Other Leagues

ရာသီပိတ်ပွဲစဉ်မှာ မယုံနိုင်ဖွယ်နိုင်ပွဲနဲ့ အသင်းကို တန်းတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ပရီးမီးယားလိဂ်ဇိုးဟောင်းကြီး

ဂျိုဝီ ဘာတန်ရဲ့ ဘရစ္စတိုလ် ရိုဗားစ်အသင်းဟာ ရာသီရဲ့ နောက်ဆုံးနေ့မှာ စကမ်းသော့ပ်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် လိဂ် ၂ ကနေ လိဂ် ၁ ကို တန်းတက်ခွင့် အံ့အားသင့်ဖွယ် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘရစ္စတိုလ် ရိုဗားစ်ဟာ ၁၉၆၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးနိုင်ပွဲအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး နော်သမ်ပ်တန် တောင်းကို ကျော်ဖြတ်ပြီး တတိယနေရာကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂ သင်းစလုံးဟာ စနေနေ့မှာ ၇၇ မှတ်နဲ့ စတင်ခဲ့ကြတာဖြစ်ပေမယ့် နော်သမ်ပ်တန် တောင်းက ဂိုးကွာခြားချက် ၅ ဂိုးသာနဲ့ အသာစီး ရရှိနေခဲ့တာဖြစ်ပါတယ်။

ဂျွန် ဘရက်ဒီရဲ့ နော်သမ်ပ်တန် တောင်းအသင်းဟာ ဘားရိုးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ဘရစ္စတိုလ် ရိုဗားစ်အသင်းက စကမ်းသော့ပ်နဲ့ ပွဲစဉ်မှာ ဂိုးတွေ တောက်လျှောက်သွင်းယူနေခဲ့တာကြောင့် စိတ်လှုပ်ရှားခဲ့ရတာဖြစ်ပါတယ်။ နော်သမ်ပ်တန်အသင်းဟာ စနေနေ့ညနေက ပွဲချိန်အများစုကို ဦးဆောင်ထားနိုင်ခဲ့ပြီး ပထမပိုင်းမှာပဲ ၃-၁ နဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်ကွင်းနိုင်ပွဲကို ရရှိထားခဲ့တာဖြစ်ပါတယ်။

အဲဒီဂိုးအရေအတွက်နဲ့ နိုင်ပွဲဟာ ပထမပိုင်းအပြီးမှာ တစ်ဖက်က ဘရစ္စတိုလ် ရိုဗားစ်အသင်းက ၂-၀ နဲ့ ဦးဆောင်နေတာကြောင့် တန်းတက်ဖို့အတွက် လုံလောက်တဲ့ ဂိုးအရေအတွက် ဖြစ်ခဲ့ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဇိုးဟောင်းကြီး ဂျိုဝီ ဘာတန်ရဲ့အသင်းဟာ ဒုတိယပိုင်း ပြန်စတင်ပြီးနောက် ပြိုင်ဘက်အသင်းကို လုံးဝ လဲပြိုသွားစေခဲ့တာဖြစ်ပြီး ၇၆ မိနစ်မှာ ၆-၀ နဲ့ ဦးဆောင်နေတာကြောင့် နော်သမ်ပ်တန်အသင်းကို ဂိုးကွာခြားချက်မှာ အသာစီးရယူဖို့အတွက် တစ်ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

အရေးကြီးတဲ့ ၇ ဂိုးမြောက်သွင်းဂိုးကို နယူးကာဆယ်လ်အသင်းကနေ အငှားနဲ့ လာကစားနေတဲ့ အဲလီးယော့တ် အန်ဒါဆန်က သွင်းယူပေးသွားခဲ့တာဖြစ်ပြီး အိမ်ကွင်းပရိသတ်တွေဟာ အလွန်အမင်းပျော်ရွှင်ပြီး ကွင်းထဲ ကျူးကျော်ဝင်ရောက်လာတာကြောင့် ဒိုင်လူကြီးဟာ ၂ ဖက်အသင်းကစားသမားတွေကို ကွင်းပြင်ထွက်ခိုင်းပြီး အချိန်အတော်ကြာ ပွဲကို ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။

ဂျိုဝီ ဘာတန်က ပွဲပြန်လည်စတင်လို့ရအောင် ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ရပြီး နော်သမ်ပ်တန်အသင်းဟာ ၎င်းတို့ရဲ့ ပွဲစဉ်နှောင်းပိုင်းမှာ ၁ ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် စကမ်းသော့ပ်အနေနဲ့ ပွဲပြန်လည်စတင်ချိန်မှာ ဂိုးပြန်သွင်းနိုင်မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လိဂ် ၃ ကို တန်းဆင်းခဲ့ရပြီးဖြစ်တဲ့ စကမ်းသော့ပ်အသင်းဟာ တစ်ဂိုးပြန်သွင်းဖို့တောင် မတတ်နိုင်တဲ့ အခြေအနေဖြစ်နေခဲ့ပြီး ဂျိုဝီ ဘာတန်ရဲ့အသင်းဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ မထင်မှတ်ထားဆုံး တန်းတက်ခွင့်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

မမ်မိုရီရယ်ကွင်းမှာ ပွဲပြီးဝီစီမှုတ်လိုက်ချိန်မှာတော့ ဘရစ္စတိုလ် ရိုဗားစ်အသင်းဟာ ချက်ချင်းပဲ လိဂ် ၁ ကို ပြန်လည် တက်ရောက်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပြီး နောက်ထပ်ကြီးမားတဲ့ ပရိသတ်အုပ်ကြီးဟာ ကွင်းအတွင်းမှာ နည်းပြ ဂျိုဝီ ဘာတန်နဲ့အတူ အောင်ပွဲခံဖို့ ကွင်းထဲကို ကျူးကျော် ဝင်ရောက်ခဲ့ကြပြန်တာဖြစ်ပါတယ်။

ဘရစ္စတိုလ် ရိုဗားစ်အသင်းဟာ လာမယ့်ရာသီ အင်္ဂလန်တတိယတန်းလိဂ်မှာ အိတ်ဇက်တာ စီးတီး၊ ဖောရက်စ် ဂရင်းတို့နဲ့အတူ ကစားသွားရမှာဖြစ်ပြီး ရော့ဘ် အက်ဒွပ်ရဲ့အသင်းဟာ ရာသီနောက်ဆုံးနေ့မှာ မန်းစ်ဖီးလ် တောင်းကို ၂-၂ နဲ့ သရေကျပြီး ပို့တ် ဗေးလ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိတ်ဇက်တာ စီးတီးနဲ့ ရမှတ် ၈၄ မှတ်ချင်းတူ ဂိုးကွာခြားချက်နဲ့ လိဂ် ၂ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်းစ်ဖီးလ် တောင်းရော ပို့တ် ဗေးလ်ပါ လက်ရှိမှာတော့ ဆွင်ဒန် တောင်း၊ နော်သမ်ပ်တန်တို့နဲ့အတူ play-offs ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပြီး နိုင်ဂျယ် ကလော့ဖ်ရဲ့အသင်းဟာ နော်သမ်ပ်တန်နဲ့ play-offs ၂ ကျော့ ကစားသွားရမှာဖြစ်ပါတယ်။

နောက်ထပ်တစ်ပွဲကတော့ ပြီးခဲ့တဲ့ရာသီမှာ လိဂ် ၁ ကန တန်းဆင်းခဲ့ရပြီးနောက် လိဂ် ၁ ကို ပြန်လည်တန်းတက်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ ဆွင်ဒန်တောင်းနဲ့ ပို့တ် ဗေးလ်တို့ ပွဲစဉ်ဖြစ်ပြီး The play-offs ပွဲစဉ်တွေကို လာမယ့်စနေနေ့မှာ စတင်ကစားသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂ်ိဳဝီ ဘာတန္ရဲ့ ဘရစၥတိုလ္ ရိုဗားစ္အသင္းဟာ ရာသီရဲ့ ေနာက္ဆုံးေန႔မွာ စကမ္းေသာ့ပ္ကို ၇-၀ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ လိဂ္ ၂ ကေန လိဂ္ ၁ ကို တန္းတက္ခြင့္ အံ့အားသင့္ဖြယ္ ရရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

ဘရစၥတိုလ္ ရိုဗားစ္ဟာ ၁၉၆၄ ခုႏွစ္ေနာက္ပိုင္း အႀကီးမားဆုံးနိုင္ပြဲအျဖစ္ စံခ်ိန္တင္နိုင္ခဲ့ၿပီး ေနာ္သမ္ပ္တန္ ေတာင္းကို ေက်ာ္ျဖတ္ၿပီး တတိယေနရာကို တက္ေရာက္နိုင္ခဲ့တာ ျဖစ္ပါတယ္။ ၂ သင္းစလုံးဟာ စေနေန႔မွာ ၇၇ မွတ္နဲ႔ စတင္ခဲ့ၾကတာျဖစ္ေပမယ့္ ေနာ္သမ္ပ္တန္ ေတာင္းက ဂိုးကြာျခားခ်က္ ၅ ဂိုးသာနဲ႔ အသာစီး ရရွိေနခဲ့တာျဖစ္ပါတယ္။

ဂၽြန္ ဘရက္ဒီရဲ့ ေနာ္သမ္ပ္တန္ ေတာင္းအသင္းဟာ ဘားရိုးကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့ေပမယ့္လည္း ဘရစၥတိုလ္ ရိုဗားစ္အသင္းက စကမ္းေသာ့ပ္နဲ႔ ပြဲစဥ္မွာ ဂိုးေတြ ေတာက္ေလၽွာက္သြင္းယူေနခဲ့တာေၾကာင့္ စိတ္လႈပ္ရွားခဲ့ရတာျဖစ္ပါတယ္။ ေနာ္သမ္ပ္တန္အသင္းဟာ စေနေန႔ညေနက ပြဲခ်ိန္အမ်ားစုကို ဦးေဆာင္ထားနိုင္ခဲ့ၿပီး ပထမပိုင္းမွာပဲ ၃-၁ နဲ႔ သက္ေတာင့္သက္သာရွိတဲ့ အိမ္ကြင္းနိုင္ပြဲကို ရရွိထားခဲ့တာျဖစ္ပါတယ္။

အဲဒီဂိုးအေရအတြက္နဲ႔ နိုင္ပြဲဟာ ပထမပိုင္းအၿပီးမွာ တစ္ဖက္က ဘရစၥတိုလ္ ရိုဗားစ္အသင္းက ၂-၀ နဲ႔ ဦးေဆာင္ေနတာေၾကာင့္ တန္းတက္ဖို႔အတြက္ လုံေလာက္တဲ့ ဂိုးအေရအတြက္ ျဖစ္ခဲ့ပုံေပၚခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ဇိုးေဟာင္းႀကီး ဂ်ိဳဝီ ဘာတန္ရဲ့အသင္းဟာ ဒုတိယပိုင္း ျပန္စတင္ၿပီးေနာက္ ၿပိဳင္ဘက္အသင္းကို လုံးဝ လဲၿပိဳသြားေစခဲ့တာျဖစ္ၿပီး ၇၆ မိနစ္မွာ ၆-၀ နဲ႔ ဦးေဆာင္ေနတာေၾကာင့္ ေနာ္သမ္ပ္တန္အသင္းကို ဂိုးကြာျခားခ်က္မွာ အသာစီးရယူဖို႔အတြက္ တစ္ဂိုးသာ လိုအပ္ေတာ့တာျဖစ္ပါတယ္။

အေရးႀကီးတဲ့ ၇ ဂိုးေျမာက္သြင္းဂိုးကို နယူးကာဆယ္လ္အသင္းကေန အငွားနဲ႔ လာကစားေနတဲ့ အဲလီးေယာ့တ္ အန္ဒါဆန္က သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး အိမ္ကြင္းပရိသတ္ေတြဟာ အလြန္အမင္းေပ်ာ္ရႊင္ၿပီး ကြင္းထဲ က်ဴးေက်ာ္ဝင္ေရာက္လာတာေၾကာင့္ ဒိုင္လူႀကီးဟာ ၂ ဖက္အသင္းကစားသမားေတြကို ကြင္းျပင္ထြက္ခိုင္းၿပီး အခ်ိန္အေတာ္ၾကာ ပြဲကို ရပ္နားထားခဲ့ရတာျဖစ္ပါတယ္။

ဂ်ိဳဝီ ဘာတန္က ပြဲျပန္လည္စတင္လို႔ရေအာင္ ပရိသတ္ေတြကို ေမတၱာရပ္ခံခဲ့ရၿပီး ေနာ္သမ္ပ္တန္အသင္းဟာ ၎တို႔ရဲ့ ပြဲစဥ္ေႏွာင္းပိုင္းမွာ ၁ ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရေပမယ့္ ၃-၁ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ စကမ္းေသာ့ပ္အေနနဲ႔ ပြဲျပန္လည္စတင္ခ်ိန္မွာ ဂိုးျပန္သြင္းနိုင္မလားဆိုတာကို စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ၾကည့္ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လိဂ္ ၃ ကို တန္းဆင္းခဲ့ရၿပီးျဖစ္တဲ့ စကမ္းေသာ့ပ္အသင္းဟာ တစ္ဂိုးျပန္သြင္းဖို႔ေတာင္ မတတ္နိုင္တဲ့ အေျခအေနျဖစ္ေနခဲ့ၿပီး ဂ်ိဳဝီ ဘာတန္ရဲ့အသင္းဟာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးနဲ႔ မထင္မွတ္ထားဆုံး တန္းတက္ခြင့္ကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

မမ္မိုရီရယ္ကြင္းမွာ ပြဲၿပီးဝီစီမႈတ္လိုက္ခ်ိန္မွာေတာ့ ဘရစၥတိုလ္ ရိုဗားစ္အသင္းဟာ ခ်က္ခ်င္းပဲ လိဂ္ ၁ ကို ျပန္လည္ တက္ေရာက္ခြင့္ ရရွိသြားခဲ့ၿပီျဖစ္ၿပီး ေနာက္ထပ္ႀကီးမားတဲ့ ပရိသတ္အုပ္ႀကီးဟာ ကြင္းအတြင္းမွာ နည္းၿပ ဂ်ိဳဝီ ဘာတန္နဲ႔အတူ ေအာင္ပြဲခံဖို႔ ကြင္းထဲကို က်ဴးေက်ာ္ ဝင္ေရာက္ခဲ့ၾကျပန္တာျဖစ္ပါတယ္။

ဘရစၥတိုလ္ ရိုဗားစ္အသင္းဟာ လာမယ့္ရာသီ အဂၤလန္တတိယတန္းလိဂ္မွာ အိတ္ဇက္တာ စီးတီး၊ ေဖာရက္စ္ ဂရင္းတို႔နဲ႔အတူ ကစားသြားရမွာျဖစ္ၿပီး ေရာ့ဘ္ အက္ဒြပ္ရဲ့အသင္းဟာ ရာသီေနာက္ဆုံးေန႔မွာ မန္းစ္ဖီးလ္ ေတာင္းကို ၂-၂ နဲ႔ သေရက်ၿပီး ပို႔တ္ ေဗးလ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အိတ္ဇက္တာ စီးတီးနဲ႔ ရမွတ္ ၈၄ မွတ္ခ်င္းတူ ဂိုးကြာျခားခ်က္နဲ႔ လိဂ္ ၂ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ပါတယ္။

မန္းစ္ဖီးလ္ ေတာင္းေရာ ပို႔တ္ ေဗးလ္ပါ လက္ရွိမွာေတာ့ ဆြင္ဒန္ ေတာင္း၊ ေနာ္သမ္ပ္တန္တို႔နဲ႔အတူ play-offs ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရေတာ့မွာျဖစ္ၿပီး နိုင္ဂ်ယ္ ကေလာ့ဖ္ရဲ့အသင္းဟာ ေနာ္သမ္ပ္တန္နဲ႔ play-offs ၂ ေက်ာ့ ကစားသြားရမွာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ပြဲကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ လိဂ္ ၁ ကန တန္းဆင္းခဲ့ရၿပီးေနာက္ လိဂ္ ၁ ကို ျပန္လည္တန္းတက္ခြင့္ရဖို႔ ႀကိဳးပမ္းေနတဲ့ ဆြင္ဒန္ေတာင္းနဲ႔ ပို႔တ္ ေဗးလ္တို႔ ပြဲစဥ္ျဖစ္ၿပီး The play-offs ပြဲစဥ္ေတြကို လာမယ့္စေနေန႔မွာ စတင္ကစားသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.