Serie A

မမြင်ရတဲ့ ကြိုးတစ်ချောင်းကြောင့် မျက်ရည်ပင်လယ်ဖြစ်ခဲ့ရတဲ့ အဲလီးယန့်ဇ်ကွင်း

ပေါ်လို ဒီဘားလားဟာ ဂျူဗင်တပ်ကစားသမားအဖြစ်နဲ့ နောက်ဆုံး ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်အတွင်း စိတ်ခံစားချက်တွေ ပြည့်နှက်နေတဲ့ နှုတ်ဆက်မှုမျိုး ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုခြင်းခံခဲ့ရပြီးနောက် မျက်ရည်မဆည်နိုင်ဘဲ ကလေးငယ်တစ်ယောက်လို ငိုကြွေးခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ တနင်္လာနေ့ညက လာဇီယိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာ ဒူဆန် ဗလာဟိုဗစ်ချ်၊ မိုရာတာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မူရီဇီယို ဆာရီရဲ့အသင်းဟာ အဲလက်စ် ဆန်ဒရိုရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ဂိုး၊ မီလင်ကိုဗစ်-ဆားဗစ်ရဲ့ နာကျင်အချိန်ပို နောက်ကျချေပဂိုးတို့ကြောင့် အဲလီးယန့်ဇ်ကွင်းမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲစဉ်ရဲ့ ခေါင်းစည်းဟာ တူရင်မှာ ၇ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် အားလုံးကို နှုတ်ဆက်စကား ပြောခဲ့ရတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ပေါ်လို ဒီဘားလားနဲ့ပဲ သက်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်မှာ ပါလာမိုကနေ ပြောင်းရွှေ့လာပြီးကတည်းက ဂျူဗင်တပ်အသင်းအတွက် ၂၉၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၁၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး လာဇီယိုနဲ့ ပွဲစဉ်ဟာ ၎င်းရဲ့ ဂျူဗင်တပ်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်လိမ့်မယ်လို့ လူမှုကွန်ရက်ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားတို့ကို နှုတ်ဆက်ဖို့ မှန်ကန်တဲ့စကားလုံးရှာတွေ့ဖို့အတွက် ခက်ခဲပါတယ်။ နှစ်ပေါင်းများစွာအတူတူ စိတ်ခံစားမှုများစွာ ပါဝင်ပတ်သက်ခဲ့ကြတာပါ။ ကျွန်တော်တို့ ဒီထက်ပိုပြီး နှစ်တွေအများကြီးတောင် အတူတူရှိနေနိုင်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ကံတရားက ကျွန်တော်တို့ကို ကွဲပြားတဲ့ လမ်းကြောင်းပေါ် တွန်းတင်ခဲ့တယ်။ ပွဲစဉ်တိုင်း၊ သွင်းဂိုးတိုင်း၊ အတွေ့အကြုံတွေတိုင်းအတွက် ခင်ဗျားတို့ လုပ်ပေးခဲ့တဲ့အရာအားလုံးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ကြီးပြင်းခဲ့ပြီး လေ့လာသင်ယူခဲ့တယ်။ ကျွန်တော် အသက်ရှင်သန်ပြီး အိပ်မက်မက်ခဲ့တယ်”

“အဲဒါက မှော်ဆန်တဲ့ ၇ နှစ်တာကာလဖြစ်ခဲ့ပြီး ဆုဖလား ၁၂ လုံးနဲ့ သွင်းဂိုး ၁၁၅ ဂိုးက ကျွန်တော်တို့ဆီကနေ ဘယ်သူမှ လုယူသွားလို့ရမှာမဟုတ်ပါဘူး။ ဘယ်တော့မှ မရနိုင်ပါဘူး။ ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော့်ကို အားပေးထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်နဲ့အတူ လက်တွဲခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကနေ ကလပ်အသင်းထဲမှာ ကျွန်တော်နဲ့အတူ အလုပ်လုပ်ခဲ့တဲ့သူတွေအဆုံး၊ အားလုံး၊ နည်းပြတွေ၊ အသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ မန်နေဂျာတွေအားလုံးကို ကျေးဇူးတင်ပါတယ်”

“ဒီအရေးပါတဲ့ ဂျာစီနဲ့အတူ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခဲ့ရတာက ကျွန်တော့်ဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်ပြီး တစ်နေ့ကျ ကျွန်တော့် ကလေးတွေနဲ့ မြေးတွေကို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။ မနက်ဖြန်(တနင်္လာ)ဟာ ကျွန်တော့်ရဲ့ ဒီရှပ်ကိုဝတ်ဆင်ကစားတဲ့ နောက်ဆုံးပွဲဖြစ်ပါလိမ့်မယ်။ တွေးကြည့်ဖို့တောင် ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံးနှုတ်ဆက်ခွဲခွာမှုဖြစ်ပါလိမ့်မယ်။ အဲဒါက လွယ်ကူမှာမဟုတ်ပေမယ့် ကျွန်တော့်မှာ ရှိသမျှအရာအားလုံးကို ခင်ဗျားတို့အတွက် ပေးခဲ့တယ်ဆိုတဲ့ စိတ်နဲ့ ကွင်းထဲကို အပြုံးနဲ့ ခေါင်းမော့ပြီး ဝင်လာမှာပါ”လို့ ရေးသားခဲ့ပါတယ်။

လာဇီယိုနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ၇၇ မိနစ်မှာ ဒီဘားလားကို နည်းပြ အယ်လီဂရီက မာတင် ပလမ်ဘိုနဲ့ လူစားလဲလှယ်ခဲ့ချိန်မှာ ပရိသတ်တွေက မတ်တပ်ရပ် လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပြီး အသင်းခေါင်းဆောင် ခေလီနီက အာဂျင်တီးနားတိုက်စစ်မှူးကို ကွင်းဘေးစည်းမှာ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ ခေလီနီအတွက်လည်း စိတ်ခံစားမှုတွေ ပြည့်နှက်နေခဲ့တဲ့ညတစ်ညဖြစ်ခဲ့ပြီး ဒီဘားလားနည်းတူ ဂျူဗင်တပ်အသင်းအတွက် နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အသင်းဖော် ဘိုနူချီက အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ အသင်းဖော် ခေလီနီကို ဝမ်းနည်းကြေကွဲဖွယ် စာတစ်စောင် ရေးသားပေးခဲ့ပါတယ်။

“ချစ်ရတဲ့ ဂျော်ဂျီယို။ ဘယ်ကနေ စပြောရမလဲ။ အဆုံးကနေပဲ စရမယ်လို့ ငါ ထင်တယ်ကွာ။ ဒီနေ့က မင်းနေ့ဖြစ်ပြီး ဒီအရောင်အသွေးတွေ၊ ဒီအဝတ်လဲခန်းက မင်းကို စတင်ပြီး လွမ်းဆွတ်ရမယ့် နေ့လည်းဟုတ်ပါတယ်။ မင်းက စံနမူနာ၊ လမ်းညွှန်သူ၊ အစ်ကိုတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ငါတို့တွေ အတူတူ ၁၀ နှစ်ကျော်တောင် အတူတူ မျှဝေခဲ့ကြပြီး ငါတို့ ပျော်ခဲ့ကြတယ်။ ငါတို့ နာကျင်ခံစားခဲ့ကြတယ်။ ငါတို့တွေ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်။ ငါတို့တွေ အတူတူ တိုက်ပွဲဝင်ခဲ့တယ်။ ငါတို့တွေ အနိုင်ရခဲ့တယ်”

“ဂျူဗီနဲ့အတူ အများကြီး အနိုင်ရခဲ့တယ်။ အီတလီနဲ့အတူ သူမတူတဲ့အရာတွေကို အနိုင်ရခဲ့တယ်။ မင်းနဲ့အတူ ကွင်းထဲမှာ ရှိနေခွင့်ရတာက ငါ့အတွက်တော့ အထူးအခွင့်အရေးကြီး၊ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ကွင်းပြင်ပမှာဆို အဲဒီထက်တောင် အများကြီး ပိုပါတယ်။ အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေအောင် မင်းဆီကနေ လေ့လာသင်ယူခဲ့ရတယ်။ ရှေ့လာမယ့်အနာဂတ်မှာ ကံကောင်းပါစေ ဂန္တဝင်ကြီးရေ။ ဘာပဲဖြစ်ဖြစ် မင်းက ထိပ်တန်းအဆင့်မှာ အမြဲတမ်း လုပ်ဆောင်နိုင်မှာပါ။ မမြင်ရတဲ့ကြိုးတစ်စက ကွင်းထဲက ငါ့ရဲ့ ဘောလုံးတိုက်ပွဲတွေမှာ ငါတို့ကို ထာဝရ အတူတကွချည်နှောင်ထားပါလိမ့်မယ်။ ကျေးဇူတင်ပါတယ် ကပ္ပတိန်။ ငါမင်းကို ချစ်တယ်”လို့ ဘိုနူချီက ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပၚလို ဒီဘားလားဟာ ဂ်ဴဗင္တပ္ကစားသမားအျဖစ္နဲ႔ ေနာက္ဆုံး ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္အတြင္း စိတ္ခံစားခ်က္ေတြ ျပည့္ႏွက္ေနတဲ့ ႏႈတ္ဆက္မႈမ်ိဳး ရရွိခဲ့ၿပီး ပရိသတ္ေတြရဲ့ မတ္တပ္ရပ္ လက္ခုပ္တီး ဂုဏ္ျပဳျခင္းခံခဲ့ရၿပီးေနာက္ မ်က္ရည္မဆည္နိုင္ဘဲ ကေလးငယ္တစ္ေယာက္လို ငိုေႂကြးခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ တနလၤာေန႔ညက လာဇီယိုနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္းမွာ ဒူဆန္ ဗလာဟိုဗစ္ခ်္၊ မိုရာတာတို႔ရဲ့ သြင္းဂိုးေတြနဲ႔ ၂-၀ နဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္လည္း ပြဲအၿပီးမွာ သေရ ၁ မွတ္သာ ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ မူရီဇီယို ဆာရီရဲ့အသင္းဟာ အဲလက္စ္ ဆန္ဒရိုရဲ့ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိတဲ့ဂိုး၊ မီလင္ကိုဗစ္-ဆားဗစ္ရဲ့ နာက်င္အခ်ိန္ပို ေနာက္က်ေခ်ပဂိုးတို႔ေၾကာင့္ အဲလီးယန႔္ဇ္ကြင္းမွာ အံ့အားသင့္ဖြယ္ ျပန္လာနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီပြဲစဥ္ရဲ့ ေခါင္းစည္းဟာ တူရင္မွာ ၇ ႏွစ္ၾကာ ကစားေပးခဲ့ၿပီးေနာက္ အားလုံးကို ႏႈတ္ဆက္စကား ေျပာခဲ့ရတဲ့ ဂ်ဴဗင္တပ္တိုက္စစ္မႉး ေပၚလို ဒီဘားလားနဲ႔ပဲ သက္ဆိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ၂၀၁၅ ခုႏွစ္မွာ ပါလာမိုကေန ေျပာင္းေရႊ႕လာၿပီးကတည္းက ဂ်ဴဗင္တပ္အသင္းအတြက္ ၂၉၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၁၅ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့သူျဖစ္ၿပီး လာဇီယိုနဲ႔ ပြဲစဥ္ဟာ ၎ရဲ့ ဂ်ဴဗင္တပ္ကစားသမားဘဝ ေနာက္ဆုံးပြဲစဥ္ျဖစ္လိမ့္မယ္လို႔ လူမႈကြန္ရက္ကေန ေၾကညာခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားတို႔ကို ႏႈတ္ဆက္ဖို႔ မွန္ကန္တဲ့စကားလုံးရွာေတြ႕ဖို႔အတြက္ ခက္ခဲပါတယ္။ ႏွစ္ေပါင္းမ်ားစြာအတူတူ စိတ္ခံစားမႈမ်ားစြာ ပါဝင္ပတ္သက္ခဲ့ၾကတာပါ။ ကၽြန္ေတာ္တို႔ ဒီထက္ပိုၿပီး ႏွစ္ေတြအမ်ားႀကီးေတာင္ အတူတူရွိေနနိုင္လိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္ ကံတရားက ကၽြန္ေတာ္တို႔ကို ကြဲျပားတဲ့ လမ္းေၾကာင္းေပၚ တြန္းတင္ခဲ့တယ္။ ပြဲစဥ္တိုင္း၊ သြင္းဂိုးတိုင္း၊ အေတြ႕အၾကဳံေတြတိုင္းအတြက္ ခင္ဗ်ားတို႔ လုပ္ေပးခဲ့တဲ့အရာအားလုံးကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး။ ခင္ဗ်ားတို႔နဲ႔အတူ ကၽြန္ေတာ္ ႀကီးျပင္းခဲ့ၿပီး ေလ့လာသင္ယူခဲ့တယ္။ ကၽြန္ေတာ္ အသက္ရွင္သန္ၿပီး အိပ္မက္မက္ခဲ့တယ္”

“အဲဒါက ေမွာ္ဆန္တဲ့ ၇ ႏွစ္တာကာလျဖစ္ခဲ့ၿပီး ဆုဖလား ၁၂ လုံးနဲ႔ သြင္းဂိုး ၁၁၅ ဂိုးက ကၽြန္ေတာ္တို႔ဆီကေန ဘယ္သူမွ လုယူသြားလို႔ရမွာမဟုတ္ပါဘူး။ ဘယ္ေတာ့မွ မရနိုင္ပါဘူး။ ခက္ခဲတဲ့အခ်ိန္ေတြမွာ ကၽြန္ေတာ့္ကို အားေပးေထာက္ခံခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ကၽြန္ေတာ္နဲ႔အတူ လက္တြဲခဲ့တဲ့သူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ပရိသတ္ေတြကေန ကလပ္အသင္းထဲမွာ ကၽြန္ေတာ္နဲ႔အတူ အလုပ္လုပ္ခဲ့တဲ့သူေတြအဆုံး၊ အားလုံး၊ နည္းျပေတြ၊ အသင္းေဖာ္ေတြ၊ ဝန္ထမ္းေတြ၊ မန္ေနဂ်ာေတြအားလုံးကို ေက်းဇူးတင္ပါတယ္”

“ဒီအေရးပါတဲ့ ဂ်ာစီနဲ႔အတူ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ခဲ့ရတာက ကၽြန္ေတာ့္ဘဝမွာ ဂုဏ္ယူစရာအေကာင္းဆုံးအရာေတြထဲက တစ္ခုျဖစ္ၿပီး တစ္ေန႔က် ကၽြန္ေတာ့္ ကေလးေတြနဲ႔ ေျမးေတြကို ျပသနိုင္ဖို႔ ေမၽွာ္လင့္ပါတယ္။ မနက္ျဖန္(တနလၤာ)ဟာ ကၽြန္ေတာ့္ရဲ့ ဒီရွပ္ကိုဝတ္ဆင္ကစားတဲ့ ေနာက္ဆုံးပြဲျဖစ္ပါလိမ့္မယ္။ ေတြးၾကည့္ဖို႔ေတာင္ ခက္ခဲပါတယ္။ ဒါေပမယ့္ အဲဒါက ကၽြန္ေတာ္တို႔ရဲ့ ေနာက္ဆုံးႏႈတ္ဆက္ခြဲခြာမႈျဖစ္ပါလိမ့္မယ္။ အဲဒါက လြယ္ကူမွာမဟုတ္ေပမယ့္ ကၽြန္ေတာ့္မွာ ရွိသမၽွအရာအားလုံးကို ခင္ဗ်ားတို႔အတြက္ ေပးခဲ့တယ္ဆိုတဲ့ စိတ္နဲ႔ ကြင္းထဲကို အျပဳံးနဲ႔ ေခါင္းေမာ့ၿပီး ဝင္လာမွာပါ”လို႔ ေရးသားခဲ့ပါတယ္။

လာဇီယိုနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ ၇၇ မိနစ္မွာ ဒီဘားလားကို နည္းၿပ အယ္လီဂရီက မာတင္ ပလမ္ဘိုနဲ႔ လူစားလဲလွယ္ခဲ့ခ်ိန္မွာ ပရိသတ္ေတြက မတ္တပ္ရပ္ လက္ခုပ္တီးဂုဏ္ျပဳခဲ့ၾကၿပီး အသင္းေခါင္းေဆာင္ ေခလီနီက အာဂ်င္တီးနားတိုက္စစ္မႉးကို ကြင္းေဘးစည္းမွာ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ပါတယ္။ ေခလီနီအတြက္လည္း စိတ္ခံစားမႈေတြ ျပည့္ႏွက္ေနခဲ့တဲ့ညတစ္ညျဖစ္ခဲ့ၿပီး ဒီဘားလားနည္းတူ ဂ်ဴဗင္တပ္အသင္းအတြက္ ေနာက္ဆုံး အိမ္ကြင္းပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အသင္းေဖာ္ ဘိုႏူခ်ီက အရင္းႏွီးဆုံးသူငယ္ခ်င္းလည္းျဖစ္တဲ့ အသင္းေဖာ္ ေခလီနီကို ဝမ္းနည္းေၾကကြဲဖြယ္ စာတစ္ေစာင္ ေရးသားေပးခဲ့ပါတယ္။

“ခ်စ္ရတဲ့ ေဂ်ာ္ဂ်ီယို။ ဘယ္ကေန စေျပာရမလဲ။ အဆုံးကေနပဲ စရမယ္လို႔ ငါ ထင္တယ္ကြာ။ ဒီေန႔က မင္းေန႔ျဖစ္ၿပီး ဒီအေရာင္အေသြးေတြ၊ ဒီအဝတ္လဲခန္းက မင္းကို စတင္ၿပီး လြမ္းဆြတ္ရမယ့္ ေန႔လည္းဟုတ္ပါတယ္။ မင္းက စံနမူနာ၊ လမ္းညႊန္သူ၊ အစ္ကိုတစ္ေယာက္၊ သူငယ္ခ်င္းတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ငါတို႔ေတြ အတူတူ ၁၀ ႏွစ္ေက်ာ္ေတာင္ အတူတူ မၽွေဝခဲ့ၾကၿပီး ငါတို႔ ေပ်ာ္ခဲ့ၾကတယ္။ ငါတို႔ နာက်င္ခံစားခဲ့ၾကတယ္။ ငါတို႔ေတြ ျပင္းျပင္းထန္ထန္ ႀကိဳးစားခဲ့တယ္။ ငါတို႔ေတြ အတူတူ တိုက္ပြဲဝင္ခဲ့တယ္။ ငါတို႔ေတြ အနိုင္ရခဲ့တယ္”

“ဂ်ဴဗီနဲ႔အတူ အမ်ားႀကီး အနိုင္ရခဲ့တယ္။ အီတလီနဲ႔အတူ သူမတူတဲ့အရာေတြကို အနိုင္ရခဲ့တယ္။ မင္းနဲ႔အတူ ကြင္းထဲမွာ ရွိေနခြင့္ရတာက ငါ့အတြက္ေတာ့ အထူးအခြင့္အေရးႀကီး၊ ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။ ကြင္းျပင္ပမွာဆို အဲဒီထက္ေတာင္ အမ်ားႀကီး ပိုပါတယ္။ အရာအားလုံးအတြက္ အဆင္သင့္ျဖစ္ေနေအာင္ မင္းဆီကေန ေလ့လာသင္ယူခဲ့ရတယ္။ ေရွ႕လာမယ့္အနာဂတ္မွာ ကံေကာင္းပါေစ ဂႏၲဝင္ႀကီးေရ။ ဘာပဲျဖစ္ျဖစ္ မင္းက ထိပ္တန္းအဆင့္မွာ အျမဲတမ္း လုပ္ေဆာင္နိုင္မွာပါ။ မျမင္ရတဲ့ႀကိဳးတစ္စက ကြင္းထဲက ငါ့ရဲ့ ေဘာလုံးတိုက္ပြဲေတြမွာ ငါတို႔ကို ထာဝရ အတူတကြခ်ည္ေႏွာင္ထားပါလိမ့္မယ္။ ေက်းဇူတင္ပါတယ္ ကပၸတိန္။ ငါမင္းကို ခ်စ္တယ္”လို႔ ဘိုႏူခ်ီက ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.