Premier League

အဝတ်လဲခန်းထဲမှာ တူဟယ်နဲ့ ရန်ဖြစ်ပြီး ကွင်းထဲထပ်မြင်ရဖို့ မသေချာတော့တဲ့ ချဲလ်ဆီးကြယ်ပွင့်

အားကစားလောကမှာ ပရိသတ်တွေ၊ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေကြား စိတ်ခံစားမှုတွေ အမြဲတမ်းရှိနေမှာဖြစ်ပြီး အချင်းများမှုတွေဖြစ်တတ်တာ သဘာဝတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားတွေအနေနဲ့ နည်းပြနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်တဲ့အခါမှာတော့ မကြာခဏ ပြန်လမ်းမရှိ ဖြစ်တတ်ပြီး ချဲလ်ဆီးအသင်းမှာ ဒီလိုအခြေအနေမျိုး နောက်ထပ်တစ်ကြိမ် ထပ်ဖြစ်နေတဲ့ပုံပေါ်ပါတယ်။

ချဲလ်ဆီးအသင်း အဝတ်လဲခန်းထဲမှာ မားကို့စ် အလွန်ဆို ပြဿနာဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေ သတင်းတွေကြားရတာ ဒါက ပထမဆုံးအကြိမ်တော့မဟုတ်သလို အဝတ်လဲခန်းထဲမှာ နည်းပြ တူဟယ်နဲ့ ကစားသမားတွေ ပြဿနာတက်တဲ့အကြောင်း ကြားရတာလည်း ပထမဆုံးအကြိမ်မဟုတ်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဝတ်လဲခန်းထဲမှာ အဆိပ်အတောက်တွေက နောက်ထပ်တစ်ကြိမ် မြင့်တက်လာခဲ့ပြီး မားကို့စ် အလွန်ဆိုရဲ့ ဉာဉ်ဆိုးကလည်း နောက်ထပ်တစ်ကြိမ် ခေါင်းထောင်ထလာခဲ့ပုံ ပေါ်ပါတယ်။

ချဲလ်ဆီးအသင်းအတွင်းလူ ဝန်ထမ်း ကလောင်ရှင် နေသန် ဂစ်ဆင်းရဲ့ ပြောကြားချက်အရ အလွန်ဆိုဟာ စနေနေ့က ဝုလ်ဗ်စ်နဲ့ပွဲစဉ် ပထမပိုင်းအပြီး လူစားလဲလှယ်ခြင်းမခံရခင် အဝတ်လဲခန်းထဲမှာ တူဟယ်နဲ့ အကြီးအကျယ် စကားများခဲ့တဲ့ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

မားကို့စ် အလွန်ဆိုနဲ့ သောမတ်စ် တူဟယ်တို့ဟာ အပြင်းအထန် အငြင်းပွားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ဂစ်ဆင်းက စပိန်ဘယ်နောက်ခံကစားသမားအနေနဲ့ ချဲလ်ဆီးအသင်းအတွက် နောက်ထပ်တစ်ကြိမ် ပါဝင်ကစားပေးခွင့်ရနိုင်ပါတော့မလားဆိုတာကို သံသယရှိနေတာဖြစ်ပါတယ်။

“အဝတ်လဲခန်းထဲမှာ ဒီပွဲဟာ ဒီနွေမှာ စပိန်ကို ပြန်သွားချင်နေတဲ့ မားကို့စ် အလွန်ဆိုအနေနဲ့ ချဲလ်ဆီးရှပ်နဲ့ ဒီရာသီမှာ နောက်ဆုံး ဒါမှမဟုတ် ဘယ်တော့မှ မကစားရတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးရှိနေပါတယ်။ ဘာဆာက အလွန်ဆိုကို ခေါ်ဖို့ လုပ်ဆောင်နေပြီး အဲဒါက ဖြစ်နိုင်ခြေရှိတဲ့ပုံပေါ်နေပါတယ်။ အေးဂျင့်နဲ့ အသင်းကြား အဆက်အသွယ်တွေရှိနေပါတယ်”လို့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ စနေနေ့က ဝုလ်ဗ်စ်နဲ့ပွဲစဉ်မှာ လူကာကူးရဲ့ ဒုတိယပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ၇၉ မိနစ်နဲ့ နာကျင်အချိန်ပို ၉၇ မိနစ်တို့မှာ ထရင်ကာအို၊ ကော်နာ ကိုဒီတို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အားကစားေလာကမွာ ပရိသတ္ေတြ၊ ကစားသမားေတြ၊ နည္းျပအဖြဲ႕ဝင္ေတြၾကား စိတ္ခံစားမႈေတြ အျမဲတမ္းရွိေနမွာျဖစ္ၿပီး အခ်င္းမ်ားမႈေတြျဖစ္တတ္တာ သဘာဝတစ္ခုျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကစားသမားေတြအေနနဲ႔ နည္းျပနဲ႔ ဆက္ဆံေရး မေျပမလည္ျဖစ္တဲ့အခါမွာေတာ့ မၾကာခဏ ျပန္လမ္းမရွိ ျဖစ္တတ္ၿပီး ခ်ဲလ္ဆီးအသင္းမွာ ဒီလိုအေျခအေနမ်ိဳး ေနာက္ထပ္တစ္ႀကိမ္ ထပ္ျဖစ္ေနတဲ့ပုံေပၚပါတယ္။

ခ်ဲလ္ဆီးအသင္း အဝတ္လဲခန္းထဲမွာ မားကို႔စ္ အလြန္ဆို ျပႆနာျဖစ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြ သတင္းေတြၾကားရတာ ဒါက ပထမဆုံးအႀကိမ္ေတာ့မဟုတ္သလို အဝတ္လဲခန္းထဲမွာ နည္းၿပ တူဟယ္နဲ႔ ကစားသမားေတြ ျပႆနာတက္တဲ့အေၾကာင္း ၾကားရတာလည္း ပထမဆုံးအႀကိမ္မဟုတ္တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဝတ္လဲခန္းထဲမွာ အဆိပ္အေတာက္ေတြက ေနာက္ထပ္တစ္ႀကိမ္ ျမင့္တက္လာခဲ့ၿပီး မားကို႔စ္ အလြန္ဆိုရဲ့ ဉာဥ္ဆိုးကလည္း ေနာက္ထပ္တစ္ႀကိမ္ ေခါင္းေထာင္ထလာခဲ့ပုံ ေပၚပါတယ္။

ခ်ဲလ္ဆီးအသင္းအတြင္းလူ ဝန္ထမ္း ကေလာင္ရွင္ ေနသန္ ဂစ္ဆင္းရဲ့ ေျပာၾကားခ်က္အရ အလြန္ဆိုဟာ စေနေန႔က ဝုလ္ဗ္စ္နဲ႔ပြဲစဥ္ ပထမပိုင္းအၿပီး လူစားလဲလွယ္ျခင္းမခံရခင္ အဝတ္လဲခန္းထဲမွာ တူဟယ္နဲ႔ အႀကီးအက်ယ္ စကားမ်ားခဲ့တဲ့ကိစၥမွာ ပါဝင္ပတ္သက္ခဲ့တယ္လို႔ သိရပါတယ္။

မားကို႔စ္ အလြန္ဆိုနဲ႔ ေသာမတ္စ္ တူဟယ္တို႔ဟာ အျပင္းအထန္ အျငင္းပြားခဲ့ၾကတာျဖစ္ၿပီး လက္ရွိမွာေတာ့ ဂစ္ဆင္းက စပိန္ဘယ္ေနာက္ခံကစားသမားအေနနဲ႔ ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ ပါဝင္ကစားေပးခြင့္ရနိုင္ပါေတာ့မလားဆိုတာကို သံသယရွိေနတာျဖစ္ပါတယ္။

“အဝတ္လဲခန္းထဲမွာ ဒီပြဲဟာ ဒီေႏြမွာ စပိန္ကို ျပန္သြားခ်င္ေနတဲ့ မားကို႔စ္ အလြန္ဆိုအေနနဲ႔ ခ်ဲလ္ဆီးရွပ္နဲ႔ ဒီရာသီမွာ ေနာက္ဆုံး ဒါမွမဟုတ္ ဘယ္ေတာ့မွ မကစားရေတာ့တာလည္း ျဖစ္ေကာင္းျဖစ္နိုင္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးရွိေနပါတယ္။ ဘာဆာက အလြန္ဆိုကို ေခၚဖို႔ လုပ္ေဆာင္ေနၿပီး အဲဒါက ျဖစ္နိုင္ေျခရွိတဲ့ပုံေပၚေနပါတယ္။ ေအးဂ်င့္နဲ႔ အသင္းၾကား အဆက္အသြယ္ေတြရွိေနပါတယ္”လို႔ တြစ္တာလူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စေနေန႔က ဝုလ္ဗ္စ္နဲ႔ပြဲစဥ္မွာ လူကာကူးရဲ့ ဒုတိယပိုင္း သြင္းဂိုး ၂ ဂိုးနဲ႔ ဦးေဆာင္ထားနိုင္ခဲ့ေပမယ့္လည္း ၇၉ မိနစ္နဲ႔ နာက်င္အခ်ိန္ပို ၉၇ မိနစ္တို႔မွာ ထရင္ကာအို၊ ေကာ္နာ ကိုဒီတို႔ရဲ့ ေခ်ပဂိုးေတြကို ျပန္လည္ခြင့္ျပဳခဲ့ရတာေၾကာင့္ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.