Match Report Premier League

လီဗာပူးလ်နဲ့ စပါးစ်တို့ရဲ့ မျှော်လင့်ချက်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ သရေပွဲ

လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ဖလားလေးလုံး အိပ်မက်အတွက် တတ်နိုင်သလောက် ကြိုးစားနေခဲ့တာဖြစ်ပြီး ဂိုးသမား အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခံစစ်မှာ ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ သီယာဂို အယ်လ်ကန်တာရာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ လူးဝစ် ဒီယက်ဇ်၊ ဆာလားနဲ့ မာနေးတို့ ကစားလာခဲ့ကြပါတယ်။

တော့တင်ဟမ်ဟော့စပါးစ်အသင်းကတော့ ဂိုးသမား လိုရစ်၊ ဘန်ဒေးဗီးစ်၊ ဒိုင်ယာနဲ့ ရိုမဲရိုးတို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဆက်ဆီညွန်၊ ဘင်တန်ကာနဲ့ ဟွိုင်ဘယာ့ဂ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

ပွဲစစချင်းမှာကို စပါးစ်နောက်တန်းကို ဖရိုဖရဲဖြစ်သွားအောင် လီဗာပူးလ်တို့ လုပ်နိုင်ခဲ့ကြပေမယ့် ဧည့်သည်နည်းပြ ကွန်တီအနေနဲ့ သူ့လူတွေကို ခံစစ်မှာ အတွင်းကို ဆွဲဝင်မခံဘဲ တတ်နိုင်သလောက် အပြင်ကို တွန်းထုတ်တဲ့ Force Wide နည်းကို အသုံးပြုဖို့ မှာကြားထားခဲ့တာကို မြင်ခဲ့ရသလို လီဗာပူးလ်တို့ အားသန်တဲ့ Blind Side တွေကို ပြေးဝင်နိုင်ခြေကိုလည်း တတ်နိုင်သလောက် ကာကွယ်ထားခဲ့တာပါ။

ဒီနေ့ပွဲက ဘောလုံးပွဲတစ်ပွဲဆိုတာထက် ဗျူဟာပြိုင်ပွဲတစ်ပွဲဖြစ်နေပြီး ကွန်တီရဲ့ ခံစစ်ကို ဘယ်လို ထိုးဖောက်ပြီး တန်ပြန်တိုက်စစ်တွေကို ဘယ်လိုမျိုး ရပ်တန့်ရမယ်ဆိုတာက ယာဂန် ကလော့ပ် ဖြေရတဲ့ ပုစ္ဆာခက်ခက်တစ်ရပ်ဖြစ်ခဲ့သလို လီဗာပူးလ်တို့ရဲ့ ခံစစ်ကိုတော့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို အယောင်ပြပြီး ဆွန်ဟောင်မင်နဲ့ ထိုးဖောက်သွားတဲ့ အကွက်ကိုပဲ အဓိက အသုံးပြုခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။

လီဗာပူးလ်ရဲ့ Out Swinger လို့ ခေါ်တဲ့ ထောင့်ကန်ဘောတွေကို အတွင်းကို ဝိုက်မကန်ဘဲ ဘယ်ကို ဘယ်သန်၊ ညာကို ညာသန်နဲ့ ကန်တင်တဲ့ ပုံစံတွေက ဖြတ်တင်ဘောတွေနဲ့ ဘာမှ မထူးတာကြောင့် အမြင့်ဘောကောင်းတဲ့ စပါးစ်ခံစစ်က ကာကွယ်ရ လွယ်ကူစေသလို ဧရိယာနားကို ကောင်တာနဲ့ ရောက်လာရင် လူသိပ်မပေးချင်တဲ့ ဆာလားနဲ့ ဒီယက်စ်တို့ကြောင့်လည်း ဂိုးပေါက်ခြိမ်းခြောက်ဖို့က ခက်ခဲနေခဲ့တာပါ။

ဒီယက်စ်နဲ့ ဆာလားကို အလယ်ကနေ ထိန်းပေးနေတဲ့ မာနေးက ဖာမီနိုလို ကစားသမားမျိုး မဟုတ်တာကြောင့် လမ်းကြောင်းတွေက မပွင့်ဘဲ ဆွဲကန်ဆွဲကန်နဲ့ အလဟဿဖြစ်ခဲ့ရသလို ဒီယက်စ်ရဲ့ မနားတမ်းကန်ချက်ကို လိုရစ် ကာကွယ်သွားပြီး ကောင်တာကနေ ဟွိုင်ဘယာ့ဂ်ရဲ့ ကန်ချက်ကတော့ တိုင်ထိထွက်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာ အာနိုးလ်ဒ်က ကွင်းလယ်လူအဖြစ် နေရာယူပြီး ဟန်ဒါဆန်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောတွေကို သုံးခဲ့ပေမယ့် စပါးစ်ရဲ့ အမှားမခံတဲ့ နောက်တန်းကို ကျော်မရဘဲဖြစ်နေခဲ့သလို အလွန်အကျွံ Overload လုပ်လွန်းတဲ့ ပုံစံကြောင့် စပါးစ်တို့ရဲ့ ကောင်တာတွေတောင်မှ ပထမပိုင်းထက် ပိုပြီး အလုပ်ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး ရယူသွားခဲ့ပြီး ခံစစ်က တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာရီကိန်းက ညာခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီးမှ ဘယ်ခြမ်းကို ခင်းပေးတာကို ဆက်ဆီညွန်က ဂိုးသမားနဲ့ ထောင့်ကျဉ်းအတွေ့မှာ မကန်ဘဲ အတွင်းကို ချိုးပေးရာမှာ လွတ်နေတဲ့ ဆွန်ဟောင်မင်က အေးအေးဆေးဆေး အကြိုက်ကန်သွင်းပြီး အန်းဖီးလ်မှာ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒီဂိုးမှာတော့ ညာထောင့်ကန်ဘောကို လာကန်တဲ့ ရောဘတ်ဆန် နေရာပြန်မရောက်ခင် အာနိုးလ်ဒ်နဲ့ နေရာလဲယူထားချိန်မှာ Defensive Shape ပျက်ပြီး တွန့်ဆုတ်ဆုတ်နဲ့ ဝင်မဖျက်နိုင်ဘဲဖြစ်နေကြတဲ့ လီဗာပူးလ်ခံစစ်ကို ဟာရီကိန်းက မွှေနှောက်သွားခဲ့တာဖြစ်ပြီး သူ့ကို ဝင်ဖျက်ရမယ့်အစား လွှတ်ထားခဲ့လို့ လီဗာပူးလ်တို့ ပေးဆပ်မှု ကြီးမားသွားခဲ့တာပါ။

စပါးစ်တို့ကတော့ လီဗာပူးလ်တို့ အပိုင်အခွင့်အရေး မရအောင်ဘဲ Force Wide လုပ်သွားခဲ့တာကြောင့် ရမ်းကန်ခဲ့ရတဲ့ လီဗာပူးလ်တို့ ၂၂ ကြိမ်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဗန်ဒိုက်နဲ့ ကိုနာတေတို့ကလည်း ခေါင်းတိုက်ချက်တွေ လွဲချော်နေခဲ့သလို ပွဲပန်းပြီး ကုန်နေပုံရတဲ့ မာနေးကိုလည်း လူမလဲဘဲ ပွဲပြီးတဲ့အထိ သုံးသွားခဲ့နဲ့ ဆာလားရဲ့ ကန်ချက်တွေ တစ်ချက်ခေါက်ပြီး ကန်ရမယ့်အစား အပိုင်စောင့်နေတာတွေက သူတို့ကို နစ်နာစေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ကွင်းလယ်က သီယာဂို ဘေးတိုက်ပေးတာကို လူးဝစ် ဒီယက်ဇ်က အတွင်းကို ပြန်ဆွဲဝင်ပြီး အပေါက်ရှာကန်သွင်းခဲ့ရာမှာ ဖြတ်တားတဲ့ စပါးစ်ကွင်းလယ်လူ ဘင်တန်ကာရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားလို့ ဂိုးသမား လိုရစ် မကာကွယ်နိုင်ဘဲ ဂိုးပြန်ပေးခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ စပါးစ်တို့ ခံစစ်ကို ဒေဗင်ဆင် ဆန်ချက်ဇ်၊ ဟာရီဝင့်ခ်စ်တို့နဲ့ ထပ်မံအားဖြည့်သွားခဲ့ပြီး ပိတ်ကစားသွားခဲ့သလို လီဗာပူးလ်တို့ကတော့ တိုက်စစ်ကို မြှင့်ခဲ့ပေမယ့် လုပ်နေကျအတိုင်း မာနေးကို အိုရီဂီနဲ့ လဲပြီး တိုးရမယ့်အစား ကီတာကိုပဲ ထပ်ထည့်သွားခဲ့လို့ နောက်ဆုံးမှာတော့ အန်းဖီးလ်မှာ တစ်ဂိုးစီသရေနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့ အထိနာခဲ့ရသလို မန်စီးတီးနဲ့ လုနေတဲ့ ချန်ပီယံပြေးပွဲမှာ တစ်ပွဲပိုကစားပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့သာ ဦးဆောင်နိုင်တော့သလို အမှားမခံတဲ့ ဂွါဒီယိုလာကြောင့် ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရဖို့ နီးလာခဲ့ပြီး ကွန်တီရဲ့ စပါးစ်ကတော့ ပွဲမတိုင်ခင်က အမှတ်ဗလာနဲ့ ပြန်ရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြားက တစ်မှတ်ယူသွားနိုင်ခဲ့ပေမယ့် အာဆင်နယ်ကို လိုက်မီဖို့ အခွင့်အရေးကို အနည်းနဲ့ အများတော့ ထိခိုက်စေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဖလားေလးလုံး အိပ္မက္အတြက္ တတ္ႏိုင္သေလာက္ ႀကိဳးစားေနခဲ့တာျဖစ္ၿပီး ဂိုးသမား အယ္လစ္ဆန္၊ ဗန္ဒိုက္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ခံစစ္မွာ ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ ဖာဘင္ညိဳနဲ႔ သီယာဂို အယ္လ္ကန္တာရာတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ လူးဝစ္ ဒီယက္ဇ္၊ ဆာလားနဲ႔ မာေနးတို႔ ကစားလာခဲ့ၾကပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေတာ့ ဂိုးသမား လိုရစ္၊ ဘန္ေဒးဗီးစ္၊ ဒိုင္ယာနဲ႔ ႐ိုမဲ႐ိုးတို႔ကို ခံစစ္မွာ ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ အီမာဆန္ ႐ိုယဲလ္၊ ဆက္ဆီၫြန္၊ ဘင္တန္ကာနဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ ကူလူရွက္ဗ္စကီးနဲ႔ ဟာရီကိန္းတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

ပြဲစစခ်င္းမွာကို စပါးစ္ေနာက္တန္းကို ဖ႐ိုဖရဲျဖစ္သြားေအာင္ လီဗာပူးလ္တို႔ လုပ္ႏိုင္ခဲ့ၾကေပမယ့္ ဧည့္သည္နည္းျပ ကြန္တီအေနနဲ႔ သူ႔လူေတြကို ခံစစ္မွာ အတြင္းကို ဆြဲဝင္မခံဘဲ တတ္ႏိုင္သေလာက္ အျပင္ကို တြန္းထုတ္တဲ့ Force Wide နည္းကို အသုံးျပဳဖို႔ မွာၾကားထားခဲ့တာကို ျမင္ခဲ့ရသလို လီဗာပူးလ္တို႔ အားသန္တဲ့ Blind Side ေတြကို ေျပးဝင္ႏိုင္ေျခကိုလည္း တတ္ႏိုင္သေလာက္ ကာကြယ္ထားခဲ့တာပါ။

ဒီေန႔ပြဲက ေဘာလုံးပြဲတစ္ပြဲဆိုတာထက္ ဗ်ဴဟာၿပိဳင္ပြဲတစ္ပြဲျဖစ္ေနၿပီး ကြန္တီရဲ႕ ခံစစ္ကို ဘယ္လို ထိုးေဖာက္ၿပီး တန္ျပန္တိုက္စစ္ေတြကို ဘယ္လိုမ်ိဳး ရပ္တန႔္ရမယ္ဆိုတာက ယာဂန္ ကေလာ့ပ္ ေျဖရတဲ့ ပုစာၦခက္ခက္တစ္ရပ္ျဖစ္ခဲ့သလို လီဗာပူးလ္တို႔ရဲ႕ ခံစစ္ကိုေတာ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို အေယာင္ျပၿပီး ဆြန္ေဟာင္မင္နဲ႔ ထိုးေဖာက္သြားတဲ့ အကြက္ကိုပဲ အဓိက အသုံးျပဳခဲ့တာကိုလည္း ျမင္ခဲ့ရပါတယ္။

လီဗာပူးလ္ရဲ႕ Out Swinger လို႔ ေခၚတဲ့ ေထာင့္ကန္ေဘာေတြကို အတြင္းကို ဝိုက္မကန္ဘဲ ဘယ္ကို ဘယ္သန္၊ ညာကို ညာသန္နဲ႔ ကန္တင္တဲ့ ပုံစံေတြက ျဖတ္တင္ေဘာေတြနဲ႔ ဘာမွ မထူးတာေၾကာင့္ အျမင့္ေဘာေကာင္းတဲ့ စပါးစ္ခံစစ္က ကာကြယ္ရ လြယ္ကူေစသလို ဧရိယာနားကို ေကာင္တာနဲ႔ ေရာက္လာရင္ လူသိပ္မေပးခ်င္တဲ့ ဆာလားနဲ႔ ဒီယက္စ္တို႔ေၾကာင့္လည္း ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔က ခက္ခဲေနခဲ့တာပါ။

ဒီယက္စ္နဲ႔ ဆာလားကို အလယ္ကေန ထိန္းေပးေနတဲ့ မာေနးက ဖာမီႏိုလို ကစားသမားမ်ိဳး မဟုတ္တာေၾကာင့္ လမ္းေၾကာင္းေတြက မပြင့္ဘဲ ဆြဲကန္ဆြဲကန္နဲ႔ အလဟႆျဖစ္ခဲ့ရသလို ဒီယက္စ္ရဲ႕ မနားတမ္းကန္ခ်က္ကို လိုရစ္ ကာကြယ္သြားၿပီး ေကာင္တာကေန ဟြိဳင္ဘယာ့ဂ္ရဲ႕ ကန္ခ်က္ကေတာ့ တိုင္ထိထြက္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာ အာႏိုးလ္ဒ္က ကြင္းလယ္လူအျဖစ္ ေနရာယူၿပီး ဟန္ဒါဆန္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာေတြကို သုံးခဲ့ေပမယ့္ စပါးစ္ရဲ႕ အမွားမခံတဲ့ ေနာက္တန္းကို ေက်ာ္မရဘဲျဖစ္ေနခဲ့သလို အလြန္အကြၽံ Overload လုပ္လြန္းတဲ့ ပုံစံေၾကာင့္ စပါးစ္တို႔ရဲ႕ ေကာင္တာေတြေတာင္မွ ပထမပိုင္းထက္ ပိုၿပီး အလုပ္ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး ရယူသြားခဲ့ၿပီး ခံစစ္က တင္ေပးလိုက္တဲ့ ေဘာလုံးကို ဟာရီကိန္းက ညာျခမ္းကေန အတြင္းကို ဆြဲဝင္ၿပီးမွ ဘယ္ျခမ္းကို ခင္းေပးတာကို ဆက္ဆီၫြန္က ဂိုးသမားနဲ႔ ေထာင့္က်ဥ္းအေတြ႕မွာ မကန္ဘဲ အတြင္းကို ခ်ိဳးေပးရာမွာ လြတ္ေနတဲ့ ဆြန္ေဟာင္မင္က ေအးေအးေဆးေဆး အႀကိဳက္ကန္သြင္းၿပီး အန္းဖီးလ္မွာ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဒီဂိုးမွာေတာ့ ညာေထာင့္ကန္ေဘာကို လာကန္တဲ့ ေရာဘတ္ဆန္ ေနရာျပန္မေရာက္ခင္ အာႏိုးလ္ဒ္နဲ႔ ေနရာလဲယူထားခ်ိန္မွာ Defensive Shape ပ်က္ၿပီး တြန႔္ဆုတ္ဆုတ္နဲ႔ ဝင္မဖ်က္ႏိုင္ဘဲျဖစ္ေနၾကတဲ့ လီဗာပူးလ္ခံစစ္ကို ဟာရီကိန္းက ေမႊေႏွာက္သြားခဲ့တာျဖစ္ၿပီး သူ႔ကို ဝင္ဖ်က္ရမယ့္အစား လႊတ္ထားခဲ့လို႔ လီဗာပူးလ္တို႔ ေပးဆပ္မႈ ႀကီးမားသြားခဲ့တာပါ။

စပါးစ္တို႔ကေတာ့ လီဗာပူးလ္တို႔ အပိုင္အခြင့္အေရး မရေအာင္ဘဲ Force Wide လုပ္သြားခဲ့တာေၾကာင့္ ရမ္းကန္ခဲ့ရတဲ့ လီဗာပူးလ္တို႔ ၂၂ ႀကိမ္မွာ ၃ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ဗန္ဒိုက္နဲ႔ ကိုနာေတတို႔ကလည္း ေခါင္းတိုက္ခ်က္ေတြ လြဲေခ်ာ္ေနခဲ့သလို ပြဲပန္းၿပီး ကုန္ေနပုံရတဲ့ မာေနးကိုလည္း လူမလဲဘဲ ပြဲၿပီးတဲ့အထိ သုံးသြားခဲ့နဲ႔ ဆာလားရဲ႕ ကန္ခ်က္ေတြ တစ္ခ်က္ေခါက္ၿပီး ကန္ရမယ့္အစား အပိုင္ေစာင့္ေနတာေတြက သူတို႔ကို နစ္နာေစခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ကြင္းလယ္က သီယာဂို ေဘးတိုက္ေပးတာကို လူးဝစ္ ဒီယက္ဇ္က အတြင္းကို ျပန္ဆြဲဝင္ၿပီး အေပါက္ရွာကန္သြင္းခဲ့ရာမွာ ျဖတ္တားတဲ့ စပါးစ္ကြင္းလယ္လူ ဘင္တန္ကာရဲ႕ ေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားလို႔ ဂိုးသမား လိုရစ္ မကာကြယ္ႏိုင္ဘဲ ဂိုးျပန္ေပးခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စပါးစ္တို႔ ခံစစ္ကို ေဒဗင္ဆင္ ဆန္ခ်က္ဇ္၊ ဟာရီဝင့္ခ္စ္တို႔နဲ႔ ထပ္မံအားျဖည့္သြားခဲ့ၿပီး ပိတ္ကစားသြားခဲ့သလို လီဗာပူးလ္တို႔ကေတာ့ တိုက္စစ္ကို ျမႇင့္ခဲ့ေပမယ့္ လုပ္ေနက်အတိုင္း မာေနးကို အိုရီဂီနဲ႔ လဲၿပီး တိုးရမယ့္အစား ကီတာကိုပဲ ထပ္ထည့္သြားခဲ့လို႔ ေနာက္ဆုံးမွာေတာ့ အန္းဖီးလ္မွာ တစ္ဂိုးစီသေရနဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ လီဗာပူးလ္တို႔ အထိနာခဲ့ရသလို မန္စီးတီးနဲ႔ လုေနတဲ့ ခ်န္ပီယံေျပးပြဲမွာ တစ္ပြဲပိုကစားၿပီး အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔သာ ဦးေဆာင္ႏိုင္ေတာ့သလို အမွားမခံတဲ့ ဂြါဒီယိုလာေၾကာင့္ ပရီးမီးယားလိဂ္ဖလားကို လက္လႊတ္ရဖို႔ နီးလာခဲ့ၿပီး ကြန္တီရဲ႕ စပါးစ္ကေတာ့ ပြဲမတိုင္ခင္က အမွတ္ဗလာနဲ႔ ျပန္ရမယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြၾကားက တစ္မွတ္ယူသြားႏိုင္ခဲ့ေပမယ့္ အာဆင္နယ္ကို လိုက္မီဖို႔ အခြင့္အေရးကို အနည္းနဲ႔ အမ်ားေတာ့ ထိခိုက္ေစခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.