Match Report Premier League

ဒီဘရိုင်းနား ဂိုးသွင်းစွမ်းရည်ပြပြီး ဝုလ်ဗ်စ်ကို နှိပ်ကွပ်ခဲ့တဲ့ ချန်ပီယံလောင်း မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ခံစစ်မှာ ရူဘင် ဒီယက်စ် မပါဝင်နိုင်လို့ ဖာနန်ဒင်ညိုကို လာပေါ့တ်နဲ့ တွဲကစားခိုင်းခဲ့ရပြီး အီဒါဆန်၊ ဇင်ချန်ကို၊ ကန်ဆယ်လိုတို့နဲ့ ခင်းကျင်းခဲ့ရသလို ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ရိုဒရီနဲ့ ဒီဘရိုင်းနားတို့ ပါဝင်ခဲ့ကြပြီး တိုက်စစ်မှာတော့ စတာလင်၊ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ကစားလာခဲ့ကြပါတယ်။

ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ခုထိလည်း အခြေပျက်နေတဲ့ စုဖွဲ့မှုပဲဖြစ်ခဲ့ပြီး ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ လူမစုံလို့ ခြေကျရုံမက မှိုပါတက်နေတဲ့ ဝီလီ ဘိုလီကို အရန်ခုံကနေ ပြန်ခေါ်ပြီး ကိုဒီနဲ့ တွဲပေးခဲ့ရသလို သုံးယောက်တန်းခံစစ်မှာလည်း တောင်ပံသမား ဂျွန်နီ အော့တိုက ကစားခဲ့ရပြီး ကွင်းလယ်မှာတော့ ဒန်ဒွန့်ကာ၊ ရူဘင် နာဗက်စ်၊ ဂျာအို မော်တင်ညို၊ ချီကွင်ညို၊ အိုက်နူရီတို့ ပွဲထွက်ခဲ့ကြပြီး တိုက်စစ်မှာတော့ ဟီမီနက်ဇ်နဲ့ နီတိုတို့ကို နေရာချထားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက မန်စီးတီးတို့ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်ကြောကနေ တိုက်စစ်ဆင်လာရာမှာ ဂွန်ဒိုးဝမ်က ဝုလ်ဗ်စ်နောက်ခံလူနှစ်ယောက်ကြားကနေ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းနားက အမှားအယွင်းမရှိ ထိန်းသိမ်းရယူပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ချိုးကန်သွင်းခဲ့ရာမှာ အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဝုလ်ဗ်စ်တို့ ချေပဂိုး ရယူသွားခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဟီမီနက်ဇ် ထိုးပေးတာကို နီတိုက ဘယ်ခြမ်းကနေ ပြန်လည်ဖြတ်တင်ပေးရာမှာ မန်စီးတီးနောက်ခံလူတွေကြားကို အချိန်ကိုက် ရောက်ရှိလာတဲ့ ဒန်ဒွန့်ကာက ကန်သွင်းပြီး တစ်ဂိုးစီ သရေ ဖြစ်နေခဲ့တာပါ။

ပေးဂိုးအတွက် အချိန်တိုအတွင်းမှာ ချေပလိုက်နိုင်ပေမယ့် ဝုလ်ဗ်စ်တို့ရဲ့ စုဖွဲ့ကစားပုံကတော့ တိုက်စစ်မှာရော ခံစစ်မှာပါ လူမစုံဘဲဖြစ်နေခဲ့သလို ကွင်းလယ်တစ်ခုတည်းသာ အထိုင်မပျက်ဘဲ ကစားနိုင်ခဲ့ကြတာဖြစ်ပြီး နည်းပြ ဘရူနို လာဂျီအနေနဲ့ သူ့အသင်းကို တိကျတဲ့ ကစားဟန်နဲ့ စုဖွဲ့မှုတစ်ခုကို တည်ဆောက်မထားနိုင်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ မန်စီးတီးတို့ နောက်တစ်ကြိမ် ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဘောလုံးရသွားတဲ့ ဒီဘရိုင်းနားက နောက်တန်းကို ကျော်ချပေးရာမှာ ဂိုးသမား ဂျိုဆေးဆားက စတာလင်နဲ့တွေ့မှာ ဘောလုံးကို ရမ်းပုတ်ခဲ့လို့ ပြန်ထွက်လာကို ဒီဘရိုင်းနားကပဲ ထပ်ပိတ်သွင်းပြီး နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဝုလ်ဗ်စ်တို့ကို နှိပ်ကွပ်သွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ လက်ပစ်ဘောက ရယူလာတဲ့ စတာလင် ပျက်သွားခဲ့တဲ့ ဘောလုံးကို ဒီဘရိုင်းနားကပဲ လိုက်လံရယူပြီး အတွင်းကို ဆွဲပြေးပြီးမှ ဘယ်ခြေနဲ့ အဝေးတိုင်ဘက် ကန်သွင်းခဲ့ရာမှာ ခံစစ်နဲ့ ဂိုးသမား အငိုက်မိပြီး သူ့အတွက် ဟက်ထရစ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာလည်း မန်စီးတီးတို့ပဲ ပွဲကို ထိန်းချုပ်ကစားသွားခဲ့ကြပြီး ဝုလ်ဗ်စ်တိုက်စစ်ကတော့ စိတ်ပျက်စရာပဲဖြစ်နေခဲ့သလို ဧည့်သည်တွေရဲ့ အဆုံးသတ်ပိုင်းကတော့ သိပ်မကောင်းခဲ့လို့ ပထမပိုင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ပဲ ရလဒ်ထွက်ပေါ်နေခဲ့ပြီး ဒီနေ့ပွဲမှာ အသင်းနဲ့ ပွဲပေါင်း ၃၅၀ ပြည့်မြောက်တဲ့ ဂွါဒီယိုလာအတွက်တော့ စိတ်အေးရမယ့် နိုင်ပွဲဖြစ်ဖို့ ဦးတည်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ကြပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ စတုတ္ထ ဦးဆောင်ဂိုးကို ဒီဘရိုင်းနားပဲ သူ့ရဲ့ ဒီနေ့မှာ လေးဂိုးမြောက်အဖြစ် သွင်းယူနိုင်ခဲ့သလို ဘယ်ခြမ်းကနေ ဖိုဒန် ချိုးပေးတာကို ဝုလ်ဗ်စ်နောက်ခံလူ အိုက်နူရီက စတာလင် ဂိုးမသွင်းအောင် တားဆီးပိတ်ဆို့ နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ဘယ်လ်ဂျီယမ်သားအတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်ဂိုး ၁၅ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးတို့ဘက်က မာရက်ဇ်၊ အာကေနဲ့ ဂရီးလစ်ရှ်တို့ ဝင်ကစားလာခဲ့ကြပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ အောင်ပွဲခံနိုင်ဖို့ ပိုမိုလှပစေမယ့် ငါးဂိုးမြောက်ကို ရရှိခဲ့သလို ဒီဂိုးကိုတော့ စောစောပိုင်းက အပိုင်အခွင့်အရေး လွဲချော်ပြီး လူနဲ့တိုင်နဲ့ ဝင်ဆောင့်ထားခဲ့တဲ့ စတာလင်က တန်ပြန်တိုက်စစ်ကနေ ကန်ဆယ်လို ချိုးပေးတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ နေရာယူပြီး ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဒီနေ့ပွဲရဲ့ ဂိုးပေါက်တည့်မှု ၅ ကြိမ်မှာ သွင်းဂိုး ၅ ဂိုး ရရှိခဲ့တဲ့ မန်စီးတီးတို့ အဝေးကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို လီဗာပူးလ်တို့ကို သုံးမှတ်ပြန်ဖြတ်လိုက်ပြီး ဂိုးကွာခြားချက်မှာပါ ၇ ဂိုးဖြတ်ပစ်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားက လက်တစ်ကမ်းမှာ ရှိနေခဲ့ပြီး လက်ကျန်နှစ်ပွဲမှာလည်း အမှတ်လျော့ဖို့ မလွယ်တာကြောင့် ချန်ပီယံဖြစ်ပြီလို့တောင် ပြောရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္ မပါဝင္ႏိုင္လို႔ ဖာနန္ဒင္ညိဳကို လာေပါ့တ္နဲ႔ တြဲကစားခိုင္းခဲ့ရၿပီး အီဒါဆန္၊ ဇင္ခ်န္ကို၊ ကန္ဆယ္လိုတို႔နဲ႔ ခင္းက်င္းခဲ့ရသလို ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ႐ိုဒရီနဲ႔ ဒီဘ႐ိုင္းနားတို႔ ပါဝင္ခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ စတာလင္၊ ဖိုဒန္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ ကစားလာခဲ့ၾကပါတယ္။

ဝုလ္ဗာဟမ့္ပ္တန္တို႔ကေတာ့ ခုထိလည္း အေျခပ်က္ေနတဲ့ စုဖြဲ႕မႈပဲျဖစ္ခဲ့ၿပီး ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ လူမစုံလို႔ ေျခက်႐ုံမက မႈိပါတက္ေနတဲ့ ဝီလီ ဘိုလီကို အရန္ခုံကေန ျပန္ေခၚၿပီး ကိုဒီနဲ႔ တြဲေပးခဲ့ရသလို သုံးေယာက္တန္းခံစစ္မွာလည္း ေတာင္ပံသမား ဂြၽန္နီ ေအာ့တိုက ကစားခဲ့ရၿပီး ကြင္းလယ္မွာေတာ့ ဒန္ဒြန႔္ကာ၊ ႐ူဘင္ နာဗက္စ္၊ ဂ်ာအို ေမာ္တင္ညိဳ၊ ခ်ီကြင္ညိဳ၊ အိုက္ႏူရီတို႔ ပြဲထြက္ခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဟီမီနက္ဇ္နဲ႔ နီတိုတို႔ကို ေနရာခ်ထားခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက မန္စီးတီးတို႔ ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ေၾကာကေန တိုက္စစ္ဆင္လာရာမွာ ဂြန္ဒိုးဝမ္က ဝုလ္ဗ္စ္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက အမွားအယြင္းမရွိ ထိန္းသိမ္းရယူၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့ရာမွာ အဖြင့္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဝုလ္ဗ္စ္တို႔ ေခ်ပဂိုး ရယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ဟီမီနက္ဇ္ ထိုးေပးတာကို နီတိုက ဘယ္ျခမ္းကေန ျပန္လည္ျဖတ္တင္ေပးရာမွာ မန္စီးတီးေနာက္ခံလူေတြၾကားကို အခ်ိန္ကိုက္ ေရာက္ရွိလာတဲ့ ဒန္ဒြန႔္ကာက ကန္သြင္းၿပီး တစ္ဂိုးစီ သေရ ျဖစ္ေနခဲ့တာပါ။

ေပးဂိုးအတြက္ အခ်ိန္တိုအတြင္းမွာ ေခ်ပလိုက္ႏိုင္ေပမယ့္ ဝုလ္ဗ္စ္တို႔ရဲ႕ စုဖြဲ႕ကစားပုံကေတာ့ တိုက္စစ္မွာေရာ ခံစစ္မွာပါ လူမစုံဘဲျဖစ္ေနခဲ့သလို ကြင္းလယ္တစ္ခုတည္းသာ အထိုင္မပ်က္ဘဲ ကစားႏိုင္ခဲ့ၾကတာျဖစ္ၿပီး နည္းျပ ဘ႐ူႏို လာဂ်ီအေနနဲ႔ သူ႔အသင္းကို တိက်တဲ့ ကစားဟန္နဲ႔ စုဖြဲ႕မႈတစ္ခုကို တည္ေဆာက္မထားႏိုင္တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေနာက္တစ္ႀကိမ္ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ေဘာလုံးရသြားတဲ့ ဒီဘ႐ိုင္းနားက ေနာက္တန္းကို ေက်ာ္ခ်ေပးရာမွာ ဂိုးသမား ဂ်ိဳေဆးဆားက စတာလင္နဲ႔ေတြ႕မွာ ေဘာလုံးကို ရမ္းပုတ္ခဲ့လို႔ ျပန္ထြက္လာကို ဒီဘ႐ိုင္းနားကပဲ ထပ္ပိတ္သြင္းၿပီး ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ မန္စီးတီးတို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဝုလ္ဗ္စ္တို႔ကို ႏွိပ္ကြပ္သြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန လက္ပစ္ေဘာက ရယူလာတဲ့ စတာလင္ ပ်က္သြားခဲ့တဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားကပဲ လိုက္လံရယူၿပီး အတြင္းကို ဆြဲေျပးၿပီးမွ ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ ကန္သြင္းခဲ့ရာမွာ ခံစစ္နဲ႔ ဂိုးသမား အငိုက္မိၿပီး သူ႔အတြက္ ဟက္ထရစ္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာလည္း မန္စီးတီးတို႔ပဲ ပြဲကို ထိန္းခ်ဳပ္ကစားသြားခဲ့ၾကၿပီး ဝုလ္ဗ္စ္တိုက္စစ္ကေတာ့ စိတ္ပ်က္စရာပဲျဖစ္ေနခဲ့သလို ဧည့္သည္ေတြရဲ႕ အဆုံးသတ္ပိုင္းကေတာ့ သိပ္မေကာင္းခဲ့လို႔ ပထမပိုင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ပဲ ရလဒ္ထြက္ေပၚေနခဲ့ၿပီး ဒီေန႔ပြဲမွာ အသင္းနဲ႔ ပြဲေပါင္း ၃၅၀ ျပည့္ေျမာက္တဲ့ ဂြါဒီယိုလာအတြက္ေတာ့ စိတ္ေအးရမယ့္ ႏိုင္ပြဲျဖစ္ဖို႔ ဦးတည္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း မန္စီးတီးတို႔ပဲ ပြဲကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ စတုတၳ ဦးေဆာင္ဂိုးကို ဒီဘ႐ိုင္းနားပဲ သူ႔ရဲ႕ ဒီေန႔မွာ ေလးဂိုးေျမာက္အျဖစ္ သြင္းယူႏိုင္ခဲ့သလို ဘယ္ျခမ္းကေန ဖိုဒန္ ခ်ိဳးေပးတာကို ဝုလ္ဗ္စ္ေနာက္ခံလူ အိုက္ႏူရီက စတာလင္ ဂိုးမသြင္းေအာင္ တားဆီးပိတ္ဆို႔ ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ဘယ္လ္ဂ်ီယမ္သားအတြက္ေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ဂိုး ၁၅ ဂိုးေျမာက္ကို သြင္းယူႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ မန္စီးတီးတို႔ဘက္က မာရက္ဇ္၊ အာေကနဲ႔ ဂရီးလစ္ရွ္တို႔ ဝင္ကစားလာခဲ့ၾကၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ေအာင္ပြဲခံႏိုင္ဖို႔ ပိုမိုလွပေစမယ့္ ငါးဂိုးေျမာက္ကို ရရွိခဲ့သလို ဒီဂိုးကိုေတာ့ ေစာေစာပိုင္းက အပိုင္အခြင့္အေရး လြဲေခ်ာ္ၿပီး လူနဲ႔တိုင္နဲ႔ ဝင္ေဆာင့္ထားခဲ့တဲ့ စတာလင္က တန္ျပန္တိုက္စစ္ကေန ကန္ဆယ္လို ခ်ိဳးေပးတဲ့ ေဘာလုံးကို အေဝးတိုင္ဘက္မွာ ေနရာယူၿပီး ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဒီေန႔ပြဲရဲ႕ ဂိုးေပါက္တည့္မႈ ၅ ႀကိမ္မွာ သြင္းဂိုး ၅ ဂိုး ရရွိခဲ့တဲ့ မန္စီးတီးတို႔ အေဝးကြင္းမွာ ငါးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို လီဗာပူးလ္တို႔ကို သုံးမွတ္ျပန္ျဖတ္လိုက္ၿပီး ဂိုးကြာျခားခ်က္မွာပါ ၇ ဂိုးျဖတ္ပစ္ႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ဖလားက လက္တစ္ကမ္းမွာ ရွိေနခဲ့ၿပီး လက္က်န္ႏွစ္ပြဲမွာလည္း အမွတ္ေလ်ာ့ဖို႔ မလြယ္တာေၾကာင့္ ခ်န္ပီယံျဖစ္ၿပီလို႔ေတာင္ ေျပာရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.