Serie A

အချိန်ပို အနိုင်ဂိုးတွေနဲ့ ၁၁ နှစ်ကျော်ဝေးကွာနေတဲ့ ကိုပါအီတာလီယာချန်ပီယံဖြစ်ခဲ့တဲ့ အင်တာ

ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ရဲ့ ကိုပါအီတာလီယာ ဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန်အသင်းက အချိန်ပိုသွင်းဂိုးတွေကြောင့် ၂-၄ နဲ့ အနိုင်ရရှိခဲ့ပြီး ဖလားကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ယခုရာသီမှာ ရလဒ်တွေ ထင်သလောက် ကောင်းမွန်ခြင်းမရှိခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ စီးရီးအေမှာလည်း ပုံစံကောင်းပျောက်ဆုံးနေတဲ့ အသင်းဖြစ်ပြီး အင်တာမီလန်အသင်းဟာ ယခုရာသီ အေစီမီလန်နဲ့ စီးရီးအေဖလား အပြိုင်လုနေတဲ့ အသင်းဖြစ်သလို ယခုတစ်ခေါက်မှာလည်း ဂျူဗင်တပ်ကို ကျော်ဖြတ်ပြီးတော့ ဆုဖလားတစ်လုံး ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဗလာဟိုဗစ်ချ်၊ ဒီဘားလား၊ ဒီလိုက်တ်၊ ခေလီနီ စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး အင်တာမီလန်အသင်းကလည်း လော်တာရို မာတီနက်ဇ်၊ ဂျက်ကို၊ ပါရီဆစ်၊ ဘာရယ်လာ စတဲ့ အဓိက အမာခံ ကစားသမားတွေနဲ့ ကိုပါအီတာလီယာဗိုလ်လုပွဲကို ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအစကတည်းက နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ခြေစွမ်းပိုင်း ကွာဟချက် ကြီးကြီးမားမား မရှိခဲ့ပေမယ့် အင်တာအသင်းရဲ့ တောင်ပံတစ်ကျောက ပိုမို အလုပ်ဖြစ်ခဲ့တာကြောင့် ဂျူဗင်တပ်အသင်းနောက်ခံအစွန်လူတွေ အတော်လေး အလုပ်ရှုပ်ခဲ့ကြရပါတယ်။

အင်တာမီလန်အတွက် အဖွင့်ဂိုးကိုတော့ ဘာရယ်လာက ဘရိုဇိုဗစ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် စတင်သွင်းယူပေးနိုင်ခဲ့ပြီး ဂျူဗင်တပ်အတွက် ဆန်ဒရိုနဲ့ ဗလာဟိုဗစ်ချ်တို့က ဒုတိယပိုင်းမှာ ၂ ဂိုးဆက်တိုက် ပြန်လည် ချေပပြီး ဦးဆောင်နိုင်ခဲ့ကြပေမယ့် မိနစ် ၈၀ အရောက်မှာ ဘိုနူချီက မာတီနက်ဇ်ကို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အင်တာမီလန်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ အင်တာမီလန်ရဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ကွင်းလယ်ကစားသမား ကယ်ဟာလိုလူက အမှားအယွင်းမရှိကန်သွင်းယူပြီး ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့တာကြောင့် အချိန်ပိုအထိ ဆက်လက် ကစားခဲ့ရပါတယ်။

အချိန်ပို ပထမပိုင်း ၉၆ မိနစ်မှာ ဒီဖရေးကို ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်တ်က ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်ကြည့်ရှုပြီးနောက် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အင်တာမီလန်အသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ အင်တာမီလန်အသင်းရဲ့ အဓိကပင်နယ်တီကန်သွင်းသူဖြစ်တဲ့ ကယ်ဟာနိုလူဟာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးဖြစ်တာကြောင့် ပါရီဆစ်က ကန်သွင်းယူခဲ့ပြီး တတိယမြောက် ဦးဆောင်ဂိုးကို ရရှိသွားခဲ့ပါတယ်။

၁၀၂ မိနစ်မှာ ပါရီဆစ်က ပင်နယ်တီဧရိယာအစွန်ကနေ လှပသေသပ်တဲ့ ဝိုက်ကန်ချက်နဲ့ ဂိုးအပေါ်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဂျူဗင်တပ်ဂိုးသမား ပယ်ရင် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီဟာ မိနစ် ၈၀ အထိ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပင်နယ်တီဂိုးကြောင့် သရေကျခဲ့ရပြီး အချိန်ပိုမှာလည်း နောက်ထပ် ပင်နယ်တီထပ်မံပေးခဲ့ရတာကြောင့် ဒေါသအိုးပေါက်ပွဲနေခဲ့ပြီး အင်ဇာဂီရဲ့လက်ထောက်နည်းပြ မက်ဆီမီလီယာနို ဖားရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အတွက် အနီကတ် ပြသခံခဲ့ရပါတယ်။

အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါ အီတာလီယာဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ ကက်ဂလီယာရီနဲ့ပွဲစဉ်မှာ စကူဒက်တိုဖလား ရရှိနိုင်ဖို့အတွက် မဖြစ်မနေ အနိုင်ကစားသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔ရဲ့ ကိုပါအီတာလီယာ ဖိုင္နယ္ပြဲစဥ္မွာ အင္တာမီလန္အသင္းက အခ်ိန္ပိုသြင္းဂိုးေတြေၾကာင့္ ၂-၄ နဲ႔ အနိုင္ရရွိခဲ့ၿပီး ဖလားကိုင္ေျမႇာက္နိုင္ခဲ့ပါတယ္။

ယခုရာသီမွာ ရလဒ္ေတြ ထင္သေလာက္ ေကာင္းမြန္ျခင္းမရွိခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းဟာ စီးရီးေအမွာလည္း ပုံစံေကာင္းေပ်ာက္ဆုံးေနတဲ့ အသင္းျဖစ္ၿပီး အင္တာမီလန္အသင္းဟာ ယခုရာသီ ေအစီမီလန္နဲ႔ စီးရီးေအဖလား အၿပိဳင္လုေနတဲ့ အသင္းျဖစ္သလို ယခုတစ္ေခါက္မွာလည္း ဂ်ဴဗင္တပ္ကို ေက်ာ္ျဖတ္ၿပီးေတာ့ ဆုဖလားတစ္လုံး ရရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ဗလာဟိုဗစ္ခ်္၊ ဒီဘားလား၊ ဒီလိုက္တ္၊ ေခလီနီ စတဲ့ ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ့ၿပီး အင္တာမီလန္အသင္းကလည္း ေလာ္တာရို မာတီနက္ဇ္၊ ဂ်က္ကို၊ ပါရီဆစ္၊ ဘာရယ္လာ စတဲ့ အဓိက အမာခံ ကစားသမားေတြနဲ႔ ကိုပါအီတာလီယာဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

ပြဲအစကတည္းက ႏွစ္သင္းစလုံး အျပန္အလွန္တိုက္စစ္ဆင္မႈေတြ ျပဳလုပ္နိုင္ခဲ့သလို ေျခစြမ္းပိုင္း ကြာဟခ်က္ ႀကီးႀကီးမားမား မရွိခဲ့ေပမယ့္ အင္တာအသင္းရဲ့ ေတာင္ပံတစ္ေက်ာက ပိုမို အလုပ္ျဖစ္ခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္အသင္းေနာက္ခံအစြန္လူေတြ အေတာ္ေလး အလုပ္ရႈပ္ခဲ့ၾကရပါတယ္။

အင္တာမီလန္အတြက္ အဖြင့္ဂိုးကိုေတာ့ ဘာရယ္လာက ဘရိုဇိုဗစ္ရဲ့ ဖန္တီးေပးပို႔မႈကေနတဆင့္ စတင္သြင္းယူေပးနိုင္ခဲ့ၿပီး ဂ်ဴဗင္တပ္အတြက္ ဆန္ဒရိုနဲ႔ ဗလာဟိုဗစ္ခ်္တို႔က ဒုတိယပိုင္းမွာ ၂ ဂိုးဆက္တိုက္ ျပန္လည္ ေခ်ပၿပီး ဦးေဆာင္နိုင္ခဲ့ၾကေပမယ့္ မိနစ္ ၈၀ အေရာက္မွာ ဘိုႏူခ်ီက မာတီနက္ဇ္ကို ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က အင္တာမီလန္ကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့ပါတယ္။ အင္တာမီလန္ရဲ့ ပင္နယ္တီျပစ္ဒဏ္ေဘာကို ကြင္းလယ္ကစားသမား ကယ္ဟာလိုလူက အမွားအယြင္းမရွိကန္သြင္းယူၿပီး ေခ်ပဂိုး ျပန္လည္ သြင္းယူေပးနိုင္ခဲ့တာေၾကာင့္ အခ်ိန္ပိုအထိ ဆက္လက္ ကစားခဲ့ရပါတယ္။

အခ်ိန္ပို ပထမပိုင္း ၉၆ မိနစ္မွာ ဒီဖေရးကို ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီလိုက္တ္က ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာကို ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္ၾကည့္ရႈၿပီးေနာက္ ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ၿပီး အင္တာမီလန္အသင္းကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့ပါတယ္။ အင္တာမီလန္အသင္းရဲ့ အဓိကပင္နယ္တီကန္သြင္းသူျဖစ္တဲ့ ကယ္ဟာနိုလူဟာ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီးျဖစ္တာေၾကာင့္ ပါရီဆစ္က ကန္သြင္းယူခဲ့ၿပီး တတိယေျမာက္ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ပါတယ္။

၁၀၂ မိနစ္မွာ ပါရီဆစ္က ပင္နယ္တီဧရိယာအစြန္ကေန လွပေသသပ္တဲ့ ဝိုက္ကန္ခ်က္နဲ႔ ဂိုးအေပၚေထာင့္ကို ကန္သြင္းခဲ့ရာမွာ ဂ်ဴဗင္တပ္ဂိုးသမား ပယ္ရင္ ဘယ္လိုမွ မကာကြယ္နိုင္ခဲ့ဘဲ ဂိုးခြင့္ျပဳခဲ့ရတာျဖစ္ၿပီး ဂ်ဴဗင္တပ္နည္းၿပ အယ္လီဂရီဟာ မိနစ္ ၈၀ အထိ ၂-၁ နဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ပင္နယ္တီဂိုးေၾကာင့္ သေရက်ခဲ့ရၿပီး အခ်ိန္ပိုမွာလည္း ေနာက္ထပ္ ပင္နယ္တီထပ္မံေပးခဲ့ရတာေၾကာင့္ ေဒါသအိုးေပါက္ပြဲေနခဲ့ၿပီး အင္ဇာဂီရဲ့လက္ေထာက္နည္းၿပ မက္ဆီမီလီယာနို ဖားရစ္နဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့တဲ့အတြက္ အနီကတ္ ျပသခံခဲ့ရပါတယ္။

အင္တာမီလန္အသင္းဟာ ဂ်ဴဗင္တပ္ကို ၄-၂ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကိုပါ အီတာလီယာဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ တနဂၤေႏြေန႔မွာ ကက္ဂလီယာရီနဲ႔ပြဲစဥ္မွာ စကူဒက္တိုဖလား ရရွိနိုင္ဖို႔အတြက္ မျဖစ္မေန အနိုင္ကစားသြားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.