Serie A

ကွင်းဘေးစည်းရန်ပွဲကြီးရဲ့အစကို ရှက်ရှက်နဲ့ ဖွင့်ဟဝန်ခံသွားခဲ့တဲ့ အယ်လီဂရီ

ဂျူဗင်တပ်နည်းပြ မက်စ် အယ်လီဂရီက အင်တာမီလန်အသင်းဘက်က တစ်စုံတယောက်ဟာ ကိုပါ အီတာလီယာဗိုလ်လုပွဲအတွင်း ကွင်းဘေးစည်းက ရန်ပွဲဖြစ်လာစေမယ့် လုပ်ရပ်အဖြစ် နောက်ကနေ ဖင်ပိတ်ကန်သွားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ နီကိုလို ဘာရယ်လာရဲ့ အစောပိုင်းသွင်းဂိုးကို အဲလက်စ် ဆန်ဒရို၊ ဒူဆန် ဗလာဟိုဗစ်ချ်တို့က မိနစ် ၁၂၀ အတွင်း ပြန်လည်ချေပပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် ဟာကန် ကယ်ဟာနိုလူရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီးနောက် ပါရီဆစ်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက ကစားခဲ့တဲ့ စူပါကိုပါ အီတာလီယာနာဖလားပြိုင်ပွဲတုန်းကလိုပဲ အင်တာမီလန်အသင်းဟာ နာကျင်အချိန်ပိုမှာ အောင်ပွဲရရှိခဲ့ပေမယ့် ဂျူဗင်တပ်အသင်းအတွက်ကတော့ ၂၀၂၀-၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားတစ်လုံးမှ မရဘဲ ရာသီကို အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။

အယ်လီဂရီဟာ အိုလင်ပီကို ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တလျှောက်လုံး ဒေါသအိုးပေါက်ကွဲနေခဲ့ပြီး နောက်ဆုံးမှာတော့ ဆီမီယွန်နီ အင်ဇာဂီရဲ့လက်ထောက်နည်းပြ မက်ဆီမီလီယာနို ဖားရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အတွက် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“အင်တာမီလန်ဘက်ကတစ်စုံတယောက်က ကျွန်တော့်ဆီ လမ်းလျှောက်လာခဲ့ပြီး နောက်ကျောကနေ ကျော်သွားပြီးတော့မှ ကျွန်တော့်ကို ပိတ်ကန်သွားခဲ့ပါတယ်။ ကျွန်တော် ဒေါသထွက်သွားခဲ့ပြီး ဒိုင်လူကြီးက ကျွန်တော့်ကို ထုတ်ပယ်လိုက်တာ တော်တော်လေး မှန်ပါတယ်။ ဘာဖြစ်သွားခဲ့တာလဲဆိုတာကို အဖြေရှာတာက ဘာမှ အပြောင်းအလဲဖြစ်စေမှာမဟုတ်ပါဘူး”

“ကျွန်တော်တို့အနေနဲ့ အင်တာမီလန်ကို အနိုင်ရသွားတဲ့အတွက် ဂုဏ်ပြုရမှာပါ။ ကျွန်တော်တို့ ဒီရာသီမှာ ဆုဖလား တစ်လုံးမှတောင် မရရှိခဲ့ပါဘူး။ ကျွန်တော်တို့ လာမယ့်ရာသီအတွက် ဒီဒေါသကို ထိန်းသိမ်းထားရမှာဖြစ်ပြီး ဆုဖလားတွေအနိုင်ပြန်ရအောင် လုပ်ရမှာပါ။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆုံးမှာတော့ လဲပြိုခဲ့တယ်။ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ကစားသမားတွေရှိနေခဲ့ပြီး သူတို့တွေ လုပ်နိုင်သလောက် လုပ်ခဲ့ကြပါတယ်။ စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ အားထုတ်မှုအတွက် သူတို့ကို ကျေးဇူးတင်ရုံပဲ တတ်နိုင်ပါတယ်”

အယ်လီဂရီက ဗုဒ္ဓဟူးနေ့ည ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပုံမှန်အားဖြင့် ကိုပါအီတာလီယာဖလားဟာ အချိုပေါ် သကာဆင့်မှုဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီနှစ်မှာတော့ ချိုမြိန်မှုတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီလိုအတွေ့အကြုံတွေကနေ လေ့လာသင်ယူခဲ့တယ်။ အဲဒါက ဝမ်းနည်းစရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာကို စီးရီးအေမှာ အနိုင်မရခဲ့ဘဲ ဒီညနေမှာလည်း လက်စားပြန်မချေနိုင်ခဲ့လို့ပါ။ အခြေအနေတွေက တစ်ချိန်ချိန်မှာ ခင်ဗျားကို ဆန့်ကျင်ပြီး တခြားလူတွေကို မျက်နှာသာပေးနိုင်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂ်ဴဗင္တပ္နည္းၿပ မက္စ္ အယ္လီဂရီက အင္တာမီလန္အသင္းဘက္က တစ္စုံတေယာက္ဟာ ကိုပါ အီတာလီယာဗိုလ္လုပြဲအတြင္း ကြင္းေဘးစည္းက ရန္ပြဲျဖစ္လာေစမယ့္ လုပ္ရပ္အျဖစ္ ေနာက္ကေန ဖင္ပိတ္ကန္သြားခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ နီကိုလို ဘာရယ္လာရဲ့ အေစာပိုင္းသြင္းဂိုးကို အဲလက္စ္ ဆန္ဒရို၊ ဒူဆန္ ဗလာဟိုဗစ္ခ်္တို႔က မိနစ္ ၁၂၀ အတြင္း ျပန္လည္ေခ်ပၿပီး ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဟာကန္ ကယ္ဟာနိုလူရဲ့ ပင္နယ္တီသြင္းဂိုးေၾကာင့္ အခ်ိန္ပိုဆက္ကစားခဲ့ရၿပီးေနာက္ ပါရီဆစ္ရဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီလတုန္းက ကစားခဲ့တဲ့ စူပါကိုပါ အီတာလီယာနာဖလားၿပိဳင္ပြဲတုန္းကလိုပဲ အင္တာမီလန္အသင္းဟာ နာက်င္အခ်ိန္ပိုမွာ ေအာင္ပြဲရရွိခဲ့ေပမယ့္ ဂ်ဴဗင္တပ္အသင္းအတြက္ကေတာ့ ၂၀၂၀-၂၀၁၁ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဆုဖလားတစ္လုံးမွ မရဘဲ ရာသီကို အဆုံးသတ္ရေတာ့မွာျဖစ္ပါတယ္။

အယ္လီဂရီဟာ အိုလင္ပီကို ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္တေလၽွာက္လုံး ေဒါသအိုးေပါက္ကြဲေနခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဆီမီယြန္နီ အင္ဇာဂီရဲ့လက္ေထာက္နည္းၿပ မက္ဆီမီလီယာနို ဖားရစ္နဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့တဲ့အတြက္ အနီကတ္ၿပ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

“အင္တာမီလန္ဘက္ကတစ္စုံတေယာက္က ကၽြန္ေတာ့္ဆီ လမ္းေလၽွာက္လာခဲ့ၿပီး ေနာက္ေက်ာကေန ေက်ာ္သြားၿပီးေတာ့မွ ကၽြန္ေတာ့္ကို ပိတ္ကန္သြားခဲ့ပါတယ္။ ကၽြန္ေတာ္ ေဒါသထြက္သြားခဲ့ၿပီး ဒိုင္လူႀကီးက ကၽြန္ေတာ့္ကို ထုတ္ပယ္လိုက္တာ ေတာ္ေတာ္ေလး မွန္ပါတယ္။ ဘာျဖစ္သြားခဲ့တာလဲဆိုတာကို အေျဖရွာတာက ဘာမွ အေျပာင္းအလဲျဖစ္ေစမွာမဟုတ္ပါဘူး”

“ကၽြန္ေတာ္တို႔အေနနဲ႔ အင္တာမီလန္ကို အနိုင္ရသြားတဲ့အတြက္ ဂုဏ္ျပဳရမွာပါ။ ကၽြန္ေတာ္တို႔ ဒီရာသီမွာ ဆုဖလား တစ္လုံးမွေတာင္ မရရွိခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ လာမယ့္ရာသီအတြက္ ဒီေဒါသကို ထိန္းသိမ္းထားရမွာျဖစ္ၿပီး ဆုဖလားေတြအနိုင္ျပန္ရေအာင္ လုပ္ရမွာပါ။ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အဆုံးမွာေတာ့ လဲၿပိဳခဲ့တယ္။ ႀကံ့ခိုင္မႈ မျပည့္ဝတဲ့ ကစားသမားေတြရွိေနခဲ့ၿပီး သူတို႔ေတြ လုပ္နိုင္သေလာက္ လုပ္ခဲ့ၾကပါတယ္။ စိတ္ပ်က္စရာရလဒ္ျဖစ္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔အေနနဲ႔ သူတို႔ရဲ့ အားထုတ္မႈအတြက္ သူတို႔ကို ေက်းဇူးတင္႐ုံပဲ တတ္နိုင္ပါတယ္”

အယ္လီဂရီက ဗုဒၶဟူးေန႔ည ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ပုံမွန္အားျဖင့္ ကိုပါအီတာလီယာဖလားဟာ အခ်ိဳေပၚ သကာဆင့္မႈျဖစ္ခဲ့တယ္လို႔ ေျပာဆိုခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ခ်ိဳၿမိန္မႈတစ္ခုလုံးကို ကိုယ္စားျပဳတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ဒီလိုအေတြ႕အၾကဳံေတြကေန ေလ့လာသင္ယူခဲ့တယ္။ အဲဒါက ဝမ္းနည္းစရာပါ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ အင္တာကို စီးရီးေအမွာ အနိုင္မရခဲ့ဘဲ ဒီညေနမွာလည္း လက္စားျပန္မေခ်နိုင္ခဲ့လို႔ပါ။ အေျခအေနေတြက တစ္ခ်ိန္ခ်ိန္မွာ ခင္ဗ်ားကို ဆန႔္က်င္ၿပီး တျခားလူေတြကို မ်က္ႏွာသာေပးနိုင္ပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.