Premier League

နယူးကာဆယ်လ်ကို ရှုံးခဲ့တဲ့ အာဆင်နယ်ရဲ့ ပြန်ပြောလို့ မကောင်းတဲ့ အမှား 5 ချက်

စိတ်ဓာတ်ပဲ အာတီတာရေ

အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ လိဒ်စ်နဲ့ ပွဲမှာကတည်းက ဒုက္ခပေးနေခဲ့တာ စိတ်ဓာတ်ပိုင်းပဲဖြစ်ပါတယ်။ ဖိဖိစီးစီး မကစားနိုင်သလို မလိုအပ်ဘဲ ဖိအားဝင်နေတဲ့ ပုံစံဟာ စပါးစ်နဲ့ပွဲမှာတော့ ဘူးပေါ်သလို ပေါ်ခဲ့ပြီး အသင်းကို ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်အဖွဲ့ဆိုတာကလည်း ဘယ်နားမှာ ရောက်နေမှန်း မသိရတော့သလို ဝါရင့်ကွင်းလယ်လူ ဂရာနစ် ချာကာ၊ မိုဟာမက် အယ်လ်နန်နီနဲ့ ကပ္ပတိန် မာတင် အော်ဒီဂွါဒ်တို့ဟာလည်း အသင်းကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ခြင်းမရှိတာကြောင့် အဲ့ဒီနေ့က ကြိုးတုပ်ရိုက်ခံခဲ့ရသလို ဒီနေ့မှာလည်း လူသစ်စိတ်သစ်ဖြစ်နေတဲ့ နယူးကာဆယ်လ်ကို နောက်ဆုံး ၇ ပွဲ ဆက်နိုင်ထားခဲ့ပါတယ်လို့တောင် ဂုဏ်မဆာနိုင်ဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ရတာပါ။

ခေါင်းပူပြီး ပျက်စီးသွားခဲ့တဲ့ ကစားပုံ

အာတီတာအနေနဲ့ အာဆင်နယ်ကို သွတ်သွင်းလာခဲ့တဲ့ ကစားပုံရဲ့ အမြင်သာဆုံးတစ်ခုက ခံစစ်ကနေ ကစားတဲ့ Play Out from the Back ပါ။ ခံစစ်မှာ ဂိုးသမားရော နောက်တန်းလူတွေပါ အပေးအယူလုပ်ပြီးမှ တစ်ဖက်အသင်းရဲ့ Pressing ကို ဖောက်ထွက်တာဖြစ်ပြီး ဒီနေ့မှာတော့ ဒီပုံစံက ဘယ်ခြမ်းမှာ High Up နေရာယူထားပြီး ကစားကွက်တည်တဲ့အထဲ ဝင်မပါတဲ့ နူနို တာဗာရက်စ်ကြောင့် အားနည်းခဲ့ရသလို စန်မက်ဇီမန်၊ အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ရဲ့ ဖိအားကို မခံနိုင်ဘဲ လူပေးမကစားရဲတော့သလောက်ဖြစ်ခဲ့ရချိန်မှာ ဂိုးသမား ရမ်းစ်ဒေးလ်အနေနဲ့ ကန်ချည်းတင်နေခဲ့ရပြီး လုံးဝကို ပြိုလဲ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

အဖြေမရှိတဲ့ ကြံ့ခိုင်မှုနဲ့ ဒဏ်ရာတွေ

အာဆင်နယ်အသင်းမှာ ပွဲအတွင်း အင်အားပြည် မကစားနိုင်ဘဲ ကြံ့ခိုင်မှု ၅၀ ရာခိုင်နှုန်းအောက် ရောက်နေသူ ၆ ဦး ပါဝင်ခဲ့ပါတယ်။ ဒီထဲမှာ ခံစစ်သမားတွေဖြစ်ကြတဲ့ ဘန်ဝှိုက်၊ တိုမီယာစုနဲ့ ဂါဘရီယယ်တို့က ဒဏ်ရာနဲ့ ပတ်သက်တဲ့ ကြံ့ခိုင်မှု မပြည့်တာဖြစ်ပြီး စမစ်ရိုး၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ တိုက်စစ်သုံးဦးကတော့ ပွဲပန်းနေတာ၊ ဒါမှမဟုတ် ထရိန်နင်ပိပြီး ပွဲထဲ ကစားဖို့ Energy မကျန်တော့တာမျိုး ဖြစ်နေခဲ့တာပါ။ ဒီအတွက် ခံစစ်က မာကျောမှုနဲ့ ကစားကွက် စတင်နိုင်မှု မရှိသလောက်ဖြစ်ခဲ့သလို တိုက်စစ်ကလည်း ဖန်တီးထိုးဖောက်နိုင်မှု၊ ရုန်းအားနဲ့ Pressing လိုက်အား မရှိတော့ဘဲ စောစောစီးစီး ကုန်နေတဲ့ ပုံစံနဲ့ စပါးစ်ပွဲက ပုံစံမျိုးကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဆက်လက်ပြသပြီး ငှက်ကျားတွေဆီ သုံးမှတ်လှူခဲ့ရတာဖြစ်ပါတယ်။

ကွင်းလယ်ရဲ့ အရည်အချင်း ကျဆင်းမှု

အာဆင်နယ်အသင်းမှာ အပေါ်က ပြောခဲ့တဲ့ ၆ ယောက်က ပုံမလာနိုင်ကြတော့ချိန်မှာ ကွင်းလယ်အထိုင်က အယ်လ်နန်နီနဲ့ ချာကာတို့က တိုက်စစ်လိုက်လည်း သူတို့၊ ခံစစ်ကူလည်း သူတို့၊ Pressing လိုက်လည်း သူတို့၊ ကစားကွက်ဖော်လည်း သူတို့ဖြစ်လာခဲ့တာပါ။ ဒီအတွက် ကစားအားမှာ နယူးကာဆယ်လ်တို့ရဲ့ Mezzala ဆန်တဲ့ သုံးယောက်တန်း ကစားပုံ ကစားအားနဲ့ မယှဉ်နိုင်ခဲ့သလို တစ်ဖက်ကို ဖိအားပေးနိုင်ခြင်းလည်း မရှိဘဲ ခံစစ်မှာ ပျာယာခတ်နေခဲ့သလို တိုက်စစ်ကိုလည်း ဘောလုံးမဖြန့်နိုင်တော့ဘဲ ဖြစ်ခဲ့ရပါတယ်။ ဘောလုံးပေးပို့ပုံ တိကျမှု မှတ်တမ်းမှာ နိမ့်ပါးတဲ့အထဲကို ပါဝင်ခဲ့တဲ့ ငှက်ကျားတွေက ဒီနေ့ပွဲမှာ ၈၀ ရာခိုင်နှုန်း တိကျခဲ့ချိန်မှာ အာဆင်နယ်တို့က ၇၇ ရာခိုင်နှုန်းသာ တိကျခဲ့ပြီး အသင်းကြီးတစ်သင်းရဲ့ စာရင်းအင်းအဖြစ်တော့ ဘယ်လိုမှ မကိုက်ညီခဲ့တာပါ။

နည်းပြကိုယ်တိုင် သွေးပျက်ခဲ့တဲ့ မစဉ်းမစား လူစားလဲမှုတွေ

ဒီနေ့ပွဲမှာ အာတီတာရဲ့ လူစားလဲမှုတွေက တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ တိုမီယာစုနေရာကို ဝင်လာတဲ့ ဆီးဒရစ်ကတော့ Auto ညံ့တာကိုဖြစ်တာကြောင့် ပြောစရာမလိုတော့ချိန်မှာ စမစ်ရိုးအစား မာတီနယ်လီကို ထည့်ရမှာကတော့ လုပ်ကို လုပ်ရမှာဖြစ်လို့ အကဲဖြတ်ဖို့အတွက် ချန်ခဲ့ရပါလိမ့်မယ်။ ဒါပေမယ့် နောက်ထပ် လူစားလဲမှုနှစ်ကြိမ်မှာတော့ နူနို တာဗာရက်စ် ဘယ်လောက်ညံ့ညံ့ စိတ်ခံစားချက်အတိုင်း လူစားလဲလို့ မဖြစ်ဘဲ နည်းစနစ်ပိုင်းအရ ခေါင်းမပူဘဲ လူလဲခဲ့သင့်တာပါ။ လာကာဇက်ကို အားကုန်သွားတဲ့ နကီးတီးယားနဲ့ လဲရမှာဖြစ်သလို တာဗာရက်စ်ကို ထုတ်ချင်ရင်တောင် ကွင်းလယ်မှာ ဘောလုံးဖြန့်နိုင်မယ့် ဆမ်ဘီ လိုကွန်ဂါကို ထည့်သင့်ခဲ့ပြီး နောက်တန်းကို ဘန်ဝှိုက်နဲ့ ဆီးဒရစ်တို့ နှစ်ယောက်တည်း ကျန်ရစ်စေပြီး တစ်ဂိုးထပ်ပေးရစေမယ့် ဂါဘရီယယ်လ်ကို ပေပေနဲ့ လဲမှုကလည်း ရှေ့နောက် မစဉ်းစားဘဲ လုပ်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စိတ္ဓာတ္ပဲ အာတီတာေရ

အာဆင္နယ္အသင္းကို ၿပီးခဲ့တဲ့ လိဒ္စ္နဲ႔ ပြဲမွာကတည္းက ဒုကၡေပးေနခဲ့တာ စိတ္ဓာတ္ပိုင္းပဲျဖစ္ပါတယ္။ ဖိဖိစီးစီး မကစားနိုင္သလို မလိုအပ္ဘဲ ဖိအားဝင္ေနတဲ့ ပုံစံဟာ စပါးစ္နဲ႔ပြဲမွာေတာ့ ဘူးေပၚသလို ေပၚခဲ့ၿပီး အသင္းကို ဦးေဆာင္ေပးနိုင္တဲ့ ေခါင္းေဆာင္အဖြဲ႕ဆိုတာကလည္း ဘယ္နားမွာ ေရာက္ေနမွန္း မသိရေတာ့သလို ဝါရင့္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာ၊ မိုဟာမက္ အယ္လ္နန္နီနဲ႔ ကပၸတိန္ မာတင္ ေအာ္ဒီဂြါဒ္တို႔ဟာလည္း အသင္းကို စိတ္ဓာတ္ျမႇင့္တင္ေပးနိုင္ျခင္းမရွိတာေၾကာင့္ အဲ့ဒီေန႔က ႀကိဳးတုပ္ရိုက္ခံခဲ့ရသလို ဒီေန႔မွာလည္း လူသစ္စိတ္သစ္ျဖစ္ေနတဲ့ နယူးကာဆယ္လ္ကို ေနာက္ဆုံး ၇ ပြဲ ဆက္နိုင္ထားခဲ့ပါတယ္လို႔ေတာင္ ဂုဏ္မဆာနိုင္ဘဲ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားခဲ့ရတာပါ။

ေခါင္းပူၿပီး ပ်က္စီးသြားခဲ့တဲ့ ကစားပုံ

အာတီတာအေနနဲ႔ အာဆင္နယ္ကို သြတ္သြင္းလာခဲ့တဲ့ ကစားပုံရဲ့ အျမင္သာဆုံးတစ္ခုက ခံစစ္ကေန ကစားတဲ့ Play Out from the Back ပါ။ ခံစစ္မွာ ဂိုးသမားေရာ ေနာက္တန္းလူေတြပါ အေပးအယူလုပ္ၿပီးမွ တစ္ဖက္အသင္းရဲ့ Pressing ကို ေဖာက္ထြက္တာျဖစ္ၿပီး ဒီေန႔မွာေတာ့ ဒီပုံစံက ဘယ္ျခမ္းမွာ High Up ေနရာယူထားၿပီး ကစားကြက္တည္တဲ့အထဲ ဝင္မပါတဲ့ ႏူနို တာဗာရက္စ္ေၾကာင့္ အားနည္းခဲ့ရသလို စန္မက္ဇီမန္၊ အယ္လ္မီရြန္နဲ႔ ဝီလ္ဆန္တို႔ရဲ့ ဖိအားကို မခံနိုင္ဘဲ လူေပးမကစားရဲေတာ့သေလာက္ျဖစ္ခဲ့ရခ်ိန္မွာ ဂိုးသမား ရမ္းစ္ေဒးလ္အေနနဲ႔ ကန္ခ်ည္းတင္ေနခဲ့ရၿပီး လုံးဝကို ၿပိဳလဲ ပ်က္စီးသြားခဲ့တာျဖစ္ပါတယ္။

အေျဖမရွိတဲ့ ႀကံ့ခိုင္မႈနဲ႔ ဒဏ္ရာေတြ

အာဆင္နယ္အသင္းမွာ ပြဲအတြင္း အင္အားျပည္ မကစားနိုင္ဘဲ ႀကံ့ခိုင္မႈ ၅၀ ရာခိုင္ႏႈန္းေအာက္ ေရာက္ေနသူ ၆ ဦး ပါဝင္ခဲ့ပါတယ္။ ဒီထဲမွာ ခံစစ္သမားေတြျဖစ္ၾကတဲ့ ဘန္ဝွိုက္၊ တိုမီယာစုနဲ႔ ဂါဘရီယယ္တို႔က ဒဏ္ရာနဲ႔ ပတ္သက္တဲ့ ႀကံ့ခိုင္မႈ မျပည့္တာျဖစ္ၿပီး စမစ္ရိုး၊ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ တိုက္စစ္သုံးဦးကေတာ့ ပြဲပန္းေနတာ၊ ဒါမွမဟုတ္ ထရိန္နင္ပိၿပီး ပြဲထဲ ကစားဖို႔ Energy မက်န္ေတာ့တာမ်ိဳး ျဖစ္ေနခဲ့တာပါ။ ဒီအတြက္ ခံစစ္က မာေက်ာမႈနဲ႔ ကစားကြက္ စတင္နိုင္မႈ မရွိသေလာက္ျဖစ္ခဲ့သလို တိုက္စစ္ကလည္း ဖန္တီးထိုးေဖာက္နိုင္မႈ၊ ႐ုန္းအားနဲ႔ Pressing လိုက္အား မရွိေတာ့ဘဲ ေစာေစာစီးစီး ကုန္ေနတဲ့ ပုံစံနဲ႔ စပါးစ္ပြဲက ပုံစံမ်ိဳးကို စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ဆက္လက္ျပသၿပီး ငွက္က်ားေတြဆီ သုံးမွတ္လႉခဲ့ရတာျဖစ္ပါတယ္။

ကြင္းလယ္ရဲ့ အရည္အခ်င္း က်ဆင္းမႈ

အာဆင္နယ္အသင္းမွာ အေပၚက ေျပာခဲ့တဲ့ ၆ ေယာက္က ပုံမလာနိုင္ၾကေတာ့ခ်ိန္မွာ ကြင္းလယ္အထိုင္က အယ္လ္နန္နီနဲ႔ ခ်ာကာတို႔က တိုက္စစ္လိုက္လည္း သူတို႔၊ ခံစစ္ကူလည္း သူတို႔၊ Pressing လိုက္လည္း သူတို႔၊ ကစားကြက္ေဖာ္လည္း သူတို႔ျဖစ္လာခဲ့တာပါ။ ဒီအတြက္ ကစားအားမွာ နယူးကာဆယ္လ္တို႔ရဲ့ Mezzala ဆန္တဲ့ သုံးေယာက္တန္း ကစားပုံ ကစားအားနဲ႔ မယွဥ္နိုင္ခဲ့သလို တစ္ဖက္ကို ဖိအားေပးနိုင္ျခင္းလည္း မရွိဘဲ ခံစစ္မွာ ပ်ာယာခတ္ေနခဲ့သလို တိုက္စစ္ကိုလည္း ေဘာလုံးမျဖန႔္နိုင္ေတာ့ဘဲ ျဖစ္ခဲ့ရပါတယ္။ ေဘာလုံးေပးပို႔ပုံ တိက်မႈ မွတ္တမ္းမွာ နိမ့္ပါးတဲ့အထဲကို ပါဝင္ခဲ့တဲ့ ငွက္က်ားေတြက ဒီေန႔ပြဲမွာ ၈၀ ရာခိုင္ႏႈန္း တိက်ခဲ့ခ်ိန္မွာ အာဆင္နယ္တို႔က ၇၇ ရာခိုင္ႏႈန္းသာ တိက်ခဲ့ၿပီး အသင္းႀကီးတစ္သင္းရဲ့ စာရင္းအင္းအျဖစ္ေတာ့ ဘယ္လိုမွ မကိုက္ညီခဲ့တာပါ။

နည္းျပကိုယ္တိုင္ ေသြးပ်က္ခဲ့တဲ့ မစဥ္းမစား လူစားလဲမႈေတြ

ဒီေန႔ပြဲမွာ အာတီတာရဲ့ လူစားလဲမႈေတြက ေတာ္ေတာ္ေလး ဆိုးရြားခဲ့ပါတယ္။ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရတဲ့ တိုမီယာစုေနရာကို ဝင္လာတဲ့ ဆီးဒရစ္ကေတာ့ Auto ညံ့တာကိုျဖစ္တာေၾကာင့္ ေျပာစရာမလိုေတာ့ခ်ိန္မွာ စမစ္ရိုးအစား မာတီနယ္လီကို ထည့္ရမွာကေတာ့ လုပ္ကို လုပ္ရမွာျဖစ္လို႔ အကဲျဖတ္ဖို႔အတြက္ ခ်န္ခဲ့ရပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ထပ္ လူစားလဲမႈႏွစ္ႀကိမ္မွာေတာ့ ႏူနို တာဗာရက္စ္ ဘယ္ေလာက္ညံ့ညံ့ စိတ္ခံစားခ်က္အတိုင္း လူစားလဲလို႔ မျဖစ္ဘဲ နည္းစနစ္ပိုင္းအရ ေခါင္းမပူဘဲ လူလဲခဲ့သင့္တာပါ။ လာကာဇက္ကို အားကုန္သြားတဲ့ နကီးတီးယားနဲ႔ လဲရမွာျဖစ္သလို တာဗာရက္စ္ကို ထုတ္ခ်င္ရင္ေတာင္ ကြင္းလယ္မွာ ေဘာလုံးျဖန႔္နိုင္မယ့္ ဆမ္ဘီ လိုကြန္ဂါကို ထည့္သင့္ခဲ့ၿပီး ေနာက္တန္းကို ဘန္ဝွိုက္နဲ႔ ဆီးဒရစ္တို႔ ႏွစ္ေယာက္တည္း က်န္ရစ္ေစၿပီး တစ္ဂိုးထပ္ေပးရေစမယ့္ ဂါဘရီယယ္လ္ကို ေပေပနဲ႔ လဲမႈကလည္း ေရွ႕ေနာက္ မစဥ္းစားဘဲ လုပ္ခဲ့တာလို႔ ဆိုရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.