Premier League Transfer News

မန္ခ်က္စတာယူႏုိက္တက္နဲ႔ ပဲေလ့စ္တုိ႔ရဲ႕ သေဘာတူညီမွဳကို စိတ္ပ်က္ေနတဲ့ ဇာဟာ

ခရစၥတယ္လ္ပဲေလ့စ္အသင္းကေန အသင္းႀကီးေတြဆီ ေျပာင္းေရႊ႕ခ်င္ေနတဲ့ ေတာင္ပံတုိက္စစ္မွဴး ဝီလ္ဖရီးဒ္ ဇာဟာက သူ႕ရဲ႕အသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔ရဲ႕ ေျပာင္းေရႊ႕ခဲ့စဥ္က သေဘာတူညီမွဳကို စိတ္ပ်က္ေနခဲ့ၿပီး ဒါဟာ သူ႕ရဲ႕ ရည္မွန္းခ်က္ေတြအတြက္ ႀကီးမားတဲ့ အတားအဆီးျဖစ္ေနတယ္လို႔ ယူဆေနပါတယ္။

ပဲေလ့စ္ကေန ယူႏိုက္တက္ကို ေျပာင္းၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ေနရာမရရွိခဲ့လို႔ ဆဲလ္ဟာ့စ္ပါ့ခ္ကို ေပါင္ ၆ သန္းနဲ႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့တဲ့ ဇာဟာအတြက္ ေနာက္ထပ္ ေရာင္းခ်ခဲ့မယ္ဆုိရင္ ေျပာင္းေရႊ႕ေၾကးရဲ႕ ၂၅ ရာခိုင္ႏွဳန္းကို မန္ခ်က္စတာသားေတြဆီ ေပးအပ္ဖို႔ အသင္းႏွစ္သင္းၾကား သေဘာတူညီခဲ့ရၿပီး ဒီေနာက္ပုိင္းမွာ သူ႕အတြက္ အသင္းက ေတာင္းဆုိတဲ့ ေဈးေတြကို ေပးခ်င္တဲ့သူ မရွိခဲ့တာလည္းျဖစ္ပါတယ္။

ဇာဟာလို လွည့္စားမွဳ၊ အျမန္ႏွဳန္းနဲ႔ အလိမ္အေခါက္ေကာင္းမြန္ေပမယ့္ အဆုံးသတ္ပုိင္း End Product ပုိင္းမွာ အေကာင္းႀကီး မဟုတ္တဲ့ ကစားသမားမ်ဳိးကို ေပါင္သန္း ၈၀ ဆုိတာကေတာ့ ေပးခ်င္တဲ့အသင္း မရွိသေလာက္ရွားသြားခဲ့ၿပီး ကိုဗစ္-၁၉ ေၾကာင့္ အသင္းတုိင္းရဲ႕ ဘဏၰာေရး အေျခအေနေတြ ၿပဳိလဲခဲ့ရအၿပီးမွာေတာ့ အုိင္ဗရီကို႔စ္သားရဲ႕ အိပ္မက္က ေတာ္ေတာ္ေလး ခက္ခဲလာတာပါ။

အသက္ ၂၇ ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ အဂၤလန္ယူ-၂၁ ေတာင္ပံကစားသမားေဟာင္းအေနနဲ႔ သူ႕ကို ေရာင္းခ်ရင္ ယူႏုိက္တက္ဘက္ကို ျပန္ေပးရမယ့္ ၂၅ ရာခိုင္ႏွဳန္းကို ကာမိေအာင္ ေဈးတြက္တြက္ၿပီး မျဖစ္ႏုိင္တဲ့ ေဈးေတြ ေတာင္းဆုိေနတဲ့ ပဲေလ့စ္အသင္းကိုလည္း စိတ္ပ်က္ေနၿပီး ၿပီးခဲ့တဲ့ ေႏြရာသီက သူအားေပးတဲ့ အာဆင္နယ္နဲ႔ လြဲခဲ့တာကိုလည္း စိတ္မေကာင္းျဖစ္ေနတယ္လို႔ ဆုိပါတယ္။

လက္ရွိမွာေတာ့ အဲဗာတန္က သူ႕ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဇာဟာအေနနဲ႔လည္း ဥေရာပရည္မွန္းခ်က္ေတြရွိတဲ့အသင္း၊ ကမာၻ႕အဆင့္ နည္းျပ ကာလို အန္ဆယ္ေလာ့တီတုိ႔နဲ႔ လက္တြဲဖို႔ စိတ္အားထက္သန္ေနေပမယ့္ ပဲေလ့စ္ဘက္က ေပါင္သန္း ၇၀ အနည္းဆုံး ေတာင္းဆုိသြားဖို႔ ရွိေနတာေၾကာင့္ ေအးဂ်င့္နဲ႔အတူ စိတ္ပ်က္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ခရစ္စတယ်လ်ပဲလေ့စ်အသင်းကနေ အသင်းကြီးတွေဆီ ပြောင်းရွှေ့ချင်နေတဲ့ တောင်ပံတိုက်စစ်မှူး ဝီလ်ဖရီးဒ် ဇာဟာက သူ့ရဲ့အသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပြောင်းရွှေ့ခဲ့စဉ်က သဘောတူညီမှုကို စိတ်ပျက်နေခဲ့ပြီး ဒါဟာ သူ့ရဲ့ ရည်မှန်းချက်တွေအတွက် ကြီးမားတဲ့ အတားအဆီးဖြစ်နေတယ်လို့ ယူဆနေပါတယ်။

ပဲလေ့စ်ကနေ ယူနိုက်တက်ကို ပြောင်းပြီး အိုးလ်ထရက်ဖို့ဒ်မှာ နေရာမရရှိခဲ့လို့ ဆဲလ်ဟာ့စ်ပါ့ခ်ကို ပေါင် ၆ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ဇာဟာအတွက် နောက်ထပ် ရောင်းချခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၂၅ ရာခိုင်နှုန်းကို မန်ချက်စတာသားတွေဆီ ပေးအပ်ဖို့ အသင်းနှစ်သင်းကြား သဘောတူညီခဲ့ရပြီး ဒီနောက်ပိုင်းမှာ သူ့အတွက် အသင်းက တောင်းဆိုတဲ့ ဈေးတွေကို ပေးချင်တဲ့သူ မရှိခဲ့တာလည်းဖြစ်ပါတယ်။

ဇာဟာလို လှည့်စားမှု၊ အမြန်နှုန်းနဲ့ အလိမ်အခေါက်ကောင်းမွန်ပေမယ့် အဆုံးသတ်ပိုင်း End Product ပိုင်းမှာ အကောင်းကြီး မဟုတ်တဲ့ ကစားသမားမျိုးကို ပေါင်သန်း ၈၀ ဆိုတာကတော့ ပေးချင်တဲ့အသင်း မရှိသလောက်ရှားသွားခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် အသင်းတိုင်းရဲ့ ဘဏ္ဏာရေး အခြေအနေတွေ ပြိုလဲခဲ့ရအပြီးမှာတော့ အိုင်ဗရီကို့စ်သားရဲ့ အိပ်မက်က တော်တော်လေး ခက်ခဲလာတာပါ။

အသက် ၂၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ယူ-၂၁ တောင်ပံကစားသမားဟောင်းအနေနဲ့ သူ့ကို ရောင်းချရင် ယူနိုက်တက်ဘက်ကို ပြန်ပေးရမယ့် ၂၅ ရာခိုင်နှုန်းကို ကာမိအောင် ဈေးတွက်တွက်ပြီး မဖြစ်နိုင်တဲ့ ဈေးတွေ တောင်းဆိုနေတဲ့ ပဲလေ့စ်အသင်းကိုလည်း စိတ်ပျက်နေပြီး ပြီးခဲ့တဲ့ နွေရာသီက သူအားပေးတဲ့ အာဆင်နယ်နဲ့ လွဲခဲ့တာကိုလည်း စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဗာတန်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဇာဟာအနေနဲ့လည်း ဥရောပရည်မှန်းချက်တွေရှိတဲ့အသင်း၊ ကမ္ဘာ့အဆင့် နည်းပြ ကာလို အန်ဆယ်လော့တီတို့နဲ့ လက်တွဲဖို့ စိတ်အားထက်သန်နေပေမယ့် ပဲလေ့စ်ဘက်က ပေါင်သန်း ၇၀ အနည်းဆုံး တောင်းဆိုသွားဖို့ ရှိနေတာကြောင့် အေးဂျင့်နဲ့အတူ စိတ်ပျက်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.