Bundesliga

အာရှသားလေးရဲ့ကယ်တင်မှုနဲ့ နောက်ဆုံးမိနစ်မှာ ဘွန်ဒက်စ်လီဂါမှာ ရှင်သန်ကျန်ရစ်နိုင်ခဲ့တဲ့ စတုဂတ်

ဝါးတားရု အန်ဒိုဟာ စနေနေ့ညနေက ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်မှာ ကိုလုံးအသင်းကို ၂-၁ နဲ့ စိတ်လှုပ်ရှားဖွယ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နာကျင်အချိန်ပို နောက်ကျအနိုင်ဂိုးနဲ့ စတုဂတ်အသင်းကို လာမယ့်ရာသီ ဘွန်ဒက်စ်လီဂါမှာ ရှင်သန်ကျန်ရစ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

အန်ဒိုရဲ့ ၉၂ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ အနိုင်ဂိုးဟာ စတုဂတ်ကို ဟာသာဘာလင်အသင်းကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အသာစီး ရရှိစေခဲ့ပြီး အဆင့် ၁၅ နေရာကို တက်လှမ်းနိုင်စေခဲ့တာကြောင့် ပွဲအပြီးမှာ ကွင်းအတွင်း ပရိသတ်တွေ ဝင်ရောက် အောင်ပွဲခံခဲ့ကြပါတယ်။

ဟာသာ ဘာလင်အသင်းဟာ ဒေါ့မွန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပြီး ဒေါ့မွန်အတွက် ယူဆွတ်ဖာ မူကိုကိုရဲ့ နောက်ကျအနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် ဟာသာ ဘာလင်ဟာ ဒုတိယတန်းက တတိယရတဲ့အသင်းနဲ့ လာမယ့်ရာသီ ဘွန်ဒက်စ်လီဂါမှာ ဘယ်သူကစားရမလဲဆိုတာ သိရဖို့အတွက် playoff ကစားသွားရတော့မှာဖြစ်ပါတယ်။

ဟာသာ ဘာလင်ဟာ လာမယ့် မေလ ၁၉ ရက်နေ့နဲ့ ၂၃ ရက်နေ့တို့မှာ ဘွန်ဒက်စ်လီဂါထိပ်တန်းအသင်းဟောင်းဖြစ်တဲ့ ဟမ်းဘာ့ဂ်နဲ့ ရင်ဆိုင်သွားရဖွယ်ရှိနေပြီး ဘွန်ဒက်စ်လီဂါရာသီ နောက်ဆုံးနေ့မှာ ဟာလန်းက ဒေါ့မွန်အတွက် ဂိုးသွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးက လိဂ်ဂိုး ၃၅ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာမီးနီးယား ဘီလီဖဲလ်ဒ်ဟာ လိုက်ပ်ဇစ်ကို သရေကစားနိုင်ခဲ့ပေမယ့်လည်း အဆင့် ၁၈ နေရာက ဂွိုက်တာ ဖွတ်နဲ့အတူ ဘွန်ဒက်စ်လီဂါ ဒုတိယတန်းကို နောက်ဆုံးမှာတော့ တန်းဆင်းသွားခဲ့ပြီဖြစ်ပြီး ဝုလ်ဖ်စ်ဘတ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မတိုင်မီ ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ်က လီဗန်ဒေါ့ဗ်စကီးဟာ အသင်းကို စွန့်ခွာချင်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ လီဗန်ဒေါ့ဗ်စကီးဟာ အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး တစ်ခြားတစ်နေရာမှာ တစ်ခုခု လုပ်ချင်နေတယ်လို့ ဆာလီဟာမစ်ဇစ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ၃ ပွဲစလုံးမှာ နိုင်ပွဲမရရှိခဲ့ဘဲ ယခုနွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့တော့မယ့် ဟာလန်းကို ဒေါ့မွန်ပရိသတ်တွေက ဟာသာ ဘာလင်နဲ့ မကစားမီ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပြီး ဒေါ့မွန်အားကစားဒါရိုက်တာ ဇော့ကလည်း ချစ်ခင်စွာနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ အာမီးနီးယား ဘီလီဖဲလ်ဒ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဘိုချန်နဲ့ပွဲမှာ တိုင်ဝို အာဝိုင်ယီရဲ့ နောက်ကျဂိုးကြောင့် ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့တဲ့ အဆင့် ၅ နေရာက ယူနီယံ ဘာလင်ထက် ၁ မှတ်အသာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

တတိယနေရာက လေဗာကူဆင်အသင်းဟာ ဖရိုင်းဘတ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ၂-၁ နဲ့ အနိုင်ယူပြီး အဆုံးသတ်ပေးခဲ့ပြီး လေဗာကူဆင် ပရိသတ်တွေဟာ ပွဲမတိုင်ခင် အသင်းနဲ့ လမ်းခွဲတော့မယ့် စီမံခန့်ခွဲမှုဒါရိုက်တာ ရူဒီ ဗော်လာကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

အခြား ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ ဘိုရူစီးယား မွန်ချင်ဂလာဘတ်ချ်က ဟော့ဖန်ဟိမ်းကို ၅-၁ နဲ့ အနိုင်၊ မိုင့်ဇ်က ဖရန့်ဖွတ်နဲ့ ၂-၂၊ အောက်စ်ဘတ်က ဂွိုက်တာ ဖွတ်ကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မွန်ချင်ဂလာဘတ်ချ်နည်းပြ အဒီ ဟွတ်တာက အသင်းရဲ့နိုင်ပွဲအပြီးမှာ ဒီပွဲစဉ်ဟာ ၎င်းရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တယ်လို့ ကြေညာသွားခဲ့ပြီး အသင်းနဲ့ နည်းပြတို့ ၂ ဦးကြား အပြန်အလှန် သဘောတူညီမှုနဲ့ လမ်းခွဲကြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အောက်စ်ဘတ်နည်းပြ မားကွတ်စ် ဗိုင်ဇီယာကလည်း ဂွိုက်တာ ဖွတ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ ၎င်းရဲ့ နောက်ဆုံးကိုင်တွယ်တဲ့ပွဲစဉ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဝါးတား႐ု အန္ဒိုဟာ စေနေန႔ညေနက ဘြန္ဒက္စ္လီဂါ ရာသီပိတ္ပြဲစဥ္မွာ ကိုလုံးအသင္းကို ၂-၁ နဲ႔ စိတ္လႈပ္ရွားဖြယ္ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ နာက်င္အခ်ိန္ပို ေနာက္က်အနိုင္ဂိုးနဲ႔ စတုဂတ္အသင္းကို လာမယ့္ရာသီ ဘြန္ဒက္စ္လီဂါမွာ ရွင္သန္က်န္ရစ္နိုင္ေအာင္ ကူညီေပးခဲ့ပါတယ္။

အန္ဒိုရဲ့ ၉၂ မိနစ္မွာ သြင္းယူေပးခဲ့တဲ့ အနိုင္ဂိုးဟာ စတုဂတ္ကို ဟာသာဘာလင္အသင္းကို ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အသာစီး ရရွိေစခဲ့ၿပီး အဆင့္ ၁၅ ေနရာကို တက္လွမ္းနိုင္ေစခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ကြင္းအတြင္း ပရိသတ္ေတြ ဝင္ေရာက္ ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဟာသာ ဘာလင္အသင္းဟာ ေဒါ့မြန္အသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ၿပီး ေဒါ့မြန္အတြက္ ယူဆြတ္ဖာ မူကိုကိုရဲ့ ေနာက္က်အနိုင္ဂိုးသြင္းယူေပးခဲ့တာေၾကာင့္ ဟာသာ ဘာလင္ဟာ ဒုတိယတန္းက တတိယရတဲ့အသင္းနဲ႔ လာမယ့္ရာသီ ဘြန္ဒက္စ္လီဂါမွာ ဘယ္သူကစားရမလဲဆိုတာ သိရဖို႔အတြက္ playoff ကစားသြားရေတာ့မွာျဖစ္ပါတယ္။

ဟာသာ ဘာလင္ဟာ လာမယ့္ ေမလ ၁၉ ရက္ေန႔နဲ႔ ၂၃ ရက္ေန႔တို႔မွာ ဘြန္ဒက္စ္လီဂါထိပ္တန္းအသင္းေဟာင္းျဖစ္တဲ့ ဟမ္းဘာ့ဂ္နဲ႔ ရင္ဆိုင္သြားရဖြယ္ရွိေနၿပီး ဘြန္ဒက္စ္လီဂါရာသီ ေနာက္ဆုံးေန႔မွာ ဟာလန္းက ေဒါ့မြန္အတြက္ ဂိုးသြင္းယူေပးခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးက လိဂ္ဂိုး ၃၅ ဂိုးနဲ႔ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

အာမီးနီးယား ဘီလီဖဲလ္ဒ္ဟာ လိုက္ပ္ဇစ္ကို သေရကစားနိုင္ခဲ့ေပမယ့္လည္း အဆင့္ ၁၈ ေနရာက ဂြိဳက္တာ ဖြတ္နဲ႔အတူ ဘြန္ဒက္စ္လီဂါ ဒုတိယတန္းကို ေနာက္ဆုံးမွာေတာ့ တန္းဆင္းသြားခဲ့ၿပီျဖစ္ၿပီး ဝုလ္ဖ္စ္ဘတ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မတိုင္မီ ဘိုင္ယန္ျမဴးနစ္ အားကစားဒါရိုက္တာ ဟာဆန္ ဆာလီဟာမစ္ဇစ္က လီဗန္ေဒါ့ဗ္စကီးဟာ အသင္းကို စြန႔္ခြာခ်င္ေနတယ္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ လီဗန္ေဒါ့ဗ္စကီးဟာ အသင္းရဲ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး တစ္ျခားတစ္ေနရာမွာ တစ္ခုခု လုပ္ခ်င္ေနတယ္လို႔ ဆာလီဟာမစ္ဇစ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘြန္ဒက္စ္လီဂါဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီးေနာက္ ၃ ပြဲစလုံးမွာ နိုင္ပြဲမရရွိခဲ့ဘဲ ယခုေႏြရာသီမွာ မန္စီးတီးကို ေျပာင္းေရႊ႕ေတာ့မယ့္ ဟာလန္းကို ေဒါ့မြန္ပရိသတ္ေတြက ဟာသာ ဘာလင္နဲ႔ မကစားမီ လက္ခုပ္တီး ဂုဏ္ျပဳခဲ့ၾကၿပီး ေဒါ့မြန္အားကစားဒါရိုက္တာ ေဇာ့ကလည္း ခ်စ္ခင္စြာနဲ႔ ႏႈတ္ဆက္ခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းဟာ အာမီးနီးယား ဘီလီဖဲလ္ဒ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ဘိုခ်န္နဲ႔ပြဲမွာ တိုင္ဝို အာဝိုင္ယီရဲ့ ေနာက္က်ဂိုးေၾကာင့္ ၃-၂ နဲ႔ အနိုင္ရရွိသြားခဲ့တာေၾကာင့္ ယူရိုပါလိဂ္ဝင္ခြင့္ရခဲ့တဲ့ အဆင့္ ၅ ေနရာက ယူနီယံ ဘာလင္ထက္ ၁ မွတ္အသာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိခဲ့ၿပီျဖစ္ပါတယ္။

တတိယေနရာက ေလဗာကူဆင္အသင္းဟာ ဖရိုင္းဘတ္ရဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမၽွာ္လင့္ခ်က္ကို ၂-၁ နဲ႔ အနိုင္ယူၿပီး အဆုံးသတ္ေပးခဲ့ၿပီး ေလဗာကူဆင္ ပရိသတ္ေတြဟာ ပြဲမတိုင္ခင္ အသင္းနဲ႔ လမ္းခြဲေတာ့မယ့္ စီမံခန႔္ခြဲမႈဒါရိုက္တာ ႐ူဒီ ေဗာ္လာကို ဂုဏ္ျပဳႏႈတ္ဆက္ခဲ့ၾကပါတယ္။

အျခား ဘြန္ဒက္စ္လီဂါပြဲစဥ္ေတြမွာ ဘို႐ူစီးယား မြန္ခ်င္ဂလာဘတ္ခ်္က ေဟာ့ဖန္ဟိမ္းကို ၅-၁ နဲ႔ အနိုင္၊ မိုင့္ဇ္က ဖရန႔္ဖြတ္နဲ႔ ၂-၂၊ ေအာက္စ္ဘတ္က ဂြိဳက္တာ ဖြတ္ကို ၂-၁ နဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။ မြန္ခ်င္ဂလာဘတ္ခ်္နည္းၿပ အဒီ ဟြတ္တာက အသင္းရဲ့နိုင္ပြဲအၿပီးမွာ ဒီပြဲစဥ္ဟာ ၎ရဲ့ ေနာက္ဆုံးပြဲစဥ္ျဖစ္တယ္လို႔ ေၾကညာသြားခဲ့ၿပီး အသင္းနဲ႔ နည္းျပတို႔ ၂ ဦးၾကား အျပန္အလွန္ သေဘာတူညီမႈနဲ႔ လမ္းခြဲၾကဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ေအာက္စ္ဘတ္နည္းၿပ မားကြတ္စ္ ဗိုင္ဇီယာကလည္း ဂြိဳက္တာ ဖြတ္ကို အနိုင္ရခဲ့တဲ့ပြဲစဥ္ဟာ ၎ရဲ့ ေနာက္ဆုံးကိုင္တြယ္တဲ့ပြဲစဥ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.