Premier League Transfer News

မန္ယူ၊ အာဆင္နယ္တုိ႔ရဲ႕ စိတ္ဝင္စားေနတဲ့ ဟီမီနက္ဇ္ကို ေဈးႏွဳန္းသတ္မွတ္ခဲ့တဲ့ ဝုလ္ဗ္စ္

မန္ခ်က္စတာယူႏုိက္တက္နဲ႔ အာဆင္နယ္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ သူတုိ႔ရဲ႕ ပရီးမီးယားလိဂ္ ထိပ္တန္းဂိုးသြင္းရွင္တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္ကို အသင္းမွာ ဆက္ရွိေနေစႏုိင္ဖို႔ ရည္ရြယ္ေနတဲ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းက ျမင့္မားတဲ့ ေဈးႏွဳန္းသတ္မွတ္ခ်က္နဲ႔ ထုတ္ျပန္ေၾကျငာလုိက္ၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၇ ဂိုးအထိ ရယူႏုိင္ခဲ့ၿပီး ထိပ္တန္းတုိက္စစ္မွဴးစာရင္းကို ခ်ဳိးဖ်က္ဝင္ေရာက္လာခဲ့တဲ့ မကၠဆီကန္သားအတြက္ ဝုလ္ဗ္နည္းျပ ႏူႏုိ ဆန္တိုနဲ႔ တာဝန္ရွိသူေတြရဲ႕ သတ္မွတ္တန္ေၾကးကေတာ့ ယူ႐ိုသန္း ၈၀ (ေပါင္ ၇၂.၅ သန္း)ျဖစ္ၿပီး ေရာင္းခ်ခဲ့ရရင္ေတာင္မွာ ျပန္လည္ ရင္းႏွီးျမႇဳပ္ႏွံသြားႏုိင္ဖို႔ ရည္ရြယ္ပါတယ္။

တ႐ုတ္လုပ္ငန္းရွင္ ဖိုဆန္အင္တာေနရွင္နယ္လိမီတက္က ပုိင္ဆုိင္ထားတဲ့ ဝုလ္ဗ္စ္တုိ႔ရဲ႕ ေဘာလုံးေလာကနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္မွာ လွဳပ္ရွားပုံေတြကေတာ့ ကၽြမ္းက်င္မွဳ ျမင့္မားလြန္းေနတာကို ေတြ႕ရၿပီး ဘင္ဖီကာကေန တစ္ရာသီအငွားနဲ႔ေခၚ၊ ေျခစြမ္းျပႏိုင္ခ်ိန္မွာ ယူ႐ုိသန္း ၃၀ ေပး၊ လက္ရွိမွာ ယူ႐ိုသန္း ၈၀ အထိ ျပန္ေခၚလုိက္တဲ့ ကစားသမားကို အနိမ့္ဆုံး ယူ႐ိုသန္း ၇၀ ဝန္းက်င္နဲ႔ ေရာင္းခ်ႏုိင္မွာလည္းျဖစ္ပါတယ္။

တုိက္စစ္မွာ အရပ္အေမာင္းနဲ႔ ကိုယ္လုံးကိုယ္ထည္ေၾကာင့္ တြန္းတုိက္ကစားမယ့္ နံပါတ္ ၉ စစ္စစ္ပုံစံလို႔ ဟီမီနက္ဇ္ကို အမ်ားက ခန္႔မွန္းထားၾကေပမယ့္ သူဟာ ေဘာလုံးအထိန္းအသိမ္းနဲ႔ ကၽြမ္းက်င္မွဳလည္း ေကာင္းမြန္သူျဖစ္ၿပီး ေလထဲက ပုံစံကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတုိက္စစ္မွဴးလုိ႔ေတာင္ ဆုိႏုိင္တာလည္းျဖစ္ပါတယ္။

လက္ရွိ ထြက္ေပၚလာခဲ့တဲ့ ေဈးႏွဳန္းသတ္မွတ္ခ်က္ကေတာ့ အာဆင္နယ္အသင္းအတြက္ေတာ့ ႀကီးမားတဲ့ အတားအဆီးျဖစ္ဖို႔ ေသခ်ာသြားၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ေတာ့ ေသေသခ်ာခ်ာ စဥ္းစားၿပီးမွ အသက္ ၂၈ ႏွစ္အရြယ္ ကစားသမားကို သုံးႏွစ္-ေလးႏွစ္တာ အစီအစဥ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံရမယ့္ စိန္ေခၚမွဳျဖစ္သြားခဲ့လို႔ ဝုလ္ဗ္စ္တုိ႔ဘက္ကေတာ့ ဆက္ထိန္းထိန္း ေရာင္းေရာင္း အျမတ္ခ်ည္းပဲျဖစ္မယ့္ ေရႊ႕ကြက္တစ္ရပ္လည္း ျဖစ္ခဲ့ၿပီလို႔ သုံးသပ္လုိက္ရပါတယ္။

REF: SPORT MOLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ သူတို့ရဲ့ ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ကို အသင်းမှာ ဆက်ရှိနေစေနိုင်ဖို့ ရည်ရွယ်နေတဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းက မြင့်မားတဲ့ ဈေးနှုန်းသတ်မှတ်ချက်နဲ့ ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၇ ဂိုးအထိ ရယူနိုင်ခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူးစာရင်းကို ချိုးဖျက်ဝင်ရောက်လာခဲ့တဲ့ မက္ကဆီကန်သားအတွက် ဝုလ်ဗ်နည်းပြ နူနို ဆန်တိုနဲ့ တာဝန်ရှိသူတွေရဲ့ သတ်မှတ်တန်ကြေးကတော့ ယူရိုသန်း ၈၀ (ပေါင် ၇၂.၅ သန်း)ဖြစ်ပြီး ရောင်းချခဲ့ရရင်တောင်မှာ ပြန်လည် ရင်းနှီးမြှုပ်နှံသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။

တရုတ်လုပ်ငန်းရှင် ဖိုဆန်အင်တာနေရှင်နယ်လိမီတက်က ပိုင်ဆိုင်ထားတဲ့ ဝုလ်ဗ်စ်တို့ရဲ့ ဘောလုံးလောကနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားပုံတွေကတော့ ကျွမ်းကျင်မှု မြင့်မားလွန်းနေတာကို တွေ့ရပြီး ဘင်ဖီကာကနေ တစ်ရာသီအငှားနဲ့ခေါ်၊ ခြေစွမ်းပြနိုင်ချိန်မှာ ယူရိုသန်း ၃၀ ပေး၊ လက်ရှိမှာ ယူရိုသန်း ၈၀ အထိ ပြန်ခေါ်လိုက်တဲ့ ကစားသမားကို အနိမ့်ဆုံး ယူရိုသန်း ၇၀ ဝန်းကျင်နဲ့ ရောင်းချနိုင်မှာလည်းဖြစ်ပါတယ်။

တိုက်စစ်မှာ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ထည်ကြောင့် တွန်းတိုက်ကစားမယ့် နံပါတ် ၉ စစ်စစ်ပုံစံလို့ ဟီမီနက်ဇ်ကို အများက ခန့်မှန်းထားကြပေမယ့် သူဟာ ဘောလုံးအထိန်းအသိမ်းနဲ့ ကျွမ်းကျင်မှုလည်း ကောင်းမွန်သူဖြစ်ပြီး လေထဲက ပုံစံကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးလို့တောင် ဆိုနိုင်တာလည်းဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်လာခဲ့တဲ့ ဈေးနှုန်းသတ်မှတ်ချက်ကတော့ အာဆင်နယ်အသင်းအတွက်တော့ ကြီးမားတဲ့ အတားအဆီးဖြစ်ဖို့ သေချာသွားပြီး မန်ချက်စတာယူနိုက်တက်အတွက်တော့ သေသေချာချာ စဉ်းစားပြီးမှ အသက် ၂၈ နှစ်အရွယ် ကစားသမားကို သုံးနှစ်-လေးနှစ်တာ အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံရမယ့် စိန်ခေါ်မှုဖြစ်သွားခဲ့လို့ ဝုလ်ဗ်စ်တို့ဘက်ကတော့ ဆက်ထိန်းထိန်း ရောင်းရောင်း အမြတ်ချည်းပဲဖြစ်မယ့် ရွှေ့ကွက်တစ်ရပ်လည်း ဖြစ်ခဲ့ပြီလို့ သုံးသပ်လိုက်ရပါတယ်။

REF: SPORT MOLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.