La Liga Premier League Transfer News

အာဆင်နယ်ဂျင်း ပေပေနဲ့ မန်ယူဂျင်းကို ကောက်သိမ်းဖို့ ကြိုးစားနေတဲ့ ဆီဗီလာ

စပိန်ကလပ် ဆီဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ လူမအိုဘဲ ခြေကျသွားတဲ့ ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူနေခဲ့ပြီး အသင်းရဲ့ အားကစားဒါရိုက်တာ မွန်ချီအနေနဲ့ ဒါကို ပါးနပ်တဲ့ စီးပွားရေးတစ်ခုလို့ လမ်းစဉ်ချမှတ်ထားချိန်မှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီက ကစားသမားတွေကို သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အာဆင်နယ်အသင်းကို ဆေးကြီးကြီးထိုးခဲ့ပြီး ပြင်သစ်လိဂန်က ကြက်တိုးခြေစွမ်းကို ပရီးမီးယားလိဂ်ဆီ ယူလာဖို့ မတတ်နိုင်ခဲ့တဲ့ နီကိုလာ ပေပေကို အသင်းနည်းပြ မီခယ်လ် အာတီတာနဲ့ တာဝန်ရှိသူတွေဘက်က စိတ်ကုန်နေခဲ့ပြီဖြစ်ပြီး ရောင်းချသွားဖို့ ရှိနေစဉ်မှာ ဆီဗီလာက စိတ်ဝင်စားလာခဲ့တာပါ။

အသင်းပရိသတ်တွေအတွက်တော့ ဒုတိယရာသီမှာ ခြေစွမ်းမဆိုးလို့ မျှော်လင့်ခဲ့ကြသေးပေမယ့် တတိယရာသီမှာတော့ စုတ်ပြတ်နေတဲ့အပြင် ပွဲထွက်ခွင့်ကိုပါ မရယူနိုင်ခဲ့ဘဲ ဝင်ကစားခဲ့ရတိုင်းလည်း အလွဲတွေပဲ လုပ်နေခဲ့သလို ပရိသတ်မကြိုက်ဆုံးကတော့ ပရီးမီးယားလိဂ်လို မြန်နှုန်းမြင့်ပြီး နေရာလွတ်မပေးတဲ့ ပြိုင်ပွဲမျိုးမှာ ဘောလုံးကို ဆွဲပြေးရမယ့်အစား ရပ်ပြီး လိမ်ခေါက်ဖို့ ကြိုးစားနေတဲ့ အိုင်ဗရီကို့စ်သားရဲ့ အတွေးအခေါ်ကိုပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲက နာကျင်အချိန်ပိုမှာ ဂိုးသမား ရှေ့တက်လာခဲ့ပြီး တိုက်စစ်ဆင်တဲ့ ထောင့်ကန်ဘောကနေ သူတစ်ယောက်တည်း လွတ်သွားတဲ့ အချိန်မှာ ဂိုးပေါက်ကို ဆွဲပြေးပြီး Range မီတာနဲ့ ကန်သွင်းရမယ့်အစား အတွင်းကို ပြန်လိမ်ခေါက်ဖို့ ကြိုးစားတဲ့ ပုံစံကတော့ အားလုံးရဲ့ အဆဲတွေကို စုဝေးစေခဲ့သလို ဒီနိုင်ငံနဲ့ သူနဲ့ လားလားမှ မအပ်စပ်ကြောင်း သေချာသွားခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် တောင်ပံသမားဟာ စပိန်မြေကို ပြောင်းရွှေ့ကစားဖို့တော့ စိတ်ဝင်စားနေပြီး သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် ရှင်သန်နိုင်ဖို့ စိတ်အားထက်သန်နေသလို ဆီဗီလာဘက်ကတော့ အာဆင်နယ်တို့အနေနဲ့ မဖြစ်နိုင်တဲ့ ဈေးနှုန်းတွေကို မတောင်းဆိုဘူးဆိုရင် အပြောင်းအရွှေ့က အထမြောက်မယ်လို့ ကြိုတင်အသိပေးထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ဆီဗီလာအသင်းမှာ အငှားချထားတဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို လက်ကျန် စာချုပ်သက်တမ်းကို ဖျက်သိမ်းပေးပြီး ပေးစရာရှိတဲ့ လစာကျန်ငွေတွေဖြစ်တဲ့ ပေါင် ၁၂.၅ သန်းကို ပေးချေသွားမှာဖြစ်တယ်လို့ အတွင်းသတင်းအရ သိရပြီး အန်ဒါလူစီယန်ကလပ်အနေနဲ့ အသင်းလက်မဲ့ ကစားသမားအဖြစ် ခေါ်ယူသွားနိုင်ဖို့လည်း ရှိနေသေးတာပါ။

မြောက်လန်ဒန်က ဂန်းနားတွေရဲ့ လက်ထောက်နည်းပြ အဲလ်ဘတ် စတင်ဗင်ဘတ်ကတော့ အဘွားကြီးအို စကေးလ်ပြနေတဲ့ ပုံစံမျိုးနဲ့ ပေပေကို ပေါက်ကွဲထားခဲ့ပြီး ဂိုးပေါက်ကြီး လွတ်နေတာကို နောက်ပြန်ခေါက်ဖို့ ကြိုးစားနေတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ဆိုခဲ့သလို လိဒ်စ်နဲ့ပွဲက ဂိုးဟာ သူတို့အတွက် မလိုလို့သာ တော်သေးတယ်လို့ ဝေဖန်ခဲ့ပြီး ဒါကို နည်းပြ အာတီတာကပါ ထုတ်ဖော်ထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ရာသီ လူအင်အားဖြည့်တင်းပြီးရင် ပေပေအတွက် အာဆင်နယ်အသင်းမှာ ကစားခွင့်ရဖို့က လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည့်က အပ်တစ်စင်းထိမှ ရမယ့် အခွင့်အရေးမျိုးဖြစ်နေပြီး ရာသီကုန်မှာ ပေါင်သန်း ၂၀ လောက်ရရင် ရောင်းထုတ်သွားဖို့လည်း အသင်းအနေနဲ့ ဖိအားပေးသွားဖို့ ရှိနေတာပါ။

ဆီဗီလာအသင်းကတော့ ပရီးမီးယားလိဂ်အကျတွေကို ကြိုးစားနေခဲ့ရာမှာ ပေပေကို အခွင့်အရေးပေးတာနဲ့ ခေါ်ယူသွားမှာဖြစ်ပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားခဲ့တဲ့ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား အဲရစ် လာမီလာနဲ့ ပူးပေါင်းရဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပိန္ကလပ္ ဆီဗီလာအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ လူမအိုဘဲ ေျခက်သြားတဲ့ ကစားသမားေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ ေခၚယူေနခဲ့ၿပီး အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မြန္ခ်ီအေနနဲ႔ ဒါကို ပါးနပ္တဲ့ စီးပြားေရးတစ္ခုလို႔ လမ္းစဥ္ခ်မွတ္ထားခ်ိန္မွာ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဆီက ကစားသမားေတြကို သိမ္းပိုက္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ရာသီအတြင္း အာဆင္နယ္အသင္းကို ေဆးႀကီးႀကီးထိုးခဲ့ၿပီး ျပင္သစ္လိဂန္က ၾကက္တိုးေျခစြမ္းကို ပရီးမီးယားလိဂ္ဆီ ယူလာဖို႔ မတတ္ႏိုင္ခဲ့တဲ့ နီကိုလာ ေပေပကို အသင္းနည္းျပ မီခယ္လ္ အာတီတာနဲ႔ တာဝန္ရွိသူေတြဘက္က စိတ္ကုန္ေနခဲ့ၿပီျဖစ္ၿပီး ေရာင္းခ်သြားဖို႔ ရွိေနစဥ္မွာ ဆီဗီလာက စိတ္ဝင္စားလာခဲ့တာပါ။

အသင္းပရိသတ္ေတြအတြက္ေတာ့ ဒုတိယရာသီမွာ ေျခစြမ္းမဆိုးလို႔ ေမွ်ာ္လင့္ခဲ့ၾကေသးေပမယ့္ တတိယရာသီမွာေတာ့ စုတ္ျပတ္ေနတဲ့အျပင္ ပြဲထြက္ခြင့္ကိုပါ မရယူႏိုင္ခဲ့ဘဲ ဝင္ကစားခဲ့ရတိုင္းလည္း အလြဲေတြပဲ လုပ္ေနခဲ့သလို ပရိသတ္မႀကိဳက္ဆုံးကေတာ့ ပရီးမီးယားလိဂ္လို ျမန္ႏႈန္းျမင့္ၿပီး ေနရာလြတ္မေပးတဲ့ ၿပိဳင္ပြဲမ်ိဳးမွာ ေဘာလုံးကို ဆြဲေျပးရမယ့္အစား ရပ္ၿပီး လိမ္ေခါက္ဖို႔ ႀကိဳးစားေနတဲ့ အိုင္ဗရီကို႔စ္သားရဲ႕ အေတြးအေခၚကိုပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လိဒ္စ္နဲ႔ပြဲက နာက်င္အခ်ိန္ပိုမွာ ဂိုးသမား ေရွ႕တက္လာခဲ့ၿပီး တိုက္စစ္ဆင္တဲ့ ေထာင့္ကန္ေဘာကေန သူတစ္ေယာက္တည္း လြတ္သြားတဲ့ အခ်ိန္မွာ ဂိုးေပါက္ကို ဆြဲေျပးၿပီး Range မီတာနဲ႔ ကန္သြင္းရမယ့္အစား အတြင္းကို ျပန္လိမ္ေခါက္ဖို႔ ႀကိဳးစားတဲ့ ပုံစံကေတာ့ အားလုံးရဲ႕ အဆဲေတြကို စုေဝးေစခဲ့သလို ဒီႏိုင္ငံနဲ႔ သူနဲ႔ လားလားမွ မအပ္စပ္ေၾကာင္း ေသခ်ာသြားခဲ့တာပါ။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ပံသမားဟာ စပိန္ေျမကို ေျပာင္းေ႐ႊ႕ကစားဖို႔ေတာ့ စိတ္ဝင္စားေနၿပီး သူ႔ရဲ႕ ကစားသမားဘဝကို ျပန္လည္ ရွင္သန္ႏိုင္ဖို႔ စိတ္အားထက္သန္ေနသလို ဆီဗီလာဘက္ကေတာ့ အာဆင္နယ္တို႔အေနနဲ႔ မျဖစ္ႏိုင္တဲ့ ေဈးႏႈန္းေတြကို မေတာင္းဆိုဘူးဆိုရင္ အေျပာင္းအေ႐ႊ႕က အထေျမာက္မယ္လို႔ ႀကိဳတင္အသိေပးထားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း သူတို႔ရဲ႕ ဆီဗီလာအသင္းမွာ အငွားခ်ထားတဲ့ ျပင္သစ္တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ကို လက္က်န္ စာခ်ဳပ္သက္တမ္းကို ဖ်က္သိမ္းေပးၿပီး ေပးစရာရွိတဲ့ လစာက်န္ေငြေတြျဖစ္တဲ့ ေပါင္ ၁၂.၅ သန္းကို ေပးေခ်သြားမွာျဖစ္တယ္လို႔ အတြင္းသတင္းအရ သိရၿပီး အန္ဒါလူစီယန္ကလပ္အေနနဲ႔ အသင္းလက္မဲ့ ကစားသမားအျဖစ္ ေခၚယူသြားႏိုင္ဖို႔လည္း ရွိေနေသးတာပါ။

ေျမာက္လန္ဒန္က ဂန္းနားေတြရဲ႕ လက္ေထာက္နည္းျပ အဲလ္ဘတ္ စတင္ဗင္ဘတ္ကေတာ့ အဘြားႀကီးအို စေကးလ္ျပေနတဲ့ ပုံစံမ်ိဳးနဲ႔ ေပေပကို ေပါက္ကြဲထားခဲ့ၿပီး ဂိုးေပါက္ႀကီး လြတ္ေနတာကို ေနာက္ျပန္ေခါက္ဖို႔ ႀကိဳးစားေနတာကို နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္လို႔ ဆိုခဲ့သလို လိဒ္စ္နဲ႔ပြဲက ဂိုးဟာ သူတို႔အတြက္ မလိုလို႔သာ ေတာ္ေသးတယ္လို႔ ေဝဖန္ခဲ့ၿပီး ဒါကို နည္းျပ အာတီတာကပါ ထုတ္ေဖာ္ထားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ လာမယ့္ရာသီ လူအင္အားျဖည့္တင္းၿပီးရင္ ေပေပအတြက္ အာဆင္နယ္အသင္းမွာ ကစားခြင့္ရဖို႔က လူ႔ျပည္က အပ္တစ္စင္းနဲ႔ ျဗဟၼာ့ျပည့္က အပ္တစ္စင္းထိမွ ရမယ့္ အခြင့္အေရးမ်ိဳးျဖစ္ေနၿပီး ရာသီကုန္မွာ ေပါင္သန္း ၂၀ ေလာက္ရရင္ ေရာင္းထုတ္သြားဖို႔လည္း အသင္းအေနနဲ႔ ဖိအားေပးသြားဖို႔ ရွိေနတာပါ။

ဆီဗီလာအသင္းကေတာ့ ပရီးမီးယားလိဂ္အက်ေတြကို ႀကိဳးစားေနခဲ့ရာမွာ ေပေပကို အခြင့္အေရးေပးတာနဲ႔ ေခၚယူသြားမွာျဖစ္ၿပီး သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီက ေခၚယူထားခဲ့တဲ့ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္အသင္းရဲ႕ အာဂ်င္တီးနားေတာင္ပံကစားသမား အဲရစ္ လာမီလာနဲ႔ ပူးေပါင္းရဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.