Premier League

EPL တစ်ရာသီတာအကောင်းဆုံးကစားသမားဆန်ခါတင်စာရင်းမှာ ပါသင့်တဲ့သူတွေမပါလို့ ဝေဖန်ခဲ့တဲ့ အိုဟားရား

ဂျေမီ အိုဟားရားက မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယို မာနေးတို့ကို ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ ချန်လှပ်ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်ကစားသမားဟောင်းက မာနေးနဲ့ ရော်နယ်လ်ဒိုတို့ကို ပရီးမီးယားလိဂ်က မသိချင်ယောင်ဆောင်သွားခဲ့တဲ့အတွက် တစ်ရာသီတာအကောင်းဆုံးကစားသမား ဆန်ခါတင်စာရင်းဟာ ဟာသပဲလို့ သတ်မှတ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ ၂ သင်းစလုံးက ကစားသမား ၈ ဦးစီ ဆန်ခါတင်စာရင်းထဲမှာမှာ ပါဝင်ခဲ့ပြီး စပါးစ်၊ အာဆင်နယ်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းအသင်းတို့ဆီက ကစားသမား တစ်ဦးချင်းစီ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းက ကီဗင် ဒီဘရိုင်းနား၊ ကန်ဆယ်လိုတို့ ပါဝင်ခဲ့သလို လီဗာပူးလ်အသင်းကလည်း မိုဟာမက် ဆာလားနဲ့ ထရင့် အလက်ဇန္ဒား-အာနိုးလ်တို့လို ကစားသမားတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ကလည်း အာဆင်နယ်တောင်ပံကြယ်ပွင့် ဆာကာနဲ့အတူ ဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက် တောင်ပံကစားသမား ဘိုဝင်နဲ့ ဆောက်သမ်တန် ကွင်းလယ်ကစားသမား ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်တို့လည်း ရွေးချယ်ခြင်းခံခဲ့ရချိန်မှာ လီဗာပူးလ်ကြယ်ပွင့် ဆာဒီယို မာနေးနဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနိုတို့ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆန်ခါတင်စာရင်းမှာ ထည့်သွင်းခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ဂျေမီ အိုဟားရားက ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားတဲ့ ဆာဒီယို မာနေးနဲ့ ဟက်ထရစ် ၂ ကြိမ်အပါအဝင် ယခုရာသီမှာ လိဂ်ဂိုး ၁၈ ဂိုးအထိ သွင်းယူထားတဲ့ရော်နယ်လ်ဒိုတို့ မပါဝင်ခဲ့တဲ့အတွက် မယုံနိုင်ဖြစ်ခဲ့ပြီး လုံးဝ ဟာသပဲလို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်လည်ပြောင်းရွှေ့လာမှုက နတ်သမီးပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ဘူးလို့ ပြောရရင် မှန်မှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်သာ ပြန်လည်မပြောင်းရွှေ့လာဘူးဆိုရင် ယခုရာသီမှာ အခုထက် အခြေအနေတွေ ပိုမိုဆိုးရွားခဲ့မှာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၂၄ ဂိုးအထိ သွင်းယူပေးထားခဲ့သူဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ကစားသမားတစ်ဦးအတွက်တော့ ဒီကိန်းဂဏန်းဟာ ထူးခြားနေခဲ့ပေမယ့် ၎င်းရဲ့အသင်းဖော်တွေက ဒီလိုအားစိုက်ထုတ်မှုတွေကို အကျိုးသက်ရောက်မှု ပိုရှိအောင် မလုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ အိုးထရက်ဖို့ဒ်က အခြေအနေတွေက လုံးဝကို ရှုပ်ထွေးနေပုံပေါ်ပြီး အိုင်းယက်စ်နဲ့ ဒတ်ချ်ဖလား ရယူပြီး အင်္ဂလန်ကို ရောက်ရှိလာမယ့် အဲရစ် တန်ဟက်ဂ်အနေနဲ့ အဖက်ဖက်က ယိုယွင်းနေတဲ့ အသင်းကို ဘယ်လို အပြောင်းအလဲတွေ လုပ်ပေးနိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဂ်မီ အိုဟားရားက မန္ခ်က္စတာယူနိုက္တက္ ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး ဆာဒီယို မာေနးတို႔ကို ပရီးမီးယားလိဂ္ရဲ့ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆု ဆန္ခါတင္စာရင္းမွာ ခ်န္လွပ္ခဲ့တဲ့အတြက္ ေဒါသထြက္ခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါး ကြင္းလယ္ကစားသမားေဟာင္းက မာေနးနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ပရီးမီးယားလိဂ္က မသိခ်င္ေယာင္ေဆာင္သြားခဲ့တဲ့အတြက္ တစ္ရာသီတာအေကာင္းဆုံးကစားသမား ဆန္ခါတင္စာရင္းဟာ ဟာသပဲလို႔ သတ္မွတ္ခဲ့ပါတယ္။ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ ၂ သင္းစလုံးက ကစားသမား ၈ ဦးစီ ဆန္ခါတင္စာရင္းထဲမွာမွာ ပါဝင္ခဲ့ၿပီး စပါးစ္၊ အာဆင္နယ္၊ ေဆာက္သမ္တန္၊ ဝက္စ္ဟမ္းအသင္းတို႔ဆီက ကစားသမား တစ္ဦးခ်င္းစီ ပါဝင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းက ကီဗင္ ဒီဘရိုင္းနား၊ ကန္ဆယ္လိုတို႔ ပါဝင္ခဲ့သလို လီဗာပူးလ္အသင္းကလည္း မိုဟာမက္ ဆာလားနဲ႔ ထရင့္ အလက္ဇႏၵား-အာနိုးလ္တို႔လို ကစားသမားေတြလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။ ပုံမွန္ေျခစြမ္း ရရွိေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဆြန္ေဟာင္မင္ကလည္း အာဆင္နယ္ေတာင္ပံၾကယ္ပြင့္ ဆာကာနဲ႔အတူ ဆန္ခါတင္စာရင္းထဲမွာ ထည့္သြင္းျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းယူနိုက္တက္ ေတာင္ပံကစားသမား ဘိုဝင္နဲ႔ ေဆာက္သမ္တန္ ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ ဝါ့ဒ္-ပေရာက္စ္တို႔လည္း ေရြးခ်ယ္ျခင္းခံခဲ့ရခ်ိန္မွာ လီဗာပူးလ္ၾကယ္ပြင့္ ဆာဒီယို မာေနးနဲ႔ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္တိုက္စစ္မႉး ခရစၥတီယာနိုတို႔ဟာ ပရီးမီးယားလိဂ္ရဲ့ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆန္ခါတင္စာရင္းမွာ ထည့္သြင္းျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ေဂ်မီ အိုဟားရားက ပရီးမီးယားလိဂ္ ၃၃ ပြဲမွာ ၁၅ ဂိုးအထိ သြင္းယူထားတဲ့ ဆာဒီယို မာေနးနဲ႔ ဟက္ထရစ္ ၂ ႀကိမ္အပါအဝင္ ယခုရာသီမွာ လိဂ္ဂိုး ၁၈ ဂိုးအထိ သြင္းယူထားတဲ့ေရာ္နယ္လ္ဒိုတို႔ မပါဝင္ခဲ့တဲ့အတြက္ မယုံနိုင္ျဖစ္ခဲ့ၿပီး လုံးဝ ဟာသပဲလို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ကို ခရစၥတီယာနို ေရာ္နယ္လ္ဒို ျပန္လည္ေျပာင္းေရႊ႕လာမႈက နတ္သမီးပုံျပင္တစ္ပုဒ္မဟုတ္ခဲ့ဘူးလို႔ ေျပာရရင္ မွန္မွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္သာ ျပန္လည္မေျပာင္းေရႊ႕လာဘူးဆိုရင္ ယခုရာသီမွာ အခုထက္ အေျခအေနေတြ ပိုမိုဆိုးရြားခဲ့မွာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ယခုရာသီ ၿပိဳင္ပြဲစုံ ၃၉ ပြဲမွာ ၂၄ ဂိုးအထိ သြင္းယူေပးထားခဲ့သူျဖစ္ၿပီး အသက္ ၃၇ ႏွစ္အရြယ္ ကစားသမားတစ္ဦးအတြက္ေတာ့ ဒီကိန္းဂဏန္းဟာ ထူးျခားေနခဲ့ေပမယ့္ ၎ရဲ့အသင္းေဖာ္ေတြက ဒီလိုအားစိုက္ထုတ္မႈေတြကို အက်ိဳးသက္ေရာက္မႈ ပိုရွိေအာင္ မလုပ္ေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိ အိုးထရက္ဖို႔ဒ္က အေျခအေနေတြက လုံးဝကို ရႈပ္ေထြးေနပုံေပၚၿပီး အိုင္းယက္စ္နဲ႔ ဒတ္ခ်္ဖလား ရယူၿပီး အဂၤလန္ကို ေရာက္ရွိလာမယ့္ အဲရစ္ တန္ဟက္ဂ္အေနနဲ႔ အဖက္ဖက္က ယိုယြင္းေနတဲ့ အသင္းကို ဘယ္လို အေျပာင္းအလဲေတြ လုပ္ေပးနိုင္မလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.