Premier League

စပါးစ်နဲ့သရေပွဲမှာ ကလော့ပ်မှားခဲ့တဲ့ အရာ ၄ ခု

လီဗာပူးလ်အသင်းဟာ စနေနေ့ညက အန်းဖီးမှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ သရေကျခဲ့ပြီးနောက် ဆုဖလားမျှော်လင့်ချက်အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ သရေ ၁ မှတ်နဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းက တနင်္ဂနွေနေ့မှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ကျော်တက်နိုင်မှာဖြစ်ပါတယ်။ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပွဲစဉ်အတွင်းမှာ လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ဆွန်ဟောင်မင်က ဆီဆက်ညွန်ရဲ့ ပေးပို့မှုကို ပိတ်သွင်းယူသွားတဲ့အချိန်မှာ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

လူးဝစ္စ ဒီယက်ဇ်က နောက်ဆုံး ၁၅ မိနစ်အတွင်းမှာ ဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းလိုအပ်နေတဲ့ နိုင်ပွဲကို ရယူနိုင်ဖို့အတွက် လုံလောက်တဲ့ သွင်းဂိုးမဖြစ်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲစဉ်မှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ မှားယွင်းခဲ့တဲ့ အချက် ၄ ချက်အထိ ရှိနေခဲ့ပြီး အဲဒီအမှားတွေကတော့….

၁။ အသာစီးရယူထားနိုင်မှုကို အခွင့်ကောင်း မယူနိုင်ခဲ့ခြင်း

လီဗာပူးလ်ဟာ စပါးစ်နဲ့ ပွဲစဉ်ရဲ့ ပွဲချိန်အများစုမှာ အသာစီ ရယူထားနိုင်ခဲ့ပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှု ရရှိထားတာကို အခွင့်ကောင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူးလ်ဟာ စုစုပေါင်း ၂၂ ကြိမ်အထိ ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အဲဒီထဲက ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပြီး ဟူဂို လိုရစ်က သက်တောင့်သက်သာရှိတဲ့ညတစ်ညကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုအခွင့်အရေးတွေနဲ့အတူ မျှော်မှန်းသွင်းဂိုးဟာ ၀.၂၆ ဂိုးသာ ရှိခဲ့ပြီး လီဗာပူးလ်ရဲ့ အဆင့်အတန်းနဲ့နှိုင်းယှဉ်ရင် တော်တော်လေး ဆိုးရွားတဲ့ ကိန်းဂဏန်းဖြစ်ခဲ့ပါတယ်။ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိမှုကြောင့် ဒုတိယပိုင်းမှာ စပါးစ်ကို ဂိုးခွင့်ပြုခဲ့ရပြီးနောက် အသည်းအသန် ချေပဂိုးသွင်းယူဖို့အတွက် ကြိုးပမ်းခဲ့ရပြီး စပါးစ်ဟာ ခံစစ်တည်ဆောက်ပုံကို ကောင်းကောင်း စုဖွဲ့ထားနိုင်ခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ ထိုးဖောက်ဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။ ဧည့်သည်အသင်းဟာ လီဗာပူးလ်က ၎င်းတို့ရဲ့ ခံစစ်ကို ပွင့်သွားအောင် မလုပ်နိုင်ခဲ့တာကြောင့် ဘောလုံးပိုင်ဆိုင်မှု မရတာကိုလည်း ကျေနပ်ခဲ့ကြတာဖြစ်ပါတယ်။

၂။ ရှေ့တက်လွန်းတဲ့ ကွင်းလယ်

အိမ်ရှင်လီဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ရရှိထားတာကြောင့် ကလော့ပ်ဟာ ၎င်းရဲ့အသင်းကို ခံစစ်နက်နက်ထိ ဆင်းကစားတဲ့ စပါးစ်နဲ့ ယှဉ်ပြိုင်ရာမှာ ရှေ့တက်ဖိအားပေးစေခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးစ်က ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကနေ အခွင့်ကောင်းမယူနိုင်ခဲ့တာတောင်မှပဲ လီဗာပူးလ်အသင်းဟာ တန်ပြန်တိုက်စစ်တွေမှာ ထိခိုက်လွယ်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွန်တီရဲ့အသင်းအတွက် ဒုတိယပိုင်းမှာ ဆွန်ရဲ့ အဖွင့်ဂိုးနဲ့အတူ အများကြီး ပျော်စရာတွေ ရှိခဲ့တာဖြစ်ပြီး အဲဒီဂိုးဟာ လီဗာပူးလ်ရဲ့ကွင်းလယ်ဟာ ဘောလုံးနောက်ကို လိုက်ရမယ့်အစား ခံစစ်ကို ပြန်ဆင်းဖို့ အသည်းအသန်ကြိုးစားနေရတာကြောင့် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ လီဗာပူးလ်ရဲ့ ခံစစ်ကို ဖိအားတွေ ပေးဖို့ လျင်လျင်မြန်မြန် တိုက်စစ်ကို ပြေးလွှားခဲ့ပြီး အိမ်ရှင်အသင်း မဖြေရှင်းနိုင်တဲ့ စုပြုံမှုတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် စပါးစ်အသင်းဟာ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး ဆွန်က ရိုင်ယန် ဆီဆက်ညွန်ရဲ့ ပေးပို့မှုကို အလွယ်တကူပဲ အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ခေါင်းအေးအေး မထားနိုင်တော့ခြင်း

လီဗာပူးလ်ဟာ ပွဲအရှိန်မြင့်လာတာကြောင့် စတင်ပြီး ခေါင်းအေးအေး မထားနိုင်ဘဲ ပြာလာခဲ့ပုံ ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ဆွန်ရဲ့သွင်းဂိုးအပြီးမှာ ချက်ချင်းဆိုသလို မြင်တွေ့ခဲ့ရပြီး လီဗာပူးလ်ဟာ အလွယ်တကူနဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေနဲ့ ဘောလုံးပေးလိုက်ရတာတွေ ရှိလာခဲ့ပါတ်။ တော့တင်ဟမ်ဟော့စပါးက ခံစစ်အသေပိတ်ဆော့နေတာကြောင့် အိမ်ရှင်အသင်းရဲ့ စိတ်ပျက်မှု ကြီးထွားလာပြီး ဂိုးသွင်းယူချင်စိတ်ပြင်းပြနေမှုက ခံစစ်ပိုင်းမှာ ထိခိုက်လွယ်စေခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲလှယ်မှုတွေနဲ့အတူ ကစားကွက် ပြောင်းလဲမှုက အသင်းကို အကူအညီမဖြစ်စေခဲ့ဘဲ တကယ်တော့ တိုက်စစ် ၄ ဦးအထိ ပြောင်းလဲဖို့ လုပ်ဆောင်မှုက ၎င်းရဲ့အသင်းကို စပါးစ်ခံစစ်ကို ထိုးဖောက်ဖို့ ကြိုးပမ်းမှုမှာ ပိုလို့တောင် စိတ်အားထက်သန်လာစေခဲ့တာဖြစ်ပါတယ်။

၄။ ဆွန်ကို တားဆီးဖို့ပြင်ဆင်မလာခြင်း

အန်းဖီးကွင်းထဲက လီဗာပူးလ် အမာခံပရိသတ်တွေဟာ ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၁ မိနစ်အကြာမှာပဲ အသင်းရဲ့ ဆုဖလား ၄ လုံးမျှော်လင့်ချက်ဟာ လေထဲမှာ လွင့်ပျံပျောက်ကွယ်သွားတာကို စောင့်ကြည့်ခဲ့ရပါတယ်။ ဆွန်ဟောင်မင်ဟာ ရိုင်ယန် ဆီဆက်ညွန်ရဲ့ မျှောထိုးပေးမှုကို သက်တောင့်သက်သာ ပိတ်သွင်းယူပြီး အိမ်ရှင်အသင်းကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ဖလားအတွက် မျှော်လင့်ချက်အတွက်လည်း ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပုံပေါ်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားအတွက် ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ ပြည့်မြောက်တဲ့ဂိုးဖြစ်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးရဲ့ တိုက်စစ်မှာ ထူးခြားတဲ့ကိန်းဂဏန်းတွေကို ဆက်လက် လုပ်ဆောင်ပြသနေသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ စေနေန႔ညက အန္းဖီးမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ သေရက်ခဲ့ၿပီးေနာက္ ဆုဖလားေမၽွာ္လင့္ခ်က္အတြက္ ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ သေရ ၁ မွတ္နဲ႔အတူ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းနိုင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းက တနဂၤေႏြေန႔မွာ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ေက်ာ္တက္နိုင္မွာျဖစ္ပါတယ္။ ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ပြဲစဥ္အတြင္းမွာ လႊမ္းမိုးထားနိုင္ခဲ့ေပမယ့္လည္း ဆြန္ေဟာင္မင္က ဆီဆက္ညြန္ရဲ့ ေပးပို႔မႈကို ပိတ္သြင္းယူသြားတဲ့အခ်ိန္မွာ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

လူးဝစၥ ဒီယက္ဇ္က ေနာက္ဆုံး ၁၅ မိနစ္အတြင္းမွာ ဂိုးသြင္းယူေပးခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းလိုအပ္ေနတဲ့ နိုင္ပြဲကို ရယူနိုင္ဖို႔အတြက္ လုံေလာက္တဲ့ သြင္းဂိုးမျဖစ္ခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲစဥ္မွာ လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္အေနနဲ႔ မွားယြင္းခဲ့တဲ့ အခ်က္ ၄ ခ်က္အထိ ရွိေနခဲ့ၿပီး အဲဒီအမွားေတြကေတာ့….

၁။ အသာစီးရယူထားနိုင္မႈကို အခြင့္ေကာင္း မယူနိုင္ခဲ့ျခင္း

လီဗာပူးလ္ဟာ စပါးစ္နဲ႔ ပြဲစဥ္ရဲ့ ပြဲခ်ိန္အမ်ားစုမွာ အသာစီ ရယူထားနိုင္ခဲ့ေပမယ့္လည္း ေဘာလုံးပိုင္ဆိုင္မႈ ရရွိထားတာကို အခြင့္ေကာင္းယူနိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ လီဗာပူးလ္ဟာ စုစုေပါင္း ၂၂ ႀကိမ္အထိ ဂိုးကန္သြင္းမႈ ျပဳလုပ္နိုင္ခဲ့ေပမယ့္လည္း အဲဒီထဲက ၃ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ၿပီး ဟူဂို လိုရစ္က သက္ေတာင့္သက္သာရွိတဲ့ညတစ္ညကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီလိုအခြင့္အေရးေတြနဲ႔အတူ ေမၽွာ္မွန္းသြင္းဂိုးဟာ ၀.၂၆ ဂိုးသာ ရွိခဲ့ၿပီး လီဗာပူးလ္ရဲ့ အဆင့္အတန္းနဲ႔ႏွိုင္းယွဥ္ရင္ ေတာ္ေတာ္ေလး ဆိုးရြားတဲ့ ကိန္းဂဏန္းျဖစ္ခဲ့ပါတယ္။ ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိမႈေၾကာင့္ ဒုတိယပိုင္းမွာ စပါးစ္ကို ဂိုးခြင့္ျပဳခဲ့ရၿပီးေနာက္ အသည္းအသန္ ေခ်ပဂိုးသြင္းယူဖို႔အတြက္ ႀကိဳးပမ္းခဲ့ရၿပီး စပါးစ္ဟာ ခံစစ္တည္ေဆာက္ပုံကို ေကာင္းေကာင္း စုဖြဲ႕ထားနိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္အေနနဲ႔ ထိုးေဖာက္ဖို႔ ခက္ခဲခဲ့တာျဖစ္ပါတယ္။ ဧည့္သည္အသင္းဟာ လီဗာပူးလ္က ၎တို႔ရဲ့ ခံစစ္ကို ပြင့္သြားေအာင္ မလုပ္နိုင္ခဲ့တာေၾကာင့္ ေဘာလုံးပိုင္ဆိုင္မႈ မရတာကိုလည္း ေက်နပ္ခဲ့ၾကတာျဖစ္ပါတယ္။

၂။ ေရွ႕တက္လြန္းတဲ့ ကြင္းလယ္

အိမ္ရွင္လီဗာပူးလ္က ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ရရွိထားတာေၾကာင့္ ကေလာ့ပ္ဟာ ၎ရဲ့အသင္းကို ခံစစ္နက္နက္ထိ ဆင္းကစားတဲ့ စပါးစ္နဲ႔ ယွဥ္ၿပိဳင္ရာမွာ ေရွ႕တက္ဖိအားေပးေစခဲ့ပါတယ္။ ဒါေပမယ့္လည္း စပါးစ္က ပထမပိုင္းမွာ တန္ျပန္တိုက္စစ္ကေန အခြင့္ေကာင္းမယူနိုင္ခဲ့တာေတာင္မွပဲ လီဗာပူးလ္အသင္းဟာ တန္ျပန္တိုက္စစ္ေတြမွာ ထိခိုက္လြယ္ေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကြန္တီရဲ့အသင္းအတြက္ ဒုတိယပိုင္းမွာ ဆြန္ရဲ့ အဖြင့္ဂိုးနဲ႔အတူ အမ်ားႀကီး ေပ်ာ္စရာေတြ ရွိခဲ့တာျဖစ္ၿပီး အဲဒီဂိုးဟာ လီဗာပူးလ္ရဲ့ကြင္းလယ္ဟာ ေဘာလုံးေနာက္ကို လိုက္ရမယ့္အစား ခံစစ္ကို ျပန္ဆင္းဖို႔ အသည္းအသန္ႀကိဳးစားေနရတာေၾကာင့္ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးဟာ လီဗာပူးလ္ရဲ့ ခံစစ္ကို ဖိအားေတြ ေပးဖို႔ လ်င္လ်င္ျမန္ျမန္ တိုက္စစ္ကို ေျပးလႊားခဲ့ၿပီး အိမ္ရွင္အသင္း မေျဖရွင္းနိုင္တဲ့ စုျပဳံမႈေတြကို ဖန္တီးနိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ စပါးစ္အသင္းဟာ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ၿပီး ဆြန္က ရိုင္ယန္ ဆီဆက္ညြန္ရဲ့ ေပးပို႔မႈကို အလြယ္တကူပဲ အဆုံးသတ္သြားနိုင္ခဲ့တာျဖစ္ပါတယ္။

၃။ ေခါင္းေအးေအး မထားနိုင္ေတာ့ျခင္း

လီဗာပူးလ္ဟာ ပြဲအရွိန္ျမင့္လာတာေၾကာင့္ စတင္ၿပီး ေခါင္းေအးေအး မထားနိုင္ဘဲ ျပာလာခဲ့ပုံ ေပၚခဲ့ပါတယ္။ အထူးသျဖင့္ ဆြန္ရဲ့သြင္းဂိုးအၿပီးမွာ ခ်က္ခ်င္းဆိုသလို ျမင္ေတြ႕ခဲ့ရၿပီး လီဗာပူးလ္ဟာ အလြယ္တကူနဲ႔ ျပစ္ဒဏ္က်ဴးလြန္မႈေတြနဲ႔ ေဘာလုံးေပးလိုက္ရတာေတြ ရွိလာခဲ့ပါတ္။ ေတာ့တင္ဟမ္ေဟာ့စပါးက ခံစစ္အေသပိတ္ေဆာ့ေနတာေၾကာင့္ အိမ္ရွင္အသင္းရဲ့ စိတ္ပ်က္မႈ ႀကီးထြားလာၿပီး ဂိုးသြင္းယူခ်င္စိတ္ျပင္းျပေနမႈက ခံစစ္ပိုင္းမွာ ထိခိုက္လြယ္ေစခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ရဲ့ ဒုတိယပိုင္းမွာ လူစားလဲလွယ္မႈေတြနဲ႔အတူ ကစားကြက္ ေျပာင္းလဲမႈက အသင္းကို အကူအညီမျဖစ္ေစခဲ့ဘဲ တကယ္ေတာ့ တိုက္စစ္ ၄ ဦးအထိ ေျပာင္းလဲဖို႔ လုပ္ေဆာင္မႈက ၎ရဲ့အသင္းကို စပါးစ္ခံစစ္ကို ထိုးေဖာက္ဖို႔ ႀကိဳးပမ္းမႈမွာ ပိုလို႔ေတာင္ စိတ္အားထက္သန္လာေစခဲ့တာျဖစ္ပါတယ္။

၄။ ဆြန္ကို တားဆီးဖို႔ျပင္ဆင္မလာျခင္း

အန္းဖီးကြင္းထဲက လီဗာပူးလ္ အမာခံပရိသတ္ေတြဟာ ဒုတိယပိုင္းျပန္လည္စတင္ၿပီး ၁၁ မိနစ္အၾကာမွာပဲ အသင္းရဲ့ ဆုဖလား ၄ လုံးေမၽွာ္လင့္ခ်က္ဟာ ေလထဲမွာ လြင့္ပ်ံေပ်ာက္ကြယ္သြားတာကို ေစာင့္ၾကည့္ခဲ့ရပါတယ္။ ဆြန္ေဟာင္မင္ဟာ ရိုင္ယန္ ဆီဆက္ညြန္ရဲ့ ေမၽွာထိုးေပးမႈကို သက္ေတာင့္သက္သာ ပိတ္သြင္းယူၿပီး အိမ္ရွင္အသင္းကို တုန္လႈပ္ေျခာက္ျခားသြားေစခဲ့ၿပီး လီဗာပူးလ္ရဲ့ ပရီးမီးယားလိဂ္ဖလားအတြက္ ေမၽွာ္လင့္ခ်က္အတြက္လည္း ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ပုံေပၚခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ ကစားသမားအတြက္ ယခုရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၂၀ ျပည့္ေျမာက္တဲ့ဂိုးျဖစ္ခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးရဲ့ တိုက္စစ္မွာ ထူးျခားတဲ့ကိန္းဂဏန္းေတြကို ဆက္လက္ လုပ္ေဆာင္ျပသေနသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.