Premier League

လီဗာပူးလ်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်ခင် အသင်းပိုင်ရှစ်သစ်နဲ့ လျှို့ဝှက်ဆွေးနွေးခဲ့တဲ့ တူဟယ်

အမေရိကန်ဘီလျံနာက အနောက်လန်ဒန်အသင်းကို အပြီးသတ် လွှဲပြောင်းရယူဖို့ ကြိုတင်ပြင်ဆင်နေတာကြောင့် ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်နဲ့ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီတို့ဟာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တူဟယ်နဲ့ တော့ဒ် ဘိုလီတို့ကြား တွေ့ဆုံဆွေးနွေးမှုဟာ ဘယ်အကြောင်းအရာကို ပြောဆိုဆွေးနွေးခဲ့ကြတယ်ဆိုတာ မသိရပေမယ့် ဒီရာသီမှာ နောက်ထပ် ရနိုင်မယ့် အဓိကဖလားတစ်လုံးဖြစ်တဲ့ ယနေ့ညနေ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာ ဖြစ်ဖို့များပါတယ်။ ချဲလ်ဆီးအသင်းက သောကြာနေ့ညနေမှာ နည်းပြနဲ့ အသင်းပိုင်ရှင်သစ်တို့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး တွစ်တာမှာ “တော့ဒ် ဘိုလီက ယမန်နေ့က ကော့ဘ်ဟမ်မှာ သောမတ်စ် တူဟယ်နဲ့ အမျိုးသားအသင်းကို တွေ့ဆုံခဲ့ပါတယ်”

“ဒီနေ့မှာ အသင်းလေ့ကျင့်ရေးကွင်းက လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ နေးလ် ဘက်သ်နဲ့အတူ ချဲလ်ဆီးအမျိုးသမီးအသင်းနည်းပြ အမ်မာ ဟေးစ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေကို တွေ့ဆုံခဲ့ပါတယ်”လို့ ရေးသားထားတာဖြစ်ပါတယ်။ တော့ဒ် ဘိုလီဟာ ပြီးခဲ့တဲ့အပတ်မှာ ချဲလ်ဆီးအသင်းကို ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ချဲလ်ဆီးအသင်းက တရားဝင်ကြေညာခဲ့တာဖြစ်ပြီး ရှေ့ဆက်ပြီး ပိုင်ရှင်သစ်တွေဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သွေးသစ်လောင်းမှုတွေ ပြုလုပ်သွားဖို့ မျှော်မှန်းနေတာဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ်တွေဟာ ပထမအသင်းလူစာရင်း၊ အမျိုးသမီးအသင်း၊ အကယ်ဒမီကို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး နည်းပြ တူဟယ်က ဇွန်လကုန်မှာ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာတော့မှာကြောင့် လာမယ့်လတွေမှာ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း လုပ်ဆောင်ရမယ့်ကိစ္စတွေအတွက် စိတ်အားထက်သန်နေမှာ ကျိန်းသေပေါက်ဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ချာလိုဘက်နဲ့ မာလန်း ဆားတို့ဟာ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့နေရာကို ဝင်ဖြည့်ပေးနိုင်ပေမယ့်လည်း တူဟယ်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဗဟိုခံစစ်ကစားသမားကို ခေါ်ယူချင်နေမယ်ဆိုရင် အံ့အားသင့်စရာမဟုတ်တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တုန်းက ဂျူးစ် ကွန်ဒေးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆီဗီလာနဲ့ သဘောတူညီမှု ရရှိအောင် ကြိုးပမ်းနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာတော့ အဲဒီပြောဆိုမှုတွေကို တဖန်ပြန်အသက်သွင်းနိုင်ဖွယ်ရှိပါတယ်။

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ဟာ ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးလ်နဲ့ပွဲစဉ်အပေါ် အပြည့်အဝ အာရုံစိုက်ထားတာကြောင့် အသင်းပိုင်ရှင်သစ်နဲ့ ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းအရာကို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

“ကျွန်တော်တို့ မနက်ဖြန် ပြည်တွင်းက တစ်စုံတရာကို အနိုင်ရရှိနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ ကျွန်တော်တို့ ကာရာဘောင်းဖလားဗိုလ်လုပွဲနဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေ ရောက်ခဲ့ပြီးပါပြီ။ ဆိုးရွားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တဲ့အသင်းတွေအများကြီး ရှိနေပါတယ်”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အေမရိကန္ဘီလ်ံနာက အေနာက္လန္ဒန္အသင္းကို အၿပီးသတ္ လႊဲေျပာင္းရယူဖို႔ ႀကိဳတင္ျပင္ဆင္ေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္နဲ႔ အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီတို႔ဟာ ပထမဆုံးေတြ႕ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

တူဟယ္နဲ႔ ေတာ့ဒ္ ဘိုလီတို႔ၾကား ေတြ႕ဆုံေဆြးေႏြးမႈဟာ ဘယ္အေၾကာင္းအရာကို ေျပာဆိုေဆြးေႏြးခဲ့ၾကတယ္ဆိုတာ မသိရေပမယ့္ ဒီရာသီမွာ ေနာက္ထပ္ ရနိုင္မယ့္ အဓိကဖလားတစ္လုံးျဖစ္တဲ့ ယေန႔ညေန အက္ဖ္ေအဖလား ဗိုလ္လုပြဲနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တာ ျဖစ္ဖို႔မ်ားပါတယ္။ ခ်ဲလ္ဆီးအသင္းက ေသာၾကာေန႔ညေနမွာ နည္းျပနဲ႔ အသင္းပိုင္ရွင္သစ္တို႔ ေတြ႕ဆုံမႈနဲ႔ပတ္သက္ၿပီး တြစ္တာမွာ “ေတာ့ဒ္ ဘိုလီက ယမန္ေန႔က ေကာ့ဘ္ဟမ္မွာ ေသာမတ္စ္ တူဟယ္နဲ႔ အမ်ိဳးသားအသင္းကို ေတြ႕ဆုံခဲ့ပါတယ္”

“ဒီေန႔မွာ အသင္းေလ့က်င့္ေရးကြင္းက လူငယ္ဖြံ့ၿဖိဳးတိုးတက္ေရးအႀကီးအကဲ ေနးလ္ ဘက္သ္နဲ႔အတူ ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းနည္းၿပ အမ္မာ ေဟးစ္နဲ႔ သူ႔ရဲ့နည္းျပအဖြဲ႕ဝင္ေတြ၊ ကစားသမားေတြကို ေတြ႕ဆုံခဲ့ပါတယ္”လို႔ ေရးသားထားတာျဖစ္ပါတယ္။ ေတာ့ဒ္ ဘိုလီဟာ ၿပီးခဲ့တဲ့အပတ္မွာ ခ်ဲလ္ဆီးအသင္းကို ေပါင္ ၄.၂၅ ဘီလီယံနဲ႔ ဝယ္ယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း ခ်ဲလ္ဆီးအသင္းက တရားဝင္ေၾကညာခဲ့တာျဖစ္ၿပီး ေရွ႕ဆက္ၿပီး ပိုင္ရွင္သစ္ေတြဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေသြးသစ္ေလာင္းမႈေတြ ျပဳလုပ္သြားဖို႔ ေမၽွာ္မွန္းေနတာျဖစ္ပါတယ္။

အသင္းပိုင္ရွင္သစ္ေတြဟာ ပထမအသင္းလူစာရင္း၊ အမ်ိဳးသမီးအသင္း၊ အကယ္ဒမီကို ရင္းႏွီးျမႇုပ္ႏွံမႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး နည္းၿပ တူဟယ္က ဇြန္လကုန္မွာ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး ထြက္ခြာေတာ့မွာေၾကာင့္ လာမယ့္လေတြမွာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း လုပ္ေဆာင္ရမယ့္ကိစၥေတြအတြက္ စိတ္အားထက္သန္ေနမွာ က်ိန္းေသေပါက္ျဖစ္ပါတယ္။

လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ခ်ာလိုဘက္နဲ႔ မာလန္း ဆားတို႔ဟာ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ေနရာကို ဝင္ျဖည့္ေပးနိုင္ေပမယ့္လည္း တူဟယ္အေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ ဗဟိုခံစစ္ကစားသမားကို ေခၚယူခ်င္ေနမယ္ဆိုရင္ အံ့အားသင့္စရာမဟုတ္တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္တုန္းက ဂ်ဴးစ္ ကြန္ေဒးကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဆီဗီလာနဲ႔ သေဘာတူညီမႈ ရရွိေအာင္ ႀကိဳးပမ္းနိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး ယခုေႏြရာသီမွာေတာ့ အဲဒီေျပာဆိုမႈေတြကို တဖန္ျပန္အသက္သြင္းနိုင္ဖြယ္ရွိပါတယ္။

ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ ယေန႔ညေနမွာ ယွဥ္ၿပိဳင္ကစားရမယ့္ လီဗာပူးလ္နဲ႔ပြဲစဥ္အေပၚ အျပည့္အဝ အာ႐ုံစိုက္ထားတာေၾကာင့္ အသင္းပိုင္ရွင္သစ္နဲ႔ ေျပာဆိုေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာကို ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ မနက္ျဖန္ ျပည္တြင္းက တစ္စုံတရာကို အနိုင္ရရွိနိုင္ဖို႔ အခြင့္အေရးရွိေနပါတယ္။ ကၽြန္ေတာ္တို႔ ကာရာေဘာင္းဖလားဗိုလ္လုပြဲနဲ႔ ကလပ္ကမၻာ့ဖလားဗိုလ္လုပြဲေတြ ေရာက္ခဲ့ၿပီးပါၿပီ။ ဆိုးရြားတဲ့ရာသီကို ပိုင္ဆိုင္ခဲ့တဲ့အသင္းေတြအမ်ားႀကီး ရွိေနပါတယ္”လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.