Serie A

အမ်ပိုလီကို အကြိတ်အနယ်အနိုင်ယူပြီး အေစီမီလန်ရဲ့အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယူခဲ့တဲ့ အင်တာ

လော်တာရို မာတီနက်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုးက အင်တာမီလန်အသင်းကို သောကြာနေ့ညက အမ်ပိုလီကို ၄-၂ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ဆီမီယွန်နီ အင်ဇာဂီရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပြီးနောက် စီးရီးအေဖလားအတွက် မျှော်လင့်ချက် ဆက်လက်အသက်သွင်းနိုင်ခဲ့ပါတယ်။

အမ်ပိုလီအသင်းကို အနိုင်ရရှိခဲ့မှုကြောင့် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နေတဲ့ အင်တာမီလန်အသင်းဟာ အေစီမီလန်အသင်းထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး အေစီမီလန်အသင်းဟာ တနင်္ဂနွေနေ့မှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး စကူဒက်တိုဖလားကို ရယူနိုင်ဖို့ အဆင့် ၉ နေရာက ဗီရိုနာကို အနိုင်ယူပြီး အဆင့် ၁ နေရာကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

ဧည့်သည်အသင်းဟာ အင်တာမီလန် ဂိုးသမား ဟန်ဒါနိုဗစ်ကို ဆီမွန် ဇူကော့ဗ်စကီးရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး ပီနာမွန်တီက ယခုရာသီ ၁၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပြီး အံ့အားသင့်စေခဲ့ပါတယ်။

အမ်ပိုလီဟာ ၂၈ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူသွားခဲ့ပြီး နောက်ခံကစားသမား ရီကာဒို ဖီယာမော့ဇီရဲ့ အမ်ပိုလီကွင်းဘက်ခြမ်းကနေ အင်တာမီလန် ပင်နယ်တီဧရိယာထဲကို အဝေးဘော ကန်တင်ပေးပို့မှုကို အက်စ်လာနီက တစ်ချက်ထိန်းပြီး ပြေးထွက်လာတဲ့ ဟန်ဒါနိုဗစ်ရဲ့ ပေါင်ကြားထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR ရဲ့ ပြန်လည်စစ်ဆေးမှုအပြီးမှာ ၂ ကြိမ်အထိ ပင်နယ်တီ ငြင်းပယ်ခံခဲ့ရတဲ့ အင်တာမီလန်အသင်းဟာ မိနစ် ၄၀ မှာ အမ်ပိုလီနောက်ခံကစားသမား ရိုမက်ဂ်နိုလီက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့အချိန်မှာ ချေပဂိုးတစ်ဂိုး ပြန်လည် ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မာတီနက်ဇ်ဟာ ပထမပိုင်း မပြီးဆုံးခင်မှာ ၎င်းရဲ့ ယခုရာသီ ၁၈ ဂိုးမြောက် စီးရီးအေသွင်းဂိုးအဖြစ် တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို ဟာကန် ကယ်ဟာနိုလူရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့ကနေတဆင့် ညာခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့ပြီး ၆၄ မိနစ်မှာလည်း အမ်ပိုလီနောက်ခံကစားသမား ခေါင်းတိုက်ရှင်းထုတ်ခဲ့တဲ့ဘောလုံးကို ပင်နယ်တီဧရိယာထိပ်မှာ ရှိနေတဲ့ မာတီနက်ဇ်က ပိတ်သွင်းယူပြီး တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ အနိုင်ရလဒ်ကို ပိုမိုခိုင်မာစေမယ့် စတုတ္ထမြောက် ဦးဆောင်ဂိုးကို နာကျင်အချိန်ပို ၉၄ မိနစ်မှာ ဘယ်တောင်ပံကနေ ဂျက်ကို ချိုးပေးလိုက်တဲ့ဘောလုံးကို တစ်ယောက်တည်းလွတ်နေတဲ့ ဆန်းချက်ဇ်က အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အလက်ဆစ် ဆန်းချက်ဇ်ရဲ့ သွင်းဂိုးမတိုင်မီ ဂျက်ကိုရဲ့ ပင်နယ်တီဧရိယာအစွန်က ဂိုးကန်သွင်းမှုဟာ အမ်ပိုလီ ဂိုးသမားရဲ့ ညာဘက် ဂိုးတိုင်ကို ထိပြီး ပြန်ထွက်ခဲ့တာကြောင့် အင်တာမီလန်အသင်း ဂိုးရရှိမယ့် အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီ စီးရီးအေအမှတ်ပေးဖလားအတွက် ပြိုင်ပွဲဟာ အင်တာမီလန်နဲ့ အေစီမီလန်တို့ ၂ ကောင်တည်းပြေးတဲ့ပြိုင်ပွဲဖြစ်နေပြီဖြစ်ပြီး ရာသီကုန်ဖို့ ၃ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးဇယားဒုတိယနေရာမှာ ရမှတ် ၇၇ မှတ်နဲ့ ရပ်တည်နေတဲ့ အေစီမီလန်နဲ့ တတိယနေရာက နာပိုလီအသင်းတို့ဟာ ၇ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေလာ္တာရို မာတီနက္ဇ္ရဲ့ သြင္းဂိုး ၂ ဂိုးက အင္တာမီလန္အသင္းကို ေသာၾကာေန႔ညက အမ္ပိုလီကို ၄-၂ နဲ႔ အနိုင္ရရွိေအာင္ ကူညီေပးနိုင္ခဲ့ၿပီး ဆီမီယြန္နီ အင္ဇာဂီရဲ့အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းနိုင္ခဲ့ၿပီးေနာက္ စီးရီးေအဖလားအတြက္ ေမၽွာ္လင့္ခ်က္ ဆက္လက္အသက္သြင္းနိုင္ခဲ့ပါတယ္။

အမ္ပိုလီအသင္းကို အနိုင္ရရွိခဲ့မႈေၾကာင့္ လက္ရွိ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ေနတဲ့ အင္တာမီလန္အသင္းဟာ ေအစီမီလန္အသင္းထက္ ၁ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ယာယီတက္လွမ္းနိုင္ခဲ့ၿပီျဖစ္ၿပီး ေအစီမီလန္အသင္းဟာ တနဂၤေႏြေန႔မွာ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး စကူဒက္တိုဖလားကို ရယူနိုင္ဖို႔ အဆင့္ ၉ ေနရာက ဗီရိုနာကို အနိုင္ယူၿပီး အဆင့္ ၁ ေနရာကို ျပန္လည္သိမ္းပိုက္ဖို႔ ႀကိဳးပမ္းသြားရမွာျဖစ္ပါတယ္။

ဧည့္သည္အသင္းဟာ အင္တာမီလန္ ဂိုးသမား ဟန္ဒါနိုဗစ္ကို ဆီမြန္ ဇူေကာ့ဗ္စကီးရဲ့ အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈကို တိုက္စစ္မႉး ပီနာမြန္တီက ယခုရာသီ ၁၃ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူၿပီး အံ့အားသင့္ေစခဲ့ပါတယ္။

အမ္ပိုလီဟာ ၂၈ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံ သြင္းယူသြားခဲ့ၿပီး ေနာက္ခံကစားသမား ရီကာဒို ဖီယာေမာ့ဇီရဲ့ အမ္ပိုလီကြင္းဘက္ျခမ္းကေန အင္တာမီလန္ ပင္နယ္တီဧရိယာထဲကို အေဝးေဘာ ကန္တင္ေပးပို႔မႈကို အက္စ္လာနီက တစ္ခ်က္ထိန္းၿပီး ေျပးထြက္လာတဲ့ ဟန္ဒါနိုဗစ္ရဲ့ ေပါင္ၾကားထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း VAR ရဲ့ ျပန္လည္စစ္ေဆးမႈအၿပီးမွာ ၂ ႀကိမ္အထိ ပင္နယ္တီ ျငင္းပယ္ခံခဲ့ရတဲ့ အင္တာမီလန္အသင္းဟာ မိနစ္ ၄၀ မွာ အမ္ပိုလီေနာက္ခံကစားသမား ရိုမက္ဂ္နိုလီက ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တဲ့အခ်ိန္မွာ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ မာတီနက္ဇ္ဟာ ပထမပိုင္း မၿပီးဆုံးခင္မွာ ၎ရဲ့ ယခုရာသီ ၁၈ ဂိုးေျမာက္ စီးရီးေအသြင္းဂိုးအျဖစ္ တစ္ဖက္ ၂ ဂိုးစီ ညီမၽွသြားေစမယ့္ ေခ်ပဂိုးကို ဟာကန္ ကယ္ဟာနိုလူရဲ့ ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔ကေနတဆင့္ ညာေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့ၿပီး ၆၄ မိနစ္မွာလည္း အမ္ပိုလီေနာက္ခံကစားသမား ေခါင္းတိုက္ရွင္းထုတ္ခဲ့တဲ့ေဘာလုံးကို ပင္နယ္တီဧရိယာထိပ္မွာ ရွိေနတဲ့ မာတီနက္ဇ္က ပိတ္သြင္းယူၿပီး တတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္အသင္းရဲ့ အနိုင္ရလဒ္ကို ပိုမိုခိုင္မာေစမယ့္ စတုတၳေျမာက္ ဦးေဆာင္ဂိုးကို နာက်င္အခ်ိန္ပို ၉၄ မိနစ္မွာ ဘယ္ေတာင္ပံကေန ဂ်က္ကို ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို တစ္ေယာက္တည္းလြတ္ေနတဲ့ ဆန္းခ်က္ဇ္က အနီးကပ္ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

အလက္ဆစ္ ဆန္းခ်က္ဇ္ရဲ့ သြင္းဂိုးမတိုင္မီ ဂ်က္ကိုရဲ့ ပင္နယ္တီဧရိယာအစြန္က ဂိုးကန္သြင္းမႈဟာ အမ္ပိုလီ ဂိုးသမားရဲ့ ညာဘက္ ဂိုးတိုင္ကို ထိၿပီး ျပန္ထြက္ခဲ့တာေၾကာင့္ အင္တာမီလန္အသင္း ဂိုးရရွိမယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ယခုရာသီ စီးရီးေအအမွတ္ေပးဖလားအတြက္ ၿပိဳင္ပြဲဟာ အင္တာမီလန္နဲ႔ ေအစီမီလန္တို႔ ၂ ေကာင္တည္းေျပးတဲ့ၿပိဳင္ပြဲျဖစ္ေနၿပီျဖစ္ၿပီး ရာသီကုန္ဖို႔ ၃ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ အမွတ္ေပးဇယားဒုတိယေနရာမွာ ရမွတ္ ၇၇ မွတ္နဲ႔ ရပ္တည္ေနတဲ့ ေအစီမီလန္နဲ႔ တတိယေနရာက နာပိုလီအသင္းတို႔ဟာ ၇ မွတ္အထိ ကြာဟေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.