Match Report Premier League

ယူနိုက်တက်ကို အိမ်ကွင်းမှာ အားမနာ လျှာမကျိုး လေးဂိုးသွင်းလိုက်တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ၃-၄-၂-၁ နဲ့ ၄-၃-၂-၁ ပေါင်းစပ်ထားတဲ့ ပုံစံကိုပဲ ဆက်လက်အသုံးပြုခဲ့ပြီး ခံစစ်မှာ ဂိုးသမား ဆန်းချက်ဇ်၊ ကူကူရဲယား၊ လူးဝစ္စ ဒန့်ခ်၊ ဗဲ့လ်မန်းတို့နဲ့ ပွဲထွက်ခဲ့သလို ကွင်းလယ်မှာတော့ မာ့ချ်၊ ဘီဆူးမား၊ ကိုင်စီဒို၊ ဂရော့စ်၊ မက္ကယ်လစ္စတာနဲ့ ထရော့ဆတ်တို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဝဲလ်ဘက်ခ် တစ်ယောက်တည်းကို အထောင်ထားလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ကတော့ ၄-၂-၃-၁ ပုံစံနဲ့ပဲ ကစားခဲ့ပြီး ခံစစ်မှာ ဒဟေးယား၊ ဒါလော့၊ အဲလက်စ် တဲလက်စ်၊ လင်ဒီလော့ဖ်နဲ့ ဗာရွန်းတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မက်တော်မီနေးနဲ့ မာတစ်ချ်တို့ကို အထိုင်ချခဲ့ပြီး သူတို့ရှေ့က မာတာ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ အီလန်ဂါတို့ ကစားခဲ့ချိန်မှာ တိုက်စစ်မြားဦးမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုပဲ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစကတည်းက အိမ်ရှင် ဘရိုက်တန်တို့ ဖိကစားခဲ့သလို သူတို့ အားသန်တဲ့ တောင်ပံတွေနဲ့ ဘယ်သူဝင်ဝင် ညံ့မြဲညံ့ဆဲ ယူနိုက်တက်ခံစစ်ကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပြီး ဘယ်ညာ မူသေမရှိဘဲ ကစားနေတဲ့ ထရော့ဆတ်နဲ့ ဝဲလ်ဘက်ခ်တို့ရဲ့ တိုးအားတွေကို လင်ဒီလော့ဖ်နဲ့ ဗာရွန်းတို့ ထိန်းချုပ်ဖို့ ခက်နေခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာတော့ ဘရိုက်တန်တို့ အဖွင့်ဂိုးရယူသွားခဲ့ကြပြီး ဖြတ်တင်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဂရော့စ်ကန်တာ လူထိပြီး နောက်ပြန်ထွက်လာတာကို ကွင်းလယ်က အသင့်ရှိနေတဲ့ မွိုက်ဆက်စ် ကိုင်စီဒိုက အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ လင်ဒီလော့ဖ်ရဲ့ ပေါင်ကြားထဲက ဖြတ်ပြီး ဂိုးသမား ဒဟေးယားရဲ့ ညာဘက် တိုင်ခြေကို ဝင်သွားခဲ့လို့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးနဲ့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ဘက်က မာတာ၊ မာတစ်ချ်၊ ရော်နယ်လ်ဒိုတို့နဲ့ ဘရိုက်တန်ဘက်က ထရော့ဆတ်တို့ အပြိုင်ဖြုန်းခဲ့ကြပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ အမြင့်ဘောကို ထိန်းသိမ်းရာမှာ လွတ်ထွက်သွားတဲ့ ဗာရွန်းဆီကနေ ဝဲလ်ဘက်ခ်က ဂိုးသမားကို ကျော်ပြီး ကန်သွင်းခဲ့ပေမယ့် အလောတကြီး ကန်ချက်က ဘားကျော်သွားခဲ့လို့ ဧည့်သည်တွေ သက်သာရာရခဲ့တာပါ။

ပထမပိုင်းမှာ သရဲနီတွေ တစ်ကြိမ်မှာ ဂိုးပေါက်မတည့်ဖူးလိုက်ဘဲ တစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်စင်ရော်တွေ အနိုင်ရနေခဲ့တာကြောင့် ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ ရန်းနစ်ခ်အနေနဲ့ အီလန်ဂါအစား ဖရက်ဒ်နဲ့ မာတစ်ချ်အစား ကာဗာနီတို့ကို အပြောင်းအလဲအဖြစ် ထည့်သွင်းပြီး ချေပဂိုးရနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဘရိုက်တန်တို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းက မက္ကယ်လစ္စတာရဲ့ ဖြတ်တင်ဘောကို ပြန်ရသွားတဲ့ ထရော့ဆတ်က ကန်မလိုလိုနဲ့ နောက်ပြန်ချပေးတာကို ဘယ်နောက်ခံလူ ကူကူရဲယားက ဧရိယာအတွင်းကနေ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒဟေးယားရဲ့ လက်နားက ကပ်ပြီး အနီးတိုင် အပေါ်ထောင့်ထဲကို ဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

နှစ်ဂိုးပေးလိုက်ရပေမယ့် ရန်းနစ်ခ်ရဲ့ အသင်းကတော့ ဘာမှ မတုံ့ပြန်နိုင်ခဲ့သလို စက္ကန့်ပိုင်းအတွင်းမှာတောင် ဘရိုက်တန်တို့ပဲ နောက်တစ်ကြိမ် ထပ်မံထိုးဖောက်နိုင်ခဲ့ပြီး ယူနိုက်တက်ခံစစ်က စုဖွဲ့ကာကွယ်ပုံ မြန်ခဲ့လို့သာ ချက်ချင်း ဂိုးထပ်မပေးခဲ့ရတာဖြစ်ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ မာတာရဲ့ ကန်ချက် ကောင်းပေမယ့် ဂိုးသမားတည့်တည့်ကိုပဲ ရောက်သွားခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဘရိုက်တန်တို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကူကူရဲလားရဲ့ အတွင်းကို ပြန်ချိုးပေးတဲ့ ဘောလုံးကို ထရော့ဆတ်က ဧရိယာထဲ ထိုးပေးရာမှာ ဝါရင့်ကွင်းလယ်လူ ဂရော့စ်က လင်ဒီလော့ဖ်နဲ့ ဗာရွန်းတို့ကြားက ဖြတ်ထွက်ပြီး ဂိုးသမား ဒဟေးယားနဲ့အတွေ့မှာ ဘေးကနေ အသာအယာ ချိုးကန်သွားခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီဂိုးကို သွင်းယူအပြီးမှာတော့ တိုက်စစ်ပိုင်းမှာ လုံလောက်တဲ့ ပံ့ပိုးမှု မရဘဲဖြစ်နေခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မယုံနိုင်တဲ့ ပုံစံနဲ့ သူ့အသင်းရဲ့ ဆိုးရွားတဲ့ ကစားပုံအတွက် မချိတင်ကဲနဲ့ ငိုအားထက် ရယ်အားသန်သွားခဲ့တဲ့ ပုံစံကို တွေ့ခဲ့ရပြီး ပေါ်တူဂီသားကြီးအတွက်တော့ သူကစားခဲ့ဖူးတဲ့ အသင်းတွေကြားထဲမှာ ဒီအသင်းရဲ့ စုဖွဲ့မှုက ဟာသလိုပဲ ဖြစ်နေခဲ့တာပါ။

ယူနိုက်တက်တို့ရဲ့ ပြိုလဲမှုကတော့ တော်တော်လေး ဆိုးရွားခဲ့ပြီး နောက်ထပ် သုံးမိနစ်အကြာ ပွဲချိန် မိနစ် ၆၀ မှာ စတုတ္ထဂိုး ထပ်ပေးခဲ့ရသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မက္ကယ်လစ္စတာက ခံစစ်ကြားက မျှောထိုးပေးလိုက်တာကို ဝဲလ်ဘက်ခ်က ထွက်လာတဲ့ ဂိုးသမား ဒဟေးယားကို ကျော်ချပြီး သွင်းယူခဲ့ရာမှာ နောက်ခံလူ ဒါလော့က ဂိုးစည်းပေါ်က ရှင်းထုတ်ဖို့ ကြိုးစားပေမယ့် ထရော့ဆတ်နဲ့ ပြန်ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ မာတာရဲ့ ဖြတ်တင်ဘောကနေ လွတ်သွားခဲ့တဲ့ ကာဗာနီရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ဆန်ချက်ဇ်က ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ မက္ကယ်လစ္စတာနဲ့ ဂရော့စ်တို့ရဲ့ အပြန်အလှမ်း ဝမ်းတူးတွေနဲ့ ခံစစ်နဲ့ ဂိုးသမား ဒဟေးယားကို အရူးလုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးထိချက်မှာ ဒါလော့က ခပ်ကြမ်းကြမ်း ဖျက်ထုတ်သွားနိုင်ခဲ့လို့ ယူနိုက်တက်တို့ ပေးဂိုး လက်တစ်ဆုပ်မပြည့်ခဲ့ရတာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ မာတာအစား မက်ဂွိုင်းယား ဝင်ကစားခဲ့သလို ပွဲချိန် ၇၂ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ကာဗာနီ ဂိုးသွင်းပေမယ့် လူကျွံနေခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာတော့ ဂိုးဝင်နိုင်တဲ့ ဧရိယာထိပ်က ကန်သွင်းချက်ကို ဝဲလ်ဘက်ခ် ချိုးတာ နည်းနည်းများသွားခဲ့လို့ တိုင်ဘေးက ကပ်ထွက်ခဲ့ပြီး နာကျင်အချိန်ပိုမှာလည်း ဂရော့စ်ရဲ့ အမှတ်မထင် ကန်ချက်ကို ဒဟေးယား ကာကွယ်သွားနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဝက်စ်ဟမ်းရဲ့ အဆင့် ၆ ကို ခြိမ်းခြောက်လာနိုင်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ကွန်ဖရင့်လိဂ်ကို ပြောင်းရွှေ့ကစားရဖို့ နီးလာခဲ့ချိန်မှာ ဥရောပ မျှော်လင့်ချက် မရှိပေမယ့် အိမ်ကွင်းမှာ အားမနာ လျှာမကျိုး လေးဂိုးသွင်းလိုက်တဲ့ ဘရိုက်တန်ကတော့ မန်စီးတီးကလွဲရင် အာဆင်နယ်၊ စပါးစ်၊ ယူနိုက်တက်တို့ကို ဆက်တိုက်ဖြုတ်ပြီး အဆင့် ၉ နေရာမှာ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ၃-၄-၂-၁ နဲ႔ ၄-၃-၂-၁ ေပါင္းစပ္ထားတဲ့ ပုံစံကိုပဲ ဆက္လက္အသုံးျပဳခဲ့ၿပီး ခံစစ္မွာ ဂိုးသမား ဆန္းခ်က္ဇ္၊ ကူကူရဲယား၊ လူးဝစၥ ဒန႔္ခ္၊ ဗဲ့လ္မန္းတို႔နဲ႔ ပြဲထြက္ခဲ့သလို ကြင္းလယ္မွာေတာ့ မာ့ခ်္၊ ဘီဆူးမား၊ ကိုင္စီဒို၊ ဂေရာ့စ္၊ မကၠယ္လစၥတာနဲ႔ ထေရာ့ဆတ္တို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဝဲလ္ဘက္ခ္ တစ္ေယာက္တည္းကို အေထာင္ထားလာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ၄-၂-၃-၁ ပုံစံနဲ႔ပဲ ကစားခဲ့ၿပီး ခံစစ္မွာ ဒေဟးယား၊ ဒါေလာ့၊ အဲလက္စ္ တဲလက္စ္၊ လင္ဒီေလာ့ဖ္နဲ႔ ဗာ႐ြန္းတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနးနဲ႔ မာတစ္ခ်္တို႔ကို အထိုင္ခ်ခဲ့ၿပီး သူတို႔ေရွ႕က မာတာ၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ အီလန္ဂါတို႔ ကစားခဲ့ခ်ိန္မွာ တိုက္စစ္ျမားဦးမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုပဲ ပြဲထြက္လာခဲ့ပါတယ္။

ပြဲစကတည္းက အိမ္ရွင္ ဘ႐ိုက္တန္တို႔ ဖိကစားခဲ့သလို သူတို႔ အားသန္တဲ့ ေတာင္ပံေတြနဲ႔ ဘယ္သူဝင္ဝင္ ညံ့ၿမဲညံ့ဆဲ ယူႏိုက္တက္ခံစစ္ကို ေကာင္းေကာင္းဖိအားေပးႏိုင္ခဲ့ၿပီး ဘယ္ညာ မူေသမရွိဘဲ ကစားေနတဲ့ ထေရာ့ဆတ္နဲ႔ ဝဲလ္ဘက္ခ္တို႔ရဲ႕ တိုးအားေတြကို လင္ဒီေလာ့ဖ္နဲ႔ ဗာ႐ြန္းတို႔ ထိန္းခ်ဳပ္ဖို႔ ခက္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ အဖြင့္ဂိုးရယူသြားခဲ့ၾကၿပီး ျဖတ္တင္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို ဂေရာ့စ္ကန္တာ လူထိၿပီး ေနာက္ျပန္ထြက္လာတာကို ကြင္းလယ္က အသင့္ရွိေနတဲ့ မြိဳက္ဆက္စ္ ကိုင္စီဒိုက အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ လင္ဒီေလာ့ဖ္ရဲ႕ ေပါင္ၾကားထဲက ျဖတ္ၿပီး ဂိုးသမား ဒေဟးယားရဲ႕ ညာဘက္ တိုင္ေျခကို ဝင္သြားခဲ့လို႔ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးနဲ႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္တို႔ဘက္က မာတာ၊ မာတစ္ခ်္၊ ေရာ္နယ္လ္ဒိုတို႔နဲ႔ ဘ႐ိုက္တန္ဘက္က ထေရာ့ဆတ္တို႔ အၿပိဳင္ျဖဳန္းခဲ့ၾကၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ အျမင့္ေဘာကို ထိန္းသိမ္းရာမွာ လြတ္ထြက္သြားတဲ့ ဗာ႐ြန္းဆီကေန ဝဲလ္ဘက္ခ္က ဂိုးသမားကို ေက်ာ္ၿပီး ကန္သြင္းခဲ့ေပမယ့္ အေလာတႀကီး ကန္ခ်က္က ဘားေက်ာ္သြားခဲ့လို႔ ဧည့္သည္ေတြ သက္သာရာရခဲ့တာပါ။

ပထမပိုင္းမွာ သရဲနီေတြ တစ္ႀကိမ္မွာ ဂိုးေပါက္မတည့္ဖူးလိုက္ဘဲ တစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္စင္ေရာ္ေတြ အႏိုင္ရေနခဲ့တာေၾကာင့္ ဒုတိယပိုင္း ျပန္အစမွာေတာ့ နည္းျပ ရန္းနစ္ခ္အေနနဲ႔ အီလန္ဂါအစား ဖရက္ဒ္နဲ႔ မာတစ္ခ်္အစား ကာဗာနီတို႔ကို အေျပာင္းအလဲအျဖစ္ ထည့္သြင္းၿပီး ေခ်ပဂိုးရႏိုင္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းက မကၠယ္လစၥတာရဲ႕ ျဖတ္တင္ေဘာကို ျပန္ရသြားတဲ့ ထေရာ့ဆတ္က ကန္မလိုလိုနဲ႔ ေနာက္ျပန္ခ်ေပးတာကို ဘယ္ေနာက္ခံလူ ကူကူရဲယားက ဧရိယာအတြင္းကေန အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဒေဟးယားရဲ႕ လက္နားက ကပ္ၿပီး အနီးတိုင္ အေပၚေထာင့္ထဲကို ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ႏွစ္ဂိုးေပးလိုက္ရေပမယ့္ ရန္းနစ္ခ္ရဲ႕ အသင္းကေတာ့ ဘာမွ မတုံ႔ျပန္ႏိုင္ခဲ့သလို စကၠန႔္ပိုင္းအတြင္းမွာေတာင္ ဘ႐ိုက္တန္တို႔ပဲ ေနာက္တစ္ႀကိမ္ ထပ္မံထိုးေဖာက္ႏိုင္ခဲ့ၿပီး ယူႏိုက္တက္ခံစစ္က စုဖြဲ႕ကာကြယ္ပုံ ျမန္ခဲ့လို႔သာ ခ်က္ခ်င္း ဂိုးထပ္မေပးခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ မာတာရဲ႕ ကန္ခ်က္ ေကာင္းေပမယ့္ ဂိုးသမားတည့္တည့္ကိုပဲ ေရာက္သြားခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ တတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကူကူရဲလားရဲ႕ အတြင္းကို ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို ထေရာ့ဆတ္က ဧရိယာထဲ ထိုးေပးရာမွာ ဝါရင့္ကြင္းလယ္လူ ဂေရာ့စ္က လင္ဒီေလာ့ဖ္နဲ႔ ဗာ႐ြန္းတို႔ၾကားက ျဖတ္ထြက္ၿပီး ဂိုးသမား ဒေဟးယားနဲ႔အေတြ႕မွာ ေဘးကေန အသာအယာ ခ်ိဳးကန္သြားခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီဂိုးကို သြင္းယူအၿပီးမွာေတာ့ တိုက္စစ္ပိုင္းမွာ လုံေလာက္တဲ့ ပံ့ပိုးမႈ မရဘဲျဖစ္ေနခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ မယုံႏိုင္တဲ့ ပုံစံနဲ႔ သူ႔အသင္းရဲ႕ ဆိုး႐ြားတဲ့ ကစားပုံအတြက္ မခ်ိတင္ကဲနဲ႔ ငိုအားထက္ ရယ္အားသန္သြားခဲ့တဲ့ ပုံစံကို ေတြ႕ခဲ့ရၿပီး ေပၚတူဂီသားႀကီးအတြက္ေတာ့ သူကစားခဲ့ဖူးတဲ့ အသင္းေတြၾကားထဲမွာ ဒီအသင္းရဲ႕ စုဖြဲ႕မႈက ဟာသလိုပဲ ျဖစ္ေနခဲ့တာပါ။

ယူႏိုက္တက္တို႔ရဲ႕ ၿပိဳလဲမႈကေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ၿပီး ေနာက္ထပ္ သုံးမိနစ္အၾကာ ပြဲခ်ိန္ မိနစ္ ၆၀ မွာ စတုတၳဂိုး ထပ္ေပးခဲ့ရသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မကၠယ္လစၥတာက ခံစစ္ၾကားက ေမွ်ာထိုးေပးလိုက္တာကို ဝဲလ္ဘက္ခ္က ထြက္လာတဲ့ ဂိုးသမား ဒေဟးယားကို ေက်ာ္ခ်ၿပီး သြင္းယူခဲ့ရာမွာ ေနာက္ခံလူ ဒါေလာ့က ဂိုးစည္းေပၚက ရွင္းထုတ္ဖို႔ ႀကိဳးစားေပမယ့္ ထေရာ့ဆတ္နဲ႔ ျပန္ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ မာတာရဲ႕ ျဖတ္တင္ေဘာကေန လြတ္သြားခဲ့တဲ့ ကာဗာနီရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ဆန္ခ်က္ဇ္က ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ မကၠယ္လစၥတာနဲ႔ ဂေရာ့စ္တို႔ရဲ႕ အျပန္အလွမ္း ဝမ္းတူးေတြနဲ႔ ခံစစ္နဲ႔ ဂိုးသမား ဒေဟးယားကို အ႐ူးလုပ္ႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံးထိခ်က္မွာ ဒါေလာ့က ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ ေပးဂိုး လက္တစ္ဆုပ္မျပည့္ခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ မာတာအစား မက္ဂြိဳင္းယား ဝင္ကစားခဲ့သလို ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ကာဗာနီ ဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့ၿပီး ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဂိုးဝင္ႏိုင္တဲ့ ဧရိယာထိပ္က ကန္သြင္းခ်က္ကို ဝဲလ္ဘက္ခ္ ခ်ိဳးတာ နည္းနည္းမ်ားသြားခဲ့လို႔ တိုင္ေဘးက ကပ္ထြက္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာလည္း ဂေရာ့စ္ရဲ႕ အမွတ္မထင္ ကန္ခ်က္ကို ဒေဟးယား ကာကြယ္သြားႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဝက္စ္ဟမ္းရဲ႕ အဆင့္ ၆ ကို ၿခိမ္းေျခာက္လာႏိုင္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ကြန္ဖရင့္လိဂ္ကို ေျပာင္းေ႐ႊ႕ကစားရဖို႔ နီးလာခဲ့ခ်ိန္မွာ ဥေရာပ ေမွ်ာ္လင့္ခ်က္ မရွိေပမယ့္ အိမ္ကြင္းမွာ အားမနာ လွ်ာမက်ိဳး ေလးဂိုးသြင္းလိုက္တဲ့ ဘ႐ိုက္တန္ကေတာ့ မန္စီးတီးကလြဲရင္ အာဆင္နယ္၊ စပါးစ္၊ ယူႏိုက္တက္တို႔ကို ဆက္တိုက္ျဖဳတ္ၿပီး အဆင့္ ၉ ေနရာမွာ ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.