲ့ခ်ိန္မွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

တတိယအလွည့္မွာေတာ့ ရွက္ဖီးလ္ဒ္ရဲ႕ ဘာဂါနဲ႔ ေဖာရက္စ္ရဲ႕ ကြတ္ခ္တို႔ႏွစ္ဦးစလုံး ဝင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ၿပီး စတုတၳပင္နယ္တီမွာေတာ့ ရွက္ဖီးလ္ဒ္ဘက္က အန္ဒီေယး ကန္သြင္းႏိုင္ခဲ့ခ်ိန္မွာ ေဖာရက္စ္ရဲ႕ ေလာ္လီကန္ခ်က္က ဘားေက်ာ္သြားခဲ့လုံး သုံးဂိုး-ႏွစ္ဂိုးျပန္ျဖစ္ေနခဲ့ပါတယ္။

ပၪၥမပင္နယ္တီကိုေတာ့ ရွက္ဖီးလ္ဒ္ရဲ႕ ဂိုးသြင္းရွင္ ဂစ္ဘ္စ္-ဝႈိက္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆမ္ဘာပဲ အမိအရ ကာကြယ္သြားခဲ့လို႔ ေဖာရက္စ္တို႔ ေနာက္ဆုံးပင္နယ္တီကို ကန္စရာ မလိုေတာ့ဘဲ သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့ၿပီး လာမယ့္ ေမလ ၂၉ ရက္ေန႔မွာ လူတန္ေတာင္းကို အႏိုင္ယူေက်ာ္ျဖတ္ခဲ့တဲ့ ဟတ္ဒါစ္ဖီးလ္ဒ္ေတာင္းနဲ႔ ဝင္ဘလီကြင္းႀကီးမွာ ဖိုင္နယ္ကစားရဖို႔ ျဖစ္လာခဲ့တာပါ။

ေနာ့တင္ဟမ္ ေဖာရက္စ္အသင္းအေနနဲ႔ ဒီရာသီ ပြဲစဥ္ ၄၅ နဲ႔ ပြဲစဥ္ ၄၆ ေတြမွာ ၁ မွတ္သာ ရယူႏိုင္ခဲ့လို႔ တိုက္႐ိုက္တန္းတက္ခြင့္ကို ဆုံးရႈံးထားခဲ့ရၿပီး အဆင့္ ၄ ကို ေရာက္သြားခဲ့ခ်ိန္မွာ လြယ္ကူတဲ့ ၿပိဳင္ဘက္ လူတန္နဲ႔ မေတြ႕ခဲ့ရဘဲ ဗိုလ္လုပြဲလို႔ ယူဆရတဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔နဲ႔ ကစားခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္လို႔ ပရီးမီးယားလိဂ္ကို ကစားဖို႔ အေလးေပးမႈေတြလည္း ျမင့္တက္လာခဲ့ပါတယ္။

အစဥ္အလာအရေတာ့ အဂၤလန္အဆင့္ျမင့္တန္း အမွတ္ေပးၿပိဳင္ပြဲကို ဒုတိယကမာၻစစ္မျဖစ္ခင္က သုံးႀကိမ္ ဗိုလ္စြဲထားခဲ့တဲ့ ဟတ္ဒါစ္ဖီးလ္ဒ္နဲ႔ ၁၉၇၇-၇၈ ရာသီမွာ တစ္ႀကိမ္ဗိုလ္စြဲဖူးၿပီး ေနာက္တစ္ရာသီမွာ ဒုတိယရခဲ့လို႔ ၁၉၇၉ နဲ႔ ၁၉၈၀ ခုႏွစ္ေတြမွာ ဥေရာပ ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲခဲ့ဖူးတဲ့ ေဖာရက္စ္တို႔ အသည္းခ်င္းေပါက္ရမယ့္အခ်ိန္မွာ ပရိသတ္အမ်ားစုကေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံေဟာင္း ပရီးမီးယားလိဂ္ကို ေရာက္လာမွာကို ေမွ်ာ္လင့္ေနၾကေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.