UCL&UEL

ချန်ပီယံလိဂ်စနစ်သစ်ကို ထုတ်ဖော်ကြေညာခဲ့တဲ့ ယူအီးအက်ဖ်အေ

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ၃၆ သင်းအထိ ၄ သင်းတိုးမြှင့်သွားမှာဖြစ်ပြီး လက်ရှိကစားနေတဲ့ အုပ်စုအဆင့်တွေကို ၂၀၂၄-၂၀၂၅ ရာသီကနေ လိဂ်ပွဲတစ်ပွဲအဖြစ် အစားထိုးသွားမယ်လို့ အင်္ဂါနေ့မှာ ယူအီးအက်ဖ်အေက ပြောကြားခဲ့ပါတယ်။

ဥရောပထိပ်တန်းဘောလုံးပြိုင်ပွဲကို ပြန်လည်ပြင်ဆင်မှုမှာ အသင်းတစ်သင်းချင်းစီဟာ အိမ်ကွင်း ၄ ပွဲ အဝေးကွင်း ၄ ပွဲ စုစုပေါင်း လိဂ်ပွဲ ၈ ပွဲ ကစားသွားရမှာဖြစ်ပါတယ်။ လိဂ်ထဲက ထိပ်ဆုံး ၈ သင်းဟာ ရှုံးထွက်အဆင့်ကို အလိုအလျောက် ဝင်ခွင့်ရရှိမှာဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အတွင်း ပြီးဆုံးတဲ့အသင်းတွေကတော့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ play-off ၂ ကျော့ ကစားသွားရမှာဖြစ်ပါတယ်။

“ရွေးချယ်ထားတဲ့ပြိုင်ပွဲပုံစံဟာ မှန်ကန်တဲ့ ဟန်ချက်ကို ရရှိစေပြီး အဲဒါက ကျွန်တော်တို့ တိုက်ကြီးတလွှားမှာရှိတဲ့ ကလပ်တွေ၊ လိဂ်တွေနဲ့ အောက်ခြေဘောလုံးအသင်းတွေဆီကို ယှဉ်ပြိုင်မှု ဟန်ချက်တိုးတက်စေမှာဖြစ်ပြီး ခိုင်မာတဲ့ဝင်ငွေစီးဆင်းစေနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ ယူအီအက်ဖ်အေဥက္ကဌ စီဖီရင်က ပြောကြားခဲ့ပါတယ်။

စီဖီရင်နဲ့ ယူအီးအက်ဖ်အေတို့ဟာ ၎င်းတို့ရဲ့ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ကနေ တညီတညွတ်တည်းအတည်ပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ စူပါလိဂ်လုပ်ဖို့ တော်လှန်တဲ့ အတွေးမျိုး ပြန်ပေါ်လာမှာကို တစ်ခါတည်း အဆုံးသတ်စေလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဥရောပရဲ့အကြီးဆုံးကလပ်အသင်း ၁၂ သင်းက ပြိုင်ပွဲအသစ်ကျင်းပဖို့ အဆိုပြုခဲ့ပေမယ့် ၎င်းတို့ရဲ့ ကစားသမားတွေ၊ ပရိသတ်တွေအပြင် အစိုးရတွေနဲ့ ဘောလုံးအဖွဲ့အစည်းတွေကိုယ်တိုင်က ဆန့်ကျင်ခဲ့ပြီးနောက်ပိုင်း အစီအစဉ်ပျက်သွားခဲ့တာဖြစ်ပါတယ်။

ထိပ်တန်းအသင်း ၉ သင်းက စူပါလိဂ် စီမံကိန်းကို လက်လျှော့ လိုက်ပေမယ့်လည်း ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ဟာ အဲဒီ အယူအဆအတိုင်း ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဟာ လိဂ်ပွဲ ၁၀ ပွဲထားပြီး အသင်းဖော်ကိန်းပေါ်မူတည်တဲ့အသင်းတွေကို ၄ နေရာသစ်ထဲက ၂ နေရာ ခွဲဝေပေးဖို့ ပရိသတ်တွေအပါအဝင် အမျိုးမျိုးသော အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးနောက် နောက်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။

၄ နေရာဟာ ချန်ပီယံရှစ်အဖွဲ့အစည်းမှာ အဆင့် ၃ နေရာရပြီး ယူအီးအက်ဖ်အေနိုင်ငံတကာအဖွဲ့အစည်းအဆင့်သတ်မှတ်ချက်မှာ အဆင့် ၅ ရတဲ့ ကလပ်အသင်းက တစ်နေရာရရှိမှာဖြစ်ပြီး နောက်ထပ်အသင်းကတော့ ချန်ပီယံလိဂ်လမ်းကြောင်းလို့ ခေါ်တွင်တဲ့ ဝင်ခွင့်ရရှိတဲ့ ကလပ်အသင်းအရေအတွက်ကို ၄ သင်းကနေ ၅ သင်းအထိ တိုးမြှင့်ပြီး ပြည်တွင်းချန်ပီယံကို ဝင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။

နောက်ဆုံး ၂ သင်းကတော့ ပြီးခဲ့တဲ့ရာသီ(စုစုပေါင်း ရမှတ်ကို တည်ပြီး ပါဝင်ယှဉ်ပြိုင်တဲ့အသင်းအရေအတွက်နဲ့စား)မှာ အသင်းလိုက်စွမ်းဆောင်ရည်အကောင်းဆုံးအသင်းကို ပေးသွားမှာဖြစ်ပြီး ဒီ၂ နေရာအတွက် အသင်းတွေရဲ့ စုပေါင်းစွမ်းဆောင်ရည်အပေါ်မှာ မူတည်ပြီး ဒီရာသီမှာ အကဲဖြတ်ရမယ်ဆိုရင် အင်္ဂလန်နဲ့ နယ်သာလန်တို့ကပဲ ဖြစ်နိုင်ပါတယ်။

အလားတူ ပြိုင်ပွဲပုံစံပြောင်းလဲမှုကို ယူရိုပါလိဂ်(လိဂ်အဆင့်မှာ ၈ ပွဲ)နဲ့ ယူရိုပါကွန်းဖရင့်လိဂ်(လိဂ်အဆင့်မှာ ၆ ပွဲ)တို့မှာလည်း ကျင့်သုံးသွားမှာဖြစ်ပြီး ပြိုင်ပွဲ ၂ ခုစလုံးမှာ လိဂ်အဆင့်မှာ ၃၆ သင်းပါဝင်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဟာ ၃၆ သင္းအထိ ၄ သင္းတိုးျမႇင့္သြားမွာျဖစ္ၿပီး လက္ရွိကစားေနတဲ့ အုပ္စုအဆင့္ေတြကို ၂၀၂၄-၂၀၂၅ ရာသီကေန လိဂ္ပြဲတစ္ပြဲအျဖစ္ အစားထိုးသြားမယ္လို႔ အဂၤါေန႔မွာ ယူအီးအက္ဖ္ေအက ေျပာၾကားခဲ့ပါတယ္။

ဥေရာပထိပ္တန္းေဘာလုံးၿပိဳင္ပြဲကို ျပန္လည္ျပင္ဆင္မႈမွာ အသင္းတစ္သင္းခ်င္းစီဟာ အိမ္ကြင္း ၄ ပြဲ အေဝးကြင္း ၄ ပြဲ စုစုေပါင္း လိဂ္ပြဲ ၈ ပြဲ ကစားသြားရမွာျဖစ္ပါတယ္။ လိဂ္ထဲက ထိပ္ဆုံး ၈ သင္းဟာ ရႈံးထြက္အဆင့္ကို အလိုအေလ်ာက္ ဝင္ခြင့္ရရွိမွာျဖစ္ၿပီး အဆင့္ ၉ ကေန ၂၄ အတြင္း ၿပီးဆုံးတဲ့အသင္းေတြကေတာ့ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္နိုင္ဖို႔ play-off ၂ ေက်ာ့ ကစားသြားရမွာျဖစ္ပါတယ္။

“ေရြးခ်ယ္ထားတဲ့ၿပိဳင္ပြဲပုံစံဟာ မွန္ကန္တဲ့ ဟန္ခ်က္ကို ရရွိေစၿပီး အဲဒါက ကၽြန္ေတာ္တို႔ တိုက္ႀကီးတလႊားမွာရွိတဲ့ ကလပ္ေတြ၊ လိဂ္ေတြနဲ႔ ေအာက္ေျခေဘာလုံးအသင္းေတြဆီကို ယွဥ္ၿပိဳင္မႈ ဟန္ခ်က္တိုးတက္ေစမွာျဖစ္ၿပီး ခိုင္မာတဲ့ဝင္ေငြစီးဆင္းေစနိုင္မယ္လို႔ ကၽြန္ေတာ္တို႔ ယုံၾကည္ပါတယ္”လို႔ ယူအီအက္ဖ္ေအဥကၠဌ စီဖီရင္က ေျပာၾကားခဲ့ပါတယ္။

စီဖီရင္နဲ႔ ယူအီးအက္ဖ္ေအတို႔ဟာ ၎တို႔ရဲ့ အလုပ္အမႈေဆာင္ဘုတ္အဖြဲ႕ကေန တညီတညြတ္တည္းအတည္ျပဳခဲ့တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြဟာ စူပါလိဂ္လုပ္ဖို႔ ေတာ္လွန္တဲ့ အေတြးမ်ိဳး ျပန္ေပၚလာမွာကို တစ္ခါတည္း အဆုံးသတ္ေစလိမ့္မယ္လို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလတုန္းက ဥေရာပရဲ့အႀကီးဆုံးကလပ္အသင္း ၁၂ သင္းက ၿပိဳင္ပြဲအသစ္က်င္းပဖို႔ အဆိုျပဳခဲ့ေပမယ့္ ၎တို႔ရဲ့ ကစားသမားေတြ၊ ပရိသတ္ေတြအျပင္ အစိုးရေတြနဲ႔ ေဘာလုံးအဖြဲ႕အစည္းေတြကိုယ္တိုင္က ဆန႔္က်င္ခဲ့ၿပီးေနာက္ပိုင္း အစီအစဥ္ပ်က္သြားခဲ့တာျဖစ္ပါတယ္။

ထိပ္တန္းအသင္း ၉ သင္းက စူပါလိဂ္ စီမံကိန္းကို လက္ေလၽွာ့ လိုက္ေပမယ့္လည္း ရီးရဲလ္ မက္ဒရစ္၊ ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္တို႔ဟာ အဲဒီ အယူအဆအတိုင္း ဆက္လက္ကိုင္စြဲထားဆဲျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအဟာ လိဂ္ပြဲ ၁၀ ပြဲထားၿပီး အသင္းေဖာ္ကိန္းေပၚမူတည္တဲ့အသင္းေတြကို ၄ ေနရာသစ္ထဲက ၂ ေနရာ ခြဲေဝေပးဖို႔ ပရိသတ္ေတြအပါအဝင္ အမ်ိဳးမ်ိဳးေသာ အဖြဲ႕အစည္းေတြနဲ႔ တိုင္ပင္ၿပီးေနာက္ ေနာက္ဆုတ္သြားခဲ့တာျဖစ္ပါတယ္။

၄ ေနရာဟာ ခ်န္ပီယံရွစ္အဖြဲ႕အစည္းမွာ အဆင့္ ၃ ေနရာရၿပီး ယူအီးအက္ဖ္ေအနိုင္ငံတကာအဖြဲ႕အစည္းအဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၅ ရတဲ့ ကလပ္အသင္းက တစ္ေနရာရရွိမွာျဖစ္ၿပီး ေနာက္ထပ္အသင္းကေတာ့ ခ်န္ပီယံလိဂ္လမ္းေၾကာင္းလို႔ ေခၚတြင္တဲ့ ဝင္ခြင့္ရရွိတဲ့ ကလပ္အသင္းအေရအတြက္ကို ၄ သင္းကေန ၅ သင္းအထိ တိုးျမႇင့္ၿပီး ျပည္တြင္းခ်န္ပီယံကို ဝင္ခြင့္ေပးသြားမွာျဖစ္ပါတယ္။

ေနာက္ဆုံး ၂ သင္းကေတာ့ ၿပီးခဲ့တဲ့ရာသီ(စုစုေပါင္း ရမွတ္ကို တည္ၿပီး ပါဝင္ယွဥ္ၿပိဳင္တဲ့အသင္းအေရအတြက္နဲ႔စား)မွာ အသင္းလိုက္စြမ္းေဆာင္ရည္အေကာင္းဆုံးအသင္းကို ေပးသြားမွာျဖစ္ၿပီး ဒီ၂ ေနရာအတြက္ အသင္းေတြရဲ့ စုေပါင္းစြမ္းေဆာင္ရည္အေပၚမွာ မူတည္ၿပီး ဒီရာသီမွာ အကဲျဖတ္ရမယ္ဆိုရင္ အဂၤလန္နဲ႔ နယ္သာလန္တို႔ကပဲ ျဖစ္နိုင္ပါတယ္။

အလားတူ ၿပိဳင္ပြဲပုံစံေျပာင္းလဲမႈကို ယူရိုပါလိဂ္(လိဂ္အဆင့္မွာ ၈ ပြဲ)နဲ႔ ယူရိုပါကြန္းဖရင့္လိဂ္(လိဂ္အဆင့္မွာ ၆ ပြဲ)တို႔မွာလည္း က်င့္သုံးသြားမွာျဖစ္ၿပီး ၿပိဳင္ပြဲ ၂ ခုစလုံးမွာ လိဂ္အဆင့္မွာ ၃၆ သင္းပါဝင္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.