Premier League

အနိုင်ရလဒ်နဲ့ ဆုဖလားပြိုင်ပွဲကို အသက်ဆက်ခဲ့တဲ့ ဆောက်သမ်တန် ၁-၂ လီဗာပူးလ်တို့ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာ ၅ ချက်

၁။ စွန့်စားရကျိုးနပ်ခဲ့တဲ့ လူစာရင်းအပြောင်းအလဲ

ကလော့ပ်ရဲ့ အပြောင်းအလဲတွေဟာ အသင်းလူစာရင်းကို ကြေညာလိုက်တဲ့အချိန်မှာ တုန်လှုပ်စရာဖြစ်ခဲ့တာ ကျိန်းသေပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ စနေနေ့က အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီး အပြောင်းအလဲ ၉ ခုအထိ လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ အယ်လစ်ဆန်နဲ့ ကိုနာတေတို့ကိုသာ ချန်ထားခဲ့ပြီး ကျန်တဲ့ ၉ နေရာစလုံးကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းက ၁-၀ နဲ့ ဦးဆောင်ထားနိုင်ချိန်မှာ လီဗာပူးလ်ရဲ့ လောင်းကစားဆန်ဆန် အပြောင်းအလဲဟာ ပရီးမီးယားလိဂ် နောက်ဆုံးနေ့ မတိုင်ခင် အဖြေပေါ်ခဲ့ပုံပေါ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဧည့်သည် လီဗာပူးလ်ဟာ လျင်လျင်မြန်မြန်နဲ့ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပြီး ရာသီနောက်ဆုံးပိတ်ပွဲစဉ်အထိ ၎င်းတို့ရဲ့ ဆုဖလားမျှော်လင့်ချက်ကို အသက်ဆက်စေနိုင်မယ့် အနိုင် ၃ မှတ်ကိုပါ အရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က စနေနေ့ ဝင်ဘလေမှာ မိနစ် ၁၂၀ အထိ ကစားခဲ့ရတာကြောင့် ၎င်းရဲ့အသင်းအနေနဲ့ အနားမရခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂျာမန်လူမျိုးနည်းပြဟာ အင်္ဂလန်က ပွဲစဉ်ဇယား ပြည့်ကြပ်နေမှုနဲ့ပတ်သက်ပြီး အစာမကြေဖြစ်နေခဲ့တာကြာပြီဖြစ်ပေမယ့် ၎င်းရဲ့အပြောင်းအလဲ အများကြီးလုပ်ထားတဲ့အသင်းဟာ အန်းဖီးမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ ဘယ်လောက်ရှိနေလဲဆိုတာကို မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

၂။ ရှင်းလင်းနေတဲ့ ဦးစားပေးကိစ္စများ

အများစုကတော့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ထက်စာရင် ချန်ပီယံလိဂ်ဖလားကို ပိုလိုချင်တယ်လို့ ပြောမှာဖြစ်ပြီး စိန့် မေရီကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်အတွက် လူစာရင်းက အဲဒါကို သက်သေပြခဲ့ပါတယ်။ ကလော့ပ်ဟာ လာမယ့် စနေနေ့မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပဲရစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားသွားရမှာဖြစ်တာကြောင့် အဓိကကစားသမားတွေကို အနားပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ပြည်တွင်းလိဂ်ဖလားဟာ ရာသီနောက်ဆုံးနေ့မှာ မန်စီးတီးအသင်း အမှတ်လျော့ကျမှသာ ချန်ပီယံဖြစ်ခွင့်ရမှာဖြစ်ပြီး ကလော့ပ်က မေလနှောင်းပိုင်းပွဲစဉ်ကို ပိုမို အာရုံစိုက်ထားတာ သေချာပါတယ်။

၃။ စိန့်တွေကို ခြောက်လှန့်ဖို့ ပြန်လာတဲ့ မီနာမီနို

ဂျပန်လက်ရွေးစင်ကြယ်ပွင့်ဟာ တောင်ဘက်ကမ်းရိုးတန်းကို ပြန်လာပြီး အိမ်ရှင် ဆောက်သမ်တန်အသင်းကို ၎င်းရဲ့ အရည်အသွေးဘယ်လောက်ရှိလဲဆိုတာကို သတိပေးခဲ့ပါတယ်။ မီနာမီနိုဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ဆောက်သမ်တန်အသင်းကို အငှားနဲ့ ထွက်ကစားခဲ့ပြီး အင်္ဂလန်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း မြင်တွေ့ဖူးသမျှထဲက အကောင်းဆုံးပုံစံအချို့ကို ပြသနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်က သွင်းဂိုးဟာ ဆောက်သမ်တန်အတွက် ၁၀ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မီနာမီနိုရဲ့ အကောင်းဆုံးပုံစံကို ပြသခဲ့တဲ့ သွင်းဂိုးဖြစ်ပြီး အန်းဖီးမှာ အဲဒီလို လုပ်ပြနိုင်ဖို့ အခွင့်အရေးက ရွှေထက် ရှားပါးခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ အင်္ဂါနေ့ညမတိုင်ခင်မှာ မီနာမီနိုဟာ လီဗာပူးလ်ထက်ကို ဆောက်သမ်တန်အသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တဲ့ပွဲအရေအတွက်က ပိုမိုများပြားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ မာဆေးဆိုဒ်အသင်းအတွက် ပွဲထွက်ကစားပေးခဲ့တာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ ၎င်းရဲ့ တတိယမြောက်ဂိုးအဖြစ် သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဂျိုတာနဲ့အတူ ထိရောက်တဲ့ တွဲဖက်ကစားမှုတွေ ပြုလုပ်ခဲ့ပြီး ဆောက်သမ်တန်ရဲ့ ဂိုးပေါက်ထဲကို အပြင်းကန်သွင်းပြီး ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

၄။ နှစ်ချို့ဝိုင် ဂျိမ်းစ် မီလ်နာ

ဝိုင်ဆိုတာက သက်တမ်းကြာမြင့်လေလေ ပိုမိုကောင်းမွန်လေဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဗာပူးလ်ဝါရင့်တောင်ပံကစားသမား ဂျိမ်းစ် မီလ်နာကလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ကစားပေးခဲ့တာ ၇ နှစ်ထဲ ရှိနေပြီဖြစ်တဲ့ အင်္ဂလန်တောင်ပံကစားသမားဟာ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီဖြစ်ပေမယ့်လည်း အဲဒါက ၎င်းရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်ကို အဟန့်အတားဖြစ်စေခဲ့ပုံမရဘဲ ကလော့ပ်ရဲ့အသင်းမှာ နာမည်အကြီးဆုံးကစားသမားမဟုတ်ကောင်းမဟုတ်နိုင်ပေမယ့် အကျိုးသက်ရောက်မှုရှိတဲ့ကစားသမားဖြစ်ပါတယ်။ ကျဉ်းထဲကြပ်ထဲ ရောက်လာတဲ့အချိန်ဆိုရင် မကြာခဏ အားထားခဲ့ရတဲ့ ဂျိမ်းစ် မီလ်နာဟာ ဆောက်သမ်တန်နဲ့ပွဲမှာ လီဗာပူးလ်ရဲ့ အဓိကဖန်တီးမှုတွေမှာ လွှမ်းမိုးနိုင်စွမ်းရှိခဲ့ပါတယ်။

မီလ်နာဟာ ပထမပိုင်း တစ်ပိုင်းတည်းမှာပဲ ၅ ကြိမ်အထိ အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပြီး ဆောက်သမ်တန်က ဦးဆောင်ဂိုး သွင်းယူသွားပြီးတဲ့နောက်မှာတော့ လီဗာပူးလ်က ပြိုင်ပွဲအပေါ် ပိုပြီး အာရုံစိုက်လာခဲ့ပါတယ်။ ဂျိုး ဂိုးမက်ဇ်ရဲ့ ဒဏ်ရာပြဿနာက မီလ်နာကို ညာနောက်ခံတောင်ပံမှာ ကစားရဖို့ ဖြစ်လာစေခဲ့ပြီး လီဗာပူးလ်အတွက် ၎င်းရဲ့ တန်ဖိုးဟာ ဖော်ပြလို့တောင် မရနိုင်တဲ့အရေအတွက်ဖြစ်ပါတယ်။

၅။ ဆောက်သမ်တန်ရဲ့ နွေရာသီ ဆုံးဖြတ်ချက်

ရာ့လ်ဖ် ဟာဆန်ဟာတယ်လ်ရဲ့ လက်ထက်မှာ စိန့်တွေဟာ ၉-၀ နဲ့ ရှုံးပွဲ ၂ ကြိမ်အထိ ရှိခဲ့ပေမယ့်​​ ၎င်းတို့ရဲ့နည်းပြကို ထုတ်ပယ်ပစ်ဖို့ တောင်းဆိုမှုတွေက အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ သြစတြီးယန်းလူမျိုးနည်းပြလက်အောက်မှာ ခြေစွမ်း တက်လိုက်၊ ကျလိုက်ဖြစ်နေခဲ့ပေမယ့်လည်း ဟာဆန်ဟာတယ်လ်ရဲ့ နည်းပြရာထူးဟာ ဘယ်တုန်းကမှ ခြိမ်းခြောက်မှုအောက်မှာရှိမနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲက ရှုံးပွဲမှာ ပရိသတ်တွေက ဟာဆန် ဟာတယ်လ်ကို ထွက်သွားဖို့ ကြွေးကြော်ခဲ့ပြီး လက်ရှိမှာတော့ ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်အသင်းဖြစ်ကြောင်း သက်သေပြသထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ဆိုးရွားတဲ့ ရလဒ်တွေ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ တန်းဆင်းဖို့ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ရတာမျိုး မရှိခဲ့တာဖြစ်ပြီး ဟာဆန် ဟာတယ်လ်ဟာ လက်ရှိမှာ အသင်းကို တာဝန်ယူကိုင်တွယ်နေတာ ၃ ရာသီတင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အသင်းပိုင်ရှင်သစ်တွေဟာ မျက်နှာသစ်ကစားသမားတွေ၊ စိတ်ကူးစိတ်သန်းအသစ်အချို့ မထုတ်ခင်မှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်အချို့ ချမှတ်ဖို့ရှိနေနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ စြန႔္စားရက်ိဳးနပ္ခဲ့တဲ့ လူစာရင္းအေျပာင္းအလဲ

ကေလာ့ပ္ရဲ့ အေျပာင္းအလဲေတြဟာ အသင္းလူစာရင္းကို ေၾကညာလိုက္တဲ့အခ်ိန္မွာ တုန္လႈပ္စရာျဖစ္ခဲ့တာ က်ိန္းေသပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပဟာ စေနေန႔က အက္ဖ္ေအဖလား ဗိုလ္လုပြဲအၿပီး အေျပာင္းအလဲ ၉ ခုအထိ လုပ္ဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ အယ္လစ္ဆန္နဲ႔ ကိုနာေတတို႔ကိုသာ ခ်န္ထားခဲ့ၿပီး က်န္တဲ့ ၉ ေနရာစလုံးကို အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းက ၁-၀ နဲ႔ ဦးေဆာင္ထားနိုင္ခ်ိန္မွာ လီဗာပူးလ္ရဲ့ ေလာင္းကစားဆန္ဆန္ အေျပာင္းအလဲဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံးေန႔ မတိုင္ခင္ အေျဖေပၚခဲ့ပုံေပၚခဲ့ပါတယ္။

ဒါေပမယ့္လည္း ဧည့္သည္ လီဗာပူးလ္ဟာ လ်င္လ်င္ျမန္ျမန္နဲ႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့ၿပီး ရာသီေနာက္ဆုံးပိတ္ပြဲစဥ္အထိ ၎တို႔ရဲ့ ဆုဖလားေမၽွာ္လင့္ခ်က္ကို အသက္ဆက္ေစနိုင္မယ့္ အနိုင္ ၃ မွတ္ကိုပါ အရယူသြားနိုင္ခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္က စေနေန႔ ဝင္ဘေလမွာ မိနစ္ ၁၂၀ အထိ ကစားခဲ့ရတာေၾကာင့္ ၎ရဲ့အသင္းအေနနဲ႔ အနားမရခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ အဂၤလန္က ပြဲစဥ္ဇယား ျပည့္ၾကပ္ေနမႈနဲ႔ပတ္သက္ၿပီး အစာမေၾကျဖစ္ေနခဲ့တာၾကာၿပီျဖစ္ေပမယ့္ ၎ရဲ့အေျပာင္းအလဲ အမ်ားႀကီးလုပ္ထားတဲ့အသင္းဟာ အန္းဖီးမွာ အရည္အေသြးရွိတဲ့ ကစားသမားေတြ ဘယ္ေလာက္ရွိေနလဲဆိုတာကို မီးေမာင္းထိုးျပခဲ့တာျဖစ္ပါတယ္။

၂။ ရွင္းလင္းေနတဲ့ ဦးစားေပးကိစၥမ်ား

အမ်ားစုကေတာ့ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ထက္စာရင္ ခ်န္ပီယံလိဂ္ဖလားကို ပိုလိုခ်င္တယ္လို႔ ေျပာမွာျဖစ္ၿပီး စိန႔္ ေမရီကြင္းမွာ ကစားခဲ့တဲ့ပြဲစဥ္အတြက္ လူစာရင္းက အဲဒါကို သက္ေသျပခဲ့ပါတယ္။ ကေလာ့ပ္ဟာ လာမယ့္ စေနေန႔မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ပဲရစ္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားသြားရမွာျဖစ္တာေၾကာင့္ အဓိကကစားသမားေတြကို အနားေပးခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ ျပည္တြင္းလိဂ္ဖလားဟာ ရာသီေနာက္ဆုံးေန႔မွာ မန္စီးတီးအသင္း အမွတ္ေလ်ာ့က်မွသာ ခ်န္ပီယံျဖစ္ခြင့္ရမွာျဖစ္ၿပီး ကေလာ့ပ္က ေမလေႏွာင္းပိုင္းပြဲစဥ္ကို ပိုမို အာ႐ုံစိုက္ထားတာ ေသခ်ာပါတယ္။

၃။ စိန႔္ေတြကို ေျခာက္လွန႔္ဖို႔ ျပန္လာတဲ့ မီနာမီနို

ဂ်ပန္လက္ေရြးစင္ၾကယ္ပြင့္ဟာ ေတာင္ဘက္ကမ္းရိုးတန္းကို ျပန္လာၿပီး အိမ္ရွင္ ေဆာက္သမ္တန္အသင္းကို ၎ရဲ့ အရည္အေသြးဘယ္ေလာက္ရွိလဲဆိုတာကို သတိေပးခဲ့ပါတယ္။ မီနာမီနိုဟာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ ေဆာက္သမ္တန္အသင္းကို အငွားနဲ႔ ထြက္ကစားခဲ့ၿပီး အဂၤလန္ကို ေျပာင္းေရႊ႕ၿပီးေနာက္ပိုင္း ျမင္ေတြ႕ဖူးသမၽွထဲက အေကာင္းဆုံးပုံစံအခ်ိဳ႕ကို ျပသနိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲစဥ္က သြင္းဂိုးဟာ ေဆာက္သမ္တန္အတြက္ ၁၀ ပြဲ ပါဝင္ကစားခဲ့ရာမွာ ၂ ဂိုးသြင္းယူနိုင္ခဲ့တဲ့ မီနာမီနိုရဲ့ အေကာင္းဆုံးပုံစံကို ျပသခဲ့တဲ့ သြင္းဂိုးျဖစ္ၿပီး အန္းဖီးမွာ အဲဒီလို လုပ္ျပနိုင္ဖို႔ အခြင့္အေရးက ေရႊထက္ ရွားပါးခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ အဂၤါေန႔ညမတိုင္ခင္မွာ မီနာမီနိုဟာ လီဗာပူးလ္ထက္ကို ေဆာက္သမ္တန္အသင္းအတြက္ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့တဲ့ပြဲအေရအတြက္က ပိုမိုမ်ားျပားေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ခါမွာေတာ့ မာေဆးဆိုဒ္အသင္းအတြက္ ပြဲထြက္ကစားေပးခဲ့တာျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္မွာ ၎ရဲ့ တတိယေျမာက္ဂိုးအျဖစ္ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ဂ်ိဳတာနဲ႔အတူ ထိေရာက္တဲ့ တြဲဖက္ကစားမႈေတြ ျပဳလုပ္ခဲ့ၿပီး ေဆာက္သမ္တန္ရဲ့ ဂိုးေပါက္ထဲကို အျပင္းကန္သြင္းၿပီး ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

၄။ ႏွစ္ခ်ိဳ႕ဝိုင္ ဂ်ိမ္းစ္ မီလ္နာ

ဝိုင္ဆိုတာက သက္တမ္းၾကာျမင့္ေလေလ ပိုမိုေကာင္းမြန္ေလျဖစ္ၿပီး အသက္ ၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လီဗာပူးလ္ဝါရင့္ေတာင္ပံကစားသမား ဂ်ိမ္းစ္ မီလ္နာကလည္း ထိုနည္းလည္းေကာင္းပဲျဖစ္ပါတယ္။ လီဗာပူးလ္အတြက္ ကစားေပးခဲ့တာ ၇ ႏွစ္ထဲ ရွိေနၿပီျဖစ္တဲ့ အဂၤလန္ေတာင္ပံကစားသမားဟာ အသက္အရြယ္အားျဖင့္ ႀကီးရင့္ေနၿပီျဖစ္ေပမယ့္လည္း အဲဒါက ၎ရဲ့ ကြင္းအတြင္း စြမ္းေဆာင္ရည္ကို အဟန႔္အတားျဖစ္ေစခဲ့ပုံမရဘဲ ကေလာ့ပ္ရဲ့အသင္းမွာ နာမည္အႀကီးဆုံးကစားသမားမဟုတ္ေကာင္းမဟုတ္နိုင္ေပမယ့္ အက်ိဳးသက္ေရာက္မႈရွိတဲ့ကစားသမားျဖစ္ပါတယ္။ က်ဥ္းထဲၾကပ္ထဲ ေရာက္လာတဲ့အခ်ိန္ဆိုရင္ မၾကာခဏ အားထားခဲ့ရတဲ့ ဂ်ိမ္းစ္ မီလ္နာဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ လီဗာပူးလ္ရဲ့ အဓိကဖန္တီးမႈေတြမွာ လႊမ္းမိုးနိုင္စြမ္းရွိခဲ့ပါတယ္။

မီလ္နာဟာ ပထမပိုင္း တစ္ပိုင္းတည္းမွာပဲ ၅ ႀကိမ္အထိ အခြင့္အေရး ဖန္တီးေပးနိုင္ခဲ့ၿပီး ေဆာက္သမ္တန္က ဦးေဆာင္ဂိုး သြင္းယူသြားၿပီးတဲ့ေနာက္မွာေတာ့ လီဗာပူးလ္က ၿပိဳင္ပြဲအေပၚ ပိုၿပီး အာ႐ုံစိုက္လာခဲ့ပါတယ္။ ဂ်ိဳး ဂိုးမက္ဇ္ရဲ့ ဒဏ္ရာျပႆနာက မီလ္နာကို ညာေနာက္ခံေတာင္ပံမွာ ကစားရဖို႔ ျဖစ္လာေစခဲ့ၿပီး လီဗာပူးလ္အတြက္ ၎ရဲ့ တန္ဖိုးဟာ ေဖာ္ျပလို႔ေတာင္ မရနိုင္တဲ့အေရအတြက္ျဖစ္ပါတယ္။

၅။ ေဆာက္သမ္တန္ရဲ့ ေႏြရာသီ ဆုံးျဖတ္ခ်က္

ရာ့လ္ဖ္ ဟာဆန္ဟာတယ္လ္ရဲ့ လက္ထက္မွာ စိန႔္ေတြဟာ ၉-၀ နဲ႔ ရႈံးပြဲ ၂ ႀကိမ္အထိ ရွိခဲ့ေပမယ့္​​ ၎တို႔ရဲ့နည္းျပကို ထုတ္ပယ္ပစ္ဖို႔ ေတာင္းဆိုမႈေတြက အနည္းငယ္သာ ရွိခဲ့ပါတယ္။ ေဆာက္သမ္တန္ဟာ ၾသစႀတီးယန္းလူမ်ိဳးနည္းျပလက္ေအာက္မွာ ေျခစြမ္း တက္လိုက္၊ က်လိုက္ျဖစ္ေနခဲ့ေပမယ့္လည္း ဟာဆန္ဟာတယ္လ္ရဲ့ နည္းျပရာထူးဟာ ဘယ္တုန္းကမွ ၿခိမ္းေျခာက္မႈေအာက္မွာရွိမေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲက ရႈံးပြဲမွာ ပရိသတ္ေတြက ဟာဆန္ ဟာတယ္လ္ကို ထြက္သြားဖို႔ ေႂကြးေၾကာ္ခဲ့ၿပီး လက္ရွိမွာေတာ့ ေဆာက္သမ္တန္ဟာ ပရီးမီးယားလိဂ္အသင္းျဖစ္ေၾကာင္း သက္ေသျပသထားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းဟာ ဆိုးရြားတဲ့ ရလဒ္ေတြ ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ဘယ္တုန္းကမွ တန္းဆင္းဖို႔ကိစၥနဲ႔ပတ္သက္ၿပီး စိုးရိမ္ခဲ့ရတာမ်ိဳး မရွိခဲ့တာျဖစ္ၿပီး ဟာဆန္ ဟာတယ္လ္ဟာ လက္ရွိမွာ အသင္းကို တာဝန္ယူကိုင္တြယ္ေနတာ ၃ ရာသီတင္းတင္း ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး အသင္းပိုင္ရွင္သစ္ေတြဟာ မ်က္ႏွာသစ္ကစားသမားေတြ၊ စိတ္ကူးစိတ္သန္းအသစ္အခ်ိဳ႕ မထုတ္ခင္မွာ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္အခ်ိဳ႕ ခ်မွတ္ဖို႔ရွိေနနိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.