Bundesliga Ligue1 Premier League Transfer News

ဆန္ခ်ဳိကို အစားထိုးဖို႔ ေဒါ့မြန္ စီစဥ္ေနၿပီး ယူႏုိက္တက္အတြက္ သတင္းေကာင္းျဖစ္လာ

မန္ခ်က္စတာယူႏုိက္တက္အသင္းကေန ေခၚယူဖို႔ အလုိရွိေနတဲ့ ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေဈးကိုင္ထားမွဳကို ေဒါ့မြန္အသင္းဘက္က ေလွ်ာ့ခ်ဖြယ္ရွိေနၿပီး ကနဦးနဲ႔ ဆုေၾကးခံစားခြင့္အတြက္ ေျဖေလွ်ာ့မွဳေတြ ျပဳလုပ္ေပးဖြယ္ရွိေနသလို သူ႕ကို ျပန္လည္အစားထိုးဖို႔အတြက္လည္း စီစဥ္ေနၿပီျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဆန္ခ်ဳိကို ယူႏုိက္တက္က ကမ္းလွမ္းမွဳအတြက္ ေဒါ့မြန္အေနနဲ႔ ေပါင္သန္း ၁၁၀ တန္ သေဘာတူညီမွဳတစ္ခုကို ရရွိႏုိင္ခဲ့မယ္ဆုိရင္ ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ ကေန ၈၀ ၾကားမွာ ေရာင္းခ်ေပးသြားႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြကလည္း ခန္႔မွန္းေနခဲ့ၾကၿပီး အေျပာင္းအေရႊ႕ျဖစ္ဖို႔ မ်ားတယ္လုိ႔လည္း ဆုိေနၾကပါတယ္။

အသက္ ၂၀ အရြယ္ အဂၤလန္ေတာင္ပံကစားသမားကို ေဒါ့မြန္ဘက္က ျပန္လည္အစားထိုးသြားမယ့္သူကေတာ့ တုိက္တုိက္ဆုိင္ဆုိင္ပဲ ယူႏိုက္တက္ကေန ေျပာင္းေရႊ႕ထြက္ခြာသြားၿပီး ျပင္သစ္ကလပ္ လီယြန္မွာ ေျခစြမ္းျပေနတဲ့ တုိက္စစ္မွဴး မမ္းဖစၥ ဒီပုိင္းျဖစ္တယ္လုိ႔ သိရၿပီး သူကေတာ့ အသင္းရဲ႕ ခ်န္ပီယံလိဂ္မဝင္တဲ့ အေျခအေနမွာ ထြက္ခြာခ်င္ေနတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မန္ခ်က္စတာသားေတြဘက္က ဘယ္လိုတုံ႔ျပန္မလဲဆုိတဲ့ ေရႊ႕ကြက္ကိုပဲ ေစာင့္ဆုိင္းရေတာ့မွာျဖစ္ၿပီး ကြင္းလယ္မွာ ေပါင္သန္း ၈၀ ေလာက္ ေပးရႏုိင္တဲ့ ဗီလာကပၸတိန္ ဂ်က္ခ္ ဂရီးလစ္ရွ္အတြက္လည္း အာ႐ုံမ်ားေနခ်ိန္မွာ ဆန္ခ်ဳိကိုေတာ့ ဘာပဲျဖစ္ျဖစ္ ပရိသတ္အႀကဳိက္ ဦးစားေပးေခၚယူသြားရဖို႔လည္း ရွိေနတာပါ။

ယူႏုိက္တက္အေနနဲ႔ ဆန္ခ်ဳိအတြက္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏုိင္ခဲ့မယ္ဆုိရင္ေတာ့ သူတုိ႔ရဲ႕ ကစားသမားေဟာင္း နယ္သာလန္သားကို ဝက္စ္ဖယ္လ္ဒန္ကြင္းမွာ ေတြ႕ျမင္ရဖြယ္ရွိၿပီး ႏွစ္သင္းစလုံးမွာ ေက်ာနံပါတ္ ၇ အသစ္ႏွစ္ဦးကို ေတြ႕ျမင္ရဖြယ္ရွိေနလို႔ ပရိသတ္ေတြအတြက္ေတာ့ ရင္ခုန္စရာပိုျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့ အလိုရှိနေတဲ့ ဂျေဒန် ဆန်ချိုအတွက် ဈေးကိုင်ထားမှုကို ဒေါ့မွန်အသင်းဘက်က လျှော့ချဖွယ်ရှိနေပြီး ကနဦးနဲ့ ဆုကြေးခံစားခွင့်အတွက် ဖြေလျှော့မှုတွေ ပြုလုပ်ပေးဖွယ်ရှိနေသလို သူ့ကို ပြန်လည်အစားထိုးဖို့အတွက်လည်း စီစဉ်နေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဆန်ချိုကို ယူနိုက်တက်က ကမ်းလှမ်းမှုအတွက် ဒေါ့မွန်အနေနဲ့ ပေါင်သန်း ၁၁၀ တန် သဘောတူညီမှုတစ်ခုကို ရရှိနိုင်ခဲ့မယ်ဆိုရင် ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ကနေ ၈၀ ကြားမှာ ရောင်းချပေးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေကလည်း ခန့်မှန်းနေခဲ့ကြပြီး အပြောင်းအရွှေ့ဖြစ်ဖို့ များတယ်လို့လည်း ဆိုနေကြပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားကို ဒေါ့မွန်ဘက်က ပြန်လည်အစားထိုးသွားမယ့်သူကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ယူနိုက်တက်ကနေ ပြောင်းရွှေ့ထွက်ခွာသွားပြီး ပြင်သစ်ကလပ် လီယွန်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းဖြစ်တယ်လို့ သိရပြီး သူကတော့ အသင်းရဲ့ ချန်ပီယံလိဂ်မဝင်တဲ့ အခြေအနေမှာ ထွက်ခွာချင်နေတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မန်ချက်စတာသားတွေဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ရွှေ့ကွက်ကိုပဲ စောင့်ဆိုင်းရတော့မှာဖြစ်ပြီး ကွင်းလယ်မှာ ပေါင်သန်း ၈၀ လောက် ပေးရနိုင်တဲ့ ဗီလာကပ္ပတိန် ဂျက်ခ် ဂရီးလစ်ရှ်အတွက်လည်း အာရုံများနေချိန်မှာ ဆန်ချိုကိုတော့ ဘာပဲဖြစ်ဖြစ် ပရိသတ်အကြိုက် ဦးစားပေးခေါ်ယူသွားရဖို့လည်း ရှိနေတာပါ။

ယူနိုက်တက်အနေနဲ့ ဆန်ချိုအတွက် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ ကစားသမားဟောင်း နယ်သာလန်သားကို ဝက်စ်ဖယ်လ်ဒန်ကွင်းမှာ တွေ့မြင်ရဖွယ်ရှိပြီး နှစ်သင်းစလုံးမှာ ကျောနံပါတ် ၇ အသစ်နှစ်ဦးကို တွေ့မြင်ရဖွယ်ရှိနေလို့ ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာပိုဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.