Analysis Other Leagues Premier League

လိဂ်ချန်ပီယံရှစ် ပွဲစဉ်များ ပြီးဆုံး၊ တန်းတက်တန်းဆင်း အသင်းများ ထွက်ပေါ်

စနေနေ့ညနေမှာ ကစားတဲ့ EFL လိဂ်ချန်ပီယံရှစ်ရဲ့ ပွဲစဉ်တွေက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး တန်းတက်အသင်းနှစ်သင်းကတော့ နေရာအပြောင်းအလဲ မရှိဘဲ ဖူလ်ဟမ်နဲ့ ဘုန်းမောက်တို့ပဲ ပထမနဲ့ ဒုတိယနေရာတွေကနေ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့သလို ပီတာဘားရား၊ ဒါဘီကောင်တီနဲ့ ဘန်စလေအသင်းတွေကတော့ ပထမတန်းကို တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။

ပွဲစဉ် ၄၆ နောက်ဆုံးပွဲကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကစားကြရာမှာတော့ ချန်ပီယံ ဖူလ်ဟမ်တို့ လူစုံထုတ်ကစားရက်နဲ့ Play-off ကစားဖို့ နေရာသေချာရမယ့် အိမ်ရှင် ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို လေးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ရပြီး မနှစ်က တန်းဆင်းခဲ့တဲ့ ဘလိတ်ဓားတွေအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

ဒုတိယရသွားတဲ့ ဘုန်းမောက်အသင်းကတော့ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ယူပြီး အမှတ်မလိုပေမယ့် အနိုင်ကန်ခဲ့တာကြောင့် သူတို့ကို ရှုံးနိမ့်သွားတဲ့ မီးလ်ဝေါလ်တို့ အဆင့် ၆ နေရာနဲ့ လွဲချော်ခဲ့ရပြီး အမှတ်မလိုတဲ့ ပရက်စ်တန်ကို ဂိုးပြတ်ရှုံးသွားတဲ့ မစ်ဒယ်ဘရော့ကလည်း တန်းတက်ဖို့ Play-off ကစားခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

တတိယနေရာကိုတော့ ဘရစ္စတိုလ်စီးတီးကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ ဟတ်ဒါစ်ဖီးလ်ဒ်တို့က နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲနိုင် ၁ ပွဲသရေလဒ်နဲ့ ဖြစ်နိုင်ဖွယ် ၂၁ မှတ်ထဲက ၁၉ မှတ် စုဆောင်းသွားခဲ့တဲ့ အကောင်းဆုံးပုံစံနဲ့ ရယူသွားခဲ့ကြပြီး ပွဲကျန်မှာ ဘုန်းမောက်ကို ရှုံးခဲ့သလို ဒီနေ့ပွဲမှာလည်း ဟားလ်စီးတီးနဲ့ သရေကျခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ်တို့ကတော့ အဆင့် ၄ ကိုသာ ရယူနိုင်ခဲ့တာပါ။

အဆင့် ၅ နေရာကိုတော့ ပရီးမီးယားလိဂ်ကနေ ပြီးခဲ့တဲ့နှစ်က တန်းဆင်းခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့က ရယူသွားခဲ့ပြီး Play-off နောက်ဆုံးနေရာ အဆင့် ၆ ကိုတော့ လူတန်တောင်းအသင်းက ရယူသွားခဲ့လို့ လေးသင်းထဲက တစ်သင်းသာ တန်းတက်ခွင့်ရမယ့် အပြိုင်အဆိုင် ဗိုလ်လုပွဲခရီးက စတင်ဖို့ ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးနှစ်ပွဲမှာ တစ်မှတ်သာ ရယူနိုင်ခဲ့ပြီး အဆင့် ၄ ရောက်သွားတဲ့ ဖောရက်စ်တို့ကတော့ ဒီအသင်းတွေထဲမှာ ကစားရအခက်ဆုံးဖြစ်နိုင်တဲ့ အဆင့် ၅ က ရှက်ဖီးလ်ဒ်တို့နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့သလို အဆင့် ၃ က ဟတ်ဒါစ်ဖီးလ်ဒ်တို့ကတော့ အဆင့် ၆ က အလွယ်ဆုံးဖြစ်နိုင်တဲ့ လူတန်တို့နဲ့ ကစားရတော့မှာဖြစ်ပါတယ်။

ဘုန်းမောက်ဆီက အဆင့် ၂ ကို စိန်ခေါ်ရာကနေ အဆင့် ၃ တောင် မယူနိုင်ခဲ့ဘဲ ပန်းဝင်ညံ့ခဲ့တဲ့ ဖောရက်စ်တို့အနေနဲ့ Play-off အဆင့်မှာရော သူတို့ရဲ့ ပုံစံကောင်းကို ပြန်လည် ရှာဖွေသွားနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရှိ ၄ သင်းထဲမှာကတော့ အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကိုတော့ အားလုံးက ဗိုလ်စွဲမယ့်အသင်းအဖြစ် ရှုမြင်ထားကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေနေန႔ညေနမွာ ကစားတဲ့ EFL လိဂ္ခ်န္ပီယံရွစ္ရဲ႕ ပြဲစဥ္ေတြက ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး တန္းတက္အသင္းႏွစ္သင္းကေတာ့ ေနရာအေျပာင္းအလဲ မရွိဘဲ ဖူလ္ဟမ္နဲ႔ ဘုန္းေမာက္တို႔ပဲ ပထမနဲ႔ ဒုတိယေနရာေတြကေန ပရီးမီးယားလိဂ္ကို တန္းတက္လာခဲ့သလို ပီတာဘားရား၊ ဒါဘီေကာင္တီနဲ႔ ဘန္စေလအသင္းေတြကေတာ့ ပထမတန္းကို တန္းဆင္းသြားခဲ့ရၿပီျဖစ္ပါတယ္။

ပြဲစဥ္ ၄၆ ေနာက္ဆုံးပြဲကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ကစားၾကရာမွာေတာ့ ခ်န္ပီယံ ဖူလ္ဟမ္တို႔ လူစုံထုတ္ကစားရက္နဲ႔ Play-off ကစားဖို႔ ေနရာေသခ်ာရမယ့္ အိမ္ရွင္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို ေလးဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္သြားခဲ့ရၿပီး မႏွစ္က တန္းဆင္းခဲ့တဲ့ ဘလိတ္ဓားေတြအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။

ဒုတိယရသြားတဲ့ ဘုန္းေမာက္အသင္းကေတာ့ ေနာက္ဆုံးသုံးပြဲဆက္တိုက္ အႏိုင္ယူၿပီး အမွတ္မလိုေပမယ့္ အႏိုင္ကန္ခဲ့တာေၾကာင့္ သူတို႔ကို ရႈံးနိမ့္သြားတဲ့ မီးလ္ေဝါလ္တို႔ အဆင့္ ၆ ေနရာနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး အမွတ္မလိုတဲ့ ပရက္စ္တန္ကို ဂိုးျပတ္ရႈံးသြားတဲ့ မစ္ဒယ္ဘေရာ့ကလည္း တန္းတက္ဖို႔ Play-off ကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

တတိယေနရာကိုေတာ့ ဘရစၥတိုလ္စီးတီးကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူခဲ့တဲ့ ဟတ္ဒါစ္ဖီးလ္ဒ္တို႔က ေနာက္ဆုံး ၇ ပြဲမွာ ၆ ပြဲႏိုင္ ၁ ပြဲသေရလဒ္နဲ႔ ျဖစ္ႏိုင္ဖြယ္ ၂၁ မွတ္ထဲက ၁၉ မွတ္ စုေဆာင္းသြားခဲ့တဲ့ အေကာင္းဆုံးပုံစံနဲ႔ ရယူသြားခဲ့ၾကၿပီး ပြဲက်န္မွာ ဘုန္းေမာက္ကို ရႈံးခဲ့သလို ဒီေန႔ပြဲမွာလည္း ဟားလ္စီးတီးနဲ႔ သေရက်ခဲ့တဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကေတာ့ အဆင့္ ၄ ကိုသာ ရယူႏိုင္ခဲ့တာပါ။

အဆင့္ ၅ ေနရာကိုေတာ့ ပရီးမီးယားလိဂ္ကေန ၿပီးခဲ့တဲ့ႏွစ္က တန္းဆင္းခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔က ရယူသြားခဲ့ၿပီး Play-off ေနာက္ဆုံးေနရာ အဆင့္ ၆ ကိုေတာ့ လူတန္ေတာင္းအသင္းက ရယူသြားခဲ့လို႔ ေလးသင္းထဲက တစ္သင္းသာ တန္းတက္ခြင့္ရမယ့္ အၿပိဳင္အဆိုင္ ဗိုလ္လုပြဲခရီးက စတင္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ေနာက္ဆုံးႏွစ္ပြဲမွာ တစ္မွတ္သာ ရယူႏိုင္ခဲ့ၿပီး အဆင့္ ၄ ေရာက္သြားတဲ့ ေဖာရက္စ္တို႔ကေတာ့ ဒီအသင္းေတြထဲမွာ ကစားရအခက္ဆုံးျဖစ္ႏိုင္တဲ့ အဆင့္ ၅ က ရွက္ဖီးလ္ဒ္တို႔နဲ႔ ရင္ဆိုင္ရဖို႔ ျဖစ္လာခဲ့သလို အဆင့္ ၃ က ဟတ္ဒါစ္ဖီးလ္ဒ္တို႔ကေတာ့ အဆင့္ ၆ က အလြယ္ဆုံးျဖစ္ႏိုင္တဲ့ လူတန္တို႔နဲ႔ ကစားရေတာ့မွာျဖစ္ပါတယ္။

ဘုန္းေမာက္ဆီက အဆင့္ ၂ ကို စိန္ေခၚရာကေန အဆင့္ ၃ ေတာင္ မယူႏိုင္ခဲ့ဘဲ ပန္းဝင္ညံ့ခဲ့တဲ့ ေဖာရက္စ္တို႔အေနနဲ႔ Play-off အဆင့္မွာေရာ သူတို႔ရဲ႕ ပုံစံေကာင္းကို ျပန္လည္ ရွာေဖြသြားႏိုင္ဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လက္ရွိ ၄ သင္းထဲမွာကေတာ့ အေကာင္းဆုံး လူစာရင္းကို ပိုင္ဆိုင္ထားတဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းကိုေတာ့ အားလုံးက ဗိုလ္စြဲမယ့္အသင္းအျဖစ္ ရႈျမင္ထားၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.