Premier League

မြောက်လန်ဒန်ဒါဘီပွဲအတွက် ဟောကိန်းထုတ်ခဲ့ပြီး ပွဲရွှေ့ဆိုင်းခဲ့ရတဲ့အတွက် အာဆင်နယ်ကို ပြစ်တင်ခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက တော့တင်ဟမ်ဟော့စပါးအသင်းက အာဆင်နယ်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပြီး မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ ယခုနှစ်အစောပိုင်းတုန်းက အငြင်းပွားဖွယ် အခြေအနေမှာ ပွဲကို ရွှေ့ဆိုင်းခဲ့တဲ့ အာဆင်နယ်အတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အသင်းဟာ လက်ရှိမှာ စပါးစ်နဲ့ ၄ မှတ်ကွာဟနေတာကြောင့် ကြာသပတေးနေ့ည တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အိမ်ကွင်းမှာ နိုင်ပွဲ ရရှိခဲ့မယ်ဆိုရင် အဆင့် ၄ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကျိန်းသေပေါက် ရယူသွားနိုင်တော့မှာဖြစ်ပါတယ်။

စပါးစ်နဲ့ အာဆင်နယ်တို့ဟာ ဇန်နဝါရီလထဲမှာ တွေ့ဆုံယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ကစားသမား ၁ ဦးသာ ရှိပေမယ့်လည်း ပွဲကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ကစားသမားအငှားချထားမှု၊ ဒဏ်ရာရရှိမှုနဲ့ အာဖရိကပြိုင်ပွဲအတွက် ကစားသမားစေလွှတ်ခဲ့ရမှုတို့ကြောင့် လူအင်အား တော်တော်လေးချည့်နဲ့နေခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန်ဒါဘီပွဲစဉ် ရွှေ့ဆိုင်းမှုနဲ့ပတ်သက်ပြီး အဲဒီအချိန်တုန်းက ဝေဖန်ပြစ်တင်မှု အများအပြားရှိခဲ့ပြီး ဂယ်ရီ နဗီးက အချိန်အကြာကြီး ရွှေ့ုဆိုင်းထားတဲ့ဒါဘီပွဲစဉ်ဟာ ရလဒ်အနေနဲ့ တော်တော်လေး ရန်လိုတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက ကပ်နိုင်သွားလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကြာသပတေးနေ့ညမှာ တကယ်ကို အရသာရှိတဲ့ပွဲစဉ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ မြောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်နေလို့တင်မဟုတ်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်ပါ ကစားကြမှာမို့လို့ပါ။ ဒါပေမယ့် ဒီနှစ်အစောပိုင်းမှာ ဒီပွဲစဉ်ကို ရွှေ့ဆိုင်ခဲ့တဲ့ပုံစံက ကျွန်တော်တောင်မှ အဲဒါနဲ့ပတ်သက်ပြီး သိပ် မကျေနပ်ခဲ့ပါဘူး”

“ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး သက်တောင့်သက်သာမဖြစ်ခဲ့ပါဘူး။ ကျွန်တော် ပွဲတွေကို ကြေညာနေခဲ့တယ်။ ကျွန်တော် စနေနေ့မှာ ပွဲကြေညာမယ်ဆိုပြီး လာခဲ့တယ်။ ကျွန်တော် ပွဲရွှေ့ဆိုင်းလိုက်တယ်ဆိုတော့ မကောင်းဘူးလို့ ခံစားခဲ့ရပါတယ်။ အဲဒီတော့ နည်းနည်းလေး မကျေနပ်တာလေးတွေရှိတယ်။ ဘယ်လိုနည်းနဲ့မဆို ရှိနေမှာပါ။ ဒီတော့ ကျွန်တော်တို့ အဲဒီအကြောင်း ပြောဖို့မလိုတော့ဘူး”

“ဒီမှာ အာဆင်နယ်သာ တော့တင်ဟမ်ကို ကြာသပတေးနေ့ညမှာ ရှုံးကြည့်လိုက်။ အာဆင်နယ်အတွက်တော့ ခက်ခဲသွားပါလိမ့်မယ်။ တကယ်လို့ သူတို့တွေ သရေ ဒါမှမဟုတ် နိုင်ပွဲ ရခဲ့မယ်ဆိုရင် အဲဒီကွင်းထဲမှာ သူတို့နဲ့ ယှဉ်ပြိုင်ကစားရတဲ့ ခံစားချက်နဲ့အတူ ကောင်းကောင်းလုပ်နိုင်ခဲ့တာဖြစ်ပါလိမ့်မယ်”

“အဲဒါက ပွဲကြီးပွဲကောင်းပဲ။ ကျွန်တော် စောင့်မျှော်နေပါတယ်။ ကျွန်တော်ကတော့ ကြာသပတေးနေ့ညမှာ တော့တင်ဟမ်ကို ပိုကြိုက်တယ်။ သူတို့တွေက အန်းဖီးမှာ အရမ်းကိုကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ တကယ်ကို ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပဲလို့ ကျွန်တော် တွေးမိခဲ့တယ်။ ဘာလို့လဲဆိုတော့ လီဗာပူးလ်က အရမ်းကို အကောင်းဆုံးဆိုတဲ့အသင်းတွေထဲက တစ်သင်းဖြစ်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂယ္ရီ နဗီးက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက အာဆင္နယ္ကို အနိုင္ယူနိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့ၿပီး ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ဟာ ယခုႏွစ္အေစာပိုင္းတုန္းက အျငင္းပြားဖြယ္ အေျခအေနမွာ ပြဲကို ေရႊ႕ဆိုင္းခဲ့တဲ့ အာဆင္နယ္အတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္ျဖစ္လာမယ္လို႔ ယုံၾကည္ေနပါတယ္။

အာတီတာရဲ့အသင္းဟာ လက္ရွိမွာ စပါးစ္နဲ႔ ၄ မွတ္ကြာဟေနတာေၾကာင့္ ၾကာသပေတးေန႔ည ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ့ အိမ္ကြင္းမွာ နိုင္ပြဲ ရရွိခဲ့မယ္ဆိုရင္ အဆင့္ ၄ ေနရာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို က်ိန္းေသေပါက္ ရယူသြားနိုင္ေတာ့မွာျဖစ္ပါတယ္။

စပါးစ္နဲ႔ အာဆင္နယ္တို႔ဟာ ဇန္နဝါရီလထဲမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ဖို႔ စီစဥ္ထားခဲ့ေပမယ့္လည္း အာဆင္နယ္အသင္းဟာ ကိုဗစ္ကူးစက္ခံထားရတဲ့ကစားသမား ၁ ဦးသာ ရွိေပမယ့္လည္း ပြဲကို ေရႊ႕ဆိုင္းခဲ့တာျဖစ္ၿပီး အာတီတာရဲ့အသင္းဟာ ကစားသမားအငွားခ်ထားမႈ၊ ဒဏ္ရာရရွိမႈနဲ႔ အာဖရိကၿပိဳင္ပြဲအတြက္ ကစားသမားေစလႊတ္ခဲ့ရမႈတို႔ေၾကာင့္ လူအင္အား ေတာ္ေတာ္ေလးခ်ည့္နဲ႔ေနခဲ့တာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ ေရႊ႕ဆိုင္းမႈနဲ႔ပတ္သက္ၿပီး အဲဒီအခ်ိန္တုန္းက ေဝဖန္ျပစ္တင္မႈ အမ်ားအျပားရွိခဲ့ၿပီး ဂယ္ရီ နဗီးက အခ်ိန္အၾကာႀကီး ေရႊ႕ုဆိုင္းထားတဲ့ဒါဘီပြဲစဥ္ဟာ ရလဒ္အေနနဲ႔ ေတာ္ေတာ္ေလး ရန္လိုတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ကပ္နိုင္သြားလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ၾကာသပေတးေန႔ညမွာ တကယ္ကို အရသာရွိတဲ့ပြဲစဥ္ျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ျဖစ္ေနလို႔တင္မဟုတ္ဘဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ပါ ကစားၾကမွာမို႔လို႔ပါ။ ဒါေပမယ့္ ဒီႏွစ္အေစာပိုင္းမွာ ဒီပြဲစဥ္ကို ေရႊ႕ဆိုင္ခဲ့တဲ့ပုံစံက ကၽြန္ေတာ္ေတာင္မွ အဲဒါနဲ႔ပတ္သက္ၿပီး သိပ္ မေက်နပ္ခဲ့ပါဘူး”

“ကၽြန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး သက္ေတာင့္သက္သာမျဖစ္ခဲ့ပါဘူး။ ကၽြန္ေတာ္ ပြဲေတြကို ေၾကညာေနခဲ့တယ္။ ကၽြန္ေတာ္ စေနေန႔မွာ ပြဲေၾကညာမယ္ဆိုၿပီး လာခဲ့တယ္။ ကၽြန္ေတာ္ ပြဲေရႊ႕ဆိုင္းလိုက္တယ္ဆိုေတာ့ မေကာင္းဘူးလို႔ ခံစားခဲ့ရပါတယ္။ အဲဒီေတာ့ နည္းနည္းေလး မေက်နပ္တာေလးေတြရွိတယ္။ ဘယ္လိုနည္းနဲ႔မဆို ရွိေနမွာပါ။ ဒီေတာ့ ကၽြန္ေတာ္တို႔ အဲဒီအေၾကာင္း ေျပာဖို႔မလိုေတာ့ဘူး”

“ဒီမွာ အာဆင္နယ္သာ ေတာ့တင္ဟမ္ကို ၾကာသပေတးေန႔ညမွာ ရႈံးၾကည့္လိုက္။ အာဆင္နယ္အတြက္ေတာ့ ခက္ခဲသြားပါလိမ့္မယ္။ တကယ္လို႔ သူတို႔ေတြ သေရ ဒါမွမဟုတ္ နိုင္ပြဲ ရခဲ့မယ္ဆိုရင္ အဲဒီကြင္းထဲမွာ သူတို႔နဲ႔ ယွဥ္ၿပိဳင္ကစားရတဲ့ ခံစားခ်က္နဲ႔အတူ ေကာင္းေကာင္းလုပ္နိုင္ခဲ့တာျဖစ္ပါလိမ့္မယ္”

“အဲဒါက ပြဲႀကီးပြဲေကာင္းပဲ။ ကၽြန္ေတာ္ ေစာင့္ေမၽွာ္ေနပါတယ္။ ကၽြန္ေတာ္ကေတာ့ ၾကာသပေတးေန႔ညမွာ ေတာ့တင္ဟမ္ကို ပိုႀကိဳက္တယ္။ သူတို႔ေတြက အန္းဖီးမွာ အရမ္းကိုေကာင္းမြန္ခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ခဲ့ပါတယ္။ တကယ္ကို ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ပဲလို႔ ကၽြန္ေတာ္ ေတြးမိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ လီဗာပူးလ္က အရမ္းကို အေကာင္းဆုံးဆိုတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.