Premier League

အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို စမုံတုံးစေခဲ့တဲ့ နယူးကာဆယ်လ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အသင်းရဲ့ အရုပ်ကြိုးမပြတ်ဖို့ အပ်ချည်ကြိုးလောက်နဲ့ ထိန်းထားတဲ့ ကစားသမားတွေကိုပဲ ရင်နာနာနဲ့ ဆက်လက်အသုံးပြုခဲ့ရပြီး ဒဏ်ရာမပျောက်ဘဲ ဟန်ကိုယ့်ဖို့ လုပ်နေရတဲ့ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်နဲ့ တိုမီယာစုတို့ကို ခံစစ်မှာ တစ်ပြိုင်တည်းသုံးခဲ့ရသလို ပွဲမစခင်မှာပဲ ကုန်နေတဲ့ ကုန်သည်လေးတွေဖြစ်ကြတဲ့ အော်ဒီဂွါဒ်၊ ဆာကာ၊ စမစ်ရိုးတို့ကို နကီးတီးယားနဲ့ တိုက်စစ်မှာ ထားခဲ့သလို ကွင်းလယ်မှာတော့ ချာကာနဲ့ အယ်လ်နန်နီတို့ပဲ ဝါအရင့်ဆုံးတွေအဖြစ် လိုက်ရုန်းခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆယ်လ်ကတော့ အိမ်ကွင်းမှာ မာန်အပြည့်နဲ့ ပွဲထွက်လာခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကြိုးစားနေတာ သူတို့အသင်းလားလို့ ထင်ခဲ့ရသလို ဘရူနို ဂီမာရိုင်စ်ရဲ့ ကွင်းလယ်ကစားအားက တစ်နိုင်ငံတည်းသား ဂျိုလင်တန်နဲ့အတူ ကွင်းလယ်မှာ ပေါက်ကွဲနှုန်းမြင့်ခဲ့ပြီး စန်မက်ဇီမန်၊ အယ်လ်မီရွန်နဲ့ ကယ်လမ် ဝီလ်ဆန်တို့ကလည်း တိုးအားရုန်းအားကို ပြသနိုင်ခဲ့တာပါ။

အာတီတာအနေနဲ့ ဒီနေ့ပွဲမှာလည်း ဘာမှ မယ်မယ်ရရ ပလန်ရှိခဲ့ပုံ မပေါ်ဘဲ Play Out from the Back ခံစစ်ကနေ လူပေးကစားတဲ့ ပုံစံကို တစ်ဖက်တိုက်စစ်က Pressing တက်ပေးတာကိုတောင် မကျော်လွှားတတ်ဘဲဖြစ်နေခဲ့သလို နူနို တာဗာရက်စ်ရဲ့ ဘယ်ခြမ်းမှာ ကိုယ့်ဂိုးနား ကိုယ်မနေဘဲ ရှေ့တက်နေခဲ့တဲ့အခါမှာ အသင်းရဲ့ Defensive Shape ရော Attacking Shape ပါ ပျက်ပြားနေခဲ့ပါတယ်။

ဘယ်နဲ့ညာက စန်မက်ဇီမန်နဲ့ အယ်လ်မီရွန်တို့ရဲ့ တိုးအားတွေကို တိုမီယာစုရော တာဗာရက်စ်ပါ မထိန်းနိုင်ခဲ့သလို အော်ဒီဂွါဒ်နဲ့ စမစ်ရိုးတို့ဆီ ရောက်လာရမယ့် ဘောလုံးတွေကိုလည်း နယူးကာဆယ်လ်ရဲ့ ဘရူနို ဂီမာရိုင်းစ် ဦးဆောင်တဲ့ ကွင်းလယ်က ပိတ်ဆို့ထားနိုင်ခဲ့ပြီး ဆာကာကတော့ လုံးဝကို Luxury Player အဖြစ် တိုက်စစ်မှာ သူ့နားရောက်လာမှ အလိမ်အခေါက်လုပ်ပြီး ကန်ဖို့ ကြိုးစားနေခဲ့တာပါ။

ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို ဒဏ်ရာနဲ့ ကြံ့ခိုင်မှု မပြည့်တဲ့ ကစားသမားတွေ များရတဲ့အထဲမှာ ပွဲချိန် ၃၉ မိနစ်မှာတော့ အာဆင်နယ်ဘက်က တိုမီယာစု ဆက်မကစားနိုင်တော့လို့ ဆီးဒရစ်နဲ့ လူစားလဲခဲ့ရပြီး ဒီပေါ်တူဂီနောက်ခံလူဟာ ထုံးစံအတိုင်း တောင်ပံကစားသမားတွေကို ထိန်းချုပ်ရာမှာ အားနည်းလွန်းတာကြောင့် နယူးကာဆယ်လ်ရဲ့ စန်မက်ဇီမန်အတွက်တော့ ပျော်စရာဖြစ်လာခဲ့ပါတယ်။

ပထမပိုင်းမှာ နယူးကာဆယ်လ်တို့ပဲ ဖိကစားနေခဲ့ပြီး ဖိအားဒဏ်မခံနိုင်တဲ့ အသင်းကို ဝါအရင့်ဆုံးကစားသမား ချာကာရော အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ပါ မထိန်းသိမ်းနိုင်ခဲ့သလို အယ်လ်နန်နီကလည်း ခံစစ်မှာ ယောင်ချာချာဖြစ်နေခဲ့လို့ အိမ်ရှင်တွေရဲ့ ကစားကွက်အောက်မှာ နစ်မြုပ်နေခဲ့ရပြီး အာဆင်နယ်တို့ရဲ့ အမှတ်အသား စရိုက်လက္ခဏာဆိုလို့ ပျာယာခတ်နေတာတစ်ခုပဲ မြင်သာထင်သာဖြစ်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းက နကီးတီးယား၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ရဲ့ Pressing မလိုက်နိုင်တဲ့ ပုံစံက နယူးကာဆယ်လ်တို့ကို စိတ်ကြိုက်ကစားကွက်တည်ဆောက်ခွင့် ပေးထားသလိုဖြစ်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ နကီးတီးယားနဲ့ ခေါင်းချင်းတိုက်ပြီး ဒဏ်ရာရသွားတဲ့ ရှားအစား လာဆယ်လက်စ် ဝင်လာခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာတော့ စမစ်ရိုးရဲ့ နေရာမှာ မာတီနယ်လီ ဝင်ကစားလာခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဆာကာရဲ့ ရှိနေရမယ့် ညာတောင်ပံမှာ မရှိဘဲ မကြာခဏ အတွင်းဝင် နေရာယူနေမှုကနေ ဘယ်ခြမ်းမှာ အေးအေးဆေးဆေးဖြစ်နေခဲ့တဲ့ စန်မက်ဇီမန်က ထိုးပေးလိုက်တဲ့ ဘောလုံးကို တောင်ပံကနေ ဂျိုလင်တန်က ဖြတ်တင် ပေးခဲ့တာကို ဝီလ်ဆန်က ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် သူနဲ့ မထိလိုက်ခင်မှာပဲ အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ နူနို တာဗာရက်စ်အစား လာကာဇက် ဝင်ကစားခဲ့ပြီး အာဆင်နယ်တို့ ဖိကစားလာတဲ့အပေါ် နယူးကာဆယ်လ်တို့က ခံစစ်နဲ့ ပြန်ထိန်းကစားလာခဲ့လို့ ပွဲချိန် ၇၃ မိနစ်မှာတော့ နည်းပြ အာတီတာအနေနဲ့ စိတ်မရှည်နိုင်တော့ဘဲ အခွင့်အရေးရထားတဲ့ လေးယောက်မြောက် လူစားလဲခွင့်နဲ့ နောက်ခံလူ ဂါဘရီယယ်လ်နေရာမှာ ပေပေကို ထပ်ထည့်ပြီး ဂိုးရဖို့ ကြိုးစားလာခဲ့ပါတယ်။

နယူးကာဆယ်လ်တို့ကတော့ စန်မက်ဇီမန်နဲ့ အယ်လ်မီရွန်တို့အစား ဖရေဆာနဲ့ မာဖီတို့ကို ထည့်သွင်းသွားခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာတော့ ပေပေရဲ့ ဘယ်ပေးမှန်းမသိတဲ့ ရောင်းချမှုကနေ ကောင်တာပြန်ဝင်ပြီး မာဖီ ကန်ခွင့်ရခဲ့ပေမယ့် ရမ်းစ်ဒေးလ် ကာကွယ်သွားခဲ့သလို ပွဲချိန် ၈၂ မိနစ်မှာတော့ ကွင်းလယ်က ခေါင်းကိုင်ပြီး ဘောလုံးဖျက်တာတောင် မရတဲ့ အယ်လ်နန်နီဆီက လွတ်ထွက်လာတဲ့ ဝီလ်ဆန်က အဝေးကန်ချက်နဲ့ ခြိမ်းခြောက်ခဲ့သေးတာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အနိုင်ပြတ်သားစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး လောင်းစတပ်ဖ် ထိုးပေးတာကို လူကျွံဘော ဖမ်းတဲ့ အာဆင်နယ်ခံစစ်မှာ နားမလည် ပါးမလည်နဲ့ ကျန်ရစ်နေခဲ့တဲ့ ဆီးဒရစ်ကြောင့် လူမကျွံဘဲ လွတ်ထွက်သွားတဲ့ ဝီလ်ဆန်ရဲ့ ခြေထဲက ဘောလုံးကို ရမ်းစ်ဒေးလ်က ပိတ်ဆို့နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဘရူနို ဂီမာရိုင်စ်က ပြေးပိတ်ပြီး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အရည်အချင်းမပြည့်တဲ့ စီမံခန့်ခွဲသူတွေ၊ စိတ်ဓာတ်မရှိဘဲ ဦးဆောင်သူ ကင်းမဲ့နေတဲ့ ကွင်းထဲက ကစားသမားတွေရဲ့ နုံချာမှုတွေနဲ့ အာဆင်နယ်တို့ နယူးကာဆယ်လ်ကို ကံကောင်းလို့ ဂိုးထပ်မပေးရဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာ ချန်ပီယံလိဂ်ဝင်ချင်တဲ့ အသင်းက ဘယ်အသင်းလဲဆိုတာတော့ ပရိသတ်တွေ မဝေခွဲတတ်အောင်ဖြစ်ခဲ့ရသေးတာပါ။

ဒီပွဲရလဒ်ကြောင့် အိမ်ရှင် နယူးကာဆယ်လ်တို့အနေနဲ့ ရမှတ် ၄၆ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာကို တက်လှမ်းနိုင်ခဲ့ချိန်မှာ ချန်ပီယံလိဂ် ကစားခွင့်ကို မျှော်လင့်ခဲ့ဖူးတဲ့ အာဆင်နယ်တို့ကတော့ ဒီလိုပုံစံနဲ့ ဘာမှမဖြစ်နိုင်တော့ဘဲ လာမယ့်ပွဲမှာ နော့ဝစ်ချ်ကို စပါးစ်ရှုံးဖို့ ထိုင်ဆုတောင်းရဖို့သာ ရှိတော့ပြီး ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ပျောက်ဆုံးခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ အသင္းရဲ႕ အ႐ုပ္ႀကိဳးမျပတ္ဖို႔ အပ္ခ်ည္ႀကိဳးေလာက္နဲ႔ ထိန္းထားတဲ့ ကစားသမားေတြကိုပဲ ရင္နာနာနဲ႔ ဆက္လက္အသုံးျပဳခဲ့ရၿပီး ဒဏ္ရာမေပ်ာက္ဘဲ ဟန္ကိုယ့္ဖို႔ လုပ္ေနရတဲ့ ဘန္ဝႈိက္၊ ဂါဘရီယယ္လ္နဲ႔ တိုမီယာစုတို႔ကို ခံစစ္မွာ တစ္ၿပိဳင္တည္းသုံးခဲ့ရသလို ပြဲမစခင္မွာပဲ ကုန္ေနတဲ့ ကုန္သည္ေလးေတြျဖစ္ၾကတဲ့ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ စမစ္႐ိုးတို႔ကို နကီးတီးယားနဲ႔ တိုက္စစ္မွာ ထားခဲ့သလို ကြင္းလယ္မွာေတာ့ ခ်ာကာနဲ႔ အယ္လ္နန္နီတို႔ပဲ ဝါအရင့္ဆုံးေတြအျဖစ္ လိုက္႐ုန္းခဲ့ရတာျဖစ္ပါတယ္။

နယူးကာဆယ္လ္ကေတာ့ အိမ္ကြင္းမွာ မာန္အျပည့္နဲ႔ ပြဲထြက္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ ႀကိဳးစားေနတာ သူတို႔အသင္းလားလို႔ ထင္ခဲ့ရသလို ဘ႐ူႏို ဂီမာ႐ိုင္စ္ရဲ႕ ကြင္းလယ္ကစားအားက တစ္ႏိုင္ငံတည္းသား ဂ်ိဳလင္တန္နဲ႔အတူ ကြင္းလယ္မွာ ေပါက္ကြဲႏႈန္းျမင့္ခဲ့ၿပီး စန္မက္ဇီမန္၊ အယ္လ္မီ႐ြန္နဲ႔ ကယ္လမ္ ဝီလ္ဆန္တို႔ကလည္း တိုးအား႐ုန္းအားကို ျပသႏိုင္ခဲ့တာပါ။

အာတီတာအေနနဲ႔ ဒီေန႔ပြဲမွာလည္း ဘာမွ မယ္မယ္ရရ ပလန္ရွိခဲ့ပုံ မေပၚဘဲ Play Out from the Back ခံစစ္ကေန လူေပးကစားတဲ့ ပုံစံကို တစ္ဖက္တိုက္စစ္က Pressing တက္ေပးတာကိုေတာင္ မေက်ာ္လႊားတတ္ဘဲျဖစ္ေနခဲ့သလို ႏူႏို တာဗာရက္စ္ရဲ႕ ဘယ္ျခမ္းမွာ ကိုယ့္ဂိုးနား ကိုယ္မေနဘဲ ေရွ႕တက္ေနခဲ့တဲ့အခါမွာ အသင္းရဲ႕ Defensive Shape ေရာ Attacking Shape ပါ ပ်က္ျပားေနခဲ့ပါတယ္။

ဘယ္နဲ႔ညာက စန္မက္ဇီမန္နဲ႔ အယ္လ္မီ႐ြန္တို႔ရဲ႕ တိုးအားေတြကို တိုမီယာစုေရာ တာဗာရက္စ္ပါ မထိန္းႏိုင္ခဲ့သလို ေအာ္ဒီဂြါဒ္နဲ႔ စမစ္႐ိုးတို႔ဆီ ေရာက္လာရမယ့္ ေဘာလုံးေတြကိုလည္း နယူးကာဆယ္လ္ရဲ႕ ဘ႐ူႏို ဂီမာ႐ိုင္းစ္ ဦးေဆာင္တဲ့ ကြင္းလယ္က ပိတ္ဆို႔ထားႏိုင္ခဲ့ၿပီး ဆာကာကေတာ့ လုံးဝကို Luxury Player အျဖစ္ တိုက္စစ္မွာ သူ႔နားေရာက္လာမွ အလိမ္အေခါက္လုပ္ၿပီး ကန္ဖို႔ ႀကိဳးစားေနခဲ့တာပါ။

ရွင္နည္းရာ အဂၢလူထြက္ဆိုသလို ဒဏ္ရာနဲ႔ ႀကံ့ခိုင္မႈ မျပည့္တဲ့ ကစားသမားေတြ မ်ားရတဲ့အထဲမွာ ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အာဆင္နယ္ဘက္က တိုမီယာစု ဆက္မကစားႏိုင္ေတာ့လို႔ ဆီးဒရစ္နဲ႔ လူစားလဲခဲ့ရၿပီး ဒီေပၚတူဂီေနာက္ခံလူဟာ ထုံးစံအတိုင္း ေတာင္ပံကစားသမားေတြကို ထိန္းခ်ဳပ္ရာမွာ အားနည္းလြန္းတာေၾကာင့္ နယူးကာဆယ္လ္ရဲ႕ စန္မက္ဇီမန္အတြက္ေတာ့ ေပ်ာ္စရာျဖစ္လာခဲ့ပါတယ္။

ပထမပိုင္းမွာ နယူးကာဆယ္လ္တို႔ပဲ ဖိကစားေနခဲ့ၿပီး ဖိအားဒဏ္မခံႏိုင္တဲ့ အသင္းကို ဝါအရင့္ဆုံးကစားသမား ခ်ာကာေရာ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ပါ မထိန္းသိမ္းႏိုင္ခဲ့သလို အယ္လ္နန္နီကလည္း ခံစစ္မွာ ေယာင္ခ်ာခ်ာျဖစ္ေနခဲ့လို႔ အိမ္ရွင္ေတြရဲ႕ ကစားကြက္ေအာက္မွာ နစ္ျမဳပ္ေနခဲ့ရၿပီး အာဆင္နယ္တို႔ရဲ႕ အမွတ္အသား စ႐ိုက္လကၡဏာဆိုလို႔ ပ်ာယာခတ္ေနတာတစ္ခုပဲ ျမင္သာထင္သာျဖစ္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အသင္းရဲ႕ တိုက္စစ္ပိုင္းက နကီးတီးယား၊ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ရဲ႕ Pressing မလိုက္ႏိုင္တဲ့ ပုံစံက နယူးကာဆယ္လ္တို႔ကို စိတ္ႀကိဳက္ကစားကြက္တည္ေဆာက္ခြင့္ ေပးထားသလိုျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ နကီးတီးယားနဲ႔ ေခါင္းခ်င္းတိုက္ၿပီး ဒဏ္ရာရသြားတဲ့ ရွားအစား လာဆယ္လက္စ္ ဝင္လာခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ စမစ္႐ိုးရဲ႕ ေနရာမွာ မာတီနယ္လီ ဝင္ကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ဆာကာရဲ႕ ရွိေနရမယ့္ ညာေတာင္ပံမွာ မရွိဘဲ မၾကာခဏ အတြင္းဝင္ ေနရာယူေနမႈကေန ဘယ္ျခမ္းမွာ ေအးေအးေဆးေဆးျဖစ္ေနခဲ့တဲ့ စန္မက္ဇီမန္က ထိုးေပးလိုက္တဲ့ ေဘာလုံးကို ေတာင္ပံကေန ဂ်ိဳလင္တန္က ျဖတ္တင္ ေပးခဲ့တာကို ဝီလ္ဆန္က ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူနဲ႔ မထိလိုက္ခင္မွာပဲ အာဆင္နယ္ေနာက္ခံလူ ဘန္ဝႈိက္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ႏူႏို တာဗာရက္စ္အစား လာကာဇက္ ဝင္ကစားခဲ့ၿပီး အာဆင္နယ္တို႔ ဖိကစားလာတဲ့အေပၚ နယူးကာဆယ္လ္တို႔က ခံစစ္နဲ႔ ျပန္ထိန္းကစားလာခဲ့လို႔ ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ နည္းျပ အာတီတာအေနနဲ႔ စိတ္မရွည္ႏိုင္ေတာ့ဘဲ အခြင့္အေရးရထားတဲ့ ေလးေယာက္ေျမာက္ လူစားလဲခြင့္နဲ႔ ေနာက္ခံလူ ဂါဘရီယယ္လ္ေနရာမွာ ေပေပကို ထပ္ထည့္ၿပီး ဂိုးရဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

နယူးကာဆယ္လ္တို႔ကေတာ့ စန္မက္ဇီမန္နဲ႔ အယ္လ္မီ႐ြန္တို႔အစား ဖေရဆာနဲ႔ မာဖီတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ေပေပရဲ႕ ဘယ္ေပးမွန္းမသိတဲ့ ေရာင္းခ်မႈကေန ေကာင္တာျပန္ဝင္ၿပီး မာဖီ ကန္ခြင့္ရခဲ့ေပမယ့္ ရမ္းစ္ေဒးလ္ ကာကြယ္သြားခဲ့သလို ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ကြင္းလယ္က ေခါင္းကိုင္ၿပီး ေဘာလုံးဖ်က္တာေတာင္ မရတဲ့ အယ္လ္နန္နီဆီက လြတ္ထြက္လာတဲ့ ဝီလ္ဆန္က အေဝးကန္ခ်က္နဲ႔ ၿခိမ္းေျခာက္ခဲ့ေသးတာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အႏိုင္ျပတ္သားေစမယ့္ ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ေလာင္းစတပ္ဖ္ ထိုးေပးတာကို လူကြၽံေဘာ ဖမ္းတဲ့ အာဆင္နယ္ခံစစ္မွာ နားမလည္ ပါးမလည္နဲ႔ က်န္ရစ္ေနခဲ့တဲ့ ဆီးဒရစ္ေၾကာင့္ လူမကြၽံဘဲ လြတ္ထြက္သြားတဲ့ ဝီလ္ဆန္ရဲ႕ ေျခထဲက ေဘာလုံးကို ရမ္းစ္ေဒးလ္က ပိတ္ဆို႔ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ဘ႐ူႏို ဂီမာ႐ိုင္စ္က ေျပးပိတ္ၿပီး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အရည္အခ်င္းမျပည့္တဲ့ စီမံခန႔္ခြဲသူေတြ၊ စိတ္ဓာတ္မရွိဘဲ ဦးေဆာင္သူ ကင္းမဲ့ေနတဲ့ ကြင္းထဲက ကစားသမားေတြရဲ႕ ႏုံခ်ာမႈေတြနဲ႔ အာဆင္နယ္တို႔ နယူးကာဆယ္လ္ကို ကံေကာင္းလို႔ ဂိုးထပ္မေပးရဘဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့တာျဖစ္ၿပီး ဒီေန႔ပြဲမွာ ခ်န္ပီယံလိဂ္ဝင္ခ်င္တဲ့ အသင္းက ဘယ္အသင္းလဲဆိုတာေတာ့ ပရိသတ္ေတြ မေဝခြဲတတ္ေအာင္ျဖစ္ခဲ့ရေသးတာပါ။

ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ နယူးကာဆယ္လ္တို႔အေနနဲ႔ ရမွတ္ ၄၆ မွတ္အထိ စုေဆာင္းႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၂ ေနရာကို တက္လွမ္းႏိုင္ခဲ့ခ်ိန္မွာ ခ်န္ပီယံလိဂ္ ကစားခြင့္ကို ေမွ်ာ္လင့္ခဲ့ဖူးတဲ့ အာဆင္နယ္တို႔ကေတာ့ ဒီလိုပုံစံနဲ႔ ဘာမွမျဖစ္ႏိုင္ေတာ့ဘဲ လာမယ့္ပြဲမွာ ေနာ့ဝစ္ခ်္ကို စပါးစ္ရႈံးဖို႔ ထိုင္ဆုေတာင္းရဖို႔သာ ရွိေတာ့ၿပီး ကိုယ့္ကံၾကမၼာကို ကိုယ္ဖန္တီးခြင့္ ေပ်ာက္ဆုံးခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.