Match Report Premier League

လူစုံမထုတ်ပေမယ့် နောက်က အနိုင်ယူပြီး ချန်ပီယံဆုကို လက်မလျှော့သေးတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ အက်ဖ်အေဖလားဗိုလ်လုပွဲ ပွဲပန်းထားတာကြောင့် အဓိက ကစားသမားတချို့ကို အနားပေးခဲ့ပြီး ဂိုးသမား အယ်လစ်ဆန်၊ မာတစ်ပ်၊ ကိုနာတေ၊ ဂျိုးဂိုမက်ဇ်၊ ဆီမီကတ်စ်တို့နဲ့ ခံစစ်ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဝါရင့် မီလ်နာနဲ့အတူ လူငယ်တွေ ဖြစ်ကြတဲ့ ကားတစ် ဂျုံးစ်နဲ့ အဲလီးယော့တို့ကို တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုတာ၊ ဖာမီနိုနဲ့ မီနာမီနိုတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဆောက်သမ်တန်တို့ကတော့ အိမ်ကွင်းမှာ ၅-၄-၁ ပုံစံနဲ့ ကစားခဲ့ကြပြီး ဂိုးသမား မက္ကာသီ၊ ခံစစ်မှာ ဝေါ်လ်ကာ-ပီတာစ်၊ လီယန်ကို၊ ဆာလီဆူး၊ စတီဖင်စ်၊ ရက်ဒ်မွန့်တို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်ယူနူစီ၊ ဝါ့ဒ်-ပရောက်စ်၊ ဒီယယ်လိုနဲ့ တယ်လာတို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ ဘရိုယာတစ်ယောက်တည်းကို အထောင်ထားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ အိမ်ရှင် ဆောက်သမ်တန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ခံစစ်နဲ့ အလယ်တန်းမှာ Hybrid ကစားနေတဲ့ ရက်ဒ်မွန့်က ဒီယယ်လို ပေးတဲ့ ဘောလုံးကနေ ဘယ်တောင်ပံက တစ်ဆင့် အတွင်းကို ချိုးဝင်ပြီး လီဗာပူးလ်နောက်ခံလူ ငါးယောက် ကြားကနေ ကန်သွင်းခဲ့ရာမှာ အဝေးတိုင်အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ အယ်လစ်ဆန် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ဆောက်သမ်တန်တို့အနေနဲ့ ဒီနေ့ပွဲမှာ ခံစစ်နဲ့ ကောင်တာကစားဖို့ကိုပဲ အာရုံစိုက်ခဲ့ပြီး သူတို့တွေရဲ့ တောင်ပံတွေက လျင်မြန်တဲ့ ရက်ဒ်မွန့်နဲ့ ဝေါ်လ်ကာ-ပီတာစ်တို့လို ကစားသမားတွေက လူမစုံတဲ့ လီဗာပူးလ်နောက်တန်းကို တော်တော်လေး ဒုက္ခပေးသွားနိုင်ခဲ့သလို အယ်လစ်ဆန်ကိုလည်း အလုပ်များစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဂျိုးဂိုမက်ဇ်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဂျိုတာက မီနာမီနိုရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ရာမှာ ဂျပန်သားက ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းပြီး ပြီးခဲ့တဲ့ နှစ်က အငှားနဲ့ သွားကစားခဲ့တဲ့ အသင်းဟောင်းကို ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ လူမစုံတဲ့ လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်နဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချမှု အပိုင်းမှာတော့ အရင်ပွဲတွေကလိုပဲ အချိုးအစားမမျှခဲ့လို့ ဂိုးကန်ခွင့်နဲ့ ဂိုးပေါက်တည့်မှုက ကွာခြားနေခဲ့ပြီး ဆောက်သမ်တန်တို့နဲ့ တစ်ဂိုးစီသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဒဏ်ရာရထားတဲ့ ဂျိုးဂိုမက်ဇ်အစား ဟန်ဒါဆန် ဝင်လာခဲ့ပြီး ဆီမီကတ်စ် ပေးတာကို ဂျိုတာရဲ့ ကန်ချက်က အဝေးတိုင်ဘေးက ထွက်သွားခဲ့သလို အဲလီးယော့ကလည်း ဖာမီနို ဖန်တီး ပေးတာကို အသုံးမချနိုင်ခဲ့ဘဲ ဖာမီနိုရဲ့ ဧရိယာထိပ်က ကန်ချက်ကိုလည်း ဂိုးသမား မက္ကာသီ ဖမ်းယူသွားနိုင်ခဲ့လို့ ပွဲအဖြေက တော်တော်နဲ့ မပြောင်းလဲဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ လီဗာပူးလ်တို့ အနိုင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ဆီမီကတ်စ် ကန်တင်ပေးရာမှာ အယ်လ်ယူနူစီရဲ့ ခေါင်းတိုက်ရှင်းထုတ်ပုံ မသေသပ်တာကြောင့် ချော်ထွက်လာခဲ့တဲ့ ဘောလုံးကို မာတစ်ပ်က ခေါင်းတိုက်သွင်းရာမှာ ဝေါ်လ်ကာ-ပီတာစ်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ နောက်ကနေ ပြန်လာနိုင်ခဲ့ကြတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ထိန်းကစားသွားခဲ့သလို အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြတာကြောင့် ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ Come Back နိုင်ပွဲကို ဆင်နွှဲနိုင်ခဲ့ကြသလို မန်ချက်စတာစီးတီးနောက်က တစ်မှတ်အကွာနဲ့ အပိတ်ပွဲမှာ သူတို့တွေ ခြေချော်ခဲ့ရင် အခွင့်အရေးယူနိုင်ဖို့ ဆက်လက်မျှော်လင့်နိုင်ဆဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အက္ဖ္ေအဖလားဗိုလ္လုပြဲ ပြဲပန္းထားတာေၾကာင့္ အဓိက ကစားသမားတခ်ိဳ႕ကို အနားေပးခဲ့ၿပီး ဂိုးသမား အယ္လစ္ဆန္၊ မာတစ္ပ္၊ ကိုနာေတ၊ ဂ်ိဳးဂိုမက္ဇ္၊ ဆီမီကတ္စ္တို႔နဲ႔ ခံစစ္ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဝါရင့္ မီလ္နာနဲ႔အတူ လူငယ္ေတြ ျဖစ္ၾကတဲ့ ကားတစ္ ဂ်ဳံးစ္နဲ႔ အဲလီးေယာ့တို႔ကို တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ိဳတာ၊ ဖာမီႏိုနဲ႔ မီနာမီႏိုတို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ေဆာက္သမ္တန္တို႔ကေတာ့ အိမ္ကြင္းမွာ ၅-၄-၁ ပုံစံနဲ႔ ကစားခဲ့ၾကၿပီး ဂိုးသမား မကၠာသီ၊ ခံစစ္မွာ ေဝၚလ္ကာ-ပီတာစ္၊ လီယန္ကို၊ ဆာလီဆူး၊ စတီဖင္စ္၊ ရက္ဒ္မြန႔္တို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ အယ္လ္ယူႏူစီ၊ ဝါ့ဒ္-ပေရာက္စ္၊ ဒီယယ္လိုနဲ႔ တယ္လာတို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘ႐ိုယာတစ္ေယာက္တည္းကို အေထာင္ထားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အိမ္ရွင္ ေဆာက္သမ္တန္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ခံစစ္နဲ႔ အလယ္တန္းမွာ Hybrid ကစားေနတဲ့ ရက္ဒ္မြန႔္က ဒီယယ္လို ေပးတဲ့ ေဘာလုံးကေန ဘယ္ေတာင္ပံက တစ္ဆင့္ အတြင္းကို ခ်ိဳးဝင္ၿပီး လီဗာပူးလ္ေနာက္ခံလူ ငါးေယာက္ ၾကားကေန ကန္သြင္းခဲ့ရာမွာ အေဝးတိုင္အေပၚေထာင့္ကို ဝင္သြားခဲ့လို႔ အယ္လစ္ဆန္ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ေဆာက္သမ္တန္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ခံစစ္နဲ႔ ေကာင္တာကစားဖို႔ကိုပဲ အာ႐ုံစိုက္ခဲ့ၿပီး သူတို႔ေတြရဲ႕ ေတာင္ပံေတြက လ်င္ျမန္တဲ့ ရက္ဒ္မြန႔္နဲ႔ ေဝၚလ္ကာ-ပီတာစ္တို႔လို ကစားသမားေတြက လူမစုံတဲ့ လီဗာပူးလ္ေနာက္တန္းကို ေတာ္ေတာ္ေလး ဒုကၡေပးသြားႏိုင္ခဲ့သလို အယ္လစ္ဆန္ကိုလည္း အလုပ္မ်ားေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဂ်ိဳးဂိုမက္ဇ္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ဂ်ိဳတာက မီနာမီႏိုရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးခဲ့ရာမွာ ဂ်ပန္သားက ေထာင့္က်ဥ္းထဲကို အျပင္းကန္သြင္းၿပီး ၿပီးခဲ့တဲ့ ႏွစ္က အငွားနဲ႔ သြားကစားခဲ့တဲ့ အသင္းေဟာင္းကို ဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ လူမစုံတဲ့ လီဗာပူးလ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းေလာက္နဲ႔ ဖိကစားႏိုင္ခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးခ်မႈ အပိုင္းမွာေတာ့ အရင္ပြဲေတြကလိုပဲ အခ်ိဳးအစားမမွ်ခဲ့လို႔ ဂိုးကန္ခြင့္နဲ႔ ဂိုးေပါက္တည့္မႈက ကြာျခားေနခဲ့ၿပီး ေဆာက္သမ္တန္တို႔နဲ႔ တစ္ဂိုးစီသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ ဒဏ္ရာရထားတဲ့ ဂ်ိဳးဂိုမက္ဇ္အစား ဟန္ဒါဆန္ ဝင္လာခဲ့ၿပီး ဆီမီကတ္စ္ ေပးတာကို ဂ်ိဳတာရဲ႕ ကန္ခ်က္က အေဝးတိုင္ေဘးက ထြက္သြားခဲ့သလို အဲလီးေယာ့ကလည္း ဖာမီႏို ဖန္တီး ေပးတာကို အသုံးမခ်ႏိုင္ခဲ့ဘဲ ဖာမီႏိုရဲ႕ ဧရိယာထိပ္က ကန္ခ်က္ကိုလည္း ဂိုးသမား မကၠာသီ ဖမ္းယူသြားႏိုင္ခဲ့လို႔ ပြဲအေျဖက ေတာ္ေတာ္နဲ႔ မေျပာင္းလဲဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အႏိုင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ဆီမီကတ္စ္ ကန္တင္ေပးရာမွာ အယ္လ္ယူႏူစီရဲ႕ ေခါင္းတိုက္ရွင္းထုတ္ပုံ မေသသပ္တာေၾကာင့္ ေခ်ာ္ထြက္လာခဲ့တဲ့ ေဘာလုံးကို မာတစ္ပ္က ေခါင္းတိုက္သြင္းရာမွာ ေဝၚလ္ကာ-ပီတာစ္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ေနာက္ကေန ျပန္လာႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ထိန္းကစားသြားခဲ့သလို အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကတာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ Come Back ႏိုင္ပြဲကို ဆင္ႏႊဲႏိုင္ခဲ့ၾကသလို မန္ခ်က္စတာစီးတီးေနာက္က တစ္မွတ္အကြာနဲ႔ အပိတ္ပြဲမွာ သူတို႔ေတြ ေျခေခ်ာ္ခဲ့ရင္ အခြင့္အေရးယူႏိုင္ဖို႔ ဆက္လက္ေမွ်ာ္လင့္ႏိုင္ဆဲျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.