Match Report Premier League

လူကာကူး ဂိုးတွေရလို့ အဟုတ်မှတ်နေတုန်း ပိုင်ရှင်သစ်ရှေ့မှာ ဝုလ်ဗ်စ်နဲ့ သရေကျတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မန်ဒီ၊ သီယာဂို ဆေးလ်ဗား၊ ရူဒီဂါနဲ့ အက်ဇ်ပီလီကွေတာတို့ကို ခံစစ်မှာ ထားခဲ့သလို ကွင်းလယ် လေးယောက်တန်းမှာတော့ အလွန်ဆို၊ ရီးစ်ဂျိမ်းစ်၊ ကိုဗာချစ်နဲ့ လော့ဖ်တပ်စ်-ချိခ်တို့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ လူကာကူးနဲ့ တီမို ဗာနာတို့ ကစားခဲ့ကြချိန်မှာ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီ လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဆိုက်စ်၊ ကိုဒီနဲ့ ဘိုလီတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဂျာအို မော်တင်ညို၊ ရူဘင် နာဗက်စ်၊ ဒန်ဒွန့်ခ်ကာ၊ ဂျွန်နီ၊ အိုက်နူရီတို့ ကစားလာခဲ့ကြသလို တိုက်စစ်မှာတော့ ရာအူးလ် ဟီမီနက်ဇ်နဲ့ နီတိုတို့နှစ်ဦးကို တင်ကစားလာခဲ့ကြတာပါ။

ပထမပိုင်း ၃၄ မိနစ်မှာ ကွင်းလယ်က ပူလီရှစ်ချ် ထိုးပေးလိုက်တာကို တီမို ဗာနာက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘောလုံးရယူစဉ်မှာ တစ်ဖက် နောက်ခံလူ ဆိုက်စ်ကို ဘော်ဒီဝင်တိုက်ခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ဘောအဖြစ် ပယ်ဖျက်ခံခဲ့ရတာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး ဝုလ်ဗ်စ်တို့ကတော့ ကံကောင်းသွားခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာလည်း ထောင့်ကန်ဘောကနေ ကျလာတာကို ရှုပ်ယှက်ခတ်နေတဲ့ကြားက လော့ဖ်တပ်စ်-ချိခ်က ပိတ်သွင်းယူပြီး ပိုင်ရှင်သစ် ဘိုလီက လက်ခေါက်တွေ ဘာတွေ ဖမ်းမှုတ်နေခဲ့ပေမယ့် ဘောလုံးကို လူကာကူး ခလုတ်တိုက်စဉ်မှာ ကွင်းလယ်လူအနေနဲ့ အော်တိုမက်တစ် လူကျွံအနေအထားကို ရောက်သွားခဲ့လို့ ပယ်ဖျက်ခံခဲ့ရပြန်တာပါ။

ပရီးမီးယားလိဂ်ရဲ့ VAR ကတော့ တော်တော်လေး ရယ်စရာကောင်းခဲ့ပြီး သာမန် ဘောလုံးပွဲကြည့်သူတစ်ယောက်တောင်မှ လော့ဖ်တပ်စ်-ချိခ် လူကျွံနေတာကို မြင်နေချိန်မှာ ဘာမှ မဆိုင်တဲ့ ရူဒီဂါကို ထောင့်ကန်ဘော ကန်တင်စဉ်မှာ လူကျွံနေတယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ ခပ်ပိန်းပိန်း အတွေးအခေါ်မျိုးနဲ့ Review ကြည့်နေတာကတော့ တော်တော်လေး ဆိုးရွားခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ လူကာကူးကို ဘောလုံးမထိဘဲ ခြေထောက်ချိတ်ခဲ့တဲ့ ဝုလ်ဗ်စ်နောက်ခံလူ ဆိုက်စ်ကြောင့် သုံးမိနစ်လောက် VAR ပြန်ကြည့်အပြီးမှာ ချဲလ်ဆီးတို့ ပင်နယ်တီရခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ရှာဖွေထားခဲ့တဲ့ ဘယ်လ်ဂျီယမ်သားက သူကိုယ်တိုင်ပဲ ကန်သွင်းပြီး ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံးဂိုးအဖြစ် ပွဲချိန် ၅၆ မိနစ်မှာ ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဂိုးလာဘ်ပွင့်သွားတဲ့ လူကာကူးကပဲ ချဲလ်ဆီးတို့အတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးမှာတော့ ဝုလ်ဗ်စ် နောက်တန်းက လူပေးတာကို မသေမသပ် ထိန်းသိမ်းတဲ့ ညာနောက်ခံလူ ဂျွန်နီဆီက ပြန်ထွက်လာခဲ့တာကို ပူလီရှစ်ချ်က ဖန်တီးပေးခဲ့ရာမှာ နံပါတ် ၉ ပိုင်ရှင်က ညာခြေနဲ့ အဝေးတိုင်ဘက်ကို အလိုက်သင့်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ တိုက်စစ်ပြန်လည်မြှင့်လာခဲ့ပြီး နီတိုအစား ဟွမ်းဟီးချန်း၊ ဆိုက်စ်အစား ချီကွင်ညို၊ ရူဘင် နာဗက်စ်အစား ထရင်ကာအိုတို့ကို ထည့်ကစားခဲ့သလို ချဲလ်ဆီးတို့ဘက်ကတော့ အပြောင်းအလဲလုပ်ဖို့ ကြန့်ကြာနေခဲ့တဲ့အတွက် ကွင်းလယ်ပိုင်းမှာ ကစားအား ကျလာခဲ့ပြီး အနုတ်အသိမ်း လေးလာခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုဗာချစ် ဘောလုံးပျက်တာကနေ ပြန်ရသွားတဲ့ ချီကွင်ညို ပေးတာကို ညာခြမ်းက တောက်လျှောက်ဆွဲဝင်လာခဲ့တဲ့ ထရင်ကာအိုက သူ့ကို ဝင်ဖျက်ခြင်းမရှိကြတဲ့ ချဲလ်ဆီးခံစစ်သမားတွေကြောင့် အချိန် လုံလုံလောက်လောက်ယူပြီးမှ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းခဲ့ရာမှာ မန်ဒီရဲ့ အဝေးတိုင်ဘက်ကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ချဲလ်ဆီးတို့ အနိုင်ရဖို့အတွက် ခံစစ်ပိတ်ကစားဖို့ကိုပဲ လုပ်ဆောင်သွားခဲ့ပြီး အက်ဇ်ပီလီကွေတာအစား မာလန်းဆားရ်နဲ့ လူကာကူးအစား ဟာဗတ်ဇ်တို့ကို လူစားလဲကစားသွားခဲ့သလို ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိတော့ အိမ်ရှင်တွေ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်းမှာ လေလွင့်ချိန်များခဲ့မှုကြောင့် နာကျင်အချိန်ပိုကတော့ ၆ မိနစ်အထိ ပေးသွားခဲ့တာပါ။

ပွဲချိန် ၉၇ မိနစ်မှာတော့ အိမ်ရှင်ချဲလ်ဆီးတို့ အသည်းကွဲခဲ့ရပြီး ဝုလ်ဗ်စ်တို့ သရေတစ်မှတ်ရစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ လူစားဝင်ကွင်းလယ်လူ ချီကွင်ညိုရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှာ နေရာယူကစားနေတဲ့ အသင်းခေါင်းဆောင် ကိုဒီက ဧရိယာထဲကနေ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အားလုံးနိုင်နေကျ ဝုလ်ဗ်စ်နဲ့ပွဲမှာ ချဲလ်ဆီးတို့ နှစ်ဂိုးစီ သရေရလဒ်နဲ့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး နောက်က လိုက်လာတဲ့ အဆင့် ၄ က အာဆင်နယ်တို့နဲ့ ၄ မှတ်သာ ကွာတော့သလို ပိုင်ရှင်သစ် ဘိုလီရဲ့ လက်ထက်မှာ နိုင်ပွဲနဲ့ အဖွင့်လှရမယ့်အစား သရေပွဲနဲ့ စိတ်ပျက်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မန္ဒီ၊ သီယာဂို ေဆးလ္ဗား၊ ႐ူဒီဂါနဲ႔ အက္ဇ္ပီလီေကြတာတို႔ကို ခံစစ္မွာ ထားခဲ့သလို ကြင္းလယ္ ေလးေယာက္တန္းမွာေတာ့ အလြန္ဆို၊ ရီးစ္ဂ်ိမ္းစ္၊ ကိုဗာခ်စ္နဲ႔ ေလာ့ဖ္တပ္စ္-ခ်ိခ္တို႔ ပြဲထြက္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္၊ လူကာကူးနဲ႔ တီမို ဗာနာတို႔ ကစားခဲ့ၾကခ်ိန္မွာ အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီ လာေရာက္ၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္စ္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ဆိုက္စ္၊ ကိုဒီနဲ႔ ဘိုလီတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂ်ာအို ေမာ္တင္ညိဳ၊ ႐ူဘင္ နာဗက္စ္၊ ဒန္ဒြန႔္ခ္ကာ၊ ဂြၽန္နီ၊ အိုက္ႏူရီတို႔ ကစားလာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ရာအူးလ္ ဟီမီနက္ဇ္နဲ႔ နီတိုတို႔ႏွစ္ဦးကို တင္ကစားလာခဲ့ၾကတာပါ။

ပထမပိုင္း ၃၄ မိနစ္မွာ ကြင္းလယ္က ပူလီရွစ္ခ်္ ထိုးေပးလိုက္တာကို တီမို ဗာနာက ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ေဘာလုံးရယူစဥ္မွာ တစ္ဖက္ ေနာက္ခံလူ ဆိုက္စ္ကို ေဘာ္ဒီဝင္တိုက္ခဲ့တယ္ဆိုၿပီး ျပစ္ဒဏ္ေဘာအျဖစ္ ပယ္ဖ်က္ခံခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရၿပီး ဝုလ္ဗ္စ္တို႔ကေတာ့ ကံေကာင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာလည္း ေထာင့္ကန္ေဘာကေန က်လာတာကို ရႈပ္ယွက္ခတ္ေနတဲ့ၾကားက ေလာ့ဖ္တပ္စ္-ခ်ိခ္က ပိတ္သြင္းယူၿပီး ပိုင္ရွင္သစ္ ဘိုလီက လက္ေခါက္ေတြ ဘာေတြ ဖမ္းမႈတ္ေနခဲ့ေပမယ့္ ေဘာလုံးကို လူကာကူး ခလုတ္တိုက္စဥ္မွာ ကြင္းလယ္လူအေနနဲ႔ ေအာ္တိုမက္တစ္ လူကြၽံအေနအထားကို ေရာက္သြားခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရျပန္တာပါ။

ပရီးမီးယားလိဂ္ရဲ႕ VAR ကေတာ့ ေတာ္ေတာ္ေလး ရယ္စရာေကာင္းခဲ့ၿပီး သာမန္ ေဘာလုံးပြဲၾကည့္သူတစ္ေယာက္ေတာင္မွ ေလာ့ဖ္တပ္စ္-ခ်ိခ္ လူကြၽံေနတာကို ျမင္ေနခ်ိန္မွာ ဘာမွ မဆိုင္တဲ့ ႐ူဒီဂါကို ေထာင့္ကန္ေဘာ ကန္တင္စဥ္မွာ လူကြၽံေနတယ္ဆိုတဲ့ မျဖစ္ႏိုင္တဲ့ ခပ္ပိန္းပိန္း အေတြးအေခၚမ်ိဳးနဲ႔ Review ၾကည့္ေနတာကေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ၿပီး ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ လူကာကူးကို ေဘာလုံးမထိဘဲ ေျခေထာက္ခ်ိတ္ခဲ့တဲ့ ဝုလ္ဗ္စ္ေနာက္ခံလူ ဆိုက္စ္ေၾကာင့္ သုံးမိနစ္ေလာက္ VAR ျပန္ၾကည့္အၿပီးမွာ ခ်ဲလ္ဆီးတို႔ ပင္နယ္တီရခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ရွာေဖြထားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားက သူကိုယ္တိုင္ပဲ ကန္သြင္းၿပီး ၂၀၂၂ ခုႏွစ္အတြင္း ပထမဆုံးဂိုးအျဖစ္ ပြဲခ်ိန္ ၅၆ မိနစ္မွာ ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဂိုးလာဘ္ပြင့္သြားတဲ့ လူကာကူးကပဲ ခ်ဲလ္ဆီးတို႔အတြက္ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးမွာေတာ့ ဝုလ္ဗ္စ္ ေနာက္တန္းက လူေပးတာကို မေသမသပ္ ထိန္းသိမ္းတဲ့ ညာေနာက္ခံလူ ဂြၽန္နီဆီက ျပန္ထြက္လာခဲ့တာကို ပူလီရွစ္ခ်္က ဖန္တီးေပးခဲ့ရာမွာ နံပါတ္ ၉ ပိုင္ရွင္က ညာေျခနဲ႔ အေဝးတိုင္ဘက္ကို အလိုက္သင့္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ တိုက္စစ္ျပန္လည္ျမႇင့္လာခဲ့ၿပီး နီတိုအစား ဟြမ္းဟီးခ်န္း၊ ဆိုက္စ္အစား ခ်ီကြင္ညိဳ၊ ႐ူဘင္ နာဗက္စ္အစား ထရင္ကာအိုတို႔ကို ထည့္ကစားခဲ့သလို ခ်ဲလ္ဆီးတို႔ဘက္ကေတာ့ အေျပာင္းအလဲလုပ္ဖို႔ ၾကန႔္ၾကာေနခဲ့တဲ့အတြက္ ကြင္းလယ္ပိုင္းမွာ ကစားအား က်လာခဲ့ၿပီး အႏုတ္အသိမ္း ေလးလာခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကိုဗာခ်စ္ ေဘာလုံးပ်က္တာကေန ျပန္ရသြားတဲ့ ခ်ီကြင္ညိဳ ေပးတာကို ညာျခမ္းက ေတာက္ေလွ်ာက္ဆြဲဝင္လာခဲ့တဲ့ ထရင္ကာအိုက သူ႔ကို ဝင္ဖ်က္ျခင္းမရွိၾကတဲ့ ခ်ဲလ္ဆီးခံစစ္သမားေတြေၾကာင့္ အခ်ိန္ လုံလုံေလာက္ေလာက္ယူၿပီးမွ ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းခဲ့ရာမွာ မန္ဒီရဲ႕ အေဝးတိုင္ဘက္ကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ ခ်ဲလ္ဆီးတို႔ အႏိုင္ရဖို႔အတြက္ ခံစစ္ပိတ္ကစားဖို႔ကိုပဲ လုပ္ေဆာင္သြားခဲ့ၿပီး အက္ဇ္ပီလီေကြတာအစား မာလန္းဆားရ္နဲ႔ လူကာကူးအစား ဟာဗတ္ဇ္တို႔ကို လူစားလဲကစားသြားခဲ့သလို ပြဲခ်ိန္ မိနစ္ ၉၀ ျပည့္တဲ့အထိေတာ့ အိမ္ရွင္ေတြ အႏိုင္ရေနခဲ့ၿပီး ဒုတိယပိုင္းမွာ ေလလြင့္ခ်ိန္မ်ားခဲ့မႈေၾကာင့္ နာက်င္အခ်ိန္ပိုကေတာ့ ၆ မိနစ္အထိ ေပးသြားခဲ့တာပါ။

ပြဲခ်ိန္ ၉၇ မိနစ္မွာေတာ့ အိမ္ရွင္ခ်ဲလ္ဆီးတို႔ အသည္းကြဲခဲ့ရၿပီး ဝုလ္ဗ္စ္တို႔ သေရတစ္မွတ္ရေစမယ့္ ဒုတိယ ေခ်ပဂိုးကို သြင္းယူသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ လူစားဝင္ကြင္းလယ္လူ ခ်ီကြင္ညိဳရဲ႕ ျဖတ္တင္ေဘာကို တိုက္စစ္မွာ ေနရာယူကစားေနတဲ့ အသင္းေခါင္းေဆာင္ ကိုဒီက ဧရိယာထဲကေန အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အားလုံးႏိုင္ေနက် ဝုလ္ဗ္စ္နဲ႔ပြဲမွာ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုးစီ သေရရလဒ္နဲ႔ သုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး ေနာက္က လိုက္လာတဲ့ အဆင့္ ၄ က အာဆင္နယ္တို႔နဲ႔ ၄ မွတ္သာ ကြာေတာ့သလို ပိုင္ရွင္သစ္ ဘိုလီရဲ႕ လက္ထက္မွာ ႏိုင္ပြဲနဲ႔ အဖြင့္လွရမယ့္အစား သေရပြဲနဲ႔ စိတ္ပ်က္စရာျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.