Premier League

မမကြီး မာရီနာကို ချစ်တဲ့သူတွေအတွက် သတင်းကောင်း၊ ချဲလ်ဆီးပိုင်ရှင်သစ်နဲ့ ဆက်ရှိမည်

ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ် တော့ဒ် ဘိုလီအနေနဲ့ အသင်းကို ရိုမန် အေဘရာမိုဗစ်ချ်ဆီက လက်လွှဲဝယ်ယူရာမှာ အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်သွားဖို့ မရှိဘဲ အရေးပါတဲ့ အဓိကလူတွေကို ဆက်လက်ခန့်ထားဖို့ စီစဉ်နေသလို တည်ငြိမ်အောင် ထိန်းသိမ်းသွားမယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ်နဲ့ ဗြိတိန်အစိုးရက ခွင့်ပြုချက် ချပေးခဲ့တဲ့ ပေါင် ၄.၂၅ ဘီလီယံ တန်ကြေးရှိတဲ့ လွှဲပြောင်းဝယ်ယူမှုအပြီး ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာတဲ့ LA ဒေါ့ဂျာ ဘေ့စ်ဘောအသင်းရဲ့ ပူးတွဲပိုင်ရှင်အနေနဲ့ အသင်းဥက္ကဌ ဘရုစ် ဘတ်ခ်နဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကားယာတို့ကို ဆက်လက်အသုံးပြုဖို့ ရှိနေတယ်လို့ Sportsmail က ဆိုပါတယ်။

အသင်းဥက္ကဌအဖြစ် ၂၀၀၄ ခုနှစ်က စတင်တာဝန်ယူခဲ့တဲ့ ဘရုစ် ဘတ်ခ်နဲ့အတူ အုပ်ချုပ်ရေးပိုင်းမှာတော့ ဘိုလီရဲ့ လူတွေဖြစ်တဲ့ ဂျာနယ်လစ် ဒန်နီယယ်လ် ဖင်ကင်စတိုင်းနဲ့ ဆက်ဆံရေးတာဝန်ခံ ဘာဘရာ ရှာရိုနီတို့က အမှုဆောင် မဟုတ်တဲ့ ဒါရိုက်တာတွေအဖြစ် တာဝန်ယူသွားဖို့လည်း ရှိနေပြီး မာရီနာကလည်း မူလနေရာမှာပဲ ဆက်ရှိမှာပါ။

၂၀၁၀ ခုနှစ်မှာ အေဘရာမိုဗစ်ချ်ရဲ့ ကိုယ်စားလှယ်အဖြစ် အသင်းကို ရောက်ရှိလာခဲ့တဲ့ ကနေဒါ-ရုရှားလူမျိုး မာရီနာဟာ ၂၀၁၃ ခုနှစ်မှာတော့ အမှုဆောင်ချုပ်ဖြစ်လာခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့ဆိုင်ရာနဲ့ ဘဏ္ဏာရေးတွေကို အဓိက ကိုင်တွယ်နေခဲ့သလို အောင်မြင်အောင်နဲ့ FFP စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့အရေးယူမှုတွေမှာ ကနေဒါနိုင်ငံသား ခံယူထားမှုကြောင့်လည်း အကြောင်းတစ်ရပ်အဖြစ် လွတ်ကင်းခဲ့တဲ့ မာရီနာဟာ ချဲလ်ဆီးပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရယူထားခဲ့သူဖြစ်ပြီး ဘောလုံးလောကမှ Iron Lady လို့ နာမည်ကြီးသလို ၂၀၂၁ ဒီဇင်ဘာလကလည်း အကောင်းဆုံး ကလပ်ဒါရိုက်တာဆုကို Golden Boy ဆုပေးပွဲမှာ ရရှိထားခဲ့တာပါ။

အသင်းကို ငွေကြေးသုံးစွဲမှုတွေနဲ့အတူ ကစားသမားကောင်းတွေကို အောင်အောင်မြင်မြင် ခေါ်ယူပေးနိုင်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ထိပ်တန်း စီမံခန့်ခွဲသူ အမျိုးသမီးအနေနဲ့ အသင်းမှာ ဆက်ရှိမယ်ဆိုတာကတော့ ချဲလ်ဆီးပရိသတ်တွေနဲ့ ယူကေ ဘောလုံးအသိုင်းအဝိုင်းအတွက်တော့ အားတက်စရာလည်းဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကို ဘိုလီရဲ့ လွှဲပြောင်းရယူမှုကတော့ မေလကုန်လောက်မှ တရားဝင် ပိုင်ရှင်အဖြစ် စာရွက်စာတမ်းတွေနဲ့အတူ အပြောင်းအလဲ ဖြစ်လာဖို့ ရှိတယ်လို့လည်း သိရပြီး အသင်းရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်ခံခဲ့ရတဲ့ ရုရှားအိုလီဂါ့ချ်တွေကို ပိတ်ဆို့မှုကတော့ ဒီနေရာမှာပဲ ပြီးဆုံးခဲ့ပြီဖြစ်သလို ရောမခေတ် Roman Era ကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်ခန်းရပ်သွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ် တော့ဒ် ဘိုလီအနေနဲ့ အသင်းကို ရိုမန် အေဘရာမိုဗစ်ခ်ျဆီက လက်လွှဲဝယ်ယူရာမှာ အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်သွားဖို့ မရှိဘဲ အရေးပါတဲ့ အဓိကလူတွေကို ဆက်လက်ခန့်ထားဖို့ စီစဉ်နေသလို တည်ငြိမ်အောင် ထိန်းသိမ်းသွားမယ်လို့လည်း သိရပါတယ်။



၂၀၁၀ ခုနှစ်မှာ အေဘရာမိုဗစ်ခ်ျရဲ့ ကိုယ်စားလှယ်အဖြစ် အသင်းကို ရောက်ရှိလာခဲ့တဲ့ ကနေဒါ-ရုရှားလူမျိုး မာရီနာဟာ ၂၀၁၃ ခုနှစ်မှာတော့ အမှုဆောင်ချုပ်ဖြစ်လာခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့ဆိုင်ရာနဲ့ ဘဏ္ဏာရေးတွေကို အဓိက ကိုင်တွယ်နေခဲ့သလို အောင်မြင်အောင်နဲ့ FFP စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

အေဘရာမိုဗစ်ခ်ျကို ပိတ်ဆို့အရေးယူမှုတွေမှာ ကနေဒါနိုင်ငံသား ခံယူထားမှုကြောင့်လည်း အကြောင်းတစ်ရပ်အဖြစ် လွတ်ကင်းခဲ့တဲ့ မာရီနာဟာ ချဲလ်ဆီးပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရယူထားခဲ့သူဖြစ်ပြီး ဘောလုံးလောကမှ Iron Lady လို့ နာမည်ကြီးသလို ၂၀၂၁ ဒီဇင်ဘာလကလည်း အကောင်းဆုံး ကလပ်ဒါရိုက်တာဆုကို Golden Boy ဆုပေးပွဲမှာ ရရှိထားခဲ့တာပါ။


ချဲလ်ဆီးအသင်းကို ဘိုလီရဲ့ လွှဲပြောင်းရယူမှုကတော့ မေလကုန်လောက်မှ တရားဝင် ပိုင်ရှင်အဖြစ် စာရွက်စာတမ်းတွေနဲ့အတူ အပြောင်းအလဲ ဖြစ်လာဖို့ ရှိတယ်လို့လည်း သိရပြီး အသင်းရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်ခံခဲ့ရတဲ့ ရုရှားအိုလီဂါ့ခ်ျတွေကို ပိတ်ဆို့မှုကတော့ ဒီနေရာမှာပဲ ပြီးဆုံးခဲ့ပြီဖြစ်သလို ရောမခေတ် Roman Era ကတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တစ်ခန်းရပ်သွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.