La Liga Match Report
ဗီနီးရှပ်စ် ဟက်ထရစ်နဲ့ ချန်ပီယံဂုဏ်မောက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လီဗန်တေးအပေါ် နိုင်ပွဲ
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာလီဂါမှာ ချန်ပီယံဖြစ်သွားခဲ့ပေမယ့် ဖိဖိစီးစီး ဆက်ကစားနေခဲ့ပြီး ဂိုးသမား ကူတွာ၊ ခံစစ်မှာ နာချို၊ ဗာယေဟို၊ ဖယ်လွန် မန်ဒီနဲ့ လူးကပ်စ် ဗက်ဇ်ကေးဇ်တို့ကို ထားခဲ့သလို ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ဗယ်လ်ဗာဒီနဲ့ ကာမာဗင်ဂါတို့ကို တွဲဖက်ပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဘင်ဇီးမားကို ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ ဘယ်ညာရံပြီး ကစားလာခဲ့ကြတာဖြစ်ပါတယ်။
အဆင့် ၂၀ ကနေ တန်းဆင်းသွားခဲ့ပြီဖြစ်တဲ့ လီဗန်တေးတို့ကတော့ ပွဲထွက်လူစာရင်းမှာ နာမည်ကြီး ကစားသမားဆိုလို့ ဥရုဂွေးနောက်ခံလူ မာတင် ကာဆီရက်စ် တစ်ဦးသာ ပါခဲ့ပြီး မြောက်မက်ဆီဒိုးနီးယားလက်ရွေးစင် ဘာဒီနဲ့ နောက်ထပ် ဥရုဂွေးသားတစ်ဦးဖြစ်တဲ့ ဆာရာချီတို့ကို အရန်ခုံမှာပဲ ထားခဲ့ပြီး ဘာနေးဗျူးမှာ ဖြေလျော့ခွေလာခဲ့တာပါ။
ပွဲချိန် ၁၃ မိနစ်မှာ ရီးရဲလ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ကြပြီး ခံစစ်ကနေ မိုဒရစ်ချ် တင်ပေးလိုက်တဲ့ ဘောလုံးက လီဗန်တေးနောက်တန်း ကစားသမားတွေ မဖျက်နိုင်ဘဲ လွတ်ထွက်လာခဲ့တာကို ဘယ်နောက်ခံလူ မန်ဒီက ဧရိယာထဲကို ဆွဲဝင်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ထောင့်ကျဉ်းတိုင်ဘေးက ကပ်ပြီး ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၉ မိနစ်မှာတော့ ချန်ပီယံတို့အတွက် ဒုတိယ ဦးဆောင်ဂိုးကို ရသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီးမှ ဘယ်ခြမ်းကနေ ဗီနီးရှပ်စ်ရဲ့ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဆရာကြီး ဘင်ဇီးမားက ဧရိယာထိပ်ကနေ ညာဘက်တိုင်ဘေးနားအထိ ပါးပါးနပ်နပ် ရွေ့လျားပြီး အနီးကပ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအပြင် ဂိုးပေါက်ကန်သွင်းမှု အသာစီးနဲ့ လီဗန်တေးတို့ကို ဖိကစားနေခဲ့ပြီး ဗီနီးရှပ်စ်နဲ့ ရိုဒရီဂိုတို့က တိုက်စစ်မှာ ဘင်ဇီးမားကို ဘယ်ညာရံပြီး ထိုးဖောက်နေခဲ့သလို ကွင်းလယ်မှာလည်း မိုဒရစ်ချ်ကို ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့က ကူညီပြီး ကစားနေခဲ့တာက နည်းပြ အန်ချယ်လော့တီရဲ့ လူကြီးလူငယ် ပေါင်းစပ်ရေး မူဝါဒကို လှပစေခဲ့ပါတယ်။
ပွဲချိန် ၃၄ မိနစ်မှာတော့ အိမ်ရှင်တွေပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတဲ့ ဘောလုံးကို မန်ဒီ ပြန်ယူပေးတာကနေ ရသွားခဲ့တဲ့ ရိုဒရီဂိုက မိုဒရစ်ချ်ကို ဧရိယာထဲမှာ ပေးခဲ့ပြီး ဖြတ်တင်ဘောကို ပြန်စောင့်ပြီးမှ လီဗန်တေးနောက်ခံလူ နှစ်ဦးကြားက အလစ်အငိုက်ဖမ်းပြီး ပိတ်သွင်းသွားခဲ့တာပါ။
ပွဲချိန် ၃၈ မိနစ်မှာတော့ မိုဒရစ်ချ်ရဲ့ ဘယ်ခြမ်းက ဖရီးကစ်ကို ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတာကနေ ဗယ်လ်ဗာဒီက ဧရိယာအပြင်ကနေ Volley ကန်သွင်းရာမှာ ကန်ချက်က တော်တော်လှခဲ့ပြီး ဂိုးသမားပဲ ကာကွယ်ခဲ့ရတာက ဘားထိပြီး ထွက်သွားခဲ့လို့သာ လီဗန်တေးတို့ သက်သာရာရခဲ့တာပါ။
ပွဲချိန် ၄၅ မိနစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာက သူ့အတွက် ဒီရာသီ လာလီဂါဂိုး ၁၅ ဂိုးမြောက်ကို သွင်းယူသွားနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဘရာဇီးလ်လူငယ်က မိုဒရစ်ချ်နဲ့ ဝမ်းတူးရိုက်ထွက်ပြီး လီဗန်တေးနောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ပြီးမှ ဂိုးသမားရဲ့ အနီးတိုင် ထောင့်ကျဉ်းထဲကို ကန်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ ရီးရဲလ်တို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့ရဲ့ ဂိုးသွင်းလေ့ကျင့်ခန်းတွေကို လီဗန်တေးဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့လို့ တော်တော်နဲ့ ဂိုးထပ်မရဘဲ ဖြစ်နေခဲ့ပြီး ဧည့်သည်အသင်းကတော့ တစ်ပွဲလုံးမှာ ၁၆ ကြိမ် ဂိုးပေါက်ကန်ခွင့်ရခဲ့ပေမယ့် ၁ ကြိမ်သာ တည့်မတ်ခဲ့တာက သူတို့တွေ ဒီရာသီမှာ လာလီဂါက တန်းဆင်းပြီး နောက်ရာသီမှာ ဆီဂန်ဒါကို ကစားရမယ့် အကြောင်းရင်းလည်း ဖြစ်ခဲ့တာပါ။
ပွဲချိန် ၆၈ မိနစ်မှာတော့ ရီးရဲလ်တို့ ပဉ္စမမြောက် ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ကွင်းလယ်က မိုဒရစ်ချ် ထိုးပေးတာကို ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့ ဘင်ဇီးမားက အမျိုးမျိုး မျက်လှည့်ပြပြီးမှ အတွင်းကို ပြန်ချိုးပေးတာကို ဗီနီးရှပ်စ်က ပိတ်သွင်းယူသွားခဲ့တာပါ။ ဒီဂိုးမှာတော့ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ်တို့ နေရာများ လွဲနေခဲ့တာလားလို့လည်း ထင်ခဲ့ရပြီး နှစ်ယောက်က လုပ်နေကျ အလုပ်တွေကို လဲလုပ်သွားခဲ့ကြတာဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ဘက်က ရိုဒရီဂို၊ ဘင်ဇီးမား၊ ဗယ်လ်ဗာဒီ၊ မိုဒရစ်ချ်နဲ့ နာချိုတို့အစား မာရီယာနို ဒီယက်ဇ်၊ ယိုဗစ်ချ်၊ တိုနီ ခရူးစ်၊ ပီတာနဲ့ မာရီယို ဂီလာတို့ကို လဲကစားသွားခဲ့ကြပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ ယိုဗစ်ချ် ပေးတဲ့ ဘောလုံးကို ဗီနီးရှပ်စ်ကပဲ လီဗန်တေးနောက်ခံလူနှစ်ဦးကြားက ဆွဲပြေးပြီး ထောင့်ကျဉ်းကန်ချက်နဲ့ သူ့ရဲ့ ဟက်ထရစ်ဂိုးကို ရယူသွားခဲ့တာဖြစ်ပါတယ်။
ဗီနီးရှပ်စ်အဖို့တော့ ဒီရာသီ လာလီဂါမှာ ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဘင်ဇီးမားနောက် ၁၀ ဂိုးအကွာ တတိယနေရာက ရပ်တည်နိုင်ခဲ့ပြီး သူ့ရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကိုလည်း ရယူသွားနိုင်ခဲ့တာပါ။ ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်တို့ ခြောက်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး အစဉ်အလာပြိုင်ဘက် ဘာစီလိုနာကို ဇယားထိပ်ကနေ ၁၂ မှတ်ဖြတ်ထားနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာလီဂါမှာ ချန်ပီယံဖြစ်သွားခဲ့ပေမယ့် ဖိဖိစီးစီး ဆက်ကစားနေခဲ့ပြီး ဂိုးသမား ကူတွာ၊ ခံစစ်မှာ နာချို၊ ဗာယေဟို၊ ဖယ်လွန် မန်ဒီနဲ့ လူးကပ်စ် ဗက်ဇ်ကေးဇ်တို့ကို ထားခဲ့သလို ကွင်းလယ်မှာတော့ မိုဒရစ်ခ်ျ၊ ဗယ်လ်ဗာဒီနဲ့ ကာမာဗင်ဂါတို့ကို တွဲဖက်ပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဘင်ဇီးမားကို ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ ဘယ်ညာရံပြီး ကစားလာခဲ့ကြတာဖြစ်ပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာ ရီးရဲလ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ကြပြီး ခံစစ်ကနေ မိုဒရစ်ခ်ျ တင်ပေးလိုက်တဲ့ ဘောလုံးက လီဗန်တေးနောက်တန်း ကစားသမားတွေ မဖျက်နိုင်ဘဲ လွတ်ထွက်လာခဲ့တာကို ဘယ်နောက်ခံလူ မန်ဒီက ဧရိယာထဲကို ဆွဲဝင်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ထောင့်ကျဉ်းတိုင်ဘေးက ကပ်ပြီး ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအပြင် ဂိုးပေါက်ကန်သွင်းမှု အသာစီးနဲ့ လီဗန်တေးတို့ကို ဖိကစားနေခဲ့ပြီး ဗီနီးရှပ်စ်နဲ့ ရိုဒရီဂိုတို့က တိုက်စစ်မှာ ဘင်ဇီးမားကို ဘယ်ညာရံပြီး ထိုးဖောက်နေခဲ့သလို ကွင်းလယ်မှာလည်း မိုဒရစ်ခ်ျကို ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့က ကူညီပြီး ကစားနေခဲ့တာက နည်းပြ အန်ချယ်လော့တီရဲ့ လူကြီးလူငယ် ပေါင်းစပ်ရေး မူဝါဒကို လှပစေခဲ့ပါတယ်။
ပွဲချိန် ၃၄ မိနစ်မှာတော့ အိမ်ရှင်တွေပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတဲ့ ဘောလုံးကို မန်ဒီ ပြန်ယူပေးတာကနေ ရသွားခဲ့တဲ့ ရိုဒရီဂိုက မိုဒရစ်ခ်ျကို ဧရိယာထဲမှာ ပေးခဲ့ပြီး ဖြတ်တင်ဘောကို ပြန်စောင့်ပြီးမှ လီဗန်တေးနောက်ခံလူ နှစ်ဦးကြားက အလစ်အငိုက်ဖမ်းပြီး ပိတ်သွင်းသွားခဲ့တာပါ။
ပွဲချိန် ၃၈ မိနစ်မှာတော့ မိုဒရစ်ခ်ျရဲ့ ဘယ်ခြမ်းက ဖရီးကစ်ကို ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတာကနေ ဗယ်လ်ဗာဒီက ဧရိယာအပြင်ကနေ Volley ကန်သွင်းရာမှာ ကန်ချက်က တော်တော်လှခဲ့ပြီး ဂိုးသမားပဲ ကာကွယ်ခဲ့ရတာက ဘားထိပြီး ထွက်သွားခဲ့လို့သာ လီဗန်တေးတို့ သက်သာရာရခဲ့တာပါ။
ပွဲချိန် ၄၅ မိနစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာက သူ့အတွက် ဒီရာသီ လာလီဂါဂိုး ၁၅ ဂိုးမြောက်ကို သွင်းယူသွားနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဘရာဇီးလ်လူငယ်က မိုဒရစ်ခ်ျနဲ့ ဝမ်းတူးရိုက်ထွက်ပြီး လီဗန်တေးနောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ပြီးမှ ဂိုးသမားရဲ့ အနီးတိုင် ထောင့်ကျဉ်းထဲကို ကန်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ ရီးရဲလ်တို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ရီးရဲလ်တို့ဘက်က ရိုဒရီဂို၊ ဘင်ဇီးမား၊ ဗယ်လ်ဗာဒီ၊ မိုဒရစ်ခ်ျနဲ့ နာချိုတို့အစား မာရီယာနို ဒီယက်ဇ်၊ ယိုဗစ်ခ်ျ၊ တိုနီ ခရူးစ်၊ ပီတာနဲ့ မာရီယို ဂီလာတို့ကို လဲကစားသွားခဲ့ကြပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ ယိုဗစ်ခ်ျ ပေးတဲ့ ဘောလုံးကို ဗီနီးရှပ်စ်ကပဲ လီဗန်တေးနောက်ခံလူနှစ်ဦးကြားက ဆွဲပြေးပြီး ထောင့်ကျဉ်းကန်ချက်နဲ့ သူ့ရဲ့ ဟက်ထရစ်ဂိုးကို ရယူသွားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.