Premier League Transfer News UCL&UEL

ရော်နယ်လ်ဒို မန်ယူက ထွက်ဖို့ အဆိုကို ထောက်ခံလိုက်တဲ့ အစ်မဖြစ်သူ အဆိုတော်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိအနေအထားကတော့ တော်တော်လေး မခန့်လေးစားချင်စရာဖြစ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘာရည်မှန်းချက်မှ မရှိဘဲ ယူရိုပါ ကွန်ဖရင့်လိဂ်ကို ကစားမယ့် အလကားအသင်းလို့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ရဲ့ အစ်ကိုဖြစ်သူရဲ့ ထိုးနှက်ခံခဲ့ရသလို ဒီနေ့မှာတော့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အစ်မဖြစ်သူနဲ့ပါ ထပ်ပြီး ပတ်သက်လာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးကြီးအနေနဲ့ ဒီရာသီမှာ သူ့ရဲ့ စံချိန်ကို အကျမခံဘဲ ပရီးမီးယားလိဂ်ဂိုး ၁၈ ဂိုးအထိ သွင်းယူထားခဲ့ပေမယ့် ယူနိုက်တက်တို့ရဲ့ ရပ်တည်မှုကတော့ အဆင့် ၆ မှာ နောက်က လိုက်လာတဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကျော်တက်ခံရဖို့ များနေခဲ့ပြီး ယူရိုပါလိဂ်တောင် အနံ့ပျောက်သွားဖို့ ရှိနေခဲ့တာပါ။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ဘက်က လိုအပ်တဲ့သူ မဟုတ်ဘူးလို့ ဘယ်လိုလူတွေက ဘယ်လိုပဲ အဆိုးပြောပြော သူ့ရဲ့ လက်ရှိ ဂိုးသွင်းစွမ်းရည်က အဆင့်အတန်းကို သက်သေပြနေဆဲဖြစ်ပြီး တကယ်တမ်း လိုအပ်ချက်ရှိတယ်ဆိုရင် ကစားသမားဘက်က မဟုတ်ဘဲ အသင်းဘက်က လိုအပ်ချက်နဲ့ အားနည်းချက်သာဖြစ်တယ်လို့ ဆိုလာခဲ့ကြတာဖြစ်ပါတယ်။

Ronaldo and Katia Aveiro

သူ့ရဲ့ သစ္စာရှိ ပရိသတ်တွေကတော့ ပေါ်တူဂီကပ္ပတိန် GOAT ကြီးအတွက် မန်ချက်စတာယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်းတစ်သင်း လိုအပ်နေတယ်လို့ ဆိုလိုက်ပြီး အသင်းက ထွက်ခွာဖို့ အင်စတာဂရမ်မှာ တောင်းဆိုခဲ့ကြသလို အစ်မဖြစ်သူ နာမည်ကြီး အဆိုတော် ကာတီယာ အဗီယာရိုက ထောက်ခံတဲ့အနေနဲ့ Like လုပ်သွားခဲ့တာပါ။

အင်စတာဂရမ် ဖော်လိုဝါ ၁.၂ သန်းရှိတဲ့ ကာတီယာဟာ ငယ်စဉ်ကတည်းက မောင်ဖြစ်သူကို ထောက်ခံအားပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ အဆိုတော် ဘဝအစ ၂၀၀၅ ခုနှစ် ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ကို ရော်နယ်လ်ဒါဆိုတဲ့ အမည်နဲ့ သီဆိုခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာမှ အမည်ရင်း ကာတီယာ Catia ကို Katia လို့ ပြောင်းလဲပြီး နောက်ထပ်အယ်လ်ဘမ် ၅ ခုနဲ့အတူ လူသိများလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်နည်းပြသစ်ဖြစ်လာမယ့် အဲရစ် တန်ဟတ်ရဲ့ သူ့လို လူအိုမျိုးကို အလိုမရှိဘူးလို့ ပြောထားတဲ့ စကားနဲ့ အသင်းရဲ့ ချန်ပီယံလိဂ် ကစားခွင့်မရှိတဲ့ အနေအထားမှာ ပေါ်တူဂီဘက်က ရော်နယ်လ်ဒိုဖန်အကောင့်က ဒီလိုအနေအထားမှာ သူတို့ရဲ့ သူရဲကောင်းအနေနဲ့ ဒီအသင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ဆက်လက်သက်သေပြနေဖို့ မလိုဘူးလို့လည်း ဝေဖန်အကြံပြုခဲ့တာပါ။

ဒါကို ရော်နယ်လ်ဒါတစ်ဖြစ်လဲ ကာတီဗာ အဗီယာရိုက ထောက်ခံမှု ပြသသွားခဲ့တာဖြစ်ပြီး မိသားစုအပေါ် တန်ဖိုးထားတဲ့ ရော်နယ်လ်ဒိုအနေနဲ့ လာမယ့်ရာသီမှာ အသင်းသစ် ရှာဖွေသွားနိုင်ခြေက အတော်လေး မြင့်တက်နေခဲ့သလို သူ့နဲ့ သူ့ရဲ့ သွင်းဂိုးတွေကို တန်ဖိုးမထားတတ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ လက်လွှတ်ရဖို့ပဲ ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လက္ရွိအေနအထားကေတာ့ ေတာ္ေတာ္ေလး မခန႔္ေလးစားခ်င္စရာျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ဘာရည္မွန္းခ်က္မွ မရွိဘဲ ယူ႐ိုပါ ကြန္ဖရင့္လိဂ္ကို ကစားမယ့္ အလကားအသင္းလို႔ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ရဲ႕ အစ္ကိုျဖစ္သူရဲ႕ ထိုးႏွက္ခံခဲ့ရသလို ဒီေန႔မွာေတာ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အစ္မျဖစ္သူနဲ႔ပါ ထပ္ၿပီး ပတ္သက္လာခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးႀကီးအေနနဲ႔ ဒီရာသီမွာ သူ႔ရဲ႕ စံခ်ိန္ကို အက်မခံဘဲ ပရီးမီးယားလိဂ္ဂိုး ၁၈ ဂိုးအထိ သြင္းယူထားခဲ့ေပမယ့္ ယူႏိုက္တက္တို႔ရဲ႕ ရပ္တည္မႈကေတာ့ အဆင့္ ၆ မွာ ေနာက္က လိုက္လာတဲ့ ဝက္စ္ဟမ္းတို႔ရဲ႕ ေက်ာ္တက္ခံရဖို႔ မ်ားေနခဲ့ၿပီး ယူ႐ိုပါလိဂ္ေတာင္ အနံ႔ေပ်ာက္သြားဖို႔ ရွိေနခဲ့တာပါ။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ဘက္က လိုအပ္တဲ့သူ မဟုတ္ဘူးလို႔ ဘယ္လိုလူေတြက ဘယ္လိုပဲ အဆိုးေျပာေျပာ သူ႔ရဲ႕ လက္ရွိ ဂိုးသြင္းစြမ္းရည္က အဆင့္အတန္းကို သက္ေသျပေနဆဲျဖစ္ၿပီး တကယ္တမ္း လိုအပ္ခ်က္ရွိတယ္ဆိုရင္ ကစားသမားဘက္က မဟုတ္ဘဲ အသင္းဘက္က လိုအပ္ခ်က္နဲ႔ အားနည္းခ်က္သာျဖစ္တယ္လို႔ ဆိုလာခဲ့ၾကတာျဖစ္ပါတယ္။

Ronaldo and Katia Aveiro

သူ႔ရဲ႕ သစၥာရွိ ပရိသတ္ေတြကေတာ့ ေပၚတူဂီကပၸတိန္ GOAT ႀကီးအတြက္ မန္ခ်က္စတာယူႏိုက္တက္ထက္ ပိုေကာင္းတဲ့ အသင္းတစ္သင္း လိုအပ္ေနတယ္လို႔ ဆိုလိုက္ၿပီး အသင္းက ထြက္ခြာဖို႔ အင္စတာဂရမ္မွာ ေတာင္းဆိုခဲ့ၾကသလို အစ္မျဖစ္သူ နာမည္ႀကီး အဆိုေတာ္ ကာတီယာ အဗီယာ႐ိုက ေထာက္ခံတဲ့အေနနဲ႔ Like လုပ္သြားခဲ့တာပါ။

အင္စတာဂရမ္ ေဖာ္လိုဝါ ၁.၂ သန္းရွိတဲ့ ကာတီယာဟာ ငယ္စဥ္ကတည္းက ေမာင္ျဖစ္သူကို ေထာက္ခံအားေပးခဲ့သူျဖစ္ၿပီး သူ႔ရဲ႕ အဆိုေတာ္ ဘဝအစ ၂၀၀၅ ခုႏွစ္ ထြက္ရွိခဲ့တဲ့ အယ္လ္ဘမ္ကို ေရာ္နယ္လ္ဒါဆိုတဲ့ အမည္နဲ႔ သီဆိုခဲ့သူျဖစ္ၿပီး ေနာက္ပိုင္းမွာမွ အမည္ရင္း ကာတီယာ Catia ကို Katia လို႔ ေျပာင္းလဲၿပီး ေနာက္ထပ္အယ္လ္ဘမ္ ၅ ခုနဲ႔အတူ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္နည္းျပသစ္ျဖစ္လာမယ့္ အဲရစ္ တန္ဟတ္ရဲ႕ သူ႔လို လူအိုမ်ိဳးကို အလိုမရွိဘူးလို႔ ေျပာထားတဲ့ စကားနဲ႔ အသင္းရဲ႕ ခ်န္ပီယံလိဂ္ ကစားခြင့္မရွိတဲ့ အေနအထားမွာ ေပၚတူဂီဘက္က ေရာ္နယ္လ္ဒိုဖန္အေကာင့္က ဒီလိုအေနအထားမွာ သူတို႔ရဲ႕ သူရဲေကာင္းအေနနဲ႔ ဒီအသင္းအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာကို ဆက္လက္သက္ေသျပေနဖို႔ မလိုဘူးလို႔လည္း ေဝဖန္အႀကံျပဳခဲ့တာပါ။

ဒါကို ေရာ္နယ္လ္ဒါတစ္ျဖစ္လဲ ကာတီဗာ အဗီယာ႐ိုက ေထာက္ခံမႈ ျပသသြားခဲ့တာျဖစ္ၿပီး မိသားစုအေပၚ တန္ဖိုးထားတဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ လာမယ့္ရာသီမွာ အသင္းသစ္ ရွာေဖြသြားႏိုင္ေျခက အေတာ္ေလး ျမင့္တက္ေနခဲ့သလို သူ႔နဲ႔ သူ႔ရဲ႕ သြင္းဂိုးေတြကို တန္ဖိုးမထားတတ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းအေနနဲ႔ လက္လႊတ္ရဖို႔ပဲ ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.