Premier League

တစ်ရာသီတာအကောင်းဆုံးအသင်းမှာ မန်ယူနဲ့အာဆင်နယ်ကစားသမားတွေကို ချန်လှပ်ခဲ့တဲ့ ကာရေဂါနဲ့ နဗီး

ဂျေမီ ကာရေဂါနဲ့ ဂယ်ရီ နဗီးတို့ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးအသင်းကို သတ်မှတ်ခဲ့ရာမှာ ကစားသမား ၇ ဦးအထိ သဘောထားချင်း တိုက်ဆိုင်ခဲ့ကြပါတယ်။

ကာရေဂါနဲ့ နဗီးတို့ဟာ တနင်္လာနေ့ညမှာ နယူးကာဆယ်လ် ယူနိုက်တက်က အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ၂၀၂၁-၂၀၂၂ ရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမား ၁၁ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Sky Sports ဘောလုံးဝေဖန်သူ ၂ ဦးဟာ ကစားသမား ၇ ဦးအထိ စိတ်သဘောထားတိုက်ဆိုင်ခဲ့ကြပြီး အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗား၊ မိုဟာမက် ဆာလား၊ ဟာရီ ကိန်းနဲ့ ဆွန်ဟောင်မင်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့ ရွေးချယ်မှုတွေမှာတော့ လီဗာပူးလ်ဂန္တဝင်က ထရင့် အလက်ဇန်းဒါး-အာနိုးလ်၊ မာတစ်ပ်၊ ကန်ဆယ်လိုတို့ကို ခံစစ်အတွက် ရွေးချယ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကတော့ ကိုင်လီ ဝေါ်ကာ၊ ရူဘင် ဒီယက်စ်နဲ့ ရောဘတ်ဆန်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကာရေဂါက ကွင်းလယ်နေရာမှာ ဒီကလန် ရိုက်စ်ကို ရွေးချယ်ခဲ့ပြီး ဂယ်ရီ နဗီးက မန်စီးတီး ကွင်းလယ်ကြယ်ပွင့် ရိုဒရီကို ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်စ်ကို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ကာရေဂါက “ကျွန်တော် အမြဲတမ်း ဖာဘင်ညို ဒါမှမဟုတ် ရိုဒရီ အကြောင်း ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ထိပ်တန်းအသင်းတွေမှာ ကစားနေပြီး ဘောလုံးကို အန္တရာယ်ရှိတဲ့နေရာကနေ အဝေးကို သယ်ဆောင်သွားတဲ့နေရာမှာ ကျန်တဲ့သူတွေ ကောင်းသလောက် ကောင်းလို့ပါ။ ဒီကလန် ရိုက်စ်က ကျွန်တော့်ကို ၂ နေရာမှာ ကစားတဲ့ ကွင်းလယ်ကစားသမားပုံစံဟောင်းကို သတိရသွားစေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ကျွန်တော့်ကို ရွိုင် ကီးန်ကို သတိရစေတယ်။ သူက ကွင်းလယ်ခံစစ်ကစားသမားမဟုတ်ပါဘူး။ သူက ဘောလုံးနဲ့အတူ ရှေ့ကို ပြေးတက်တတ်တဲ့ကစားသမားပါ။ သူက အထိုင်ကွင်းလယ်ကစားသမားဆိုတာထက် အများကြီး ပိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီ နဗီးက ရောဘတ်ဆန်ကို ကြီးမားတဲ့ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး လီဗာပူးလ်နောက်ခံကစားသမားကို ပရီးမီးယားလိဂ်မှာ အခြားကစားသမားတွေထက် မိုင်ပေါင်းများစွာ ရှေ့ရောက်နေတဲ့ အကောင်းဆုံးနောက်ခံတောင်ပံကစားသမားလို့ ခေါ်ဝေါ်ခဲ့ပါတယ်။

“ကန်ဆယ်လိုကို လုံးဝ နှစ်သက်ပါတယ်။ ကျွန်တော် သူ့ကို ဒီထက်ပိုပြီး မနှစ်သက်နိုင်တော့ပေမယ့် ကျွန်တော် ရောဘတ်ဆန်ကိုတော့ လစ်လျူရှုလို့မရနိုင်ပါဘူး။ သူက လိဂ်မှာ မိုင်ပေါင်းများစွာရှေ့ရောက်နေတဲ့ အကောင်းဆုံး နောက်ခံတောင်ပံကစားသမားပါ။ ဘာလို့လဲဆိုတော့ သူက တိုက်စစ်ရော၊ ခံစစ်မှာပါ မယုံနိုင်စရာကောင်းအောင် ကောင်းကောင်းလုပ်နေတာကြောင့်ပါ။ အပတ်တိုင်း ၁၀ မှာ ၈ မှတ်၊ ၉ မှတ်ပဲ။ နာကျင်ရတဲ့ ပွဲစဉ်တွေမှာ လီဗာပူးလ်ကို သူ ပေးခဲ့တဲ့ မောင်းနှင်အားက မယုံနိုင်စရာကောင်းပါတယ်။ သူက ခင်ဗျား သတိထားမိတာထက်ကို အများကြီး ပိုလုပ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဂ်မီ ကာေရဂါနဲ႔ ဂယ္ရီ နဗီးတို႔ဟာ ပရီးမီးယားလိဂ္ရဲ့ တစ္ရာသီတာအေကာင္းဆုံးအသင္းကို သတ္မွတ္ခဲ့ရာမွာ ကစားသမား ၇ ဦးအထိ သေဘာထားခ်င္း တိုက္ဆိုင္ခဲ့ၾကပါတယ္။

ကာေရဂါနဲ႔ နဗီးတို႔ဟာ တနလၤာေန႔ညမွာ နယူးကာဆယ္လ္ ယူနိုက္တက္က အာဆင္နယ္ကို အနိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ၂၀၂၁-၂၀၂၂ ရာသီအတြက္ ပရီးမီးယားလိဂ္ရဲ့ တစ္ရာသီတာအေကာင္းဆုံးကစားသမား ၁၁ ဦးကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

Sky Sports ေဘာလုံးေဝဖန္သူ ၂ ဦးဟာ ကစားသမား ၇ ဦးအထိ စိတ္သေဘာထားတိုက္ဆိုင္ခဲ့ၾကၿပီး အယ္လစ္ဆန္၊ ဗန္ဒိုက္၊ ဒီဘရိုင္းနား၊ ဘာနာဒို ေဆးလ္ဗား၊ မိုဟာမက္ ဆာလား၊ ဟာရီ ကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

က်န္တဲ့ ေရြးခ်ယ္မႈေတြမွာေတာ့ လီဗာပူးလ္ဂႏၲဝင္က ထရင့္ အလက္ဇန္းဒါး-အာနိုးလ္၊ မာတစ္ပ္၊ ကန္ဆယ္လိုတို႔ကို ခံစစ္အတြက္ ေရြးခ်ယ္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကေတာ့ ကိုင္လီ ေဝၚကာ၊ ႐ူဘင္ ဒီယက္စ္နဲ႔ ေရာဘတ္ဆန္တို႔ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ကာေရဂါက ကြင္းလယ္ေနရာမွာ ဒီကလန္ ရိုက္စ္ကို ေရြးခ်ယ္ခဲ့ၿပီး ဂယ္ရီ နဗီးက မန္စီးတီး ကြင္းလယ္ၾကယ္ပြင့္ ရိုဒရီကို ေရြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။ ဒီကလန္ ရိုက္စ္ကို ေရြးခ်ယ္ခဲ့တာနဲ႔ပတ္သက္ၿပီး ကာေရဂါက “ကၽြန္ေတာ္ အျမဲတမ္း ဖာဘင္ညိဳ ဒါမွမဟုတ္ ရိုဒရီ အေၾကာင္း ေျပာခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ထိပ္တန္းအသင္းေတြမွာ ကစားေနၿပီး ေဘာလုံးကို အႏၲရာယ္ရွိတဲ့ေနရာကေန အေဝးကို သယ္ေဆာင္သြားတဲ့ေနရာမွာ က်န္တဲ့သူေတြ ေကာင္းသေလာက္ ေကာင္းလို႔ပါ။ ဒီကလန္ ရိုက္စ္က ကၽြန္ေတာ့္ကို ၂ ေနရာမွာ ကစားတဲ့ ကြင္းလယ္ကစားသမားပုံစံေဟာင္းကို သတိရသြားေစခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သူက ကၽြန္ေတာ့္ကို ရြိဳင္ ကီးန္ကို သတိရေစတယ္။ သူက ကြင္းလယ္ခံစစ္ကစားသမားမဟုတ္ပါဘူး။ သူက ေဘာလုံးနဲ႔အတူ ေရွ႕ကို ေျပးတက္တတ္တဲ့ကစားသမားပါ။ သူက အထိုင္ကြင္းလယ္ကစားသမားဆိုတာထက္ အမ်ားႀကီး ပိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီ နဗီးက ေရာဘတ္ဆန္ကို ႀကီးမားတဲ့ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး လီဗာပူးလ္ေနာက္ခံကစားသမားကို ပရီးမီးယားလိဂ္မွာ အျခားကစားသမားေတြထက္ မိုင္ေပါင္းမ်ားစြာ ေရွ႕ေရာက္ေနတဲ့ အေကာင္းဆုံးေနာက္ခံေတာင္ပံကစားသမားလို႔ ေခၚေဝၚခဲ့ပါတယ္။

“ကန္ဆယ္လိုကို လုံးဝ ႏွစ္သက္ပါတယ္။ ကၽြန္ေတာ္ သူ႔ကို ဒီထက္ပိုၿပီး မႏွစ္သက္နိုင္ေတာ့ေပမယ့္ ကၽြန္ေတာ္ ေရာဘတ္ဆန္ကိုေတာ့ လစ္လ်ဴရႈလို႔မရနိုင္ပါဘူး။ သူက လိဂ္မွာ မိုင္ေပါင္းမ်ားစြာေရွ႕ေရာက္ေနတဲ့ အေကာင္းဆုံး ေနာက္ခံေတာင္ပံကစားသမားပါ။ ဘာလို႔လဲဆိုေတာ့ သူက တိုက္စစ္ေရာ၊ ခံစစ္မွာပါ မယုံနိုင္စရာေကာင္းေအာင္ ေကာင္းေကာင္းလုပ္ေနတာေၾကာင့္ပါ။ အပတ္တိုင္း ၁၀ မွာ ၈ မွတ္၊ ၉ မွတ္ပဲ။ နာက်င္ရတဲ့ ပြဲစဥ္ေတြမွာ လီဗာပူးလ္ကို သူ ေပးခဲ့တဲ့ ေမာင္းႏွင္အားက မယုံနိုင္စရာေကာင္းပါတယ္။ သူက ခင္ဗ်ား သတိထားမိတာထက္ကို အမ်ားႀကီး ပိုလုပ္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.