La Liga Match Report

ကန်ချင်သလိုကန်၊ လီဗာပူးလ်ကို နိုင်ရင်ပြီးရောဆိုပြီး လွှတ်ပေးထားတဲ့ အန်ဆယ်လော့တီ

အက်သလက်တီကို မက်ဒရစ်အသင်းဟာ မြို့ခံပြိုင်ဘက် လာလီဂါချန်ပီယံလိဂ်ကို တနင်္ဂနွေနေ့ညမှာ ၁-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အနီးစပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

လာလီဂါချန်ပီယံ ဖြစ်ခဲ့ပြီးဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးအသင်းကို ရုပ်ရှင်ဆန်ဆန် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နောက်ပိုင်း အပြောင်းအလဲ ၇ ခုအထိ ပြုလုပ်ခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပွဲကို အားကောင်းစွာနဲ့ စတင်နိုင်ခဲ့ပြီး ၃၈ မိနစ်မှာ ဒိုင်လူကြီးက မားသီးယပ်စ် ကွန်ညာကို ဗလယ်ဟို ဖျက်ထုတ်ခဲ့မှုကို ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် ပြောင်းလဲခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ပင်နယ်တီကို ယန်းနစ် ကာရက်စ်ကိုက အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့ပြီး အိမ်ရှင်အသင်းက ၁-၀ နဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ရလဒ်အပြောင်းအလဲမရှိခဲ့ဘဲ ၁-၀ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီယေဂို ဆီမီယွန်နီရဲ့အသင်းဟာ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး အဆင့် ၅ နေရာက ရီးရဲလ် ဘက်တစ်အသင်းကို ၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်နည်းပြဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၃ နေရာ ဆီးဗီးလားအသင်းနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းပရိသတ်တွေရှေ့မှာ လက်တွေမြှောက်ပြီး အောင်ပွဲခံခဲ့ပါတယ်။ အိမ်ရှင်အသင်းဟာ အန်ဟယ် ကော်ရယ်ရာရဲ့ အစောပိုင်း ဂိုးကန်သွင်းချက် ဝိုက်ထွက်သွားပြီး ဂရစ်ဇ်မန်းရဲ့ အလွန်ကောင်းမွန်တဲ့ ထိုးဖောက်မှုအပြီး ကွန်ညာရဲ့ ကန်သွင်းချက်ကို ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင် ကာကွယ်နိုင်ခဲ့တာကြောင့် ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေး လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းနဲ့ ကာရက်စ်ကိုတို့ ၂ ဦးဟာ ပင်နယ်တီဧရိယာထဲမှာ အလွန်ကောင်းမွန်တဲ့ အချိတ်အဆက် ပြုလုပ်နိုင်ခဲ့ပေမယ့် ပြင်သစ်တိုက်စစ်မှူးရဲ့ ကန်သွင်းချက်ဟာ ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပြီး သိပ်မကြာမီ ကာရက်စ်ကိုရဲ့ ကန်ချက်ကလည်း ဂိုးတိုင်ကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒုတိယပိုင်းမှာ ဗင်နစ်ရှပ် ဂျူနီယာကို လူစားဝင်ကစားစေခဲ့ချိန်မှာ ကစားပုံတိုးတက်လာခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးက အဆန်စီယိုအတွက် ကောင်းမွန်တဲ့ အခွင့်အရေးဖန်တီးပေးခဲ့ပေမယ့် ပိတ်ဆို့ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

လူစားဝင်လာတဲ့ ဗယ်လ်ဗာဒီဟာ အက်သလက်တီကို မက်ဒရစ်ဂိုးသမား အော့ဘလက်ခ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရာမှာ ၂ ကြိမ်အထိ စမ်းသပ်ခဲ့ပြီး ၂ ကြိမ်စလုံးကို ဆလိုဗေးနီးယားဂိုးသမားက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကာလို အန်ဆယ်လော့တီရဲ့လာလီဂါချန်ပီယံအသင်းဟာ လာမယ့် မေလ ၂၈ ရက်နေ့ ပဲရစ်မှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် လာလီဂါ ၃ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် ရမှတ်ကို ဂရုစိုက်ဖို့ မလိုအပ်တော့တာကြောင့် အဓိကကစားသမားတွေကို အနားပေးပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့သာ အာရုံစိုက်နေတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္သလက္တီကို မက္ဒရစ္အသင္းဟာ ၿမိဳ႕ခံၿပိဳင္ဘက္ လာလီဂါခ်န္ပီယံလိဂ္ကို တနဂၤေႏြေန႔ညမွာ ၁-၀ နဲ႔ အနိုင္ယူၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ အနီးစပ္ဆုံးေနရာကို တက္လွမ္းနိုင္ခဲ့ပါတယ္။

လာလီဂါခ်န္ပီယံ ျဖစ္ခဲ့ၿပီးျဖစ္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗုဒၶဟူးေန႔ညက မန္ခ်က္စတာစီးတီးအသင္းကို ႐ုပ္ရွင္ဆန္ဆန္ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္ေနာက္ပိုင္း အေျပာင္းအလဲ ၇ ခုအထိ ျပဳလုပ္ခဲ့ပါတယ္။ အက္သလက္တီကို မက္ဒရစ္အသင္းဟာ ပြဲကို အားေကာင္းစြာနဲ႔ စတင္နိုင္ခဲ့ၿပီး ၃၈ မိနစ္မွာ ဒိုင္လူႀကီးက မားသီးယပ္စ္ ကြန္ညာကို ဗလယ္ဟို ဖ်က္ထုတ္ခဲ့မႈကို ပင္နယ္တီမေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ ေျပာင္းလဲခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းကို ပင္နယ္တီကန္ခြင့္ေပးခဲ့ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းအတြက္ ပင္နယ္တီကို ယန္းနစ္ ကာရက္စ္ကိုက အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့ၿပီး အိမ္ရွင္အသင္းက ၁-၀ နဲ႔ ပထမပိုင္းမွာ ဦးေဆာင္နိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ရလဒ္အေျပာင္းအလဲမရွိခဲ့ဘဲ ၁-၀ နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။ ဒီေယဂို ဆီမီယြန္နီရဲ့အသင္းဟာ အဆင့္ ၄ ေနရာမွာ ဆက္လက္ ရပ္တည္နိုင္ခဲ့ၿပီး အဆင့္ ၅ ေနရာက ရီးရဲလ္ ဘက္တစ္အသင္းကို ၆ မွတ္အထိ ျဖတ္ထားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္နည္းျပဟာ ရီးရဲလ္မက္ဒရစ္ကို အနိုင္ရရွိခဲ့တာေၾကာင့္ အဆင့္ ၃ ေနရာ ဆီးဗီးလားအသင္းနဲ႔ ၁ မွတ္အကြာကို တက္လွမ္းနိုင္ခဲ့တာေၾကာင့္ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ လက္ေတြေျမႇာက္ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ အိမ္ရွင္အသင္းဟာ အန္ဟယ္ ေကာ္ရယ္ရာရဲ့ အေစာပိုင္း ဂိုးကန္သြင္းခ်က္ ဝိုက္ထြက္သြားၿပီး ဂရစ္ဇ္မန္းရဲ့ အလြန္ေကာင္းမြန္တဲ့ ထိုးေဖာက္မႈအၿပီး ကြန္ညာရဲ့ ကန္သြင္းခ်က္ကို ရီးရဲလ္မက္ဒရစ္ ဂိုးသမား လူနင္ ကာကြယ္နိုင္ခဲ့တာေၾကာင့္ ဒုတိယေျမာက္ဦးေဆာင္ဂိုး ရရွိမယ့္အခြင့္အေရး လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းနဲ႔ ကာရက္စ္ကိုတို႔ ၂ ဦးဟာ ပင္နယ္တီဧရိယာထဲမွာ အလြန္ေကာင္းမြန္တဲ့ အခ်ိတ္အဆက္ ျပဳလုပ္နိုင္ခဲ့ေပမယ့္ ျပင္သစ္တိုက္စစ္မႉးရဲ့ ကန္သြင္းခ်က္ဟာ ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့ၿပီး သိပ္မၾကာမီ ကာရက္စ္ကိုရဲ့ ကန္ခ်က္ကလည္း ဂိုးတိုင္ကို ထိမွန္သြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဒုတိယပိုင္းမွာ ဗင္နစ္ရွပ္ ဂ်ဴနီယာကို လူစားဝင္ကစားေစခဲ့ခ်ိန္မွာ ကစားပုံတိုးတက္လာခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးက အဆန္စီယိုအတြက္ ေကာင္းမြန္တဲ့ အခြင့္အေရးဖန္တီးေပးခဲ့ေပမယ့္ ပိတ္ဆို႔ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

လူစားဝင္လာတဲ့ ဗယ္လ္ဗာဒီဟာ အက္သလက္တီကို မက္ဒရစ္ဂိုးသမား ေအာ့ဘလက္ခ္ကို ထိပ္တိုက္ရင္ဆိုင္ခဲ့ရာမွာ ၂ ႀကိမ္အထိ စမ္းသပ္ခဲ့ၿပီး ၂ ႀကိမ္စလုံးကို ဆလိုေဗးနီးယားဂိုးသမားက လက္စြမ္းၿပ ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။

ကာလို အန္ဆယ္ေလာ့တီရဲ့လာလီဂါခ်န္ပီယံအသင္းဟာ လာမယ့္ ေမလ ၂၈ ရက္ေန႔ ပဲရစ္မွာ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ လာလီဂါ ၃ ပြဲ ကစားဖို႔ က်န္ရွိေနေသးေပမယ့္ ရမွတ္ကို ဂ႐ုစိုက္ဖို႔ မလိုအပ္ေတာ့တာေၾကာင့္ အဓိကကစားသမားေတြကို အနားေပးၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔သာ အာ႐ုံစိုက္ေနေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.