Premier League

ရွိုင်း ဟော့ဒ်ဆန်ရဲ့နောက်ဆုံးပွဲမှာ မညှာမတာ နှုတ်ဆက်လိုက်တဲ့ လက်စတာစီးတီး

ရွိုင်း ဟော့ဒ်ဆန်ရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ တနင်္ဂနွေနေ့ညက ပွဲစဉ်မှာ လက်စတာစီးတီးအသင်းက ဗီကားရေ့ဂျ်ရုဒ်မှာ ၅-၁ နဲ့ အပြတ်အသတ်အနိုင်ယူပြီး ဝက်ဖို့ဒ် နည်းပြကို ကြီးမားတဲ့အရှုံးနဲ့ နှုတ်ဆက်စေခဲ့ပါတယ်။

လက်စတာစီးတီးနဲ့ပွဲကို ဝက်ဖို့ဒ် နည်းပြသစ်ဖြစ်လာမယ့် ရော့ဘ် အက်ဒွပ် တက်ရောက်ကြည့်ရှုခဲ့ပြီး တန်းဆင်းခဲ့ပြီးဖြစ်တဲ့ ဝက်ဖို့ဒ်ဟာ လက်စတာစီးတီးရဲ့ ခံစစ်ပိုင်းဆိုးရွားမှုကို အခွင့်ကောင်းယူပြီး ဂျာအို ပက်ဒရိုက ၆ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်စတာစီးတီးအသင်းအတွက် ဂျိမ်းစ် မက်ဒီဆင်နဲ့ ဂျေမီ ဗာဒီတို့က ၁၈ မိနစ်ကနေ ၂၂ မိနစ်အတွင်း ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူသွားခဲ့ပြီး ပွဲကို တဖန်ပြန်လည် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ဒုတိယပိုင်း ၄၆ မိနစ်မှာ ဟာဗေး ဘန်းစ်ရဲ့ သွင်းဂိုးကြောင့် ၃-၁ နဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့ပြီး ဗာဒီက မိနစ် ၇၀၊ ဘန်းစ်က ၈၆ မိနစ်တွေမှာ နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူသွားခဲ့ပြီး လက်စတာစီးတီးက အဆင့် ၉ နေရာကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းရဲ့ အဖွင့်ဂိုးမှာ ခမ်း ဆီးမားရဲ့ ထောင့်ကန်ဘောကို ယူရီ တီရယ်မန်းစ်ရဲ့ ဖျက်ထုတ်ပုံ မသေသပ်မှုကနေတဆင့် ပက်ဒရိုက ညာခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီး လက်စတာစီးတီးဂိုးသမား ဒန်နီ ဝါ့ဒ် ဘယ်လိုမှမတတ်နိုင်ဘဲ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင် ဝက်ဖို့ဒ်အသင်းဟာ လက်စတာစီးတီးအသင်းကို ဖိအားတွေ ပေးနိုင်ခဲ့ပြီး အဒမ် မာစီနာရဲ့ ကန်သွင်းချက် တိုင်ထိသွားတာအပါအဝင် နောက်ထပ် ဦးဆောင်ဂိုး ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ခံစစ်ပိုင်း အမှားတွေက ဧည့်သည်လက်စတာကို ပြန်လာနိုင်စေခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းရဲ့ အဝေးဘောကန်တင်ပေးပို့မှုကို ရှင်းထုတ်ဖို့ ကြိုးစားရင်း ခရိတ်ဂျ် ကတ်သ်ကတ်ဟာ မာစီနာနဲ့ ဝင်တိုက်မိပြီး လဲကျနေခဲ့ချိန်မှာ ယူရီ တီရယ်စ်မန်းက ဝက်ဖို့ဒ်နောက်ခံလူတွေရဲ့ အမှားကို အခွင့်ကောင်းယူပြီး ဂျိမ်းစ် မက်ဒီဆင် ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာ ဂျေမီ ဗာဒီက ၂ ပွဲအတွင်း ၃ ဂိုးမြောက် သွင်းဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး မက်ဒီဆင်ရဲ့ ဂိုးရှေ့ကန်တင်ပေးပို့မှုကို ဘန် ဖော်စတာက ရှေ့ထွက် ပုတ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂျေမီ ဗာဒီက ခေါင်းဦးသွားခဲ့တာကြောင့် ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ လွတ်လွတ်ကျွတ်ကျွတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ အယ်လ်ဘရိုက်တန်က ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီး ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ လူကပ်မခံထားရတဲ့ ဟာဗေး ဘန်းစ်က ဘယ်ခြေနဲ့ အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ဂျေမီ ဗာဒီက ၎င်းရဲ့ ဒုတိယမြောက်သွင်းဂိုးနဲ့ ဝက်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ဆက်လက် အပြစ်ပေးခဲ့ပြီး ဟာဗေး ဘန်းစ် ခုတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ကတ်သ်ကတ် မရှင်းထုတ်နိုင်ဘဲ ချော်သွားခဲ့တာကြောင့် ဗာဒီက ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရြိဳင္း ေဟာ့ဒ္ဆန္ရဲ့ ေနာက္ဆုံးအိမ္ကြင္းပြဲစဥ္ျဖစ္တဲ့ တနဂၤေႏြေန႔ညက ပြဲစဥ္မွာ လက္စတာစီးတီးအသင္းက ဗီကားေရ့ဂ်္႐ုဒ္မွာ ၅-၁ နဲ႔ အျပတ္အသတ္အနိုင္ယူၿပီး ဝက္ဖို႔ဒ္ နည္းျပကို ႀကီးမားတဲ့အရႈံးနဲ႔ ႏႈတ္ဆက္ေစခဲ့ပါတယ္။

လက္စတာစီးတီးနဲ႔ပြဲကို ဝက္ဖို႔ဒ္ နည္းျပသစ္ျဖစ္လာမယ့္ ေရာ့ဘ္ အက္ဒြပ္ တက္ေရာက္ၾကည့္ရႈခဲ့ၿပီး တန္းဆင္းခဲ့ၿပီးျဖစ္တဲ့ ဝက္ဖို႔ဒ္ဟာ လက္စတာစီးတီးရဲ့ ခံစစ္ပိုင္းဆိုးရြားမႈကို အခြင့္ေကာင္းယူၿပီး ဂ်ာအို ပက္ဒရိုက ၆ မိနစ္မွာ ဦးေဆာင္ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္စတာစီးတီးအသင္းအတြက္ ဂ်ိမ္းစ္ မက္ဒီဆင္နဲ႔ ေဂ်မီ ဗာဒီတို႔က ၁၈ မိနစ္ကေန ၂၂ မိနစ္အတြင္း ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ သြင္းယူသြားခဲ့ၿပီး ပြဲကို တဖန္ျပန္လည္ ဦးေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းဟာ ဒုတိယပိုင္း ၄၆ မိနစ္မွာ ဟာေဗး ဘန္းစ္ရဲ့ သြင္းဂိုးေၾကာင့္ ၃-၁ နဲ႔ အျပတ္အသတ္ ဦးေဆာင္နိုင္ခဲ့ၿပီး ဗာဒီက မိနစ္ ၇၀၊ ဘန္းစ္က ၈၆ မိနစ္ေတြမွာ ေနာက္ထပ္ဦးေဆာင္ဂိုးေတြ သြင္းယူသြားခဲ့ၿပီး လက္စတာစီးတီးက အဆင့္ ၉ ေနရာကို တက္လွမ္းသြားနိုင္ခဲ့တာျဖစ္ပါတယ္။

ဝက္ဖို႔ဒ္အသင္းရဲ့ အဖြင့္ဂိုးမွာ ခမ္း ဆီးမားရဲ့ ေထာင့္ကန္ေဘာကို ယူရီ တီရယ္မန္းစ္ရဲ့ ဖ်က္ထုတ္ပုံ မေသသပ္မႈကေနတဆင့္ ပက္ဒရိုက ညာေျခနဲ႔ အျပင္းကန္သြင္းယူခဲ့တာျဖစ္ၿပီး လက္စတာစီးတီးဂိုးသမား ဒန္နီ ဝါ့ဒ္ ဘယ္လိုမွမတတ္နိုင္ဘဲ ဂိုးခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

အိမ္ရွင္ ဝက္ဖို႔ဒ္အသင္းဟာ လက္စတာစီးတီးအသင္းကို ဖိအားေတြ ေပးနိုင္ခဲ့ၿပီး အဒမ္ မာစီနာရဲ့ ကန္သြင္းခ်က္ တိုင္ထိသြားတာအပါအဝင္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ခံစစ္ပိုင္း အမွားေတြက ဧည့္သည္လက္စတာကို ျပန္လာနိုင္ေစခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းရဲ့ အေဝးေဘာကန္တင္ေပးပို႔မႈကို ရွင္းထုတ္ဖို႔ ႀကိဳးစားရင္း ခရိတ္ဂ်္ ကတ္သ္ကတ္ဟာ မာစီနာနဲ႔ ဝင္တိုက္မိၿပီး လဲက်ေနခဲ့ခ်ိန္မွာ ယူရီ တီရယ္စ္မန္းက ဝက္ဖို႔ဒ္ေနာက္ခံလူေတြရဲ့ အမွားကို အခြင့္ေကာင္းယူၿပီး ဂ်ိမ္းစ္ မက္ဒီဆင္ ဂိုးသြင္းယူနိုင္ေအာင္ ဖန္တီးေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ေဂ်မီ ဗာဒီက ၂ ပြဲအတြင္း ၃ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူသြားနိုင္ခဲ့ၿပီး မက္ဒီဆင္ရဲ့ ဂိုးေရွ႕ကန္တင္ေပးပို႔မႈကို ဘန္ ေဖာ္စတာက ေရွ႕ထြက္ ပုတ္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေဂ်မီ ဗာဒီက ေခါင္းဦးသြားခဲ့တာေၾကာင့္ ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲ လြတ္လြတ္ကၽြတ္ကၽြတ္ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့တဲ့ အယ္လ္ဘရိုက္တန္က ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈ ျပသနိုင္ခဲ့ၿပီး ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခဲ့ရာမွာ လူကပ္မခံထားရတဲ့ ဟာေဗး ဘန္းစ္က ဘယ္ေျခနဲ႔ အမွားအယြင္းမရွိ ပိတ္သြင္းယူၿပီး စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ ေဂ်မီ ဗာဒီက ၎ရဲ့ ဒုတိယေျမာက္သြင္းဂိုးနဲ႔ ဝက္ဖို႔ဒ္ရဲ့ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ကို ဆက္လက္ အျပစ္ေပးခဲ့ၿပီး ဟာေဗး ဘန္းစ္ ခုတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ကတ္သ္ကတ္ မရွင္းထုတ္နိုင္ဘဲ ေခ်ာ္သြားခဲ့တာေၾကာင့္ ဗာဒီက ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.