Match Report Premier League

၁၄ ႀကိမ္ေျမာက္ အက္ဖ္ေအဖလားစံခ်ိန္နဲ႔အတူ ယူ႐ုိပါလိဂ္ဝင္ခြင့္ ရယူႏိုင္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ အသင္းရဲ႕ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကေန လြဲေခ်ာ္ခဲ့ရတဲ့ ယူ႐ိုပါလိဂ္ဝင္ခြင့္ကို အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအသင္းကို အႏုိင္ယူၿပီး ရယူႏုိင္ခဲ့သလို ဒီဖလားသမိုင္းမွာ စံခ်ိန္တင္အျဖစ္ ၁၄ ႀကိမ္ဆုိတဲ့ မွတ္တမ္းကိုလည္း ထပ္မံတုိးျမႇင့္သြားႏုိင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲမွာ ႏွစ္သင္းစလုံး ၃-၄-၃ ပုံစံကိုပဲ အေျချပဳခဲ့ၾကၿပီး ကြင္းလယ္ပုိင္းမွာေတာ့ ခ်ဲလ္ဆီးတုိ႔ သာလြန္ခဲ့သလို တုိက္စစ္ပုိင္းနဲ႔ ေတာင္ပံေတြမွာ နည္းဗ်ဴဟာေျမာက္ကစားႏုိင္မွဳမွာေတာ့ အာဆင္နယ္တုိ႔ သာလြန္ခဲ့လို႔ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ အကဲစမ္းခဲ့ၾကၿပီး အဖြင့္ဂိုးကိုေတာ့ ခ်ဲလ္ဆီးက ရယူသြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာပဲ ခ်ဲလ္ဆီးတုိ႔အတြက္ ဦးေဆာင္ဂိုးကို အာဆင္နယ္ရဲ႕ ကြက္လပ္ေတြကေန ေမဆန္ေမာင့္က ဆြဲေျပးၿပီး ခ်ဳိးေပးတာကို ျပင္သစ္တုိက္စစ္မွဴး ဂ်ီ႐ူးက ေနာက္က ပါလာတဲ့ ပူလီဆစ္ခ်္အတြက္ ေနာက္ေပါက္နဲ႔ ခ်န္ထားေပးခဲ့တာကို သူက အာဆင္နယ္ေနာက္ခံလူေတြကို ထပ္မံ ေက်ာ္ျဖတ္ၿပီး ဂိုးသမားနဲ႔အေတြ႕မွာ အပုိင္ကန္သြင္းယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီဂိုးေပးလုိက္ရလုိ႔ အာဆင္နယ္တို႔ ပုိမိုဖိကစားလာခဲ့ၿပီး ေတာင္ပံေတြကေန ဖိအားေပးလာခဲ့သလို ေနာက္ခံလူ တီယာနီရဲ႕ အေဝးေဘာေတြကလည္း ခ်ဲလ္ဆီးေနာက္တန္းကို အလုပ္မ်ားေစခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ သူ႕ရဲ႕ အေဝးေဘာကို အူဘာမီယန္း ဆြဲေျပးရာမွာ အက္ဇ္ပီလီေကြတာက ဧရိယာထဲမွာ ဆြဲလွဲခဲ့လို႔ အာဆင္နယ္တုိ႔ ပင္နယ္တီကန္ခြင့္ရခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အဝါကတ္ထိခဲ့ၿပီး VAR ျပန္လည္စစ္ေဆးအၿပီးမွာေတာ့ ဒီပင္နယ္တီကို အူဘာမီယန္းကပဲ ပြဲခ်ိန္ ၂၈ မိနစ္မွာ ကိုယ္တုိင္ကန္သြင္းခဲ့ၿပီး ဝါရင့္ဂိုးသမား ကာဘယ္လာ႐ိုကို မွားယြင္းတဲ့ဘက္ကို ဒိုက္ပစ္ေအာင္ လွည့္စားခဲ့ၿပီး ညာေထာင့္ထဲကို လွလွပပ သြင္းယူႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

ပထမပိုင္းၿပီးဆုံးခ်ိန္အထိ အာဆင္နယ္ေရာ ခ်ဲလ္ဆီးပါ အျပန္အလွန္ အခြင့္အေရးေတြ ရရွိခဲ့ၾကၿပီး အာဆင္နယ္ဘက္က ခ်ဲလ္ဆီးရဲ႕ ပူလီဆစ္ခ်္နဲ႔ ေမဆန္ေမာင့္တုိ႔ကို မထိန္းႏုိင္ခဲ့သလို ခ်ဲလ္ဆီးဘက္ကလည္း ေပေပနဲ႔ အူဘာမီယန္းတုိ႔ရဲ႕ တုိက္စစ္ေတြမွာ ဗ်ာမ်ားေနခဲ့ၾကေပမယ့္ ဂိုးမရခဲ့လို႔ တစ္ဂိုးစီနဲ႔ ၄၅ မိနစ္ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပုိင္းအစမွာေတာ့ ပြဲစစခ်င္းမွာ ျမန္ႏွဳန္းတင္ၿပီး ေဘာလုံးဆြဲေျပးကန္သြင္းလာတဲ့ ပူလီဆစ္ခ်္ရဲ႕ ထိုးေဖာက္မွဳကို အာဆင္နယ္တုိ႔ မတားဆီးႏုိင္ခဲ့ေပမယ့္ ေဘးထြက္သြားခဲ့ၿပီး ဒီေဘာလုံးနဲ႔အတူ အေမရိကန္သားကေတာ့ ေသြးမပူေသးတာေၾကာင့္ပဲလားေတာ့ မေျပာတတ္ဘဲ ေဘာလုံး စယူလာၿပီး ထိခ်က္အနည္းငယ္အတြင္းမွာပဲ မကန္သြင္းခင္မွာကတည္းက ေပါင္ေနာက္ေၾကာဒဏ္ရာကို ရရွိခဲ့ၿပီး လူစားလဲခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ညာေတာင္ပံက ဘယ္လာရင္ ထိုးေဖာက္လာၿပီး သူ႕ကို ဖ်က္ထုတ္တဲ့ ခရစၥတင္ဆန္နဲ႔ လုံးေထြးၿပီး လဲက်သြားတာကို ေနာက္က ပါလာတဲ့ ေပေပက ဘယ္ျခမ္းက အူဘာမီယန္းကို ခ်ေပးရာမွာ အာဆင္နယ္ကပၸတိန္က ခ်ဲလ္ဆီးေနာက္ခံလူ ဇူးမားကို ေက်ာ္ျဖတ္ၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ ဘယ္ေျခနဲ႔ ေက်ာ္ကန္သြားခဲ့လုိ႔ ဦးေဆာင္ဂိုးရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ခ်ာကာနဲ႔ ဒုတိယအႀကိမ္ ရင္ဆုိင္ေတြ႕ရာမွာ ဒုတိယေျမာက္ အဝါကတ္ကို ဆြစ္ဇာလန္ကပၸတိန္က ခ႐ိုေအးရွားကြင္းလယ္လူရဲ႕ ေလာႀကီးမွဳကို ပါးပါးနပ္နပ္ ေထာင္ေခ်ာက္ဆင္သြားခဲ့လုိ႔ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ပယ္ခံခဲ့ရၿပီး ခ်ဲလ္ဆီးတုိ႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ခ်ဲလ္ဆီးတုိ႔ တုိက္စစ္ကစားသမားေတြကို ထပ္ထည့္ခဲ့ေပမယ့္ အာဆင္နယ္ခံစစ္က အမွားအယြင္းနည္းနည္းနဲ႔ ကာကြယ္သြားႏုိင္ခဲ့လို႔ ေခ်ပဂိုး ရွာေဖြႏုိင္ခဲ့ျခင္း မရွိေတာ့ဘဲ နာက်င္အခ်ိန္ပို ၇ မိနစ္ေပးရာမွာ ပူလီဆစ္ခ်္ေနရာမွာ လူစားဝင္ထားခဲ့တဲ့ ပက္ဒ႐ိုပါ ဒဏ္ရာရသြားခဲ့တာေၾကာင့္ ၁၀ မိနစ္အထိ ကစားခဲ့ရၿပီး ပြဲသိမ္းခရာမွဳတ္ခ်ိန္မွာေတာ့ အာဆင္နယ္တုိ႔ ေအာင္ပြဲခံႏုိင္ခဲ့ပါတယ္။

ဆုဖလားကို ကိုင္ေျမႇာက္ဖို႔ လက္ခံရယူရာမွာ ေအာက္ခံခုံကိုပါ သယ္လာခဲ့ၿပီး လမ္းမွာ လြတ္က်ခဲ့တဲ့ အူဘာမီယန္းရဲ႕အျဖစ္ကလည္း ဒီပြဲရဲ႕ အမွတ္တရျဖစ္ခဲ့ၿပီး ၂၀၁၇ ေနာက္ပုိင္း ဆုဖလားေတြနဲ႔ ေဝးကြာေနတဲ့ အာဆင္နယ္နဲ႔ နည္းျပ မီခယ္လ္ အာတီတာအတြက္ နည္းျပဘဝ ပထမဆုံး ဆုဖလားကို ရရွိခဲ့သလို လာမယ့္ရာသီ ယူ႐ိုပါလိဂ္ကိုလည္း တုိက္႐ိုက္ဝင္ခြင့္ရယူႏုိင္ခဲ့ပါတယ္။

ပြဲအၿပီး အင္တာဗ်ဴးမွာေတာ့ နည္းျပ အာတီတာက ဖလားလြတ္က်ခဲ့တဲ့ အူဘာမီယန္းကို သူ႕အေနနဲ႔ အာဆင္နယ္အသင္းမွာ ဆုဖလားေတြနဲ႔ အသားက်ဖို႔နဲ႔ ကိုင္တြယ္တတ္ဖို႔ ေလ့က်င့္ရမယ္လို႔ စေနာက္သြားခဲ့ၿပီး အသင္းရဲ႕ လာမယ့္ေအာင္ျမင္မွဳေတြနဲ႔အတူ ဂန္းနားကပၸတိန္တစ္ေယာက္ အမ္းမရိတ္မွာ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္တယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာတော့ အသင်းရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကနေ လွဲချော်ခဲ့ရတဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းကို အနိုင်ယူပြီး ရယူနိုင်ခဲ့သလို ဒီဖလားသမိုင်းမှာ စံချိန်တင်အဖြစ် ၁၄ ကြိမ်ဆိုတဲ့ မှတ်တမ်းကိုလည်း ထပ်မံတိုးမြှင့်သွားနိုင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၃-၄-၃ ပုံစံကိုပဲ အခြေပြုခဲ့ကြပြီး ကွင်းလယ်ပိုင်းမှာတော့ ချဲလ်ဆီးတို့ သာလွန်ခဲ့သလို တိုက်စစ်ပိုင်းနဲ့ တောင်ပံတွေမှာ နည်းဗျူဟာမြောက်ကစားနိုင်မှုမှာတော့ အာဆင်နယ်တို့ သာလွန်ခဲ့လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲစမ်းခဲ့ကြပြီး အဖွင့်ဂိုးကိုတော့ ချဲလ်ဆီးက ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာပဲ ချဲလ်ဆီးတို့အတွက် ဦးဆောင်ဂိုးကို အာဆင်နယ်ရဲ့ ကွက်လပ်တွေကနေ မေဆန်မောင့်က ဆွဲပြေးပြီး ချိုးပေးတာကို ပြင်သစ်တိုက်စစ်မှူး ဂျီရူးက နောက်က ပါလာတဲ့ ပူလီဆစ်ချ်အတွက် နောက်ပေါက်နဲ့ ချန်ထားပေးခဲ့တာကို သူက အာဆင်နယ်နောက်ခံလူတွေကို ထပ်မံ ကျော်ဖြတ်ပြီး ဂိုးသမားနဲ့အတွေ့မှာ အပိုင်ကန်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂိုးပေးလိုက်ရလို့ အာဆင်နယ်တို့ ပိုမိုဖိကစားလာခဲ့ပြီး တောင်ပံတွေကနေ ဖိအားပေးလာခဲ့သလို နောက်ခံလူ တီယာနီရဲ့ အဝေးဘောတွေကလည်း ချဲလ်ဆီးနောက်တန်းကို အလုပ်များစေခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာတော့ သူ့ရဲ့ အဝေးဘောကို အူဘာမီယန်း ဆွဲပြေးရာမှာ အက်ဇ်ပီလီကွေတာက ဧရိယာထဲမှာ ဆွဲလှဲခဲ့လို့ အာဆင်နယ်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် အဝါကတ်ထိခဲ့ပြီး VAR ပြန်လည်စစ်ဆေးအပြီးမှာတော့ ဒီပင်နယ်တီကို အူဘာမီယန်းကပဲ ပွဲချိန် ၂၈ မိနစ်မှာ ကိုယ်တိုင်ကန်သွင်းခဲ့ပြီး ဝါရင့်ဂိုးသမား ကာဘယ်လာရိုကို မှားယွင်းတဲ့ဘက်ကို ဒိုက်ပစ်အောင် လှည့်စားခဲ့ပြီး ညာထောင့်ထဲကို လှလှပပ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်အထိ အာဆင်နယ်ရော ချဲလ်ဆီးပါ အပြန်အလှန် အခွင့်အရေးတွေ ရရှိခဲ့ကြပြီး အာဆင်နယ်ဘက်က ချဲလ်ဆီးရဲ့ ပူလီဆစ်ချ်နဲ့ မေဆန်မောင့်တို့ကို မထိန်းနိုင်ခဲ့သလို ချဲလ်ဆီးဘက်ကလည်း ပေပေနဲ့ အူဘာမီယန်းတို့ရဲ့ တိုက်စစ်တွေမှာ ဗျာများနေခဲ့ကြပေမယ့် ဂိုးမရခဲ့လို့ တစ်ဂိုးစီနဲ့ ၄၅ မိနစ် ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ပွဲစစချင်းမှာ မြန်နှုန်းတင်ပြီး ဘောလုံးဆွဲပြေးကန်သွင်းလာတဲ့ ပူလီဆစ်ချ်ရဲ့ ထိုးဖောက်မှုကို အာဆင်နယ်တို့ မတားဆီးနိုင်ခဲ့ပေမယ့် ဘေးထွက်သွားခဲ့ပြီး ဒီဘောလုံးနဲ့အတူ အမေရိကန်သားကတော့ သွေးမပူသေးတာကြောင့်ပဲလားတော့ မပြောတတ်ဘဲ ဘောလုံး စယူလာပြီး ထိချက်အနည်းငယ်အတွင်းမှာပဲ မကန်သွင်းခင်မှာကတည်းက ပေါင်နောက်ကြောဒဏ်ရာကို ရရှိခဲ့ပြီး လူစားလဲခဲ့ရပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ညာတောင်ပံက ဘယ်လာရင် ထိုးဖောက်လာပြီး သူ့ကို ဖျက်ထုတ်တဲ့ ခရစ္စတင်ဆန်နဲ့ လုံးထွေးပြီး လဲကျသွားတာကို နောက်က ပါလာတဲ့ ပေပေက ဘယ်ခြမ်းက အူဘာမီယန်းကို ချပေးရာမှာ အာဆင်နယ်ကပ္ပတိန်က ချဲလ်ဆီးနောက်ခံလူ ဇူးမားကို ကျော်ဖြတ်ပြီး ဂိုးသမားနဲ့ အတွေ့မှာ ဘယ်ခြေနဲ့ ကျော်ကန်သွားခဲ့လို့ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ချာကာနဲ့ ဒုတိယအကြိမ် ရင်ဆိုင်တွေ့ရာမှာ ဒုတိယမြောက် အဝါကတ်ကို ဆွစ်ဇာလန်ကပ္ပတိန်က ခရိုအေးရှားကွင်းလယ်လူရဲ့ လောကြီးမှုကို ပါးပါးနပ်နပ် ထောင်ချောက်ဆင်သွားခဲ့လို့ နှစ်ဝါတစ်နီနဲ့ အထုတ်ပယ်ခံခဲ့ရပြီး ချဲလ်ဆီးတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ တိုက်စစ်ကစားသမားတွေကို ထပ်ထည့်ခဲ့ပေမယ့် အာဆင်နယ်ခံစစ်က အမှားအယွင်းနည်းနည်းနဲ့ ကာကွယ်သွားနိုင်ခဲ့လို့ ချေပဂိုး ရှာဖွေနိုင်ခဲ့ခြင်း မရှိတော့ဘဲ နာကျင်အချိန်ပို ၇ မိနစ်ပေးရာမှာ ပူလီဆစ်ချ်နေရာမှာ လူစားဝင်ထားခဲ့တဲ့ ပက်ဒရိုပါ ဒဏ်ရာရသွားခဲ့တာကြောင့် ၁၀ မိနစ်အထိ ကစားခဲ့ရပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ အာဆင်နယ်တို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဆုဖလားကို ကိုင်မြှောက်ဖို့ လက်ခံရယူရာမှာ အောက်ခံခုံကိုပါ သယ်လာခဲ့ပြီး လမ်းမှာ လွတ်ကျခဲ့တဲ့ အူဘာမီယန်းရဲ့အဖြစ်ကလည်း ဒီပွဲရဲ့ အမှတ်တရဖြစ်ခဲ့ပြီး ၂၀၁၇ နောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ အာဆင်နယ်နဲ့ နည်းပြ မီခယ်လ် အာတီတာအတွက် နည်းပြဘဝ ပထမဆုံး ဆုဖလားကို ရရှိခဲ့သလို လာမယ့်ရာသီ ယူရိုပါလိဂ်ကိုလည်း တိုက်ရိုက်ဝင်ခွင့်ရယူနိုင်ခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာတော့ နည်းပြ အာတီတာက ဖလားလွတ်ကျခဲ့တဲ့ အူဘာမီယန်းကို သူ့အနေနဲ့ အာဆင်နယ်အသင်းမှာ ဆုဖလားတွေနဲ့ အသားကျဖို့နဲ့ ကိုင်တွယ်တတ်ဖို့ လေ့ကျင့်ရမယ်လို့ စနောက်သွားခဲ့ပြီး အသင်းရဲ့ လာမယ့်အောင်မြင်မှုတွေနဲ့အတူ ဂန်းနားကပ္ပတိန်တစ်ယောက် အမ်းမရိတ်မှာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.