Carabao & FA Premier League

ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ အက်ဖ်အေဗိုလ်လုပွဲအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ တိုက်ပွဲသော့ချက် ၃ ခု

ချဲလ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ယနေ့ညနေ ဝင်ဘလေကွင်းမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်သွားတော့မှာဖြစ်ပြီး ယခုရာသီရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေထဲက တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။

အက်ဖ်အေဖလားသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲမှာ ဂျာမန်လူမျိုး နည်းပြ ၂ ဦး အားပြိုင်ရမယ့်ပွဲစဉ်လည်း ဖြစ်လာမှာဖြစ််ပြီး ဘယ်နည်းပြကပဲ အနိုင်ရရ အက်ဖ်အေဖလားကို ပထမဆုံး ကိုင်မြှောက်နိုင်တဲ့ ဂျာမန်လူမျိုးနည်းပြဖြစ်လာမှာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ ၂ သင်းစလုံးဟာ ၎င်းတို့ရဲ့ ဂျာမန်လူမျိုးနည်းပြတွေလက်အောက်မှာ အကောင်းဆုံးအနေအထားမှာရှိနေပြီး ဆုဖလားတွေကို ဆက်လက်ကိုင်မြှောက်သွားဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ဟာ ပရီးမီးယားလိဂ်ရာသီပြီးဆုံးဖို့ ၂ ပွဲသာ လိုတော့တဲ့အချိန်မှာ ဂွါဒီယိုလာရဲ့အသင်းကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၅ ဦးစာရင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး တူဟယ်ကလည်း နောက်ထပ်တစ်ကြိမ် နည်းဗျူဟာပိုင်းမှာ ဆရာတစ်ဆူဆိုတာကို သက်သေပြသွားဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ဒီ ၂ သင်းစလုံးဟာ နေရာတိုင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေအများအပြားပိုင်ဆိုင်ထားပြီး မိနစ် ၉၀ အတွင်းမှာ သူတစ်ပြန် ကိုယ်တပြန်နဲ့ ရေကုန်ရေခမ်းကစားသွားရဖွယ်ရှိနေတာကြောင့် ဒီပွဲစဉ်မှာ အဆုံးအဖြတ်ဖြစ်လာနိုင်မယ့် အဓိက နည်းဗျူဟာတိုက်ပွဲ ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

လူးဝစ္စ ဒီယက်ဇ် vs ရီးစ် ဂျိမ်းစ်

အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ဟာ ချဲလ်ဆီးရော လီဗာပူးလ်ရဲ့ ကံကြမ္မာကိုပါ အမှန်တကယ် ဖန်တီးနိုင် သို့မဟုတ် ချိုးဖျက်နိုင်တဲ့ သည်းထိတ်ရင်ဖိုစရာ တိုက်ပွဲဖြစ်လာမှာဖြစ်ပါတယ်။ လီဗာပူးလ်တောင်ပံကြယ်ပွင့် လူးဝစ္စ ဒီယက်ဇ်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ပေါ်တိုကနေ ပြောင်းရွှေ့လာပြီးကတည်းက အန်းဖီးမှာ တောက်ပနေခဲ့တာဖြစ်ပြီး ယခုရာသီ ဥရောပရဲ့ အကောင်းဆုံးညာနောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ရီးစ် ဂျိမ်းစ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားရတော့မှာဖြစ်ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ အသင်းရဲ့ တောင်ပံ စွမ်းဆောင်ရည်ကို သတ်မှတ်နိုင်တဲ့ မြန်နှုန်းနဲ့ လုပ်အားနှုန်းတို့ကို ပိုင်ဆိုင်ထားပြီး ကွင်းထဲက တူညီတဲ့ဘက်တစ်ခုမှာ ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ လီဗာပူးလ်အတွက် လွှမ်းမိုးနိုင်စွမ်းအရှိဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ရီးစ် ဂျိမ်းကလည်း ချဲလ်ဆီးရဲ့ ကစားကွက် အဆင့်တိုင်းမှာ အဓိကလွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒီနေ့ညနေပွဲစဉ်မှာ ဒီကစားသမား ၂ ဦးထဲက အသာစီးရရှိတဲ့သူ ထွက်ပေါ်လာမယ်ဆိုရင် ၎င်းရဲ့အသင်းရလဒ်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။

မေဆန် မောင့် vs သီယေဂို အယ်လ်ကန်တာရာ

ပွဲစဉ်တစ်ခုရဲ့ အရှုံးနဲ့ အနိုင်ဟာ မကြာခဏ ကွင်းလယ်က အဆုံးအဖြတ်ပေးလေ့ရှိပြီး ဘောလုံးယန္တရားကြီးရဲ့ အင်ဂျင်ခန်းဖြစ်တဲ့ ကွင်းလယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မရေမတွက်နိုင်တဲ့ ဂန္တဝင်ကစားသမားတွေ၊ ထူးခြားတဲ့အခိုက်အတန့်တွေကို သတ်မှတ်ပေးနိုင်တဲ့ အမှတ်ရစရာ စွမ်းဆောင်တွေ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ မေဆန် မောင့်နဲ့ သီယေဂိုတို့ ကွင်းလယ်တိုက်ပွဲမှာ နောက်ထပ်တစ်ကြိမ် အဓိကတိုက်ပွဲမှာ ဘယ်သူက ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကျိန်းသေတာကတော့ ကစားသမား ၂ ဦးစလုံးဟာ ယနေ့ညနေပွဲစဉ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားသွားမှာဖြစ်ပြီး မေဆန် မောင့်ဟာ ယခုရာသီ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ အများဆုံးပြုလုပ်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ သီယေဂိုကလည်း ဘိုင်ယန်မြူးနစ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက လီဗာပူးလ်ရဲ့ကွင်းလယ်မှာ အဓိကကစားသမားအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး မကြာခဏပြသခဲ့သူဖြစ်ပါတယ်။ ကစားသမား ၂ ဦးစလုံးဟာ ပွဲရဲ့ အရှိန်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အသင်းရဲ့ ကစားပုံကိုလည်း လိုသလို ကြိုးဆွဲနိုင်စွမ်းရှိတာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ကွင်းလယ်တိုက်ပွဲကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဗန်ဒိုက် vs လူကာကူး

ကမ္ဘာပေါ်က အကောင်းဆုံး ဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဗန်ဒိုက်နဲ့ ပြီးခဲ့တဲ့ရာသီတွေမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် အကောင်းဆုံးဂိုးသွင်းရှင်တွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ လူကာကူးတို့ နောက်ထပ်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။ လူကာကူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်ကနေ စတမ်းဖို့ဒ် ဘရစ်ချ်ကို ဒုတိယအကြိမ် ပြန်လည်ပြောင်းရွှေ့လာပြီးနောက်ပိုင်း ချဲလ်ဆီးပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း စွမ်းဆောင်ပြနိုင်ခြင်းမရှိခဲ့သူဖြစ်ပေမယ့် နောက်ဆုံးပရီးမီးယားလိဂ် ၂ ပွဲမှာ သွင်းဂိုး ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် တူဟယ်ရဲ့အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားဖွယ်ရှိပါတယ်။

အရပ်အမောင်းကောင်းတဲ့ ဒတ်ချ်နောက်ခံကစားသမား ဗန်ဒိုက်ဟာ ဆောက်သမ်တန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက နည်းပြ ကလော့ပ်လက်အောက်မှာ ခေါင်းဆောင်မှု၊ ကြံ့ခိုင်မှုနဲ့ အောင်မြင်မှု မီးရှူးတန်ဆောင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အဲဒီအဓိကအရည်အချင်းတွေဟာ လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ မေဆန် မောင့်ရဲ့ ထောက်ပံ့ပေးခြင်းခံရမယ့် လူကာကူးနဲ့ တွေ့ဆုံရာမှာ နောက်ထပ်တစ်ကြိမ် စမ်းသပ်ခံရမှာဖြစ်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ အများအပြား မမြင်ကောင်းမမြင်ရနိုင်တဲ့ ပွဲစဉ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဗန်ဒိုက်နဲ့ လူကာကူးတို့ရဲ့တိုက်ပွဲဟာ ဒီပွဲရဲ့ ဂိုးအရေအတွက်ကို အကုန်လုံးမဟုတ်ရင်တောင် ၇၀ ရာခိုင်နှုန်းလောက် သတ်မှတ်ပေးနိုင်တဲ့သော့ချက်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ ယေန႔ညေန ဝင္ဘေလကြင္းမွာ အက္ဖ္ေအဖလား ဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္သြားေတာ့မွာျဖစ္ၿပီး ယခုရာသီရဲ့ အျပင္းထန္ဆုံးတိုက္ပြဲေတြထဲက တစ္ခုျဖစ္လာေတာ့မွာျဖစ္ပါတယ္။

အက္ဖ္ေအဖလားသမိုင္းတေလၽွာက္ ပထမဆုံးအႀကိမ္အျဖစ္ ဗိုလ္လုပြဲမွာ ဂ်ာမန္လူမ်ိဳး နည္းၿပ ၂ ဦး အားၿပိဳင္ရမယ့္ပြဲစဥ္လည္း ျဖစ္လာမွာျဖစ္္ၿပီး ဘယ္နည္းျပကပဲ အနိုင္ရရ အက္ဖ္ေအဖလားကို ပထမဆုံး ကိုင္ေျမႇာက္နိုင္တဲ့ ဂ်ာမန္လူမ်ိဳးနည္းျပျဖစ္လာမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ ၂ သင္းစလုံးဟာ ၎တို႔ရဲ့ ဂ်ာမန္လူမ်ိဳးနည္းျပေတြလက္ေအာက္မွာ အေကာင္းဆုံးအေနအထားမွာရွိေနၿပီး ဆုဖလားေတြကို ဆက္လက္ကိုင္ေျမႇာက္သြားဖို႔ အဆင္သင့္ျဖစ္ေနတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္ရာသီၿပီးဆုံးဖို႔ ၂ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ ဂြါဒီယိုလာရဲ့အသင္းကို ေက်ာ္ျဖတ္နိုင္မယ့္ အခြင့္အေရးရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုအတြက္ ဆန္ခါတင္ ၅ ဦးစာရင္းထဲမွာ ေရြးခ်ယ္ျခင္းခံခဲ့ရၿပီး တူဟယ္ကလည္း ေနာက္ထပ္တစ္ႀကိမ္ နည္းဗ်ဴဟာပိုင္းမွာ ဆရာတစ္ဆူဆိုတာကို သက္ေသျပသြားဖို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

ဒီ ၂ သင္းစလုံးဟာ ေနရာတိုင္းမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြအမ်ားအျပားပိုင္ဆိုင္ထားၿပီး မိနစ္ ၉၀ အတြင္းမွာ သူတစ္ျပန္ ကိုယ္တျပန္နဲ႔ ေရကုန္ေရခမ္းကစားသြားရဖြယ္ရွိေနတာေၾကာင့္ ဒီပြဲစဥ္မွာ အဆုံးအျဖတ္ျဖစ္လာနိုင္မယ့္ အဓိက နည္းဗ်ဴဟာတိုက္ပြဲ ၃ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

လူးဝစၥ ဒီယက္ဇ္ vs ရီးစ္ ဂ်ိမ္းစ္

အက္ဖ္ေအဖလား ဗိုလ္လုပြဲစဥ္ဟာ ခ်ဲလ္ဆီးေရာ လီဗာပူးလ္ရဲ့ ကံၾကမၼာကိုပါ အမွန္တကယ္ ဖန္တီးနိုင္ သို႔မဟုတ္ ခ်ိဳးဖ်က္နိုင္တဲ့ သည္းထိတ္ရင္ဖိုစရာ တိုက္ပြဲျဖစ္လာမွာျဖစ္ပါတယ္။ လီဗာပူးလ္ေတာင္ပံၾကယ္ပြင့္ လူးဝစၥ ဒီယက္ဇ္ဟာ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလမွာ ေပၚတိုကေန ေျပာင္းေရႊ႕လာၿပီးကတည္းက အန္းဖီးမွာ ေတာက္ပေနခဲ့တာျဖစ္ၿပီး ယခုရာသီ ဥေရာပရဲ့ အေကာင္းဆုံးညာေနာက္ခံေတာင္ပံကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ရီးစ္ ဂ်ိမ္းစ္နဲ႔ ထိပ္တိုက္ေတြ႕ဆုံသြားရေတာ့မွာျဖစ္ပါတယ္။

ကစားသမား ၂ ဦးစလုံးဟာ အသင္းရဲ့ ေတာင္ပံ စြမ္းေဆာင္ရည္ကို သတ္မွတ္နိုင္တဲ့ ျမန္ႏႈန္းနဲ႔ လုပ္အားႏႈန္းတို႔ကို ပိုင္ဆိုင္ထားၿပီး ကြင္းထဲက တူညီတဲ့ဘက္တစ္ခုမွာ ထိပ္တိုက္ေတြ႕ဆုံရမွာျဖစ္ပါတယ္။ ဒီယက္ဇ္ဟာ လီဗာပူးလ္အတြက္ လႊမ္းမိုးနိုင္စြမ္းအရွိဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ၿပီး ရီးစ္ ဂ်ိမ္းကလည္း ခ်ဲလ္ဆီးရဲ့ ကစားကြက္ အဆင့္တိုင္းမွာ အဓိကလႊမ္းမိုးနိုင္စြမ္းရွိတဲ့ ကစားသမားအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ ဒီေန႔ညေနပြဲစဥ္မွာ ဒီကစားသမား ၂ ဦးထဲက အသာစီးရရွိတဲ့သူ ထြက္ေပၚလာမယ္ဆိုရင္ ၎ရဲ့အသင္းရလဒ္အေပၚ ႀကီးမားတဲ့ သက္ေရာက္မႈ ရွိလာမွာျဖစ္ပါတယ္။

ေမဆန္ ေမာင့္ vs သီေယဂို အယ္လ္ကန္တာရာ

ပြဲစဥ္တစ္ခုရဲ့ အရႈံးနဲ႔ အနိုင္ဟာ မၾကာခဏ ကြင္းလယ္က အဆုံးအျဖတ္ေပးေလ့ရွိၿပီး ေဘာလုံးယႏၲရားႀကီးရဲ့ အင္ဂ်င္ခန္းျဖစ္တဲ့ ကြင္းလယ္မွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက မေရမတြက္နိုင္တဲ့ ဂႏၲဝင္ကစားသမားေတြ၊ ထူးျခားတဲ့အခိုက္အတန႔္ေတြကို သတ္မွတ္ေပးနိုင္တဲ့ အမွတ္ရစရာ စြမ္းေဆာင္ေတြ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္။ ေမဆန္ ေမာင့္နဲ႔ သီေယဂိုတို႔ ကြင္းလယ္တိုက္ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ အဓိကတိုက္ပြဲမွာ ဘယ္သူက ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

က်ိန္းေသတာကေတာ့ ကစားသမား ၂ ဦးစလုံးဟာ ယေန႔ညေနပြဲစဥ္မွာ အဓိကအခန္းက႑ကေန ပါဝင္ကစားသြားမွာျဖစ္ၿပီး ေမဆန္ ေမာင့္ဟာ ယခုရာသီ ခ်ဲလ္ဆီးအသင္းအတြက္ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ အမ်ားဆုံးျပဳလုပ္ေပးထားတဲ့ကစားသမားျဖစ္ပါတယ္။ သီေယဂိုကလည္း ဘိုင္ယန္ျမဴးနစ္ကေန ေျပာင္းေရႊ႕လာၿပီးကတည္းက လီဗာပူးလ္ရဲ့ကြင္းလယ္မွာ အဓိကကစားသမားအျဖစ္ သက္ေသျပသနိုင္ခဲ့သူျဖစ္ၿပီး ဒီရာသီမွာ ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားဆုနဲ႔ ထိုက္တန္တဲ့ စြမ္းေဆာင္ရည္မ်ိဳး မၾကာခဏျပသခဲ့သူျဖစ္ပါတယ္။ ကစားသမား ၂ ဦးစလုံးဟာ ပြဲရဲ့ အရွိန္ကို ထိန္းခ်ဳပ္နိုင္စြမ္းရွိၿပီး အသင္းရဲ့ ကစားပုံကိုလည္း လိုသလို ႀကိဳးဆြဲနိုင္စြမ္းရွိတာေၾကာင့္ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကြင္းလယ္တိုက္ပြဲကို ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

ဗန္ဒိုက္ vs လူကာကူး

ကမၻာေပၚက အေကာင္းဆုံး ဗဟိုခံစစ္ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ၿပီးခဲ့တဲ့ရာသီေတြမွာ ကလပ္အသင္းနဲ႔ နိုင္ငံအသင္းအတြက္ အေကာင္းဆုံးဂိုးသြင္းရွင္ေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ လူကာကူးတို႔ ေနာက္ထပ္တစ္ႀကိမ္ ထိပ္တိုက္ေတြ႕ဆုံၾကေတာ့မွာျဖစ္ပါတယ္။ လူကာကူးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အင္တာမီလန္ကေန စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ဒုတိယအႀကိမ္ ျပန္လည္ေျပာင္းေရႊ႕လာၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးပရိသတ္ေတြ ေမၽွာ္လင့္ထားတဲ့အတိုင္း စြမ္းေဆာင္ျပနိုင္ျခင္းမရွိခဲ့သူျဖစ္ေပမယ့္ ေနာက္ဆုံးပရီးမီးယားလိဂ္ ၂ ပြဲမွာ သြင္းဂိုး ၃ ဂိုးအထိ သြင္းယူထားနိုင္ခဲ့တာေၾကာင့္ တူဟယ္ရဲ့အသင္းအတြက္ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးသြားဖြယ္ရွိပါတယ္။

အရပ္အေမာင္းေကာင္းတဲ့ ဒတ္ခ်္ေနာက္ခံကစားသမား ဗန္ဒိုက္ဟာ ေဆာက္သမ္တန္ကေန ေျပာင္းေရႊ႕လာၿပီးကတည္းက နည္းၿပ ကေလာ့ပ္လက္ေအာက္မွာ ေခါင္းေဆာင္မႈ၊ ႀကံ့ခိုင္မႈနဲ႔ ေအာင္ျမင္မႈ မီးရႉးတန္ေဆာင္အျဖစ္ ဆက္လက္တည္ရွိေနဆဲျဖစ္ၿပီး အဲဒီအဓိကအရည္အခ်င္းေတြဟာ လႊမ္းမိုးနိုင္စြမ္းႀကီးမားတဲ့ ေမဆန္ ေမာင့္ရဲ့ ေထာက္ပံ့ေပးျခင္းခံရမယ့္ လူကာကူးနဲ႔ ေတြ႕ဆုံရာမွာ ေနာက္ထပ္တစ္ႀကိမ္ စမ္းသပ္ခံရမွာျဖစ္ပါတယ္။ အျပန္အလွန္သြင္းဂိုးေတြ အမ်ားအျပား မျမင္ေကာင္းမျမင္ရနိုင္တဲ့ ပြဲစဥ္ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ဗန္ဒိုက္နဲ႔ လူကာကူးတို႔ရဲ့တိုက္ပြဲဟာ ဒီပြဲရဲ့ ဂိုးအေရအတြက္ကို အကုန္လုံးမဟုတ္ရင္ေတာင္ ၇၀ ရာခိုင္ႏႈန္းေလာက္ သတ္မွတ္ေပးနိုင္တဲ့ေသာ့ခ်က္တစ္ခုျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.