La Liga Premier League Transfer News

ချဲလ်ဆီးကြယ်ပွင့် ၃ ဦးအပါအဝင် ကစားသမားသစ် ၇ ဦးအထိ ခေါ်ယူချင်နေတဲ့ ဇာဗီ

၂၀၂၁-၂၀၂၂ ရာသီဟာ ပြည်ဖုံးကားချဖို့ နီးစပ်လာပြီဖြစ်တာကြောင့် ဘာစီလိုနာအသင်းက နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွက် အစီအစဉ်တွေကလည်း အပြည့်အဝ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဂီတာဖေးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်ဟာ ကတ်တလန်ထိပ်သီးအသင်းကြီးအနေနဲ့ လာလီဂါအမှတ်ပေးဇယား ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့ပြီဆိုတာကို သေချာစေခဲ့တာကြောင့် စပိန်စူပါဖလားယှဉ်ပြိုင်ခွင့်နဲ့ အပိုဝင်ငွေတွေ ရရှိဖို့ အာမခံချက်ရရှိခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ ဘဏ္ဍာရေး အခြေအနေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ဘာစီလိုနာအသင်းအတွက် ငွေကြေး တပြားတချပ်ချင်းစီကအစ တန်ဖိုးရှိပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်ဖွင့်ဖို့ အချိန်ကလည်း သိပ်မလိုတော့တာကြောင့် ဂျာနယ်လစ် ဂျာဗီ မီဂေးလ်က ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့မဟာဗျူဟာနဲ့ ကစားသမားသစ်ခေါ်ယူမယ့်အစီအစဉ်တွေကို ထုတ်ဖော်ခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ၇ ဦးအထိ ခေါ်ယူချင်နေပြီး အဲဒီ ကစားသမား ၇ ဦးထဲက ၂ ဦးဖြစ်တဲ့ ခရစ္စတင်ဆန်၊ ဖရန့်ခ် ကက်ဆီတို့နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကစားသမား ၂ ဦးအပြင် ဇာဗီက ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှူးတစ်ဦးကိုလည်း ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ဘာစီလိုနာအသင်းအတွက် ထိပ်တန်းဦးစားပေးပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

အူ့စ်မန် ဒမ်ဘီလီက အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခြင်းမရှိသေးတာကြောင့် ညာတောင်ပံကစားသမားသစ်တစ်ဦးခေါ်ယူဖို့လည်း စာရင်းတို့ထားဆဲဖြစ်ပြီး အပြောင်းအရွှေ့ပြုလုပ်ချင်နေတဲ့ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ရာဖင်ညာဟာ ညာတောင်ပံနေရာအတွက် ဘာစီလိုနာက မျက်စိကျနေတဲ့ကစားသမားဖြစ်ပါတယ်။

ခရစ္စတင်ဆန်အပြင် ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းဆီကနေ နောက်ထပ် ကစားသမား ၂ ဦးအထိ ခေါ်ယူဖို့ စီစဉ်နေပြီး ဆီဇာ အက်ဇ်ပီလီကွေတာနဲ့ မားကို့စ် အလွန်ဆိုတို့ကို ခေါ်ယူအားဖြည့်သွားချင်နေတာဖြစ်ပါတယ်။ နောက်ဆုံးမှာ ဇာဗီဟာ ခရစ္စတင်ဆန်နဲ့ တွဲကစားဖို့အတွက် နောက်ထပ် ဗဟိုခံစစ်ကစားသမားတစ်ဦး ထပ်မံ ခေါ်ယူအားဖြည့်ချင်နေပြီး ဆမ်မြူရယ် အမ်တီတီ၊ ကလီးမင့် လွန်ဂလေနဲ့ အော်စကာ မင်ဂယ်ဇာတို့ဟာ နူးကမ့်ကနေ ထွက်ခွာသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ခေါ်ယူချင်နေတဲ့ ဒုတိယမြောက် ဗဟိုခံစစ်ကစားသမားက ဘယ်သူဖြစ်မလဲဆိုတာကို အချိန်ကသာ အဖြေပေးနိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာနည်းပြဟာ အသင်းကို ထိပ်တန်းအဆင့် ပြန်လည်ပို့ဆောင်ပေးဖို့ မျှော်လင့်နေတာကြောင့် ကစားသမား ၇ ဦးအထိ ခေါ်ယူဖို့ ရှင်းလင်းတဲ့အစီအစဉ်ရှိနေတာတော့ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:၂၀၂၁-၂၀၂၂ ရာသီဟာ ျပည္ဖုံးကားခ်ဖို႔ နီးစပ္လာၿပီျဖစ္တာေၾကာင့္ ဘာစီလိုနာအသင္းက ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္အတြက္ အစီအစဥ္ေတြကလည္း အျပည့္အဝ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

ဂီတာေဖးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္ဟာ ကတ္တလန္ထိပ္သီးအသင္းႀကီးအေနနဲ႔ လာလီဂါအမွတ္ေပးဇယား ဒုတိယေနရာမွာ ရာသီၿပီးဆုံးနိုင္ခဲ့ၿပီဆိုတာကို ေသခ်ာေစခဲ့တာေၾကာင့္ စပိန္စူပါဖလားယွဥ္ၿပိဳင္ခြင့္နဲ႔ အပိုဝင္ေငြေတြ ရရွိဖို႔ အာမခံခ်က္ရရွိခဲ့ၿပီျဖစ္ပါတယ္။

လက္ရွိ ဘ႑ာေရး အေျခအေနကို ထည့္သြင္းစဥ္းစားမယ္ဆိုရင္ ဘာစီလိုနာအသင္းအတြက္ ေငြေၾကး တျပားတခ်ပ္ခ်င္းစီကအစ တန္ဖိုးရွိၿပီး ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္ဖို႔ အခ်ိန္ကလည္း သိပ္မလိုေတာ့တာေၾကာင့္ ဂ်ာနယ္လစ္ ဂ်ာဗီ မီေဂးလ္က ဘာစီလိုနာအသင္းရဲ့ အေျပာင္းအေရႊ႕မဟာဗ်ဴဟာနဲ႔ ကစားသမားသစ္ေခၚယူမယ့္အစီအစဥ္ေတြကို ထုတ္ေဖာ္ခဲ့ပါတယ္။

ဘာစီလိုနာနည္းၿပ ဇာဗီဟာ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ကစားသမားသစ္ ၇ ဦးအထိ ေခၚယူခ်င္ေနၿပီး အဲဒီ ကစားသမား ၇ ဦးထဲက ၂ ဦးျဖစ္တဲ့ ခရစၥတင္ဆန္၊ ဖရန႔္ခ္ ကက္ဆီတို႔နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီကစားသမား ၂ ဦးအျပင္ ဇာဗီက ကမၻာ့အဆင့္ အေထာင္တိုက္စစ္မႉးတစ္ဦးကိုလည္း ရွာေဖြေနၿပီး ဘိုင္ယန္ျမဴးနစ္ကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ဘာစီလိုနာအသင္းအတြက္ ထိပ္တန္းဦးစားေပးပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

အူ႔စ္မန္ ဒမ္ဘီလီက အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရရွိျခင္းမရွိေသးတာေၾကာင့္ ညာေတာင္ပံကစားသမားသစ္တစ္ဦးေခၚယူဖို႔လည္း စာရင္းတို႔ထားဆဲျဖစ္ၿပီး အေျပာင္းအေရႊ႕ျပဳလုပ္ခ်င္ေနတဲ့ လိဒ္စ္ယူနိုက္တက္ၾကယ္ပြင့္ ရာဖင္ညာဟာ ညာေတာင္ပံေနရာအတြက္ ဘာစီလိုနာက မ်က္စိက်ေနတဲ့ကစားသမားျဖစ္ပါတယ္။

ခရစၥတင္ဆန္အျပင္ ဘာစီလိုနာအသင္းဟာ ခ်ဲလ္ဆီးအသင္းဆီကေန ေနာက္ထပ္ ကစားသမား ၂ ဦးအထိ ေခၚယူဖို႔ စီစဥ္ေနၿပီး ဆီဇာ အက္ဇ္ပီလီေကြတာနဲ႔ မားကို႔စ္ အလြန္ဆိုတို႔ကို ေခၚယူအားျဖည့္သြားခ်င္ေနတာျဖစ္ပါတယ္။ ေနာက္ဆုံးမွာ ဇာဗီဟာ ခရစၥတင္ဆန္နဲ႔ တြဲကစားဖို႔အတြက္ ေနာက္ထပ္ ဗဟိုခံစစ္ကစားသမားတစ္ဦး ထပ္မံ ေခၚယူအားျဖည့္ခ်င္ေနၿပီး ဆမ္ျမဴရယ္ အမ္တီတီ၊ ကလီးမင့္ လြန္ဂေလနဲ႔ ေအာ္စကာ မင္ဂယ္ဇာတို႔ဟာ ႏူးကမ့္ကေန ထြက္ခြာသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက ေခၚယူခ်င္ေနတဲ့ ဒုတိယေျမာက္ ဗဟိုခံစစ္ကစားသမားက ဘယ္သူျဖစ္မလဲဆိုတာကို အခ်ိန္ကသာ အေျဖေပးနိုင္မွာျဖစ္ေပမယ့္ ဘာစီလိုနာနည္းျပဟာ အသင္းကို ထိပ္တန္းအဆင့္ ျပန္လည္ပို႔ေဆာင္ေပးဖို႔ ေမၽွာ္လင့္ေနတာေၾကာင့္ ကစားသမား ၇ ဦးအထိ ေခၚယူဖို႔ ရွင္းလင္းတဲ့အစီအစဥ္ရွိေနတာေတာ့ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.