Premier League

ဟာလန်းရဲ့အပြောင်းအရွှေ့ကနေ စိုင်ကော်လို့ ချုံပေါ်ရောက်တော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းပရိသတ်တွေဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အနီးစပ်ဆုံးအခြေအနေရောက်ရှိနေပြီဖြစ်တာကြောင့် ယခုနွေရာသီမှာ အဓိကကစားသမားခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့အတွက် မျှော်လင့်နေမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ နာမည်ကြီးကစားသမားအများအပြား သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးရဲ့ ကောလာဟလတွေကလည်း ဆက်လက် ပေါ်ထွက်နေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အူဘာမီယန်းကို ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးနောက် ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦး အသည်းအသန်လိုအပ်နေတာကြောင့် မန်စီးတီးတိုက်စစ်မှူးက ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ ပက် ဂွါဒီယိုလာရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ကစားချိန်ရဖို့ ရုန်းကန်နေခဲ့ရပြီး ပါဝင်ကစားခွင့်ရခဲ့တဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြဂိုးသွင်းခဲ့ပေမယ့်လည်း ပွဲထွက်ခွင့်အတွက် အာမခံချက်မရရှိတာကြောင့် နောက်ထပ်အခွင့်အလမ်းတွေ ရှာဖွေဖို့ အစ်တီဟတ်ကို စွန့်ခွာချင်နေတာဖြစ်တယ်လို့ မကြာသေးမီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဂျေဆူးအတွက် မန်ချက်စတာစီးတီးအသင်းက ပြောင်းရွှေ့ကြေး ဘယ်လောက်သတ်မှတ်ထားလဲ၊ အာဆင်နယ်နည်းစနစ် ဒါရိုက်တာ အီဒူးရဲ့ ရပ်တည်ချက်နဲ့ အစ်တီဟတ်ကို ဟာလန်းပြောင်းရွှေ့လာမှုရဲ့ အကျိုးသက်ရောက်မှု ဘာတွေ ရှိနိုင်မလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဂျေဆူးအတွက် မန်ချက်စတာစီးတီးက ပေါင် ၄၂ သန်းဝန်းကျင် ပြောင်းရွှေ့ကြေး တောင်းဆိုထားပြီး မကြာသေးမီက အထင်ကြီးဖွယ် ခြေစွမ်း ဆက်တိုက် ပြသနိုင်ပြီးနောက် ပြောင်းရွှေ့ကြေးက မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့ပြီး Fichajes ရဲ့ ဖော်ပြချက်အရ မန်စီးတီးက ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တာကြောင့် ဂျေဆူးကို လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ အရင်တုန်းက မန်စီးတီးမှာ နည်းပြအဖွဲ့ဝင်အဖြစ် အလုပ်လုပ်ခဲ့တဲ့အချိန်အတွင်း ဂျေဆူးနဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးပြီး ဘရာဇီးလ်တိုက်စစ်မှူးကို အမ်းမရိတ်စ်ကို ခေါ်ယူချင်နေတယ်လို့ ယုံကြည်ရပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၆ နွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာကတည်းက များသောအားဖြင့် လူပိုဖြစ်နေခဲ့ပြီး မကြာခဏ ဆာဂျီယို အဂွေရိုနဲ့ယှဉ်ရင် ဒုတိယပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘရာဇီးလ်တိုက်စစ်မှူးကို ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ၂ ကျော့စလုံးအပါအဝင် ပွဲကြီးပွဲကောင်းတွေအများအပြားမှာ ပွဲထွက်ပါဝင်ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဂျေဆူးကို နောက်ဆုံး ၁၈ လအတွင်း ညာတောင်ပံနေမှာ အဓိကထားသုံးခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားချင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက လက်ရှိမှာတော့ အာတီတာနဲ့ အီဒူးတို့ဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို တိုက်ရိုက် ဆက်သွယ်ခဲ့ပြီးနောက် ၎င်းတို့ရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

“အာဆင်နယ်ဟာ ကစားသမားဘက်ကို တိုက်ရိုက်ဆက်သွယ်မှုအသစ်ပြုလုပ်ခဲ့ပြီးနောက် သူတို့ရဲ့ပစ်မှတ်စာရင်းထဲက ထိပ်ဆုံးနေရာမှာ သတ်မှတ်ထားခဲ့ပါတယ်။ ဂျေဆူးအနေနဲ့ ဟာလန်းအပြောင်းအရွှေ့ပြီးရင် မန်စီးတီးကို စွန့်ခွာမယ်လို့ မျှော်မှန်းခြင်းခံနေရပါတယ်။ အသင်း ၂ သင်းကြားမှာတော့ တိုက်ရိုက်ဆက်သွယ်မှုမရှိသေးပါဘူး”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဟာလန်းရဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့မှုဟာ အင်္ဂါနေ့ညနေမှာ ကြေညာခြင်းခံခဲ့ရတာဖြစ်ပြီး အဲဒီအပြောင်းအရွှေ့က ဂျေဆူးကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်အတွက် ကောင်းဖို့ ဖြစ်လာတာဖြစ်တယ်လို့ အပြောင်းအရွှေ့ဂုရုကြီး ဒေးဗစ် အော်စတိုင်းက ပြောကြားခဲ့ပါတယ်။

“မန်စီးတီးက ပြဿနာနည်းနည်းလေးတော့ ရှိနေတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဟာလန်းကို ခေါ်ဖို့ ကြိုးပမ်းနေပြီး သူတို့မှာ ဂျူလီယန် အဲဗရက်ဇ်လည်း ရှိနေတာမို့လို့ပါ။ အဲဒီတော့ ဂါဘရီယယ်လ် ဂျေဆူး အသင်းကနေ ထွက်ခွာဖို့ အရမ်းကောင်းတဲ့အခွင့်အရေးရှိနေပါတယ်။ သူက ၂၀၂၃ မှာ စာချုပ်သက်တမ်းကုန်မှာပါ။ ကျွန်တော်တို့ အခုအထိ ဘာစာချုပ်သစ်အတွက်မှ ပြောဆိုနေတာတွေ သတိမပြုမိဘဲ အာဆင်နယ်က အရမ်းကို စိတ်ဝင်စားနေပါတယ်”

“သူတို့တွေရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ကိုရင်သီယန်မှာ နည်းစနစ်ဒါရိုက်တာ လုပ်နေတုန်းက ကောင်းကောင်း သိခဲ့တဲ့ ဂါဘရီယယ်လ် ဂျေဆူးရဲ့ ကိုယ်စားလှယ်ကနေတဆင့် ပြောဆိုဆွေးနွေးနေခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းပရိသတ္ေတြဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိဖို႔ အနီးစပ္ဆုံးအေျခအေနေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ယခုေႏြရာသီမွာ အဓိကကစားသမားေခၚယူမႈေတြ ျပဳလုပ္နိုင္ဖို႔အတြက္ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းနဲ႔ နာမည္ႀကီးကစားသမားအမ်ားအျပား သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးရဲ့ ေကာလာဟလေတြကလည္း ဆက္လက္ ေပၚထြက္ေနခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ အူဘာမီယန္းကို ဘာစီလိုနာအသင္းထံ ေျပာင္းေရႊ႕ခြင့္ျပဳခဲ့ၿပီးေနာက္ ထိပ္တန္းအဆင့္ တိုက္စစ္မႉးတစ္ဦး အသည္းအသန္လိုအပ္ေနတာေၾကာင့္ မန္စီးတီးတိုက္စစ္မႉးက ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ယခုရာသီ ပက္ ဂြါဒီယိုလာရဲ့ ပြဲထြက္လူစာရင္းမွာ ပုံမွန္ပြဲထြက္ကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ပါဝင္ကစားခြင့္ရခဲ့တဲ့ပြဲစဥ္ေတြမွာ ေျခစြမ္းျပဂိုးသြင္းခဲ့ေပမယ့္လည္း ပြဲထြက္ခြင့္အတြက္ အာမခံခ်က္မရရွိတာေၾကာင့္ ေနာက္ထပ္အခြင့္အလမ္းေတြ ရွာေဖြဖို႔ အစ္တီဟတ္ကို စြန႔္ခြာခ်င္ေနတာျဖစ္တယ္လို႔ မၾကာေသးမီက သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ ေဂ်ဆူးအတြက္ မန္ခ်က္စတာစီးတီးအသင္းက ေျပာင္းေရႊ႕ေၾကး ဘယ္ေလာက္သတ္မွတ္ထားလဲ၊ အာဆင္နယ္နည္းစနစ္ ဒါရိုက္တာ အီဒူးရဲ့ ရပ္တည္ခ်က္နဲ႔ အစ္တီဟတ္ကို ဟာလန္းေျပာင္းေရႊ႕လာမႈရဲ့ အက်ိဳးသက္ေရာက္မႈ ဘာေတြ ရွိနိုင္မလဲဆိုတာ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ေဂ်ဆူးအတြက္ မန္ခ်က္စတာစီးတီးက ေပါင္ ၄၂ သန္းဝန္းက်င္ ေျပာင္းေရႊ႕ေၾကး ေတာင္းဆိုထားၿပီး မၾကာေသးမီက အထင္ႀကီးဖြယ္ ေျခစြမ္း ဆက္တိုက္ ျပသနိုင္ၿပီးေနာက္ ေျပာင္းေရႊ႕ေၾကးက ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ဒီေႏြရာသီမွာ အာဆင္နယ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့ၿပီး Fichajes ရဲ့ ေဖာ္ျပခ်က္အရ မန္စီးတီးက ေဒါ့မြန္တိုက္စစ္မႉးဟာလန္းကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ေဂ်ဆူးကို လာမယ့္အေျပာင္းအေရႊ႕ေစ်းကြက္မွာ ေရာင္းခ်သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

အာဆင္နယ္နည္းၿပ အာတီတာဟာ အရင္တုန္းက မန္စီးတီးမွာ နည္းျပအဖြဲ႕ဝင္အျဖစ္ အလုပ္လုပ္ခဲ့တဲ့အခ်ိန္အတြင္း ေဂ်ဆူးနဲ႔ အလုပ္အတူတူ တြဲလုပ္ခဲ့ဖူးၿပီး ဘရာဇီးလ္တိုက္စစ္မႉးကို အမ္းမရိတ္စ္ကို ေခၚယူခ်င္ေနတယ္လို႔ ယုံၾကည္ရပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ၂၀၁၆ ေႏြရာသီမွာ မန္စီးတီးကို ေျပာင္းေရႊ႕ေရာက္ရွိလာကတည္းက မ်ားေသာအားျဖင့္ လူပိုျဖစ္ေနခဲ့ၿပီး မၾကာခဏ ဆာဂ်ီယို အေဂြရိုနဲ႔ယွဥ္ရင္ ဒုတိယပြဲထြက္ကစားသမားအျဖစ္ ကစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္စီးတီးနည္းၿပ ဂြါဒီယိုလာက ဘရာဇီးလ္တိုက္စစ္မႉးကို ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္ ၂ ေက်ာ့စလုံးအပါအဝင္ ပြဲႀကီးပြဲေကာင္းေတြအမ်ားအျပားမွာ ပြဲထြက္ပါဝင္ကစားဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ေဂ်ဆူးကို ေနာက္ဆုံး ၁၈ လအတြင္း ညာေတာင္ပံေနမွာ အဓိကထားသုံးခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားခ်င္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အေျပာင္းအေရႊ႕အထူးကၽြမ္းက်င္သူ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုက လက္ရွိမွာေတာ့ အာတီတာနဲ႔ အီဒူးတို႔ဟာ အသက္ ၂၅ ႏွစ္အရြယ္ တိုက္စစ္မႉးကို တိုက္ရိုက္ ဆက္သြယ္ခဲ့ၿပီးေနာက္ ၎တို႔ရဲ့ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့ၿပီျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

“အာဆင္နယ္ဟာ ကစားသမားဘက္ကို တိုက္ရိုက္ဆက္သြယ္မႈအသစ္ျပဳလုပ္ခဲ့ၿပီးေနာက္ သူတို႔ရဲ့ပစ္မွတ္စာရင္းထဲက ထိပ္ဆုံးေနရာမွာ သတ္မွတ္ထားခဲ့ပါတယ္။ ေဂ်ဆူးအေနနဲ႔ ဟာလန္းအေျပာင္းအေရႊ႕ၿပီးရင္ မန္စီးတီးကို စြန႔္ခြာမယ္လို႔ ေမၽွာ္မွန္းျခင္းခံေနရပါတယ္။ အသင္း ၂ သင္းၾကားမွာေတာ့ တိုက္ရိုက္ဆက္သြယ္မႈမရွိေသးပါဘူး”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဟာလန္းရဲ့ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕မႈဟာ အဂၤါေန႔ညေနမွာ ေၾကညာျခင္းခံခဲ့ရတာျဖစ္ၿပီး အဲဒီအေျပာင္းအေရႊ႕က ေဂ်ဆူးကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ အာဆင္နယ္အတြက္ ေကာင္းဖို႔ ျဖစ္လာတာျဖစ္တယ္လို႔ အေျပာင္းအေရႊ႕ဂု႐ုႀကီး ေဒးဗစ္ ေအာ္စတိုင္းက ေျပာၾကားခဲ့ပါတယ္။

“မန္စီးတီးက ျပႆနာနည္းနည္းေလးေတာ့ ရွိေနတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ဟာလန္းကို ေခၚဖို႔ ႀကိဳးပမ္းေနၿပီး သူတို႔မွာ ဂ်ဴလီယန္ အဲဗရက္ဇ္လည္း ရွိေနတာမို႔လို႔ပါ။ အဲဒီေတာ့ ဂါဘရီယယ္လ္ ေဂ်ဆူး အသင္းကေန ထြက္ခြာဖို႔ အရမ္းေကာင္းတဲ့အခြင့္အေရးရွိေနပါတယ္။ သူက ၂၀၂၃ မွာ စာခ်ဳပ္သက္တမ္းကုန္မွာပါ။ ကၽြန္ေတာ္တို႔ အခုအထိ ဘာစာခ်ဳပ္သစ္အတြက္မွ ေျပာဆိုေနတာေတြ သတိမျပဳမိဘဲ အာဆင္နယ္က အရမ္းကို စိတ္ဝင္စားေနပါတယ္”

“သူတို႔ေတြရဲ့ နည္းစနစ္ဒါရိုက္တာ အီဒူး ကိုရင္သီယန္မွာ နည္းစနစ္ဒါရိုက္တာ လုပ္ေနတုန္းက ေကာင္းေကာင္း သိခဲ့တဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးရဲ့ ကိုယ္စားလွယ္ကေနတဆင့္ ေျပာဆိုေဆြးေႏြးေနခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.