La Liga Premier League Transfer News

ေတာရက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးသေဘာတူညီဖို႔ နီးစပ္လာတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမားသစ္ ရွာေဖြမွဳအတြက္ ေအာင္ျမင္မွဳရရွိဖို႔ နီးစပ္ေနခဲ့ၿပီျဖစ္ၿပီး ဗလင္စီယာအသင္းရဲ႕ လူငယ္ကစားသမား ဖယ္ရန္ ေတာရက္စ္ကို ေခၚယူႏုိင္ဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးကို ေနာက္ဆုံးအဆင့္ ေဆြးေႏြးညႇိႏွဳိင္းေနခဲ့ၿပီလို႔ သိရပါတယ္။

ကစားသမားနဲ႔ ပုဂၢဳိလ္သေဘာတူညီခ်က္ေတြ ရရွိထားခဲ့ၿပီးျဖစ္တဲ့ မန္ခ်က္စတာစီးတီးအေနနဲ႔ ဗလင္စီယာအသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးအတြက္ သူတို႔ ေတာင္းဆုိထားခဲ့တဲ့ ယူ႐ို သန္း ၄၀ ကို ေလွ်ာ့ခ်ႏိုင္မွာလည္းျဖစ္ၿပီး လက္ရွိမွာေတာ့ ယူ႐ို ၂၃ သန္း (ေပါင္ ၂၀.၉ သန္း)ကို ကနဦးေပးေခ်ဖို႔နဲ႔ တျခားေအာင္ျမင္မွဳေတြအေပၚ ဆုေၾကးခံစားခြင့္ေတြကို ထည့္သြင္းကမ္းလွမ္းထားတယ္လုိ႔ သိရပါတယ္။

ဗလင္စီယာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသက္ ၂၀ အရြယ္ စပိန္ေတာင္ပံကစားသမားကို ထိန္းသိမ္းထားခ်င္ေနၿပီး လက္လႊတ္ရမယ္ဆုိရင္လည္း ေျပာင္းေရႊ႕ေၾကးျမင့္ျမင့္မားမားလုိခ်င္ခဲ့ေပမယ့္ သူ႕ရဲ႕ ၁၁ လသာ က်န္ရွိေတာ့တဲ့ စာခ်ဳပ္သက္တမ္းက သူတုိ႔ကို ဒီလိုမ်ဳိး ေတာင္းဆုိဖို႔ အေနအထားမွာ မရွိေစခဲ့ဘဲ ရာသီကုန္ရင္ လက္လႊတ္ရမယ့္အျဖစ္မ်ဳိးကို ေရွာင္လႊဲေရာင္းခ်သြားရမွာလည္းျဖစ္ပါတယ္။

ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏုိင္႐ုံမကဘဲ တိုက္စစ္ဗဟိုမွာပါ ဝင္ကစားႏုိင္တဲ့ ေတာရက္စ္ရဲ႕ ေပါက္ကြဲတတ္တဲ့ ကစားပုံေတြက မန္စီးတီး နည္းျပ ဂြါဒီယိုလာအႀကဳိက္ျဖစ္ၿပီး ဒါေၾကာင့္လည္း ပရီးမီးယားလိဂ္ေတာင္ပံသမား အဒါမာ ထရာအိုေရးထက္ နည္းစနစ္ပုိင္း စြမ္းရည္ၾကြယ္ဝတဲ့သူ႕ကို ေရြးခ်ယ္ခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္။

အသင္းရဲ႕ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို ယူ႐ို ၄၅ သန္း + ဆုေၾကးခံစားခြင့္ ယူ႐ို ၁၅ သန္းနဲ႔ ေရာင္းခ်ထားခ်ိန္မွာ ေတာရက္စ္ကို ပါးပါးနပ္နပ္နဲ႔ ေခၚယူမယ့္ မန္စီးတီးရဲ႕ အစီအစဥ္ကေတာ့ အေျပာင္းအေရႊ႕ေဈးကြက္မွာ ပုိမိုဖ်ံက်လာတယ္လုိ႔လည္း သုံးသပ္ရၿပီး စပိန္သားအတြက္ ေနာက္ဆုံးအဆင့္မွာ ဆုေၾကးအပါအဝင္ ယူ႐ုိသန္း ၃၀ ဝန္းက်င္နဲ႔ သေဘာတူညီႏုိင္ဖြယ္ရွိတယ္လုိ႔လည္း ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမားသစ် ရှာဖွေမှုအတွက် အောင်မြင်မှုရရှိဖို့ နီးစပ်နေခဲ့ပြီဖြစ်ပြီး ဗလင်စီယာအသင်းရဲ့ လူငယ်ကစားသမား ဖယ်ရန် တောရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးကို နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းနေခဲ့ပြီလို့ သိရပါတယ်။

ကစားသမားနဲ့ ပုဂ္ဂိုလ်သဘောတူညီချက်တွေ ရရှိထားခဲ့ပြီးဖြစ်တဲ့ မန်ချက်စတာစီးတီးအနေနဲ့ ဗလင်စီယာအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် သူတို့ တောင်းဆိုထားခဲ့တဲ့ ယူရို သန်း ၄၀ ကို လျှော့ချနိုင်မှာလည်းဖြစ်ပြီး လက်ရှိမှာတော့ ယူရို ၂၃ သန်း (ပေါင် ၂၀.၉ သန်း)ကို ကနဦးပေးချေဖို့နဲ့ တခြားအောင်မြင်မှုတွေအပေါ် ဆုကြေးခံစားခွင့်တွေကို ထည့်သွင်းကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဗလင်စီယာအသင်းအနေနဲ့ သူတို့ရဲ့ အသက် ၂၀ အရွယ် စပိန်တောင်ပံကစားသမားကို ထိန်းသိမ်းထားချင်နေပြီး လက်လွှတ်ရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးမြင့်မြင့်မားမားလိုချင်ခဲ့ပေမယ့် သူ့ရဲ့ ၁၁ လသာ ကျန်ရှိတော့တဲ့ စာချုပ်သက်တမ်းက သူတို့ကို ဒီလိုမျိုး တောင်းဆိုဖို့ အနေအထားမှာ မရှိစေခဲ့ဘဲ ရာသီကုန်ရင် လက်လွှတ်ရမယ့်အဖြစ်မျိုးကို ရှောင်လွှဲရောင်းချသွားရမှာလည်းဖြစ်ပါတယ်။

တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ရုံမကဘဲ တိုက်စစ်ဗဟိုမှာပါ ဝင်ကစားနိုင်တဲ့ တောရက်စ်ရဲ့ ပေါက်ကွဲတတ်တဲ့ ကစားပုံတွေက မန်စီးတီး နည်းပြ ဂွါဒီယိုလာအကြိုက်ဖြစ်ပြီး ဒါကြောင့်လည်း ပရီးမီးယားလိဂ်တောင်ပံသမား အဒါမာ ထရာအိုရေးထက် နည်းစနစ်ပိုင်း စွမ်းရည်ကြွယ်ဝတဲ့သူ့ကို ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

အသင်းရဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ယူရို ၄၅ သန်း + ဆုကြေးခံစားခွင့် ယူရို ၁၅ သန်းနဲ့ ရောင်းချထားချိန်မှာ တောရက်စ်ကို ပါးပါးနပ်နပ်နဲ့ ခေါ်ယူမယ့် မန်စီးတီးရဲ့ အစီအစဉ်ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ပိုမိုဖျံကျလာတယ်လို့လည်း သုံးသပ်ရပြီး စပိန်သားအတွက် နောက်ဆုံးအဆင့်မှာ ဆုကြေးအပါအဝင် ယူရိုသန်း ၃၀ ဝန်းကျင်နဲ့ သဘောတူညီနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.