Carabao & FA

ပင်နယ်တီအကျိုးပေးကောင်းခဲ့ပြန်တဲ့ လီဗာပူးလ် ၀-၀ ချဲလ်ဆီးတို့ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာ ၇ ချက်

၁။ လျှပ်စစ်လို လျင်လျင်မြန်မြန် စတင်ခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဝင်ဘလေက ပွဲကြီးပွဲကောင်းမှာ တောက်ပစွာနဲ့ စတင်နိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို လွယ်လွယ်နဲ့ ကျော်ဖြတ်လို့ရနိုင်တဲ့အသင်းမဟုတ်ဘူးဆိုတာကို သတိပေးခဲ့ပါတယ်။ လီဗာပူးလ်ဟာ ပထမပိုင်း အဖွင့်ပွဲကစားချိန် ၁၀ မိနစ်အတွင်း ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထရင့် အလက်ဇန္ဒား-အာနိုးလ်က မယုံနိုင်ဖွယ်ပေးပို့မှုပြုလုပ်ခဲ့ချိန်မှာ ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံတောင်ပံကစားသမားဟာ ချဲလ်ဆီး ခံစစ်ကို ဖြတ်ကျော်ပြီး လူးဝစ္စ ဒီယက်ဇ်ဆီ ဘောလုံးဖြတ်တင်ပေးခဲ့တာဖြစ်ပြီး ကိုလံဘီယာတောင်ပံကစားသမားက အေဒူယာ မန်ဒီကို အနိုင်မယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာမှာ ချဲလ်ဆီးအသင်းအနေနဲ့ ဆုဖလားကိုင်မြှောက်ချင်တယ်ဆိုရင် ၎င်းတို့ရဲ့ဂိုးသမားအနေနဲ့ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်တယ်ဆိုတာ ရှင်းလင်းသွားခဲ့ပါတယ်။

၂။ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့ကြတဲ့ ပထမပိုင်း

လီဗာပူးလ်က ပွဲကို အသာစီးနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း ချဲလ်ဆီးက လျင်လျင်မြန်မြန်နဲ့ ပြန်တိုက်ခဲ့ပါတယ်။ ပူလီရှစ်ဟာ ၂၂ မိနစ်မှာ ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ပြီး ညာတောင်ပံကနေတဆင့် ဖြတ်တင်ပေးပို့မှုကို ပိတ်သွင်းခဲ့ရာမှာ ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ မားကို့စ် အလွန်ဆိုဟာ ပင်နယ်တီဧရိယာထဲမှာ ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူခွင့်ရရှိခဲ့ပေမယ့် ညံ့ဖျင်းတဲ့ဘောလုံးထိန်းသိမ်းပုံကြောင့် အယ်လစ်ဆန်က လျင်လျင်မြန်မြန် ရှေ့တက်လာပြီး ဘောလုံးလမ်းကြောင်းကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ပူလီရှစ်ဟာ နောက်ထပ်တစ်ကြိမ် ပင်နယ်တီဧရိယာထဲမှာ အခွင့်အရေးကောင်းရရှိခဲ့ပေမယ့်လည်း ဖြတ်တင်ပေးပို့မှုရော ဂိုးကန်သွင်မှုပါ ပြုလုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

၃။ ဗိုလ်လုပွဲနဲ့ ဒဏ်ရာပြဿနာ ဝမ်းဆက်ဖြစ်နေတဲ့ ဆာလား

စနေနေ့ညပွဲစဉ်မှာ အားလုံးရဲ့ မျက်လုံးတွေက မိုဟာမက် ဆာလားပေါ်မှာ ရှိနေခဲ့ပေမယ့် အီဂျစ်တိုက်စစ်မှူးဟာ ဝင်ဘလေကွင်းထဲမှာ ၃၃ မိနစ်သာ ကစားနိုင်ခဲ့ပါတယ်။ ဆာလားဟာ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့ပုံပေါ်တာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး မေလ ၂၈ ရက်နေ့ ပဲရစ်မှာ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အချိန်မီ ကြံ့ခိုင်မှုပြန်ရအောင် ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ လီဗာပူးလ်ပရိသတ်တွေအတွက် သတင်းကောင်းကတော့ ဆာလားဟာ သိပ်တော့ ဆိုးဆိုးရွားရွား နာကျင်နေခဲ့ပုံမပေါ်ဘဲ ကွင်းထဲကနေ လမ်းလျှောက်ထွက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာ ဆောက်သမ်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပါဝင်ကစားပေးနိုင်လောက်တဲ့အထိ ကြံ့ခိုင်မှု ပြန်လည်ရရှိဖွယ် မရှိဖို့ များပါတယ်။

၄။ နောက်ထပ်တစ်ကြိမ် လူပိုဖြစ်ခဲ့ပြန်တဲ့ လူကာကူး

လူကာကူးအနေနဲ့ ဝင်ဘလေက အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပါဝင်ကစားမှာနဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိနေခဲ့ပါတယ်။ ကစားသမားနဲ့ ၎င်းရဲ့အေးဂျင့်တို့ကြားက လူသိရှင်ကြား အငြင်းအခုံဖြစ်မှုက လူကာကူးရဲ့ယုံကြည်မှုအပေါ် အရိပ်မိုးခဲ့ပြီး အများစုက ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ ဒီပွဲအတွက် ရွေးချယ်ခံရမလားဆိုတာ မသေချာခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ပထမပိုင်းတစ်ပိုင်းလုံး ဘောလုံး မည်မည်ရရ ကိုင်ကစားနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း ပထမပိုင်းမပြီးဆုံးခင်မှာ ကောင်းမွန်တဲ့အခွင့်အရေးကို ရရှိခဲ့တာဖြစ်ပါတယ်။ လူကာကူးဟာ ဘောလုံးကို ခြေထောက်ထဲမှာကိုင်ထားပြီး ဗန်ဒိုက်ရဲ့ ဖိအားပေးမှုကြောင့် ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခြင်းမရှိဘဲ ဂိုးဘားတန်းပေါ်ကို ကျော်သွားခဲ့တာဖြစ်ပါတယ်။ လူကာကူးအတွက်တော့ အဲဒီအခိုက်အတန့်ဟာ စိတ်ပျက်စရာ စနေနေ့ညနေခင်းမှာ လီဗာပူးလ်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ဖို့ အနီးစပ်ဆုံးအခိုက်အတန့်ဖြစ်ခဲ့ပြီး ၈၅ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

၅။ နှလုံးခုန်သံတောင် ပြန်ကြားခဲ့ရတဲ့ ၅ မိနစ်

ဒုတိယပိုင်းအစဟာ ပရိသတ်တွေအတွက် မျက်တောင် မခတ်ရဲလောက်အောင် လျင်မြန်နေခဲ့ပြီး ၂ သင်းစလုံးဟာ ဦးဆောင်ဂိုး သွင်းယူဖို့အတွက် အခွင့်အရေးတွေ ရခဲ့တာဖြစပါတယ်။ အလွန်ဆိုရဲ့ မြေနိမ့်ဘော ကန်သွင်းချက်ဟာ တိုင်ဘေး ဝိုက်ထွက်သွားခဲ့ပြီး အလွတ်တည်ကန်ဘောကနေ ကန်သွင်းမှုကလည်း တိုင်ထိသွားခဲ့တာဖြစ်ပါတယ်။ ဒီကန်သွင်းမှု ၂ ကြိမ်ကြားမှာ ပူလီရှစ်ကလည်း နောက်ထပ်အခွင့်အရေး ရရှိခဲ့ပြီး ၎င်းရဲ့ ကန်သွင်းချက်ဟာ အယ်လစ်ဆန်ရဲ့ ပုတ်ထုတ်ကာကွယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရောဘတ်ဆန်အနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့သင့်ပြီး ပင်နယ်တီဧရိယာထဲမှာ ဘောလုံးရယူခဲ့ပေမယ့် ဘောလုံးနဲ့ ကောင်းမွန်တဲ့ ထိတွေ့မှု မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၆။ လီဗာပူးလ်ရဲ့ ဘုရင်သစ် ဒီယက်ဇ်

ဆာလားဟာ မာဆေးဆိုဒ်မှာ အီဂျစ်ဘုရင်ကြီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ၎င်းရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။ ဆာလားဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁၃ လသာ လိုတော့ပြီး လီဗာပူးလ်ပရိသတ်တွေဟာ အီဂျစ်တိုက်စစ်မှူးကို ဆုံးရှုံးရမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ အဲဒီ ထိတ်လန့်စိုးရိမ်နေမှုတွေကို ဒီယက်ဇ် ပေါ်ထွက်လာမှုက သက်သာစေခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားဟာ ဇန်နဝါရီလမှာ အန်းဖီးကို ရောက်ရှိလာပြီးကတည်းက သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားပြီး ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ ဝင်ဘလေက ပွဲစဉ်မှာလည်း ပုံစံကောင်းကို ဆက်လက်ပြသခဲ့တာဖြစ်ပါတယ်။ ပထမမိနစ်ကတည်းက ဆာလားနဲ့ မာနေးတို့မဟုတ်ဘဲ ဒီယက်ဇ်ကသာ လီဗာပူးလ်ရဲ့ ကြယ်ပွင့်ကစားသမားဆိုတာကို မြင်တွေ့ခဲ့ရပြီး ကိုလံဘီယာကြယ်ပွင့်ဟာ အဖွင့်ပွဲကစားချိန်တွေမှာ အာနိုးလ်နဲ့ ရောဘတ်ဆန်တို့ရဲ့ အကူအညီနဲ့ ဘယ်တောင်ပံကနေတဆင့် တောက်လျှောက်တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒီယက်ဇ်ဟာ နည်းနည်း တိတ်ဆိတ်သွားခဲ့ပေမယ့် ၎င်းရဲ့ ပါဝင်မှုကိုတော့ ဘယ်သူကမှ လစ်လျူရှုလို့မရခဲ့တာဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ ၅၂ မိနစ်မှာ ဂိုးသွင်းယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပြီး ကန်သွင်းချက်က ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ ကန်သွင်းချက် လေထဲမှာ ဝေ့ဝိုက်ပြီး နောက်ဆုံး ဂိုးတိုင်ကို သွားထိမှန်ခဲ့တာဖြစ်ပြီး ပြီးတဲ့နောက် မိနစ် ၉၀ မှာလည်း ဒီယက်ဇ်က လျင်မြန်တဲ့ ပြေးအားနဲ့အတူ ဂိုးကန်သွင်းခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ် ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့ပြန်တာဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ အဆုံးမှာ အနိုင်ဂိုးကို မသွင်းယူနိုင်ခဲ့ဘဲ အချိန်ပိုမှာ ဖာမီနိုနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပေမယ့် ဒါဟာ အစသာရှိသေးတာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ကစားသမားဆီကနေ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

၇။ စိတ်လှုပ်ရှားစရာ အဆုံးသတ်

အလွန်ကောင်းမွန်တဲ့ပွဲစဉ်တွေဟာ အလွန်ကောင်းမွန်တဲ့အဆုံးသတ်ရှိဖို့ လိုပြီး ဒီပွဲကလည်း အဲဒီလိုပွဲစဉ်ဆိုတာ သေချာပါတယ်။ ရောဘတ်ဆန်အနေနဲ့ နောက်ဆုံး ၁၀ မိနစ်မှာ ဂျိမ်းစ် မီလ်နာရဲ့ ပင်နယ်တီဧရိယာထဲ ပေးပို့မှုကို အဆုံးသတ်နိုင်ခဲ့သင့်ပေမယ့် ဂိုးတိုင်ထိသွားခဲ့တာဖြစ်ပါတယ်။ အချိန်ပိုဟာ ၂ ဖက်ကစားသမားတွေ ပွဲပမ်းနေပြီဖြစ်တာကြောင့် နှေးကွေးစွာ စတင်ခဲ့ပေမယ့် ဒိုင်လူကြီး ခရိတ်ဂျ် ပေါ်ဆန်ဟာ သိပ်မကြာမီမှာ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ကိုနာတေဟာ ဟာကင်း ဇီယက်ရှ်ကို မြက်ခင်းပေါ် လဲကျသွားအောင် လုပ်မိခဲ့ပြီး ဝင်ဘလေကွင်းထဲမှာရှိတဲ့လူတိုင်း အသက်ရှူတောင် ရပ်တန့်သွားခဲ့ပါတယ်။ ဒိုင်လူကြီးက လက်ကို ဝှေ့ယမ်းပြီး ပွဲဆက်ကစားစေဖို့ အချက်ပြခဲ့ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ အချိန်ပိုမှာ ၂ ဖက်စလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ဆက်သွားခဲ့ရပြီး အလွန်ဆိုနဲ့ မီလ်နာတို့ရဲ့ ဂိုးကန်သွင်းမှုဟာ ဂိုးပိုက်ထဲဝင်သွားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ ကန်သွင်းချက်ဟာ တိုင်ထိသွားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ရီးစ် ဂျိမ်းစ်၊ ဖာမီနို၊ ဘာကလေ၊ အာနိုးလ်၊ ဂျော်ဂျင်ညိုတို့ရဲ့ ကန်သွင်းချက်တွေဟာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီးနောက် မာနေးဟာ အဆုံးအဖြတ်သွင်းဂိုးဖြစ်လာမယ့် ကန်သွင်းမှုကို လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် ဇီယက်ရှ်နဲ့ ဂျိုတာတို့ ပင်နယ်တီဆက်ကန်ခဲ့ရပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း မေဆန် မောင့်က လီဗာပူးလ်ကို နောက်ထပ်တစ်ကြိမ် ဖလားကိုင်မြှောက်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ အဆုံးအဖြတ်ပင်နယ်တီကို ဆီမီကပ်စ်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး မာဆေးဆိုဒ်အသင်းဟာ ယခုရာသီရဲ့နောက်ထပ် ပြည်တွင်းဖလားတစ်လုံးကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး ဖလား ၄ လုံးအိပ်မက်ကို ဆက်လက်အသက်သွင်းနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ လၽွပ္စစ္လို လ်င္လ်င္ျမန္ျမန္ စတင္ခဲ့တဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ ဝင္ဘေလက ပြဲႀကီးပြဲေကာင္းမွာ ေတာက္ပစြာနဲ႔ စတင္နိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို လြယ္လြယ္နဲ႔ ေက်ာ္ျဖတ္လို႔ရနိုင္တဲ့အသင္းမဟုတ္ဘူးဆိုတာကို သတိေပးခဲ့ပါတယ္။ လီဗာပူးလ္ဟာ ပထမပိုင္း အဖြင့္ပြဲကစားခ်ိန္ ၁၀ မိနစ္အတြင္း ေဘာလုံးပိုင္ဆိုင္မႈ ၇၁ ရာခိုင္ႏႈန္းအထိ ရွိခဲ့ၿပီး ထရင့္ အလက္ဇႏၵား-အာနိုးလ္က မယုံနိုင္ဖြယ္ေပးပို႔မႈျပဳလုပ္ခဲ့ခ်ိန္မွာ ဂိုးသြင္းယူနိုင္လုနီးပါးျဖစ္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္ေနာက္ခံေတာင္ပံကစားသမားဟာ ခ်ဲလ္ဆီး ခံစစ္ကို ျဖတ္ေက်ာ္ၿပီး လူးဝစၥ ဒီယက္ဇ္ဆီ ေဘာလုံးျဖတ္တင္ေပးခဲ့တာျဖစ္ၿပီး ကိုလံဘီယာေတာင္ပံကစားသမားက ေအဒူယာ မန္ဒီကို အနိုင္မယူနိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနရာမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဆုဖလားကိုင္ေျမႇာက္ခ်င္တယ္ဆိုရင္ ၎တို႔ရဲ့ဂိုးသမားအေနနဲ႔ အေကာင္းဆုံးပုံစံမွာ ရွိေနဖို႔ လိုအပ္တယ္ဆိုတာ ရွင္းလင္းသြားခဲ့ပါတယ္။

၂။ အပိုင္အခြင့္အေရးေတြ ျဖဳန္းတီးခဲ့ၾကတဲ့ ပထမပိုင္း

လီဗာပူးလ္က ပြဲကို အသာစီးနဲ႔ စတင္နိုင္ခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးက လ်င္လ်င္ျမန္ျမန္နဲ႔ ျပန္တိုက္ခဲ့ပါတယ္။ ပူလီရွစ္ဟာ ၂၂ မိနစ္မွာ ေရႊေရာင္အခြင့္အေရးကို ျဖဳန္းတီးပစ္ခဲ့ၿပီး ညာေတာင္ပံကေနတဆင့္ ျဖတ္တင္ေပးပို႔မႈကို ပိတ္သြင္းခဲ့ရာမွာ ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ မားကို႔စ္ အလြန္ဆိုဟာ ပင္နယ္တီဧရိယာထဲမွာ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူခြင့္ရရွိခဲ့ေပမယ့္ ညံ့ဖ်င္းတဲ့ေဘာလုံးထိန္းသိမ္းပုံေၾကာင့္ အယ္လစ္ဆန္က လ်င္လ်င္ျမန္ျမန္ ေရွ႕တက္လာၿပီး ေဘာလုံးလမ္းေၾကာင္းကို ပိတ္ဆို႔ခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ ပူလီရွစ္ဟာ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီဧရိယာထဲမွာ အခြင့္အေရးေကာင္းရရွိခဲ့ေပမယ့္လည္း ျဖတ္တင္ေပးပို႔မႈေရာ ဂိုးကန္သြင္မႈပါ ျပဳလုပ္နိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

၃။ ဗိုလ္လုပြဲနဲ႔ ဒဏ္ရာျပႆနာ ဝမ္းဆက္ျဖစ္ေနတဲ့ ဆာလား

စေနေန႔ညပြဲစဥ္မွာ အားလုံးရဲ့ မ်က္လုံးေတြက မိုဟာမက္ ဆာလားေပၚမွာ ရွိေနခဲ့ေပမယ့္ အီဂ်စ္တိုက္စစ္မႉးဟာ ဝင္ဘေလကြင္းထဲမွာ ၃၃ မိနစ္သာ ကစားနိုင္ခဲ့ပါတယ္။ ဆာလားဟာ ေပါင္ၿခံဒဏ္ရာရရွိသြားခဲ့ပုံေပၚတာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး ေမလ ၂၈ ရက္ေန႔ ပဲရစ္မွာ ကစားရမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအတြက္ အခ်ိန္မီ ႀကံ့ခိုင္မႈျပန္ရေအာင္ ႀကိဳးပမ္းရေတာ့မွာျဖစ္ပါတယ္။ လီဗာပူးလ္ပရိသတ္ေတြအတြက္ သတင္းေကာင္းကေတာ့ ဆာလားဟာ သိပ္ေတာ့ ဆိုးဆိုးရြားရြား နာက်င္ေနခဲ့ပုံမေပၚဘဲ ကြင္းထဲကေန လမ္းေလၽွာက္ထြက္သြားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အဂၤါေန႔မွာ ေဆာက္သမ္တန္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ပါဝင္ကစားေပးနိုင္ေလာက္တဲ့အထိ ႀကံ့ခိုင္မႈ ျပန္လည္ရရွိဖြယ္ မရွိဖို႔ မ်ားပါတယ္။

၄။ ေနာက္ထပ္တစ္ႀကိမ္ လူပိုျဖစ္ခဲ့ျပန္တဲ့ လူကာကူး

လူကာကူးအေနနဲ႔ ဝင္ဘေလက အက္ဖ္ေအဖလား ဗိုလ္လုပြဲကို ပါဝင္ကစားမွာနဲ႔ပတ္သက္ၿပီး ေျပာစရာေတြ အမ်ားႀကီးရွိေနခဲ့ပါတယ္။ ကစားသမားနဲ႔ ၎ရဲ့ေအးဂ်င့္တို႔ၾကားက လူသိရွင္ၾကား အျငင္းအခုံျဖစ္မႈက လူကာကူးရဲ့ယုံၾကည္မႈအေပၚ အရိပ္မိုးခဲ့ၿပီး အမ်ားစုက ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ ဒီပြဲအတြက္ ေရြးခ်ယ္ခံရမလားဆိုတာ မေသခ်ာခဲ့တာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ ပထမပိုင္းတစ္ပိုင္းလုံး ေဘာလုံး မည္မည္ရရ ကိုင္ကစားနိုင္ျခင္းမရွိခဲ့ေပမယ့္လည္း ပထမပိုင္းမၿပီးဆုံးခင္မွာ ေကာင္းမြန္တဲ့အခြင့္အေရးကို ရရွိခဲ့တာျဖစ္ပါတယ္။ လူကာကူးဟာ ေဘာလုံးကို ေျခေထာက္ထဲမွာကိုင္ထားၿပီး ဗန္ဒိုက္ရဲ့ ဖိအားေပးမႈေၾကာင့္ ဂိုးေပါက္တည့္ေအာင္ ကန္သြင္းနိုင္ျခင္းမရွိဘဲ ဂိုးဘားတန္းေပၚကို ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ လူကာကူးအတြက္ေတာ့ အဲဒီအခိုက္အတန႔္ဟာ စိတ္ပ်က္စရာ စေနေန႔ညေနခင္းမွာ လီဗာပူးလ္အသင္းဘက္ကို ဂိုးသြင္းယူနိုင္ဖို႔ အနီးစပ္ဆုံးအခိုက္အတန႔္ျဖစ္ခဲ့ၿပီး ၈၅ မိနစ္မွာ လူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။

၅။ ႏွလုံးခုန္သံေတာင္ ျပန္ၾကားခဲ့ရတဲ့ ၅ မိနစ္

ဒုတိယပိုင္းအစဟာ ပရိသတ္ေတြအတြက္ မ်က္ေတာင္ မခတ္ရဲေလာက္ေအာင္ လ်င္ျမန္ေနခဲ့ၿပီး ၂ သင္းစလုံးဟာ ဦးေဆာင္ဂိုး သြင္းယူဖို႔အတြက္ အခြင့္အေရးေတြ ရခဲ့တာျဖစပါတယ္။ အလြန္ဆိုရဲ့ ေျမနိမ့္ေဘာ ကန္သြင္းခ်က္ဟာ တိုင္ေဘး ဝိုက္ထြက္သြားခဲ့ၿပီး အလြတ္တည္ကန္ေဘာကေန ကန္သြင္းမႈကလည္း တိုင္ထိသြားခဲ့တာျဖစ္ပါတယ္။ ဒီကန္သြင္းမႈ ၂ ႀကိမ္ၾကားမွာ ပူလီရွစ္ကလည္း ေနာက္ထပ္အခြင့္အေရး ရရွိခဲ့ၿပီး ၎ရဲ့ ကန္သြင္းခ်က္ဟာ အယ္လစ္ဆန္ရဲ့ ပုတ္ထုတ္ကာကြယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ တစ္ဖက္မွာလည္း ေရာဘတ္ဆန္အေနနဲ႔ ဂိုးသြင္းယူနိုင္ခဲ့သင့္ၿပီး ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးရယူခဲ့ေပမယ့္ ေဘာလုံးနဲ႔ ေကာင္းမြန္တဲ့ ထိေတြ႕မႈ မျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

၆။ လီဗာပူးလ္ရဲ့ ဘုရင္သစ္ ဒီယက္ဇ္

ဆာလားဟာ မာေဆးဆိုဒ္မွာ အီဂ်စ္ဘုရင္ႀကီးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ၎ရဲ့အနာဂတ္ဟာ မေရမရာျဖစ္ေနဆဲျဖစ္ပါတယ္။ ဆာလားဟာ လီဗာပူးလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၁၃ လသာ လိုေတာ့ၿပီး လီဗာပူးလ္ပရိသတ္ေတြဟာ အီဂ်စ္တိုက္စစ္မႉးကို ဆုံးရႈံးရမွာကို စိုးရိမ္ေနၾကတာျဖစ္ပါတယ္။ အဲဒီ ထိတ္လန႔္စိုးရိမ္ေနမႈေတြကို ဒီယက္ဇ္ ေပၚထြက္လာမႈက သက္သာေစခဲ့တာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ဇန္နဝါရီလမွာ အန္းဖီးကို ေရာက္ရွိလာၿပီးကတည္းက သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ျပဳလုပ္ထားၿပီး ခ်ဲလ္ဆီးနဲ႔ကစားခဲ့တဲ့ ဝင္ဘေလက ပြဲစဥ္မွာလည္း ပုံစံေကာင္းကို ဆက္လက္ျပသခဲ့တာျဖစ္ပါတယ္။ ပထမမိနစ္ကတည္းက ဆာလားနဲ႔ မာေနးတို႔မဟုတ္ဘဲ ဒီယက္ဇ္ကသာ လီဗာပူးလ္ရဲ့ ၾကယ္ပြင့္ကစားသမားဆိုတာကို ျမင္ေတြ႕ခဲ့ရၿပီး ကိုလံဘီယာၾကယ္ပြင့္ဟာ အဖြင့္ပြဲကစားခ်ိန္ေတြမွာ အာနိုးလ္နဲ႔ ေရာဘတ္ဆန္တို႔ရဲ့ အကူအညီနဲ႔ ဘယ္ေတာင္ပံကေနတဆင့္ ေတာက္ေလၽွာက္တိုက္စစ္ဆင္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ ဒီယက္ဇ္ဟာ နည္းနည္း တိတ္ဆိတ္သြားခဲ့ေပမယ့္ ၎ရဲ့ ပါဝင္မႈကိုေတာ့ ဘယ္သူကမွ လစ္လ်ဴရႈလို႔မရခဲ့တာျဖစ္ပါတယ္။ ဒီယက္ဇ္ဟာ ၅၂ မိနစ္မွာ ဂိုးသြင္းယူနိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနကို ေရာက္ရွိခဲ့ၿပီး ကန္သြင္းခ်က္က ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။ အလြန္ေကာင္းမြန္တဲ့ ကန္သြင္းခ်က္ ေလထဲမွာ ေဝ့ဝိုက္ၿပီး ေနာက္ဆုံး ဂိုးတိုင္ကို သြားထိမွန္ခဲ့တာျဖစ္ၿပီး ၿပီးတဲ့ေနာက္ မိနစ္ ၉၀ မွာလည္း ဒီယက္ဇ္က လ်င္ျမန္တဲ့ ေျပးအားနဲ႔အတူ ဂိုးကန္သြင္းခဲ့ေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့ျပန္တာျဖစ္ပါတယ္။ ဒီယက္ဇ္ဟာ အဆုံးမွာ အနိုင္ဂိုးကို မသြင္းယူနိုင္ခဲ့ဘဲ အခ်ိန္ပိုမွာ ဖာမီနိုနဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရေပမယ့္ ဒါဟာ အစသာရွိေသးတာျဖစ္ၿပီး အလြန္ေကာင္းမြန္တဲ့ကစားသမားဆီကေန အလြန္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

၇။ စိတ္လႈပ္ရွားစရာ အဆုံးသတ္

အလြန္ေကာင္းမြန္တဲ့ပြဲစဥ္ေတြဟာ အလြန္ေကာင္းမြန္တဲ့အဆုံးသတ္ရွိဖို႔ လိုၿပီး ဒီပြဲကလည္း အဲဒီလိုပြဲစဥ္ဆိုတာ ေသခ်ာပါတယ္။ ေရာဘတ္ဆန္အေနနဲ႔ ေနာက္ဆုံး ၁၀ မိနစ္မွာ ဂ်ိမ္းစ္ မီလ္နာရဲ့ ပင္နယ္တီဧရိယာထဲ ေပးပို႔မႈကို အဆုံးသတ္နိုင္ခဲ့သင့္ေပမယ့္ ဂိုးတိုင္ထိသြားခဲ့တာျဖစ္ပါတယ္။ အခ်ိန္ပိုဟာ ၂ ဖက္ကစားသမားေတြ ပြဲပမ္းေနၿပီျဖစ္တာေၾကာင့္ ေႏွးေကြးစြာ စတင္ခဲ့ေပမယ့္ ဒိုင္လူႀကီး ခရိတ္ဂ်္ ေပၚဆန္ဟာ သိပ္မၾကာမီမွာ ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ပါတယ္။ ကိုနာေတဟာ ဟာကင္း ဇီယက္ရွ္ကို ျမက္ခင္းေပၚ လဲက်သြားေအာင္ လုပ္မိခဲ့ၿပီး ဝင္ဘေလကြင္းထဲမွာရွိတဲ့လူတိုင္း အသက္ရႉေတာင္ ရပ္တန႔္သြားခဲ့ပါတယ္။ ဒိုင္လူႀကီးက လက္ကို ေဝွ႕ယမ္းၿပီး ပြဲဆက္ကစားေစဖို႔ အခ်က္ျပခဲ့ၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ အခ်ိန္ပိုမွာ ၂ ဖက္စလုံး ဂိုးသြင္းယူနိုင္ျခင္းမရွိခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္အထိ ဆက္သြားခဲ့ရၿပီး အလြန္ဆိုနဲ႔ မီလ္နာတို႔ရဲ့ ဂိုးကန္သြင္းမႈဟာ ဂိုးပိုက္ထဲဝင္သြားခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ့ ကန္သြင္းခ်က္ဟာ တိုင္ထိသြားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ ရီးစ္ ဂ်ိမ္းစ္၊ ဖာမီနို၊ ဘာကေလ၊ အာနိုးလ္၊ ေဂ်ာ္ဂ်င္ညိဳတို႔ရဲ့ ကန္သြင္းခ်က္ေတြဟာ ဂိုးအျဖစ္ေျပာင္းလဲနိုင္ခဲ့ၿပီးေနာက္ မာေနးဟာ အဆုံးအျဖတ္သြင္းဂိုးျဖစ္လာမယ့္ ကန္သြင္းမႈကို လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဇီယက္ရွ္နဲ႔ ဂ်ိဳတာတို႔ ပင္နယ္တီဆက္ကန္ခဲ့ရၿပီး ဂိုးသြင္းယူနိုင္ခဲ့ေပမယ့္လည္း ေမဆန္ ေမာင့္က လီဗာပူးလ္ကို ေနာက္ထပ္တစ္ႀကိမ္ ဖလားကိုင္ေျမႇာက္ဖို႔ အခြင့္အေရးေပးခဲ့ပါတယ္။ လီဗာပူးလ္ရဲ့ အဆုံးအျဖတ္ပင္နယ္တီကို ဆီမီကပ္စ္က အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး မာေဆးဆိုဒ္အသင္းဟာ ယခုရာသီရဲ့ေနာက္ထပ္ ျပည္တြင္းဖလားတစ္လုံးကို ထပ္မံ သိမ္းပိုက္နိုင္ခဲ့ၿပီး ဖလား ၄ လုံးအိပ္မက္ကို ဆက္လက္အသက္သြင္းနိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.